Saturday, September 27, 2008

ပထမဆုံးများ



ကျနော့်လို ၁လသားမပြည့်တပြည့် ဘလော့ဂ်ရေးသူသေးသေးလေးကို ကိုအောင်( ကိုအောင်သာငယ်)
က Tag လာတော့ ပထမဆုံးဆိုတာလေးတွေကို မှတ်မိသလောက် ပြန်ချရေးမိတာပါ…။
ဒါကလည်း ဘလော့ဂ် ညီအကို မောင်နှမတွေ ကြားက ပျော်ရွှင်ဘွယ်…ခင်မင်မှုလေး တစ်ခုလို့ ခံစားရလို့ ပါ….ကဲ…..ဆွဲပြီ ကိုအောင်ရေ..။
ပထမဆုံးများ
ပထမဆုံး ကိုယ်ဒုက္ခပေးမိသူ……………………………………………………အမေ( ကိုယ်ဝန်စတင်ဆောင်ရချိန်မှ မွေးသည်အထိ)
ပထမဆုံး ကျနော့်ကို မွေးဖွားခွင့်ရသူ…………………………………………..ကျနော့်မိခင်
ပထမဆုံး အော်ငိုတဲ့အချိန့်…………………………………………အမေ့ ဝမ်းက ထွက်လာကာစ”မှာ
ခြေထောက်ကကိုင် ၊ဇောက်ထိုးထားပြီး သားဖွားဆရာမ ရိုက်လိုက်တဲ့ အခါ
ပထမဆုံး မိခင်နို့ တိုက်သူ………………………………………………………...ကျနော့် အမေ
ပထမဆုံး ကျနော့်ကို ဆံပင်ရိတ်ရသူ……………………………………………သားဖွားဆရာမ
ပထမဆုံး ကျနော့်ချက်ကြိုးဖြတ်သည့် ဓါးအမည်……………………………..မောင်ဗမာ
ပထမဆုံး ထမင်းလက်ဆုံ စားသူ………………………………………………..အမေ( ထမင်းဝါးပြီး ခွံ့ ကျွေး ချိန်မှာ ကိုယ်က ဟိုနှိုက်ဒီနှုက်စားတာ)
ပထမဆုံး ကမ္ဘာမြေပေါ် ခြေစ ချမိတဲ့ နေ့ ………………………………လမ်းလျှောက်ဘို့ စသင်တဲ့ နေ့ 
ပထမဆုံး ကျနော့်ကြောင့် အိပ်ရေးပျက်ရသူ……………………………………အဖေနဲ့ အမေ
ပထမဆုံး ကျနော့် ရင်ခုန်သံကို နားထောင်ခွင့်ရသူ…………………………မြို့ နယ်ဆရာဝန်မကြီး
ပထမဆုံး ယောင်္ကျားလေးသူငယ်ချင်း……………………………………………အိမ်ဘေးက ဗိုလ်လင်္ကျာ
ပထမဆုံး မိန်းကလေး သူငယ်ချင်း……………………………………………မြိုင်( ငယ်ငယ်ထဲက ဝေးခဲ့ ကြတာ)
ပထမဆုံး ဖတ်သည့် ၀တ္တု……………………………………………………..ဆရာမင်းလူရဲ့ ဌက်ကလေး
ပထမဆုံးဖတ်သည့် ဘာသာပြန် ၀တ္တု………………………ကျေရာကျေကြောင်း(ဆရာ မောင်ပေါ်ထွန်း)
ပထမဆုံးလေးစားချစ်ခင်မိသည့် စစ်ဗိုလ်……………………………….ဗိုလ်ချုပ်အောင်ဆန်း
ပထမဆုံး ဖတ်ရှုလေ့လာသည့် နိုင်ငံရေးစာအုပ်…………………………….သခင်သန်းထွန်း( ပ+ဒု)
ပထမဆုံး သဘောကျသည့်ဓါးပြဗိုလ်……………………………………………ဗိုလ်အောင်ဒင်
ပထမဆုံး ကြိုက်မိသည့် အဆိုတော်…………………………………………….စိုင်းဆိုင်မောဝ်
ပထမဆုံး ကြိုက်မိသည့် ရုပ်ရှင်………………………………..အဖေတစ်ခု သားတစ်ခု( စိန်မြင့်+ အောင်ထွန်းလေး)
ပထမဆုံး ကိုင်တွယ်သည့်လက်နက်………………………………သူများဆီက လောက်လေးခွ
ပထမဆုံးရည်းစားစာ………………………………………………“ချစ်တယ်” နှစ်လုံးထဲ..။
ပထမဆုံးရည်းစားချစ်သူ……………………..ရက်ရက်စက်စက်ကို သေရာပါအောင်ချေမွပြီး သစ္စာဖျက်သွားသည်..။
ပထမဆုံး ဓါးထိုးမှု……………………စိတ်မထိန်းနိုင်လို့  ဖက်ခေါင်းအုံးကို ခဲတံချွန်တဲ့ ဓါးနဲ့ ထိုးတဲ့ အမှု
ပထမဆုံး ဆု……………………………………………………….ပန်းချီဆု( ၆ တန်းကျောင်းသား)
ပထမဆုံး သောက်ဘူးသော အရက်………………..ရှမ်းပြည်က နမ့်ဆမ်ရှမ်းအရက်( နဲနဲလေးငုံတာ…မူးလိုက်တာမှ ဒေါင်ချာကို စိုင်းနေတာဘဲ)
ပထမဆုံး ရေနစ်သည့်မြို့ …………………………………………ကသာမြို့ 
ပထမဆုံး ကဗျာ စာအုပ် ထုတ်ရောင်းခဲ့ တဲ့ မြို့ ……………………..ကသာမြို့ 
ပထမဆုံး သောက်သည့် ဆေးလိပ်……………………………….၈ျိုးသိန်း
ပထမဆုံးကျိုးဆွဲကျသည့်နှစ် ……………………………………………….၁၉၈၉
ပထမဆုံးရောက်ဘူးသောတိုင်းပြည်……………………………………………ထိုင်းနိုင်ငံ
ပထမဆုံး ဘလော့၈ါ အသိမိတ်ဆွေ…………………………………..မနိုင်းနိုင်းစနေ
ပထမဆုံး ဘလော့ဂ်လုပ်တတ်အောင်နည်းပြပေးသူ………………….ကိုစေတန်ဂေါ့
ပထမဆုံး တင်သောပို့ စ်အမည်…………………………………“ဘလော့ဂ်အသစ်နှင့် ကျေးဇူးတရား”
ပထမဆုံး ဘလော့ဂ်ကို လာလည်သူ………………………………….ပန်ဒိုရာ
ပထမဆုံး ကွန်မန့် ပေးသွားသူ…………………………………………ပန်ဒိုရာ
ပထမဆုံး တစ်ဖက်စွန်းရောက်သူလို့ ပြောသူ……………………………မကြီးမိုး( မမိုးချိုသင်း….အမှန်က တစ်ဖက်စွန်းမဟုတ်ဘူး…….သားအဖ နှစ်ယောက်ဆိုတော့ ၂ဖက်စွန်း)
ပထမဆုံး အိမ်တွင်နေထိုင်စဉ်နှင့် အိမ်မှ ထွက်ပြေးသည့် အချိန်ထိ အမှတ်တရ ရိုက်သူ….အဖေ
ပထမဆုံး နာမည် တူသွားဘူးသူ……………………………………………..ဂျစ်တူး
ပထမဆုံးဘလော့ဂ်အားပေးဖော်…………………………………….ညီမ ရှင်မင်းညို( ဆရာမကြီး)
ပထမဆုံး Tag သူ……………………………………………………..ကိုအောင်သာငယ်။
…………ကိုအောင်ရေ…ဒီလောက်ဆို ရပါပြီနော်…..။

သစ်နက်ဆူး

9 comments:

pandora said...

ပထမဆုံး အော်ငိုတဲ့အချိန့်…………………………………………အမေ့ ဝမ်းက ထွက်လာကာစ”မှာ
ခြေထောက်ကကိုင် ၊ဇောက်ထိုးထားပြီး သားဖွားဆရာမ ရိုက်လိုက်တဲ့ အခါ

တွေးပုံချင်း ဒီနေရာမှာတူတယ်။ ကျနော်လည်းအဲဒီလို ထည့်ရေးမလို့ စဉ်းစားသေးတယ်။ ပို့စ်ကရှည်လျားနေလို့ ဖြတ်ပစ်လိုက်တာ။

ဟဲဟဲ. ပထမဆုံးတွေအကြောင်း ပို့စ်မှာ ပထမဆုံး မှတ်ချက်ရေးသွားပြန်ပြီ

TNS said...

ပန်ပန်က
ပထမဆု ဆွတ်ခူးသွားပါတယ်ခင်ဗျား....။

သက်ဝေ said...

ကိုအောင်သာငယ်က ပထမဆုံးပစ်ဖူးသော သေနပ်တဲ့...။ ဒီမှာကျတော့ ပထမဆုံး ချက်ကြိုးဖြတ်သည့် ဓါး၊ ပထမဆုံး ဓါးထိုးမှု တဲ့...။ ကြောက်စရာ သူရဲကောင်းတွေပါလား...။ ဟီး...

Moe Cho Thinn said...

သူရေးရင် သူများနဲ့ကို မတူဘူး။
ပထမဆုံး ဓားထိုးမှုဆိုတာတော့ အတော်လန့်သွားတယ်။ လာပြန်ပြီလို့တော့ ထင်လိုက်သား။ ဒါပေမဲ့ ဖက်ခေါင်းအုံးဆိုတော့ သက်ပြင်းချသွားတယ်။
ပထမဆုံး ရည်းစားချစ်သူ နေရာမှာ "ရက်ရက်စက်စက်ကို သေရာပါအောင်ချေမွပြီး သစ္စာဖျက်သွားသည်.." တဲ့။
အဲဒါ သူ့နံမည်လားဟင်။ :D

တန်ခူး said...

ကျွန်မဆီမှာ တခုထည့်ရေးဖို့ မေ့သွားတယ်…

ပထမဆုံး ထူးဆန်းသည့် ဘလော့ဂ်ဂါ… ကိုသစ်နက်ဆူး

ပထမဆုံးကျိုးဆွဲချလား….ကျိုးဆွဲကျလား… အတော်ထူးဆန်းတယ်… ပို့ စ်တခုအနေနဲ့ များဖတ်ရလေမလား…

... said...

ကိုဆူးကတော့လုပ်ချလိုက်ပြန်ပါပြီ...
သူများစာတွေကို သဘောကျတိုင်း
တဟားဟားအော်ရီတတ်တဲ့ ဆရာမကြီးပဲဖြစ်မှာ..
ပထမဆုံးစားတဲ့ထမင်းလက်ဆုံကို သဘောကျတယ်...

TNS said...

လာလည်သူကွန်မန့် ပေးသူတွေ အားလုံးကို...ကျေးဇူးတင်ပါတယ်ဗျာ....
မကြီးမိုး...အဲဒါ နစ်ခ်နိမ်းဘဲ ရှိသေးတာ....
အပြည့် အစုံ မဟုတ်သေးဘူး....မမိုးလဲ နောက်ကို ကျနော့် စာ ဖတ်ရင် ရွှေပုပ္ပါး သွေးဆေး ဆောင်လာမှရမယ်...။
ကျနော်ရေးဘို့ မေ့နေတာတစ်ခုရှိတယ်...
မတန်ခူးကို...အားနာတယ်...
ပထမဆုံးကျနော့်ပန်းချီကို ပရင့်တ် ထုတ်တာ မတန်ခူးတို့  သားအမိ။
ဟိုဟာကလေ လည်ပင်းကို ကြိုးတွဲလောင်းနဲ့ သေတာ...
ကိုပြောချင်တာ...ကျနော်က ကြိုးဆွဲကျလို့ ဘဲ ပြောတတ်တာ...မှားနေလားတော့မသိဘူး...
အဲဒါလေးကို ပို့ စ် တခု အနေနဲ့ ရေးဘို့ အစီအစဉ်ရှိတယ်.....
မမိုးချို အခြေအနေ ကြည့်ရသေးတယ်...သူ ရင်တုန်ပြေလောက်မှ...ဟဲဟဲ။
ကံကောင်းလို့  မတန်ခူးရေ....မျှော်ပါ။။။။
ရှင်းရှင်းက ပထမဆုံး ရယ်နေသော ဘလော့ဂါ..။

အောင်သာငယ် said...

ကိုသစ်ရေ
အံ့သြထိတ်လန့်စရာတွေချည်းပဲ။

အသာလုပ်ပါမောင်။

ဖတ်ပြီးတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။

အကို့ ချက်ကြိုးဖြတ်တဲ့ ဓါးတောင် ဘာဓါးမှန်း မသိဘူး။ ကိုသစ်က ဘယ်လိုလုပ်သိနေတာလဲ။

Anyway တမူထူးခြားနေတာကိုက အနုပညာပေပဲ။

ညီမချိုသင်းရေးသွားသလို သူများနဲ့ကို မတူဘူး ဒါကြောင့်လည်း သစ်နက်ဆူးဖြစ်နေတာ။

TNS said...

ကိုအောင်....
ကိုအောင်ပြောတဲ့ “ အသာလုပ်ပါမောင်” ဆိုတဲ့ စကားလေးဖတ်ရတော့ ဆရာကြီးသိပ္ပံမောင်ဝ
ရေးတဲ့  “ ဘိလပ်ပြန် မောင်သောင်းဘေ”ကို သတိရတယ်ဗျာ...
ကျနော်တို့ အမေက...သားသမီး တစ်ယောက်ချင်းဆီရဲ့ ချက်ကြိုးလေးတွေနဲ့  ချက်ကြိုးဖြတ်တဲ့  ဓါးလေးကို ဗူးလေးတွေနဲ့ သီးခြားဆီ သိမ်းထားတဲ့ အကျင့်ရှိလို့  သိရတာပါ...။
မေ့သွားတဲ့ ပထမဆုံးတွေ တော်တော်များတယ်...။
သက်ဝေကတော့ ကျနော်တို့ ကို လန့် နေပြီ...။