Sunday, November 30, 2008

“ သွေး...ယူရမယ့် မနက်ဖြန်”



``သွေးယူရမယ့် မနက်ဖြန်´´
ငါတို့ ရဲ့ မနက်ဖြန်ကို......
ငါတို့ ကိုယ်တိုင် သွေးယူရလိမ့်မယ်
ပြန်မရနိုင်တော့တဲ့ တမ်းတစိတ်နဲ့ 
အပေါင်ဆုံးလက်မှတ်ကြီးကိုင်ပြီး..
ငိုင်နေရမယ့် ဘ၀တွေမဟုတ်ပါဘူး......
အားလုံးရဲ့  ပိုင်ဆိုင်မှုကို...
ငါတို့  ပေါင်နှံခဲ့တာမှ မဟုတ်တာ...။
အရိုးဘဲကိုက်ဘူးတဲ့ ခွေးတစ်အုပ်က
လက်ဝါးကြီးအုပ်ပြီး ဘုရင်လုပ်ချင်နေတာလေ...။
ခင်ဗျားဖြစ်ဖြစ် ကျုပ်ဖြစ်ဖြစ်...
မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ်.....
တိုက်ပုံနဲ့ ရင်ဖုံးဝတ်ပြီး....
ကိုယ့်ကိုကိုယ် မှန်ထဲမှာ
ရဲရဲပြန်ကြည့်ရဲတဲ့ တစ်နေ့ ....
ငါတို့ တစ်နေရာမှာ ပြန်ဆုံရလိမ့်မယ်..။
နွားကွဲလို့ ကျားဆွဲတာ
လူကြားကောင်းပေမယ့်...
ကျားကွဲလို့  ခွေးဆွဲတာ.....
ရာဇ၀င်နာတယ်..။
..........
ငါတို့ အပေါင်ဆုံးသွားတာ မဟုတ်ပါဘူး
အလုခံထားရတာပါ
ဘယ်နေ့ နောက်ဆုံးဆိုတာ...
သတ်မှတ်ချက်မရှိတဲ့ တိုက်ပွဲ
ဇွဲရှိမယ်ဆို.......
မနက်ဖြန်တိုင်းဟာ.....တိုက်ပွဲဘဲဟေ့..။

သစ်နက်ဆူး

Wednesday, November 26, 2008

“ ကျနော့်ရဲ့  ပန်းချီကားလေးတွေ ”



PHOTOSHOP....1( ကွန်ပြူတာမှာဘဲ မောက်စ်နဲ့ ရေးဆွဲထားတာပါ)


ဘုရားစောင်းတန်းဈေး ( oil on canvas)



လှေဆိပ် ( oil on canvas)



ကျောင်းရိပ် oil on canvas



ပန်းချီရေးတဲ့ အဘွားအို acylic on canvas

ဒီပန်းချီကားလေးတွေနဲ့ ဘဲ ကျေနပ်ပါဦးနော်.....။
သစ်နက်ဆူး

Thursday, November 20, 2008

“ သမိုင်းကို တူးဆွခြင်း”



ကျနော်တို့ နိုင်ငံမှာ သမိုင်းတွေ များတာ လူတိုင်းအသိ။
ဘုရားသမိုင်းကအစ... ၀ိဇ္ဇာသမိုင်း၊ နတ်သမိုင်း၊သိုက်သမိုင်း...နိုင်ငံရေးသမိုင်း..ပုဂံရာဇ၀င် စုံနေတာဘဲ၊ တော်တော်များများက
ရာဇ၀င်ဆရာ၊ သမိုင်းရေးဆရာ၊ စာရေးဆရာတွေရဲ့ အနုပညာနဲ့ အတွေးချဲ့ ရင် ချဲ့ သလောက် ပေါ့...။
ကျနော်ငယ်ငယ်က မြန်မာ သမိုင်းကို တော်တော် စိတ်ဝင်စားတာ...စာကျက်လိုက်ရင် ခဏဘဲ...သမိုင်းကြောင်းကို ခြုံငုံပြီး..သိသွားတာ...။
စကားမစပ် ကျနော့်အဖေကတော့ သမိုင်းကို စိတ်မ၀င်စားပါဘူး...သူက ဘာသာပြန် တွေဘဲ ဖတ်တာ...အဲ ..သူက အတွေးကောင်းတယ်...ကျားကစား သိပ်တော်တယ်...။ သားသမီးတွေ အကုန်လုံးကို ကျားကစားတတ်အောင်သင်ပေးခဲ့ တယ်...။
အကြောင်းကိစ္စ တစ်ခု ကြုံလာရင် ကွက်ကျော်မြင်တတ်အောင်တဲ့ ...။
အယောင်ပြ..တစ်ကောင်ကျွေးပြီး နှစ်ကောင်ရိုက်...ကင်းကြီးထိုးကျွေးပြီး ၃ကောင်ရိုက်..။
နည်းတွေစုံသလောက် အတွေ့ အကြုံရတယ်..ဘ၀မှာ ပြသနာတစ်ခု တွေ့ လာရင် အဖေပေးခဲ့ တဲ့ ကျားကစားနည်းပညာက တော်တော် အသုံးဝင်တာ...။
တစ်ဘက်က ခင်းလာတဲ့ ပြသနာကို ကွက်ကျော် မြင်တတ်လာတာပေါ့..။
သမိုင်းနဲ့ စချီပြီး ဘယ့်နှယ့် ကျားကစားတာ ရောက်သွားလဲ ဆိုတော့...ဒီလိုဗျ..။
အလုပ်က ဇာတ်သဘင်ဆိုတော့ ဇာတ်နဲ့ နတ်က တွဲနေတာ...ဒါဟိုးရှေးအစဉ်အလာထဲက..။ ဇာတ်ပွဲမှာ ကပြမှုတွေ အောင်မြင်အေးချမ်းဘို့ ..အဆင်ပြေဘို့  ဇာတ်နဲ့ ပါတ်သက်တဲ့ ပွဲတွေ ပေးရတယ်၊ နောက်ပြီး ဇာတ်မင်းသားမှန်ရင် နတ်သမိုင်း သိုက်သမိုင်းကို ဖတ်မှတ်လေ့လာထားမှ တော်ကာကြတယ်...။ နောက်ပိုင်းမင်းသားကြီးတွေဆို ပိုဆိုးပေါ့..။
ပွဲ့ ကြည့်ပရိတ်သတ်ကလဲ နတ်သမိုင်း သိုက်သမိုင်းဆို တော်တော် ကြိုက်ကြတာ။ ကြားဘူးမှာပါဗျာ
ပန်တျာကြည်လင်...ပန်တျာ တင်တင်မြင့် တို့ ဆို ကိုဘုန်းကြွယ် မမြစိမ်းနဲ့ နာမည်ကျော်ခဲ့ တာ။ဇာတ်သဘင်တွေမှာ ကပြမှုများတာက ရေငံပိုင် ဦးရှင်ကြီး၊ ကိုးမြို့ ရှင် ပုလဲယဉ်၊အမေနံကရိုင်း၊ အမေရေယဉ်၊နဲ့ တောင်ပြုံးညီနောင်ပေါ့....။
ကျနော်က နတ်သမိုင်းတွေသိပ်မက ပေမယ့် လေ့လာ ဖတ်ရှုထားပါတယ်...ကိုယ်တိုင်ကလဲ စာဖတ်တာဝါသနာပါတော့...
အတော်ဘဲပေါ့...။
ကျနော်သိပ်မကချင်တာက နတ်သမိုင်းရေးသူတွေ ဘယ်လောက်ဘဲ ဖွဲ့ နွဲ့ ရေးပေမယ့် ၃၇မင်းနတ်တွေ အားလုံးက အယူတိမ်းပြီး...အစိမ်းသေနဲ့ သေခဲ့ ကြတော့ ဦးချကန်တော့တာနဲ့ သရဏဂုံ ပျက်နိုင်တာကို သိလို့ ပါ..။သူတို့ ကို ကိုယ်က အားကိုးမယ့်အစား ကိုယ်ကတောင်မေတ္တာပို့ ပေးရဦးမှာ။
ဒါပေမယ့်ဗျာ...ဇာတ်မင်းသားဆိုတာက ဇာတ်ဆရာနဲ့ စာချုပ်ပြီးကတည်းက ကိုယ့်ကိုကိုယ်မပိုင်တော့ဘူး၊ ဇာတ်ဆရာနဲ့ ပရိတ်သတ် အလိုကျ ကပြရတာပါ.။
ကျနော်တစ်နှစ်ကြုံရတာက ဇာတ်ဆရာက လူရွှင်တော်လဲ ကတယ်...နတ်ဇာတ်ထုပ်နောက်ပိုင်းတွေလဲ ကတယ်...ပြီးရင်
နတ်ပူးတာနဲ့ ..သူလုပ်ထားတဲ့ လက်ဖွဲ့ ကြိုးတွေကို ရောင်းတော့တာဘဲ..။ ရိုးသားတဲ့ သူတွေက ဘာမှ မစဉ်းစားဘူး...၀ယ်တာပေါ့..။
ကျနော်က သိတယ်..ဘာမှ မစွမ်းဘူး..မစွမ်းဆို နေ့ လည်တိုင်ဆို ယိမ်းသမလေးတွေ ကောင်လေးတွေကို သွားတိုက်ဆေး အခွံတွေနဲ့ အပ်ချည်ကြိုးအနီတွေ ကြိုးကျစ်ပြီး လုပ်ထားတာကို သူက ဖောက်သည်ဈေးနဲ့ ချုပ်ဝယ်တာ..ဘာသိဒ္ဓိမှ မရှိဘူး..။ယုံ...။
ရွာတစ်ရွာမှာကတော့ ကျနော်နဲ့ တိုးတာဘဲ..။ အဲဒီရွာကလဲဗျာ...တစ်ရွာလုံး ကိုကြီးကျော် ခေါင်းစွဲတဲ့..။ ကျားမ မရွေး...ကိုကြီးကျော်ဘဲ။ ရွာသားတွေက တောင်းဆိုတာ ဒီည ကျော်လေးကျော်( ကိုကြီးကျော်၊ပခန်းကျော်၊ဇီးတောကျော်၊ တောင်သမန်ကျော်) အော်ပဒါကပေးဘို့ ...။ တစ်ယောက်ထဲ ကို လေးမျိုးနဲ့ ဗျ..။ကန်တော့ပွဲတွေဗျာ...ဇာတ်စင်ပေါ်မှာ အပြည့်ဘဲ...

ဒီတော့ဇာတ်ဆရာက ပေသီးခေါက်ပြီ...ကန်တော့ပွဲတွေထဲမှာကလည်း ပိုက်ဆံတွေ ဖွေးနေတာဘဲလေ..။ သူကလက်ဖွဲ့ ရောင်းကောင်းမှာလဲ သေချာသိနေတော့...သူကိုယ်တိုင်မကတော့ဘူး...ကျနော့်ဘက်လှည့်လာတာ။
အကြီးဆုံး ကိုကြီးကျော်နေရာက ကပြပေးပါတဲ့ ..ကျန်တာက လက်ထောက်နဲ့ ယိမ်းမင်းသား၃ယောက်ကမယ်တဲ့ ..။
ငြင်းလို့ လဲမရဘူး...ဦးက ဘာဖြစ်လို့ ကိုယ်တိုင်မကလဲမေးတော့ အလုပ်များလို့ တဲ့ ..။ညာတာ။။သိတယ်။
ကျနော်က နတ်မပင့်တတ်ဘူး...ပင့်လဲ ကြွမှာမဟုတ်ဘူး ပြောပြီး ငြင်းပါသေးတယ်..။ဟန်ဘဲလုပ်ပေးပါတဲ့ ။
ငြင်းမ၇တော့လဲ ကပေါ့..။
ညကျတော့ ဟို၃ယောက်ကတော့ အူမြူးနေတာပေါ့...ကြက်ပေါင်ဆွဲမယ်...အအေးချမယ်..အရက်မော့မယ်...ဂွင်ကြီးမိတယ်ပေါ့။
ရှေ့ မှာ ဇာတ်လမ်းခင်းပြီးလို့  နတ်တွေ ပင့်စာရွတ်တာနဲ့ ဘေးက ၃ယောက်ကတော့ တုန်တော့တာဘဲ...တစ်ကောင်မှ
နတ်မ၀င်ဘူး...သူတို့ က ညဦးထဲက တုန်ချင်နေကြတာ။
ပြီးတာနဲ့ နတ်ယိုင်ဒိုးနဲ့ ကတာပေါ့..မြူးနေတာဘဲ...ကိုယ့်မှာသာ သပြေပန်းစည်းလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိဘဲ...မေ့ ပြီး သူတို့ ကတာကို ငေးနေတာ..။ကြည့်လို့ တော့ကောင်းသားဗျ။
ဒိမောင်တွေ နတ်ကတာနဲ့ အောက်က ရွာသားတွေကလဲ နတ်ခေါင်းပေါင်းကို ပိုက်ဆံတွေ လာဆက်တာ နည်းတာမဟုတ်ဘူး....
ဒါ သူတို့ ရမှာလေ...ကိုယ့်မင်းသားတွေ ပိုမြူးပြီပေါ့ အရက်လေးမော့လိုက် ၊ကြက်ပေါင်လေးဆွဲလိုက်နဲ့ ...
လှည့်ကနေရင်း ပရိတ်သတ်မကြားအောင် ကိုယ့်ကိုတောင် တိုးတိုးလေး ကပ်ပြောသွားသေးတယ်...
“ အကို...၀င်ကတော့လေ..အကိုက အကြီးဆုံးနတ်ဘဲ...ရှယ်ကြီးနော်...အပီသာဆွဲ...” တဲ့ ...။
ကြည့်လို့ မှ မဆုံးသေးဘူး...ပွဲခင်းထဲက ရုတ်ရုတ်သဲသဲ ဖြစ်လာလို့ ကြည့်လိုက်တော့ သန်သန်မာမာ လူနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တုန်တုန်ယင်ယင်နဲ့ ဇာတ်စင်ပေါ်ခုန်တက်လာပြီး...ကြမ်းကြမ်းတမ်းတမ်းကို ကတော့တာဘဲ...။
က နေရင်းနဲ့ နတ်ကနေတဲ့ မင်းသားတွေကို မပြောမဆို ပါးဝင်ရိုက်တာဗျာ...ဖြန်းကနဲဖြန်းကနဲဘဲ...ပွဲခင်းတစ်ခုလုံးလဲ ရုန်းရင်းခတ်နေတာ။
ကိုယ့်ကောင်တွေထိုင်ရက် လဲတောင်ကျတယ်။ ခေင်းပေါင်းပုဝါတွေလဲ ကျွတ်ပြီး ရုပ်ပျက်ဆင်းပျက်ဘဲ...။
တက်လာသူတွေပါးစပ်ကလဲ...
“ ဇီးတောကျော်ကွ”
“ တောင်သမန်ကျော်ဟေ့”
“ ကိုကြီးကျော်တဲ့ ဟေ့” ဆိုပြီး လဲနေတဲ့ မင်းသားလေးတွေကို ဆောင့်ကန်နေတာ..။
ကျနော်လဲ လန့် ပြီ...ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိတာ...။
အဲဒီကျမှ လက်ဖွဲ့ အော်ရောင်းနေတဲ့ ဇာတ်ဆရာ ကားလိပ်ကြားထဲကနေ...ပေါ်လာတာ..သူလဲ ကြောက်နေတာ....။
“ ဘာဖြစ်ကုန်တာလဲ...ဦး”
“ ဟာ...ပုဂ္ဂိုလ်စစ်တွေ ၀င်လာတာ...မင်းသား ကိုကြီးကျော်ကို မြန်မြန်ပင့်တော့ ..သူက ခေါင်ချုပ်ဘဲ..လုပ်လုပ် မြန်မြန်ပင့်” တဲ့ ..။
မြန်မြန်ပင့်လို့ ၇တတ်လားဗျာ.....စက်ဘီးနင်းတာမှ မဟုတ်တာ...နတ်ပင့်တာပါဆိုမှ ။
နတ်ဝင်ဘို့ နေနေသာသာ...နတ်လာအောင်ဘယ်စာနဲ့ ခေါ်ရမှန်းတောင်မသိတာ..။
ဒါပေမယ့် စင်ပေါ်မှာ အခြေအနေက လုံးဝမကောင်းတော့ ပါးရိုက်ခံရဘို့ က ကိုယ်တစ်ယောက်ဘဲ ကျန်တော့တာ...ဒါတောင် သပြေပန်းစည်းလေးကိုင်ပြီး စင်ပေါ်က ဌက်ပျောပင်လေးကိုကွယ်ပြီး ရပ်နေလို့ ...။
ကိုယ့်ဘက်က ၃ကောင် ကျွေးလိုက်ရပြီ...။ ပရိတ်သတ် ထောင်သောင်းရှေ့ မှာ ခေါင်းဆောင်မင်းသား ပါးရိုက်ခံရလို့ တော့ မဖြစ်။
သူတို့ က ပုဂ္ဂိုလ်စစ်တဲ့ .....။
လာမလုပ်နဲ့  ဘယ်နတ်ဝင်ဝင်...တစ်ယောက်မှ မှတ်ပုံတင်ပါလာတာမဟုတ်ဘူး....။ ပါးစပ်ပြောဘဲရတာ..။
စက္ကန့် နဲ့ အမျှ စင်ပေါ်ဝဲယာမျက်စေ့ ကစားလိုက်တော့....တွေ့ ပြီ...။
နတ်အော်ပဒါကဘို့ ရွာတော်ရှင်အဘိုးကို ပင့်ဖိတ်ပြီး ဆက်ထားတဲ့ ရွာတော်ရှင်ဓါး....။
ဌက်ကြီးတောင်ဓါးလိုဘဲ အရှည်ကြီး...ထိုင်းက ၀ယ်လာတာတဲ့ ..ဓါးသွားပေါ် ဆံပင် တင်ရင်တောင်ပြတ်ကျတယ်ဆိုဘဲ...။
ဆုံးဖြတ်ချက်ချပြီးတာနဲ့  လွှားကနဲ ကန်တော့ပွဲတွေကို ခုန်ကျော်ပြီး...ကျနော် ဓါးကို ဆွဲယူပြီး...မွှေ့ ကစားရင်း....
“ ဟိတ်” ဆိုအော်လိုက်ပြီး ပြန်ခုန်လိုက်တာ...။ဦးအောင်ဇေယျနယ်သားတဲ့ ဟေ့...။
ကျနော်လှုပ်တာနဲ့ အောက်က ဆိုင်းဆရာတွေကနပ်တယ်...နတ်ဆိုင်းကို မြူးနေအောင်တီးတော့တာ.....။
ကိုယ့်ကို ၀ိုင်းလာတဲ့ ကိုကြီးကျော် ၃ ယောက်လုံးကို ဓါးနဲ့ ကာပြီး ပါးကို အသားကုန် တစ်ဖြောင်းဖြောင်းနေအောင် တန်းစီပြီး ရိုက်ထည့်ပစ်တာ...။ကျနော်ကဖြစ်ချင်ရာဖြစ် ရင်းလိုက်တာ....။ ။
၃ ကောင်ကျွေးပြီး ၃ကောင်ပြန်ရိုက် ၊ ကင်းကြီးဝင်တဲ့ အကွက်...။
ဟိုနတ်၃ပါးလဲ ဘယ်လိုဖြစ်လဲ မသိဘူး...တုန်တုန်ရင်ရင်နဲ့ ကျနော့်ကို ဦးချပြီး စင်ပေါ်မှာဘဲ ခွေလဲ ကျသွားတာ...
ဒါတောင်တစ်ယောက်က ကျနော့်ဒူးခေါင်းကို ဖက်ပြီးမှ ထွက်သွားတာ...။
ဒါတောင် ရှေ့ နောက်စိတ်မချလို့ ဓါးကို အသားကုန်မွှေ့ ပြီး ဌက်ပျောပင်တွေ ပါ အပိုင်းပိုင်းဆွဲခုတ်ပစ်သေးတာ...နောက်ကျောမလုံလို့ ...။ တော်ကြာနောက်ကပါတ်တက်လာရင် ဘယ့်နှယ့်လုပ်မလဲ....။
အခြေအနေ အေးတယ်ထင်မှ ကိုယ်လဲ နန်န န့် ၊ နန်န့ န့် လုပ်ပြီး ဟန်လေးလုပ်ကရဲတာ...။
အောက်က ပိုက်ဆံတွေ လာဆက်တာတောင် စိတ်ကမအေးလို့ ...လက်လေးနဲနဲတုန်ပြီး ခွေချပစ်လိုက်တာ....။
ဆိုင်းကလဲ နတ်ပို့ ဆိုင်းလေးနဲ့ ပေါ့ဗျာ...။
ဇာတ်ရုံနောက်မှာတော့ မင်းသားငယ်၃ ယောက်နဲ့ ဇာတ်ဆရာ စကားတွေ များနေကြလေရဲ့ ...။
အဲဒီညက အဖေ့ကို သတိတွေရပြီး ကျေးဇူးတင်လိုက်တာ...။
ညက ကျနော်သုံးလိုက်တာ ၃ ကောင်ကျွေးပြီး ကင်းကြီးဝင်တဲ့ အကွက်လေ...။
..........x..........
ဟိုး....ရခိုင်မှာ ဖြစ်ခဲ့ တာက ပိုဆိုးသေးတယ်..။
ကျနော်တို့ အဖွဲ့ ကို ကြိုက်လို့  အဲဒီမြို့ က ပြန်ဌားတာ ဒါရောဆို ၃ ခါ ရှိပြီ...၉ ညပေါ့...။ဒီတော့ ဇာတ်လမ်းတွေက ထပ်ပြီပေါ့...။
ပြဇာတ်အသစ်ရေးရတာ၊ ပြဇာတ်တိုက်ရတာက ပင်ပန်းတယ်...။
ဒီကြားထဲ အော်ပဒါ က စီစဉ်ရသေးတယ်...။ ဒီညတော့ ဇာတ်ဆရာ အကြံပေးလို့ “ ပုပ္ပါးမယ်တော် သားနှစ်ဖော်”
တောင်ပြုန်းညီနောင် အော်ပဒါ ကဘို့ စီစဉ်တာပေါ့...။
ကျနော်က အဖြည့်သဘောနဲ့ ကိုဗျတ္တနေရာက ...ကမှာ..။ သူငယ်ချင်း ဇင်မက ပုပ္ပါးမယ်ဝဏ္ဏ..။
လက်ထောက်မင်းသားငယ်ဖြစ်တဲ့  နိုင်အောင်နဲ့ အောင်ဆန်းမင်းက တောင်ပြုံးညီနောင်...ဖျဉ်းကြီး ဖျဉ်းလေး..။
ကျနော့် တပည့်ကျော်ကြီး ( ပြဇာတ်တုန်းက ကြိုးဆွဲချတုန်း ကြိုးဖြုတ်မှားတဲ့ ကျေးဇူးရှင်) မောင်မောင်က မင်းကျန်ရစ်။( တစ်ချို့ က မင်းကျန်စစ်နဲ့ မှားတယ်) သူကလဲ ဘုန်းကြီးလူထွက်ဆိုတော့ စာစကားများများပြောနိုင်တယ်...။
ဒါတောင်သူက ဒိနေရာက မက ချင်ဘူး...တောင်ပြုန်းမင်းနေရာဘဲ ကချင်တယ် လုပ်သေးတာ...။ ကျနော်က ဟို၂ ယောက်က ငယ်တယ်...ခင်ဗျားက အသက်နဲနဲ ကြီးတယ်...မင်းကျန်ရစ်နေရာက အခန့် က ဆိုတော့ ကုန်း( လူကြမ်းဆန်ဆန်) နေရာမို့  မကချင်ဘူးလုပ်နေတာ...။
မဟုတ်ပါဘူး....တစ်ကျပ်ဝန်....၀န်နီက လူကြမ်း...၀န်စိမ်းက နောက်လိုက်....မင်းကျန်ရစ်က ဇာတ်ပို့ ဘဲ ဆိုပြီး အတင်းရှင်းပြရတာ..။
နောက်ဘယ်လိုမှ ငြင်းမရလို့ ကတာ...။သူ့ အဖေကတော့ ကျရာနေရာက ကပေါ့...လို့ ဝင်ပြောပေးတယ်...။ကိုမောင့်အဖေက နှဲဆရာ သိပ်တော်တာ...နှဲ၂ လက်ကို ပါးစပ်ထဲမှာ တစ်ပြိုင်တည့်ထည့်မှုတ်နိုင်တယ်...လက်တစ်ဖက် နှဲတစ်လက်ဘဲ...။ ရွှေတ့ဆိပ်ရ...။
သူ့ ခေါင်းကတော့ အမြဲတန်း ကတုံးကို ပြောင်နေအောင်ရိတ်ထားတာ...။ ပညာတတ်ပေမယ့် လူကပ်...လူတတ်ဗျ..။
ဒီလိုနဲ့  ညရောက်တော့ ကရော ဆိုပါတော့ ..ကိုယ်က အစပိုင်းဘဲ ပါတာလေ...ကိုဗျတ္တ သေပြီးတော့ ကိုယ့်အခန်းပြီးပြီဆိုတော့
အေးဆေးပေါ့...။ ကျန်တာ သူတို့ ဆက်က မှာ...။
ကိုယ့်အခန်းမှာလဲ ဂစ်တာတီးတဲ့  ၀ိုင်းခေါင်းဆောင် ကိုရွှေမြိုင်နဲ့  အတူ...ကောင်မလေးတွေနဲ့ ကြူနေတာလေ....။
ခဏနေတော့ ဇာတ်ဆရာ အခန်းထဲ ပြေးဝင်လာပြီး...
“ ဝေ့...သား၊ ကြည့်လုပ်ဦးဝေ့...ဇာတ်စင်ပေါ်မှာ သတ်နေကုန်ရာ” ဆိုပြီး လာပြောပါရော....
“ ဘာဖြစ်တာလဲ...ဘာဘာ( အဖေ) ”
“ ဟို၂ယောက်ကတော့ ဟိုနတ် ၂ယောက်ဘဲ...မောင်မောင်က ဇာနတ်ဝင်လဲ မသိရာ.....ဟို မန်းသားချေတွေ သေဘို့ ရာ...
သူရိုက်နေရာဝေ့”
စင်ပေါ်တက်ကြည့်တော့......
ဟာ....ဘာလဲ...။
ပုပ္ပါးမယ်တော်နဲ့ သား၂ပါးဘဲ ၀င်ကြွရမှာ...ကိုမောင်က ဘာနတ်ဝင်လို့ တုန်ပြီး တောင်ပြုန်းညိနောင်ကို လှိမ့်ကန် လှိမ့်ရိုက်လုပ်နေတာလဲ...။ ဟို၂ယောက်လဲ လိမ့် နေတာဘဲ..။လွန်လွန်းတယ်ဗျာ...ပါးနားရိုက်ပြီး လဲနေတဲ့ နိုင်အောင်ကို ရင်ဘတ် ဆောင့်နင်းနေတာ...
ဒါနဲ့ ကိုယ်လဲ ကားလိပ်ကြားထဲကနေ.....
“ ဟေ့....ကိုမောင်..ဘာလုပ်နေတာလဲ...၇ပ်တော့”
အံမယ် ကိုယ်တော်က ခေါင်းမှာလဲ ပ၀ါနီ ၊ ရင်ဘတ်မှာ ပုဝါစိမ်း၊ လက်မှာက လှံကြီးနဲ့ .....မျက်လုံးကြီး ပြူးပြီး ကျနော့်ကို လက်ညိုးထိုးပြီး လှမ်းအော်တယ်....
“ ငါ...ကျန်စစ်သားနတ်...ဟေ့” တဲ့ ။

ကြားမကြားဘူးပေါင်ဗျာ...ကျန်စစ်သားနတ်လို့ ...ပုဂံရာဇ၀င် တုတ်ထမ်းပြီး ပြောရမယ်လို့ စာဆိုရှိပေမယ့် ၊ သူရဲကောင်းကျန်စစ်သား
နတ်ဖြစ်သွားတယ်လို့ တစ်ခါမှ မကြားဘူးပါဘူး...။
တစ်ချက်စဉ်းစား ကြည့်လိုက်မှ အဖြေပေါ်တာ....။ ကျနော့်ကိုရွှီးလို့ ရမလား...ကိုမောင်ရယ်။
ခင်ဗျား...ဘုန်းကြီး လူထွက်ဖြစ်ပြီး...နတ်သမိုင်းမှ မကျေတာ....။ ညနေကတည်းက တောင်ပြုန်းမင်းနေရာက မ က” ရလို့  ခင်ဗျားတင်းပြီး...
ပယ်ပယ်နယ်နယ် သမနေတာ...သိတာပေါ့....။
ဒေါသကလဲထွက်လာတယ်...။ ကိုယ်သင်မှ မင်းသားဖြစ်၊ ကိုယ်တင်မှ စင်ပေါ်ရောက်....။
ကိုယ်ဇာတ်စီးပေးလို့ ဒီအော်ပဒါ ကရတာ...ကိုယ့်ကို လာပါတ်နေသေးတယ်...။
လှေကြီးပေါ်မှာ လှေငယ်တင်၊ ဇာတ်ကြီးပေါ်မှာ ဇာတ်လေးလာထောင်တာ...။
ကိုရွှေမြိုင်လက်ထဲ မိုက်ခ် ထည့်ပေးပြီး...မှာစရာရှိတာ..မှာရင်း....
“ ဟိတ်...မင်းတို့ ပုဝါ စတွေ ငါ့ကို ပေးစမ်း ” နီးရာ ယိမ်းမင်းသမီးလေးတွေဆီက ပုဝါနှစ်စယူပြီး...
တစ်စကို ရင်မှာစည်း...တစ်စကို ခေါင်းမှာပတ်လို့ ...သံလျှက်ကိုဆွဲယူပြီး...ကိုရွှေမြိုင်ကို အချက်ပေးလိုက်တာနဲ့ ...
“ မိုး..းးးး” ဆိုတဲ့ အသံကို ဟိန်းနေအောင် အော်လိုက်တော့...အောက်က ဆိုင်းဆရာတွေလဲ ယောင်တောင်ပေါင်တောင်နဲ့ နတ်ပင့်ဆိုင်းတီးတော့တာပေါ့...သူတို့ လဲ နတ်တွေများပြီး အပေါ်မှာ တစ်ကယ်ဆော်နေလို့ လန့် နေတာ....
မိုးးးးး ဆိုတာ ဇာတ်အထာနဲ့  နတ်ပင့်ဆိုင်းတီးဘို့ အချက်ပေးတာ...။
နတ်ပင်းဆိုင်းဆုံးလို့ ပါတ်မကြီး တဗိန်းဗန်းတီးနေတုန်း.........
“ အနော်ရထာ နတ်တဲ့ ဟေ့.................” လို့ ကိုရွှေမြိုင်အော်တာနဲ့ ...

ကိုယ်လဲ တစ်ပါတ်ကျွမ်းပစ်ပြီး လွှားကနဲ ခုန်ဝင်သွားတော့ ကျန်စစ်သားနတ် ကြောင်ပြီး ကြည့်နေတုန်း....
သူ့ ရင်ဘတ်ကို ဖလိုင်းကစ်နဲ့ တွန်းကန် ကန်ပစ်လိုက်တာ ကျန်စစ်သားနတ် ကိုမောင် ဇာတ်စင်ထောင့် ကိုလွင့်ပြီး ခွေလဲသွားတာ...။
ကိုယ်ကလဲ ခြေမြန်လက်မြန် သူကျနေတဲ့ လှံကိုပါ ကောက်ယူပြီး...သူ့ ရင်ဘတ်တက်နင်းရင်း ...
“ သားတော်...ကျန်စစ်သား...နတ်နန်းကို အမောင် ပြန်ဘို့ အချိန်ကျလေပြီ....ယခုပြန်လျှင်ပြန်...မပြန်ရင် ခမည်းတော် ထပ်ပြီးဆုံးမ
ရတော့မယ်....” ဆိုမှ...
...အောင်မယ်...ငိုမဲ့ ငိုမဲ့နဲ့ ကျန်စစ်သားနတ် ပြန်ကြွသွားတယ်ပေါ့လေ...တုန်တုန် တုန်တုန်နဲ့  ကန်တော့ပြီး ခွေလှဲချလိုက်တာ...။
ကိုယ်လဲ မဆီမဆိုင်ပြီးတာနဲ့ ဘေးနားမှာ ခပ်ကြောက်ကြော်ရပ်ကြည့်နေတဲ့  ပုပ္ပါးမယ်တော် ပုခုံးကို ဆွဲဖက်ပြီး.....
“ အနော်ရထာနတ်တဲ့ ဟေ့.....” လို့ အော်ရင်း ကားချဘို့ အချက်ပေးလိုက်၇တာ...
ကိုယ်လဲ မြန်မြန်သိမ်းမှ...။ နဲဆရာက မကြည်တဲ့ အကြည့်နဲ့ ကြည့်နေတာ သိတယ်...။
သူက ဆံပင်တစ်မွှေးမှ ရှိတာမဟုတ်...။ ကတုံးကြီး..။
သူသားက ကျန်စစ်သားနတ်ဆိုတော့ ကိုယ်က သူ့ ထက်ကြီးတဲ့ အနော်ရထာနဲ့ ဝင်သမ ထားတာ...။
ဇာတ်ထဲမှာကလဲ ဇာတ်သုံး သင်္ကန်းတွေ က ပေါပါဘသိနဲ့ ....။
တော်ကြာ.....
“ ရှင်အရဟံ...ရဟန်းကြွလာတယ်ဆိုပြီး..ကိုယ့်ကို ပါးဝင်ရိုက်နေရင် ကိုယ်ခံရမှာ....။
ပုဂံ ရာဇ၀င်ကို မောင်ဆူးတို့ က သိပြီးသား...အဟေးးးဟေးးးး။
ပြဇာတ်ပြီးတော့ ကိုရွှေမြိုင်က ပြောတယ်...
“ ဇော်...မင်း..သမ လိုက်တာ နည်းနည်း အရှိန်များတယ်ကွ...မင်းလူ အခုထိခွေပြီး ငိုနေတုန်းဘဲ”
“ကျနော်လဲ စိတ်မကောင်းပါဘူး...မရည်ရွယ်ပါဘူး...”
“ သူ့ အဖေနဲဆရာ..မင်းကို တင်းနေတယ်..ဘယ်လိုပြောမလဲ”
“ အို...နတ်ဝင်သွားတာ..ကျနော်တောင်မသိလိုက်ဘူးဘဲ ပြောရမှာပေါ့...”
“ မင်းကလဲ.....အဘိုးကြီးက စာတတ်တယ်နော်...အနော်ရထာနတ် လို့ မှ မရှိတာ”
“ ကျန်စစ်သားနတ်ရော...ကြားဘူးလို့ လား...”
“ အေး...အဘိုးကြီးက မနက်ကျ စာရင်းရှင်းမယ် ပြောနေတယ်...မင်းကြည့်လုပ်ဦး”
“ ရတယ်....သမိုင်းမှာ...ဟာကွက်ရှိတယ် မပူနဲ့ ...ကဲလုပ်..ခဏနေ နှစ်ပါးသွားထွက်ရမှာ...”
..........
ထင်တဲ့အတိုင်းပါဘဲ မနက်မိုးလင်းလို့ မိတ်ကပ်ဖျက်ပြီိးတာနဲ့ နှဲဆရာက ဇာတ်ဆရာကို အစည်းအဝေး ခေါ်ပေးဘို့ လုပ်တော့တာ...
တစ်ဖွဲ့ လုံး လူစုံပါဘဲ...။အဓိက က ကျနော့်ကို တည်တာပေါ့....။
“ နေပါဦး...မင်းသားရဲ့ ...ညက အော်ပဒါကတော့.. နောက်ဆုံး ၀င်ကြွလာတာ အနော်ရထာနတ်လို့ ကြားလိုက်လို့ ပါ”
“ ဟုတ်ပါတယ်...ဦး”
“ ကျုပ်ဇာတ်ထဲ လိုက်ပြီးနှဲမှုတ်လာတာ ကြာပြီ...ခြေသလုံးကို တုတ်နဲ့ ရိုက်ရင်တောင် စည်တိုသံ ထွက်နေပြီ...အနော်ရထာနတ်လို့ တခါမှ မကြားဘူးပါဘူး....”
“ နတ်က သူ့ ဘာသာ...၀င်လာတာဗျ...”
“ ကျုပ်သိတာက အနော်ရထာဆိုတာ ပုဂံပြည်ကို ရှင်အရဟံ ကျေးဇူးနဲ့ သထုံကနေတစ်ဆင့် ဗုဒ္ဓဘာသာပြန့် ပွားလာအောင်လုပ်ခဲ့တဲ့ဘုရင်ဘဲ...”
“ ဟုတ်တာပေါ့...”
“ ဘုရားတွေ ဆိုလည်း တည်ထားလိုက်တာ...လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း လို့ တောင် မှတ်သားရတာ မဟုတ်လား...”
“ မှန်တာပေါ့ ဦးရယ်...”
“ ဒီလောက် ဘုရားတွေ လက်ညိုးထိုးမလွဲ တည်ထားတဲ့ မင်းက အယူတိမ်းပြီး နတ်စိမ်း ဖြစ်နိုင်ပါ့မလား”
“ ဦးက ဘုရားတွေတည်တာဘဲ ကြည့်တာကိုး.....ဘုရားတည်တယ်ဆိုတာ သာသနာပြုခြင်း အစစ်အမှန်မဟုတ်ဘူး....ဘုရားသာသနာပြုတယ်ဆိုတာ...ဘုရားစေတီတွေတည်တာနဲ့ မပြည့်စုံဘူး....နောက်ပြီး....အနော်ရထာမင်းကြီး သာသနာ
သန့် ရှင်းတယ်ဆိုပြီး....တစ်ချို့ ကိုထောင်ချ နတ်တွေကို လှောင်ထား၊ နဲ့ မကျေနပ်သူတွေရှိခဲ့ တယ်..”
“ အင်း......”
“ ပုဂံခေတ်က ကျောက်စာတွေ အများကြီးဘဲ...ကျန်စစ်သားရဲ့ သားဖြစ်တဲ့ ရာဇကုမာရ ကျောက်စာက အစ ရှိတယ်...”
“အင်း.....”
“ ဒီနေ့ ခေတ်မှာ ဘုရင် မဟုတ်တဲ့ သာမန်အရပ်သားဖြစ်တဲ့ အနာဂမ် ဆရာသက်ကြီးတို့  ၊ အနာဂမ် ဒေါ်ငွေဘုံတို့ ကိုတောင် ခုခေတ်
စာရေးဆရာတွေက စာအုပ်တွေ ရေးပြီးမှတ်တမ်းတင်ကြတယ်...”
“ အဲဒါနဲ့  အနော်ရထာ ဘာဆိုင်လို့ တုန်း....”
“ ဆိုင်ပါသော်ကောဦးရယ်.....အနော်ရထာလောက် ဘုရားတွေ မတည်ပေမယ့် တရားကို တစ်ကယ်ကျင့်လို့ အနာဂမ်ဖြစ်သွားတာကို တိုင်းပြည်က အသိအမှတ်ပြုတယ်....”
“ အင်း..”
“ တိုင်းခန်းလှည့်ရင်း...ထီးချက်စောင့်နတ်က ကျွဲယောင်ဆောင်ပြီ်း ၀င်ခတ်လို့  အနော်ရထာ ကျွဲခတ်ခံရပြီး အစိမ်းသေ သေခဲ့ တယ်...
ဘုရားတွေ တည်ခဲ့ ပေမယ့်လို့ ....ပုဂံတပြည်လုံးက ကျောက်စာတွေထဲမှာ အနော်ရထာ ဘုရင်ကြီး သောတာပန် ဖြစ်သွားတယ်လို့ များ ကြားဘူးလား.....အနာဂမ်ဖြစ်သွားတယ်လို့ များကြားဘူးလို့ လား...”
“ အင်း...ဒါတော့ မကြားမိပါဘူး.....”
“ သူသာ...ဘုရားတွေတည်သလောက် တရားကျင့်ခဲ့ရင် ဗျာ...တစ်တိုင်းပြည်လုံး...အုပ်ချုပ်နေတဲ့ ဘုရင်ကြီးဘဲ...
တိုင်းသူပြည်သားက ကျောက်စာ မရေးဘဲ နေမတဲ့ လား...”
“ အင်းးးးးး”
“ ကျနော် ထင်တယ်...တိုင်းခန်းလှည့်နေရင်း...သူက ဘုရင်ကြီးဟေ့ ဆိုတဲ့ မောဟ ၀င်နေချိန်မှာ ကျွဲဝင်ခတ်လိုက်တော့...
တရားသတိရှိမှာ မဟုတ်ဘူး...ဒါကြောင့် အစိမ်းသေနဲ့ သေပြီး ညက နတ် အဖြစ် ၀င်ကြွလာတာ ဖြစ်နိုင်တယ်...ဦးရဲ့ ”
“ အေးပေါ့လေ......ဒါလဲ ဖြစ်လောက်ပါရဲ့ ...”
ပြီးတာနဲ့ နှဲဆရာသားအဖလဲ ပါးစပ်က ပွစိပွစိနဲ့ တပ်ဆုတ်သွားရော...။
....................
အစည်းအဝေးကတော့ အောင်မြင်စွာပြီးသွားပါပေါ့....။ သူကချည်လာတော့ ကိုယ်ကလဲ ပြန်ချုပ်၇တာပေါ့...။
အနော်ရထာကိုတော့ အားနာပါရဲ့ ...
တော်သေးတယ် ကိုယ်က စာဖတ်လို့ ....။
ဒါကြောင့် သမိုင်းဆရာကြီး ဒေါက်တာ ဦးသန်းထွန်းကပြောတာ...
“ သမိုင်းသင်တာ...မအ အောင်....” တဲ့ ..။
ကျနော် လက်ခံတယ်...ကျနော်တို့ က သမိုင်းလိမ်တွေကြားမှာ ကြီးခဲ့ ရတာ...ရှေးက သမိုင်းတွေကိုး။။
ခုတော့ သမိုင်းက ပြောင်းလာပြီ...ခေတ်က ပြောင်းလာပြီ...။
ကျနော့် သားသမီးတွေ အလှည့်....သူတို့ တွေ မအ အောင် ၆၂ ခု သမိုင်းကနေ ဒီနေ့ သမိုင်းအထိ သေချာ ပြောပြရတာ...။
ကလေးတွေ သမိုင်း မအ” ရအောင်ပေါ့...။
ဟိုတုန်းကတော့ နှဲဆရာ သားအဖရန်အတွက်အေးအောင် ပြောခဲ့ရတာ...။
အခု ဒီစာရေးနေရင်းမှ ပြန်တွေးကြည့်နေတာ....
ဟုတ်တော့ဟုတ်သား.....
တိုင်းပြည်အုပ်ချုပ်ဘုရင်လုပ်ရင်း၊ ဘုရားတွေ တည်ခဲ့တဲ့ အနော်ရထာဘုရင်ကြီး.....
သောတာပန်ဖြစ်တယ်လဲမကြား....
နတ်ပြည်ရောက်တယ်လဲ မကြား....
ပြောရမယ်ဆို နောက်ပိုင်း သမိုင်းကို ပျောက်သွားတာ...။

သစ်နက်ဆူး

Wednesday, November 19, 2008

“မပေါက် ရဲ့  စွန်တန် အနုပညာ”


မပေါက်ရဲ့ မူရင်း စွန်တန် အနုပညာ

ကျနော်က ဒန်ပေါက်သွားငေးရင်း ( အမှန်က မျှော်တာ) မထင်မှတ်ဘဲ တွေ့ လို့  မျက်လုံးလေးဘာလေး တပ်လိုက်တာ...
မပေါက်က အချက်အပြုတ်ရော...အနုပညာဖန်တီးတာရော တော်တယ်...တိုင်းရင်းသားတစ်ဦးကို ကြည့်ရသလိုဘဲ...။
ဒါလဲ ဖန်တီးမှု အနုပညာဘဲ...။

Monday, November 17, 2008

“ စာတတ် ပေတတ် ”



ပြောရမယ်ဆိုရင်တော့ မဒမ်ဆူးတို့ ရွာလေးမှာပါဘဲ...။ သူတို့ ရွာသားတွေထဲမှာ လည်လည်ဝယ်ဝယ်လူတွေရှိသလို ရိုးရိုးကြီးတွေလည်း ရှိပါတယ်...။ ကျနော်က အနူတောမှာ လူချောမဟုတ်ပါဘူး...ဒါပေမယ့် ကိုယ်နိုင်သလောက်လေးတော့ မသိနားမလည်မှုတွေ...အစွဲအလမ်းတွေ၊ အယူသီးတာလေးတွေကိုတော့ ကျွဲကူးရေပါ ဆိုသလို သူတို့ အလိုလေးကိုဖြည့်ပြီး
ကိုယ့်ဘက်ပါလာအောင် အလိမ္မာလေးနဲ့ နားချယူရပါတယ်...။ကျနော်က ဆရာလို့ လည်းမကြွေးကြော်ပါဘူး...ဘာဂိုဏ်းမှလဲ မထားဘူး...။
ဒါပေမယ့် သူတို့ ဘက်တွေမှာက လည်း...ခေါင်းဖြူစွယ်ကျိုးကြီးတွေက ပုတီးလေးကိုင် ၊ ယောဂီလေးဝတ်ပြီး..သာသနာပြုတယ်သာပါးစပ်ကပြောနေတာ...လူတွေကို မသိစိတ်စွဲလန်းမှုတွေထဲ တွန်းပို့ နေကြတာ မြင်ရကြားရ စိတ်မချမ်းသာပါဘူး...။
ကျနော်ကိုယ်တိုင်ရော ဘာလို့ ဒါတွေလုပ်နေလဲ ဆိုရင်တော့ သူတစ်ထူးရဲ့ ကျေးဇူး...မမေ့ကောင်းလို့ ပါ...။
ဒါပေမယ့် ကိုးကွယ်ရာအဖြစ်မျက်စိမှတ်ယုံတာမဟုတ်ခဲ့ ဘူး..မိုက်မှားတဲ့ အရွယ်..ရေပေါ်ဆီ ဗုဒ္ဓဘာသာဖြစ်နေချိန်မှာ သေဘေးက လက်မတင်လေး သတိပေးပြီး ပထမအဆင့် ဘာသာရေးလမ်းကြောင်းပေါ်ဆွဲတင်ခဲ့ တဲ့ ကျေးဇူးကြောင့်ပါ...။
ကျနော်က ဘုရားရှင် ဟောကြားခဲ့တဲ့“ မြစ်တစ်ဖက်ကမ်းကို ကူးဘို့ ဖောင်ကိုအသုံးပြုပြီး တစ်ဖက်ကမ်းရောက်တဲ့ အခါ၊ မိမိစီးလာတဲ့
ဖောင်ကို သယ်ပိုးထမ်းရွက်သွားစရာ မလိုဘူး” ဆိုတဲ့ သြ၀ါဒကို လိုက်နာနေသူပါ...။
အတိုင်းအတာထက်မကျော်ကြေးပေါ့...။ ကိုယ်ကလည်း လောကီဘောင်ထဲမှာ နေတုန်းဆိုတော့ လောကီကိစ္စတွေကနွှယ်လာတာပါဘဲ ၊ ယုံဘို့ ခက်ပေမယ့်..။ ယုံလွန်းလို့ မှးနေတဲ့ အစွဲရှိသူတွေကို တည့်ပေးချင်တာပါ…။ ပြောခဲ့ သလိုပေါ့ ကျွဲကူးရေပါလေ…။
နည်းနည်းတောင်စကားလမ်းကြောင်းလွဲနေပြီ....။ ပြောချင်တာက တစ်ချို့ တွေရဲ့ ရိုးသားမှုလေးတွေ...။
ရိုးလွန်းတော့ အ တယ်တဲ့ ...။

တစ်နေ့ ပေါ့ စာအုပ်လေးဖတ်လိုက်၊လ္ဘက်ရည်နဲ့ ဆေးလိပ်လေးမြည်းလိုက်နှပ်နေတုန်း...ရေးကြီးသုတ်ပြာနဲ့ အဒေါ်ကြီးတစ်ယောက် ရောက်လာတယ်..။
ဒေါ်မြစိန်တဲ့ ၊ရွာမြောက်ပိုင်းက...။ဖြစ်တာက သူ့ အိမ်ဘေးက ကလေးရွာအစွန်က သစ်ပင်ကြီးမှာ အပေါ့အပါးသွားပြီး အိမ်ရောက်တော့ ငိုငိုရယ်ရယ်နဲ့ အသားစိမ်းစားချင်တယ်ဘဲ...တောင်းဆိုပြီးပွဲကြမ်းနေလို့ တဲ့...။ သူ့ မိဘတွေကလည်း ဘာမှမလုပ်တတ်မကိုင်တတ်လို့  သူက ကူညီိပေးတာဆိုဘဲ..။
သူပြောလာတာနဲ့ ကိုယ်က စဉ်းစားရပြီ...ရွာမြောက်ပိုင်းမှာ နေကြသူတော်တော်များများက လက်လုပ်လက်စားတွေ....။
ဆင်းရဲကြတယ်..တစ်ချို့ ငါးလေးဘာလေးရရင်ရွာထဲလှည့်ရောင်း...ဈေးရောင်းရမှ ဆန်ဝယ်ချက်ပြီး ထမင်းစားကြသူလဲရှိတယ်...တောင်ပေါ်က သစ်ရွက် သစ်ဖုလေးတွေ တက်ချိုးပြီး...“ အကြီးရေ...ဟောဒီက မျှစ်ပြုတ်ယူကြဦးမလား..” ဆိုပြီးရွာပတ်ရောင်းရတာ...
အဲဒါကုန်မှ ဆန်ဝယ်ရမှာလေ...။ တစ်ချို့ ဆိုဆန်ကွဲဘဲ ကျိုစားရတာ..။
အသားငါးဆိုတာကတော့ နပ်မှန်အောင်စားရဘို့ ဝေလာဝေးပေါ့..။
“ ကလေးက...အသားငါး မစားရတာကြာလို့ ရိုးရိုးသားသားစားချင်တယ်ပြောတာများလားဗျာ”
“ မဟုတ်ဘူး....ငါ့တူရဲ့ ...သူ့ ဟာက ပုံမှန်မဟုတ်ဘူး”
“ သံကောင် ထိုးလို့ များ...ချဉ်ခြင်းတက်တာများလား”
“ အခုဟာက လူပျိုပေါက်လေး...ဆရာ.သန်ထိုးတာ မဟုတ်ဘူး...၊ စကားပြောသံကလဲ သူ့ အသံလဲ မဟုတ်ဘူး...”
“ ဘယ်သူ့ အသံလဲ...ဟင်္သာတထွန်းရင်လား....လေးဖြူလား...”
“ အို...ဆရာကလဲ ...ကြံကြံဖန်ဖန်...ဘယ်ကလာ ဟင်္သာတ ထွန်းရင်ရမှာလဲ....အခုအသံကြီးက ကြောက်စရာကြီး...”
“ သိပါတယ်...အဒေါ်ရယ်...အဒေါ်စိတ်အပူများနေလို့ ရီစရာအဖြစ်ပြောတာပါ...ခဏစောင့်”
ဘုရားဦးချပြီး ပေးသင့်တာ၊လုပ်သင့်တာလေးတွေ လုပ်ပေးပြီး...
“ ကဲ...ရပြီ...အဒေါ် အိမ်ပြန်ရောက်တာနဲ့ အဲဒီကလေးကို ဒီဘုရားသောက်တော်ရေကိုတိုက်ပါ...ပြီးရင်တော့ ဒီစာ၇ွက်ကိုယူသွားပါ..
ဒီစာနဲ့ ဒီပုံကို အဲဒီသစ်ပင်မှာ သွားထားလိုက်ပါ...အမွှေးတိုင်လေးထွန်းပေးပြီးမေတ္တာပို့ ပေးပါ...”
“ ဟို...ဘာမှ မကျွေးတော့ဘူးလား...”
“ ဘာကျွေးချင်သေးလို့ လဲ”
“ သားစိမ်းငါးစိမ်းလေး ဘာလေး....”
“ ဘာအသားစိမ်းမှမကျွေးနိုင်ဘူး...မသေခင်စွဲလန်းစိတ်ကြောင့် အခုလို သရဲ တစ္ဆေ ဘ၀ရောက်နေတာကို သားစိမ်းငါးစိမ်းကျွေးတော့ သရဲထက်ကြီးတာဘဲ ဖြစ်တော့မှာ...နောက်ပြီး စားရမှန်းသိလေ...ပိုဆိုးလေ ဖြစ်နေမှာပေါ့..”
“ အဲ.....”
“ ကျနော်ပြောမယ်....အဒေါ့်ရဲ့ သားက အရက်မူးပြီး ရမ်းကားနေတယ်ဆိုပါတော့...အဲဒါကို စိတိဆိုးပြေအောင် အရက်ထပ်ဝယ်တိုက်ရင်...
ပိုမူးပြီး..ပိုရမ်းကားလာမှာပေါ့...”
“ ဘုရားပေးပေး ကျမ်းပေးပေး အဒေါ့်မှာ သားယောင်္ကျားလေး...မရှိပါဘူးကွယ်...မွေးထားတာ မိန်းကလေးချည်းဘဲ ၃ယောက်”
သေဟဲ့...နန္ဒိယ.....။
“ ဥပမာ ပြောတာ အဒေါ်ရဲ့ ...”
“ အော်....အေးကွယ်” ...........။ မဒမ်ဆူးတို့ ရွာက အဲလိုမျိုး..။
“ဒါဆို...မှတ်ထားနော်...ထမင်းဖြူလေး.ကိုဗန်းလေးတစ်ခုမှာထည့်ပါ...သွားကျွေးဘို့ ...ပြီးရင် ကျနော်မှာသလိုသာပြောဟုတ်လား အဒေါ်..”
ပြီးတာနဲ့ ကိုယ်လဲ ပြောသင့်တဲ့ စကားတွေ ပြောပြပေးပြီး...နောက်ဆုံး အမျှဝေပေးခိုင်းတာပေါ့...။ စကားဆုံးမှ....
“ ဆရာ..ထမင်းသက်သက်ဆို မကောင်းဘူး ထင်တယ်၊ ငါးကြော်လေးတော့ ထည့်ပေးမှ ကောင်းမယ်ထင်တယ်...”
“ ကဲ...အဒေါ်။။ လူနာဝေဒနာ ပျောက်ဘို့ တော့ ကျနော့်တာဝန် ...ဟုတ်လား ကျန်တာတော့ အဒေါ်ကျွေးချင်တာသာကျွေးတော့...”
နည်းနည်းတော့ တိုလာပြီ...။ သူ့ ကိုယ်သူ ထမင်းဆိုင်က လပေးချိုင့်(ဂျိုင့်)ဆွဲသမားကို ထမင်းပို့ တယ်ထင်လားမသိ။
အဲလိုပြောပြီးခွင့်ပေးလိုက်မှ ...
“ အဲ...ခုနင်က ဆရာပြောတာလေးတွေ စာနဲ့ ရေးပေးလိုက်ပါလား...အဲလောက်အစီအစဉ်ကျအောင် မပြောတတ်လို့ ...။
ဟင်းးးးးးးးး.။ မဒမ်ဆူးကိုဘဲ အကူအညီတောင်းပြီး၊ နောက်တစ်ခေါက်ထပ်ပြော...မဒမ်ဆူးက လိုက်ရေးပေး...ပေါ့။
ပြီးလဲပြီးရော..ပါလာတဲ့ ဖယောင်းတိုင်ထုပ်လေး ဘုရားစင်ပေါ်လှုပြီး သုတ်ချေတင် ပြန်သွားလေရဲ့ ...။
................
နောက်ရက် ညနေပိုင်းမှ အဒေါ်ကြီး တစ်ခေါက်ပြန်ရောက်လာပြီး....အားရ၀မ်းသာနဲ့ ....
“ ကျေးဇူး တင်လိုက်တာ ဆရာရယ်...ဆရာပေးတဲ့ ရေမန်းလေး တိုက်လိုက်တာနဲ့ ကောင်လေးက လူကောင်းပြန်ဖြစ်သွားတာ....”
“ အဒေါ် သစ်ပင်ဆီကိုရော သွားလိုက်ရဲ့ လား...”
“ အဲဒါကို ပြောချင်လို့ ဆရာ....သူတို့ ကျေနပ်ပါ့မလားမသိဘူး..”
“ သြော်...အဒေါ်ရယ်...ကျေနပ်သွားလို့  လူနာလဲ အကောင်းဖြစ်နေပြီ မဟုတ်လား”
“ အဲဒါတော့ ဟုတ်ပါတယ်...ကျမ အတွက်ပြောတာ...”
“ အဒေါ်က ဘာဖြစ်လို့ လဲ”
“ မနေ့ ညနေက ဆရာ သွားခိုင်းတဲ့ သစ်ပင်ကို ဘယ်သူမှ မလိုက်ရဲဘူးဆရာ....ခေါ်လို့ ကို မရတာ...အဲဒါနဲ့ တစ်ယောက်တည်း မှောင်ထဲမှာသွားပြီး ကျွေးရတာပေါ့...”
“ ကျနော် ပြောခိုင်းသလို ပြောလိုက်တယ်မဟုတ်လား”
“ မဟုတ်ဘူးဆရာ....အဒေါ်က စာမတတ်တော့ ပါးစပ်ကဘဲ ပြောလိုက်တယ်...”
သူပြောလိုက်တဲ့ စကားကတော့ မှတ်သားလောက်ပါရဲ့ ဗျာ...။
“ ကဲ...သရဲတွေ့စားချင်တယ်ဆိုလို့ လာကျွေးတာ...ဆရာမှာသလို ငါလဲ မပြောတတ်ဘူးငါလဲ စာမတတ်တော့၊ ဒီမှာ ရေးထားတဲ့ “ စာ ” ပါတယ်....
ကိုယ့်ဘာသာဖတ်ပြီး ကြည့်ကျက်စားကြပေတော့” လို့ ပြောပြီး..... ခပ်ကြောက်ကြောက်နဲ့ တစ်ချိုးတည်း ပြန်ပြေးလာခဲ့တာတဲ့...။
..........။...........
ကျနော်တို့ မိသားစု လဲ ဘယ်နေနိုင်မလဲ ရီမိတာပေါ့....။ သူကတော့ မျက်စေ့မျက်နှာကိုပျက်လို့ ..။
“ အဲဒါ...သူတို့ စားလို့ ဖြစ်ရဲ့ လား...”
“ အဒေါ် ပြောပုံဆိုရင်တော့ စာမတတ်တဲ့ သရဲက မစားရဘဲ ငတ်ဘို့ ဘဲရှိတယ်...စာတတ်တဲ့ သရဲက အကုန်စားမှာပေါ့...”
ကျနော်က သူ့ ကို ခင်မင်စိတ်နဲ့ အတည်ပေါက် စ”နေတာ...။
“ အင်...ဒါဆို မစားရတဲ့ သူတွေက အဒေါ့်ကို ငြှိုးနေမှာပေါ့...အဒေါ့်ကိုလဲ ရေမန်းလေး တစ်ခွက်တိုက်ထားပါကွယ်”
ကိုယ်က သူတစ်ကယ်ကြောက်နေမှန်း သိမှ စိတ်မပူအောင်ပြောရင်း သူကျေနပ်အောင် ဘုရားသောက်တော်ရေကိုစွန့် တိုက်လိုက်မှ သူ စိတ်အေးလက်အေး ဖြစ်သွားတာ..။
ပြီးမှ...ကုလာမတောင်တန်းကြီးကို ခပ်ငိုင်ငိုင်ကြည့်ပြီး...စကားတစ်ခွန်း ပြောလာသေးတယ်...။
“ သြော်...ကိုယ့်အလှည့်ရောက်ရင် မငတ်အောင် ၊အိုစာ မင်းစာလေးလောက်တော့ စာဖတ်တတ်အောင် မသေခင် စာသင်ထားဦးမှ”...တဲ့။။
ကျနော်သူ့ စကားကိုစဉ်းစားပြီးစိတ်မကောင်းဘူးဗျာ....။
စာမတတ်သူဟာ မျက်ကန်းနဲ့ တူတယ်တဲ့..။
အင်း....
ဘာသာရေးကို မလိုက်စား ၊နားမလည်ရင်တော့ သံသရာ တစ်ခုလုံးကန်းနိုင်တယ်ဗျာ....။
ရွှေစေတီတွေ တ၀င်းဝင်းနဲ့ သာသနာ ထွန်းကားပါတယ်လို့ ကြွေးကြော်နေတဲ့  မြန်မာနိုင်ငံ....မှာ...
တစ်ကယ့်သာသနာပြုရဟန်းတွေ တိုးပွားပါစေလို့ ဘဲ ကျနော်ဆုတောင်းမိပါတယ်...။

သစ်နက်ဆူး

Saturday, November 15, 2008

“ ပေါင်ချိန်ဆူး ”



မဒမ်ဆူးတို့ ရွာလေးကတော့ ကျနော့်အတွက်ကြုံသမျှ ချစ်စရာလေးတွေက များတယ်...။
မဒမ်ဆူးကိုချစ်ရသလို ဒီရွာလေးကိုလဲ ချစ်တာဘဲ...။ ဒီရွာလေးကလဲ ချစ်တယ်...သူတို့ ချစ်တာ လမ်းသလားပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေလို့ မဟုတ်ပါဘူး....။ ပေါင်ချိန်ဆူးက အရှေ့ ခုနှစ်အိမ် အနောက်ခုနှစ်အိမ်တောင်သိတာမဟုတ်ဘူး...။
ကိုယ့်အိမ်မှာ ကိုယ်နေတာ...မိုးလင်းတာနဲ့ ရောက်လာကြတာဘဲ....။
မနက်နေ့ လည်၊ ညနေ၊ ည လူမပြတ်ပါဘူး....။ ပေါင်ချိန်ဆူးက လိုင်းစုံတယ်..ကိုယ့်တာဝန်ကျလာတယ်လို့ ယူဆပြီး ကိုယ်ကူညီနိုင်မယ်ထင်လို့ ကတော့ ဘွာမခတ်တမ်းဘဲ...။
ဆိုတော့ကာ...ဆေးလဲကုတယ်..အဲ...အပ်ပုန်းရမ်းကု မဟုတ်ပါဘူး...၀ိဥာဉ် လောက နာမ်လောကကိုပြောတာ...။
ကိုယ်ကတော့ စိတ်ထားဖြူအောင်နေရတာပေါ့...။
ညဆိုလူများတယ်...၇ ရက်သားသမီးအကြိုက် ပုဇွန်လုံးတွေ ဂဏန်းလုံးတွေကလဲ ရော့ဟဲ့.၂လုံး...ရော့ဟဲ့၃လုံး...ဒိန်းကနဲဒိုင်းကနဲဘဲ...။ကိုယ်က ကူညီဘို့ အချိန်ကျလာပြီဆိုမှဖြင့် ရှောင်လို့ တောင်မရ...။
အစပိုင်းက ကိုယ်တိုင် ကလန်သေးတာ ...ဒါတွေ မယုံချင်စိတ်နဲ့ ...၆လုံး ချပြပြီး ညနေ ရေဒီယိုက ကျေညာမှ ပေါင်ချိန်ဆူးလန့် ပြီး ကူညီမယ်ဆို ဆရာတွေကို ကတိပေးခဲ့ တာပါ..။ အခု မလုပ်တော့ဘူးနော်...မတောင်းနဲ့ ။
လူစုံလာတဲ့အထဲမှာ တစ်ရက်တော့ ပုံတူထိုင်ဆွဲနေတုန်း ဆူညံဆူညံနဲ့ အိမ်ရှေ့ မှာ ဆိုက္ကားနဲ့ လူတစ်အုပ်၊ ငိုဟယ်ရီဟယ် ရောက်လာတာ...။ လာပြီ...သွားပြီ...ရပ်ပေတော့ ပုံတူ..။
ဘာဖြစ်တာလဲ မေးပါဦးလို့ မဒမ်ဆူးကို ပြောတော့ အိမ်ရှေ့ ကိုထွက်ပြီး မေးတာပေါ့...။
ပြီးတော့ မဒမ်ဆူးက အေးဆေးဘဲ...
“ အပေါင်ဆေးရုံက လက်မခံတော့လို့ ဒီကို ခေါ်လာတာ” တဲ့..။ ဟမ်မလေးဗျာ...ကျနော့်ကို အထူးကုထင်နေလားမသိပါဘူး...။
“ ဟ...ကိုယ်က ဆရာဝန်မှ မဟုတ်တာ...”
“ သြော်..ကိုယ်ရယ် ကုသိုလ်ရပါတယ်...ဆရာဝန်တွေဘဲ လွှတ်ပေးတာလို့ ပြောနေတယ်”
ကြည့်လိုက်တော့ ဆိုက္ကားပေါ်မှာ အဒေါ်ကြီးတစ်ယောက်စန့် စန့် ကြီး...ပါးစပ်ကလည်း အမြှုပ်တွေ ထွက်လို့ ..။
ကိုယ့်မှာလည်း...ဘုရားစင်ဘေးနားက ကိုယ့် ကျေးဇူးရှင် အဘတို့ ကို ကြည့်ပြီး ငြင်းလဲ မငြင်းရဲ။ ကိုယ်ကလဲ အစကတည်းက ငွေကြေးအသပြာမယူ၊ လာသမျှဝေဒနာရှင်မှန်သမျှ လက်ခံပါ့မယ် ကတိပေးထားတော့...ခေါင်းသာ ကုတ်နေမိတာ..။
တော်ရုံက ကိစ္စမရှိပေမယ့် ဆေးရုံက လက်မခံတာမျိုးကျ စိတ်က လန့် တယ်...။
ဒါပေမယ့် အခြေအနေကြည့်လိုက်တော့ ၊ ဟုတ်တယ် သိပ္ပံ ဆေးနဲ့ ကုလို့ မရတဲ့ ပုံ။
ကိုယ်ကလဲ “ဒါဆို အပေါ်သာ တင်ခဲ့ တော့” လို့ ပြောရတာပေါ့...။
သူ့ (လူနာ) ယောကျာင်္းနဲ့ သားသမီးတွေပါပါတာ..။
ဘုရားစင်မှာ သစ္စာဆိုပြီး...ခေါ်ယူလိုက်တာနဲ့ ပညာရှင်က ကြမ်းကြမ်းတမ်းတမ်းကို လာတာပါဘဲဗျာ...။
“ ဘာဖြစ်လို့  သူများကို ဒုက္ခပေးတာလဲ...ဘယ်ကလဲ”
“ ကတိမတည်လို့  မကျေနပ်လို့ လုပ်တာ ၊ ရွာတောင်ပိုင်းက...သူတို့ အိမ်နားကဘဲ..သူတို့ သိတယ်..”
“ ဘာကိုမကျေနပ်တာလဲ...ပြော”
“ ပိုက်ဆံ ၅၀၀၀ ချေးယူထားပြီး သူတို့ ပြန်မဆပ်လို့ ”
“ အော်...ပိုက်ဆံ ချေးယူတာတွေ ရွာက ရ၀က ရုံးမှာ သွားရှင်းကြလေ...ကျနော်နဲ့ ဘာဆိုင်လို့ တုန်း”
“ ဥက္ကဌကို သူတို့ မကြောက်ကြဘူး....”
“ ဒီတော့ ကျနော်က ဘာလုပ်ပေးရမှာလဲ..”
“ ဆရာ့ ဆီမှာသစ္စာရေ သောက်ခိုင်းချင်လို့  ရအောင်လုပ်ပြီး ခေါ်လာတာ...”
ဖြစ်မှ ဖြစ်ရပလေဗျာ...။
“ နေဦး...ကျနော် မေးကြည့်မယ်...ခဏနေဦး...ဟတ်လား”
“ မေးပါဆရာ...”
“ကဲ..ဦးတို့ သူပြောတယ်...သူ့ ဆီက ပိုက်ဆံ ၅၀၀၀ ချေးထားတယ်..ဆို”
“ဟုတ်တယ်...ဆရာ ချေးထားတာမှန်ပါတယ်...အဆင်မပြေသေးလို့ ပါ”
“ ဘာ.......ဘာအဆင်မပြေတာလဲ၊ နင်တို့ ရွှေ ၀ယ်ထားတာငါသိတယ်ဟဲ့”
“ အော်....နေပါဦး...ကျနော်မေးနေတယ်...ဟုတ်လားဦး”
“ ဒီလိုပါဆရာ ..မျိုးစပါးတွေလဲ ၀ယ်ရလို့ ပါ...ရွှေကြိုး ၀ယ်တာကလဲ..သမီးငယ် စာမေးပွဲအောင်လို့ ဝယ်ပေးမယ်ဆိုပြီး ကတိပေးထားလို့ ပါ”
“ အမ်း....ဒါဆို ညှိပေးမယ်....သူတို့ ပြောတာကြားတယ်ဟုတ်”
“ ကြားပါတယ်...ကျမမှာလဲ အခက်အခဲရှိတယ်...လင်ကလဲ မရှိ ကလေး၃ယောက်နဲ့ ...သူတို့ လိုတယ်ဆိုလို့ ကူညီခဲ့တာ”
ဒါလဲဟုတ်တာဘဲ..၊ သူ့ ဘာသာ ပညာသည်က တစ်ကဏ္ဏ..။ မုဆိုးမတစ်ယောက်ရဲ့  အခက်အခဲကိုလဲ ကြည့်ရမှာပေါ့..။
“ ဒါဆိုဒီလိုလုပ်...သူတို့ ကလဲ မျိုးစပါးဝယ်ရတာဆိုတော့ ၁လ စောင့်မလား”
“ ၁ လတော့ မလုပ်နဲ့ ဆရာ ၅လ ကျော်နေပြီ...၁၅ ရက်လုပ်ပါ...ကျမ အခက်အခဲ ရှိလို့ ပါ...ကလေးတွေလဲ ကျောင်းအပ်ရတော့မှာ”
“ ကဲ...ဦးတို့ လဲကြားတယ်နော်...ကိုယ် လိုအပ်လို့ ယူခဲ့ သလို သူ့ အခက်အခဲကိုလဲ ကိုယ်ချင်းစာပေးရမယ်...ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ၁၅ ရက်အတွင်းမှာ ပြန်ဆပ်ပေးပါ...ကျနော်ပြောတာ လက်ခံလား”
အဲဒီကျမှ လူနာရှင်သား အကြီးက ၀င်ပြောလာတာ...။
“ ကျနော် ကတိပေးပါတယ် ဆရာ ..ပြန်ဆပ်ပါ့မယ်...ကျနော့်အမေကိုတော့ ဒီလိုမျိုးကြီး လုပ်မထားပါနဲ့ ...ဆရာပြောပေးပါ”
“ ငါက လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူး...ဆရာ့ဆီေ၇ာက်အောင် လုပ်တာ...သစ္စာရေ သောက်ပြီးရင် ငါကျေနပ်တယ်”
“ ကဲ...ညီိလေး ရောဂါကို ဘာမှ မပူနဲ့ ကိုယ်ရှင်းပေးမယ်...သူက သစ္စာရေဘဲ သောက်စေချင်တာ...ကတိလိုချင်တာ...
ကိုယ်တိုက်တဲ့ သစ္စာရေ မိသားစုအကုန်သောက်ရမှာ နော်...သောက်ပြီးလို့ ကတိမတည်ရင်...ကိုယ်တာဝန်မယူဘူး...ကိုယ်ဖြစ်ကိုယ်ခံ၊
နောက်ပြီး အဒေါ့် ကိုလဲ ပြောချင်တယ်...ဒီပညာတွေက လူတွေကို ထိခိုက်စေတယ်၊ မကောင်းဘူး...လူဆိုတာ ဒေါသမကင်းဘူး၊ ဒေါသစိတ်ဖြစ်လာတာနဲ့ ပညာ အားကိုးနဲ့ တစ်ပါးသူကို လုပ်မိရော...ကြမ်းတမ်းတဲ့ ဆရာနဲ့ တွေ့ ရင် အရိုက်ကလဲ ခံရဦးမယ်...၊
နောက် သေလွန်ပြီးရင်တောင် ကိုယ်သွားရမယ့်ဘုံက ကောင်းသောဘုံဘ၀ မဟုတ်ဘူး...စဉ်းစားပါ..ဒီပညာကို လှုလိုက်ပါ”
“ ကျမသိပါတယ်...ဒါပေမယ့် ပိုက်ဆံ ပြန်ရပြီးမှ ဆရာ့ဆီကိုဘဲ လာလှုပါမယ်...”
“ ကဲ....အားလုံး ကတိတည်ပစေ...ကျနော်ကအစ သစ္စာရေ သောက်မယ်...ဘုရားကို အာရုဏ်ပြု”
ကျနော်က ဘာအားကိုးနဲ့ ၊ ဘယ်ဂိုဏ်းတွေမှ မဟုတ်ဘူး...ဘုရားရှင်ထံမှာဘဲ သစ္စာ အားကိုးနဲ့ ဒါတွေ လုပ်နေတာပါ...။
သူတို့ ရှေ့ မှာဘဲ သစ္စာဆိုပြီး အားလုံးကို တိုက်တာပါ...အဓိက စကားကတော့ ၁၅ ရက်အတွင်း ပိုက်ဆံ ၅၀၀၀ ကို ပြန်ပေးဘို့ ပါ...။
သစ္စာရေ တိုက်ပြီးတာနဲ့  တုန်တုန်ရင်ရင်နဲ့ ပညာရှင်လဲ ထွက်သွားတာပါဘဲ...။
ကိုယ်လဲ အဲဒီကျမ သက်ပြင်း ချရင်း စိတ်ကို လျှော့လိုက်ရတာ..။
ဝေးနာရှင် အဒေါ်ကြီးကလဲ အခုမှ ပြန်သတိဝင်လာပြီ...
“ ဟယ်...ငါဘာဖြစ်တာလဲ..ဘယ်ရောက်နေတာလဲ နဲ့ သတိပြန်ရတာ...။သူ့ မိသားစုတွေလဲ ၀မ်းသာတာပေါ့ဗျာ...။
ခြံထဲမှာလဲ လူတွေ တစ်ရုန်းရုန်းပေါ့...။
အားလုံး ပုံမှန်ဖြစ်နေကာမှ အဒေါ်ကြီးက တစ်ဒိုင်းဒိုင်း ပူးတုန်လာတော့...ကိုယ်လဲ အံ့သြပြီး မေးရတာပေါ့...
“ ဘာဖြစ်ပြန်ပြီတုန်း...ဘယ်သူတုန်း...”
“ ကျမ နောက်တစ်ခေါက်ပြန်လာတာ...အရေးတကြီး ပြောစရာလေး မေ့ ကျန်နေလို့ ”
လူတွေကလဲ နောက်တစ်ကြိမ်ပြန်လာတာဆိုတော့ ထူးထူးဆန်းဆန်း အာရုံစိုက်နေတာပေါ့...။
အင်း....ဒီပညာသည်နောက်ဆုံးပြောတဲ့စကားကြားမှဘဲ အိမ်ဦိးခန်းမှာ ခန့် ခန့် ကြီး ထိုင်နေတဲ့ ဆရာဆူး တစ်ယောက်....
ခွီး...ကနဲ ရီမိတယ်...
“ ဆရာ...အတိုးက ၁၀ တိုးနော်...မမေ့နဲ့ ” တဲ့..။
ကြံကြံဖန်ဖန် တော်တော် သတိကောင်းတာဘဲ...သူပြောချင်တာပြောပြီးတာနဲ့ တစ်ဒိုင်းဒိုင်းတုန်ပြီး ထွက်သွားတာ..။
ပြီးတာနဲ့ လူနာလဲ အကောင်းဘဲပြန်ဖြစ်သွားရော...။
လာကြည့်သူတွေက ရီချင်ပေမယ့် မရီရဲဘူး.....နော်တစ်ခေါက်ပြန်လာမှာလဲ...ကြောက်နေလို့ ..။

ဘယ်လိုသတင်းရသွားလဲ မသိပါဘူး...ဒီအကြောင်း ဥက္ကဌ ကြားတော့ ပြောသေးတယ်...
“ အေး...သူရှိတာ ဟန်ကျတယ်ကွ...ငါလဲ စုန်းမဆို ကြောက်တယ်တဲ့..။

.........
၁၅ ရက်ပြည့် တဲ့ ညဘက်မှာ လူနာရှင်ရဲ့ သားအကြီး လာတယ်...ပိုက်ဆံပြန်ဆပ်လိုက်တဲ့ အကြောင်း အတိုးလဲ ပေးလိုက်တဲ့ အကြောင်းပေါ့....ကျနော့်အတွက်တော့ လန်ဒန် တစ်ဗူး ကန်တော့ပါတယ်..။
နောက် ၄...၅ရက်ကြာမှ ကလေး ငယ်တစ်ယောက် လ္ဘက်ရည် ပါဆယ် တစ်ထုပ်နဲ့ ကွမ်းယာ၃ယာနဲ့ေ၇ာက်လာတယ်...
ကျနော်မှ မသိတော့ မေးတာပေါ့
“ ကလေးသားလေး...မင်းကို ဘယ်သူပို့ ခိုင်းလဲ”
“ ကျနော်တို့ အမေ ပို့ ခိုင်းတာ...ပိုက်ဆံ တွေ ပြန်ရပြီတဲ့ ...ဒီကွမ်းယာနဲ့ အတူ အမေ့ ပညာတွေပါ လှုလိုက်တယ်တဲ့...အမေကရှက်လို့ မလာရဲဘူးတဲ့“
“ အေး..အေး...ပေးပေး...ဦးယူထားလိုက်တယ်လို့ အမေ့ ကို ပြောလိုက်...ဟုတ်လား”
“ ဟုတ်“
..... ကျနော်က အဲလိုလ္ဘက်ရည်မျိုးဆို ပိုကြိုက်တာ...အရသာ တစ်မျိုး ထူးနေတာလေ...။
မဒမ်ဆူးကို ကွမ်းယာစားမလားလို့ မေးတော့....
“ အမလေး...မစားရဲပါဘူး...ကိုယ့်ဘာသာဘဲ စားပါ...ပေါင်ချိန်ရယ်” တဲ့ ...။
......။........
မဒမ်ဆူးက ချစ်စရာကောင်းသလို သူတို့ ရွာလေးက ချစ်စရာ ကောင်းတယ်..။ တစ်ကယ်။


ကျနော့်ကိုယ်တွေ့ လေး တစ်ခုကို မျှဝေခြင်းသာ....။
လေးစား လျှက်
ပေါင်ချိန်ဆူး

Wednesday, November 12, 2008

“ လရောင်ရိပ်က ထန်းလျှက်ဖို ”



ကျနော့်ဘ၀မှာ အမှန်တရားတွေရှာဖွေရင်း....မှန်ကန်အောင်ပြုမူနေထိုင်ရင်း...အလွဲတွေ လုပ်ခဲ့တာ အလွဲတွေ ဖြစ်ခဲ့တာတွေ ရှိတယ်ဗျ... တည့်ပြီဆိုလဲ သူများနဲ့ တောင် မတူ...အင်း...လွဲပြီဆိုရင်တော့လား....
ပြန်တောင် မပြောချင်လောက်အောင်ကိုလွဲတော့တာ..။
ကိုဌက်ကြီးဆိုထားတယ်လေ....နည်းနည်းလေးတော့ လွဲနေမယ်...သီချင်း။ ဒီထက်ဆိုးတယ်..။

မော်လမြိုင်ဇာတ်မှာ ကပြခဲ့တုန်းကပေါ့....ကရမှာက ကျိုက်ကော်...မရမ်းကုန်း။ အမှန်က မရမ်းကုန်းရွာ၊ကျိုက်ကော်အပိုင်ပေါ့....။
ဇာတ်ပွဲကူးလာခဲ့တာက ရေး ဘက်ကလား မမှတ်မိဘူး...မုတ္တမကမ်းကူးနေတာနဲ့ ကားတင်ကားချနဲ့ တော်တော်ကြာတယ်...။
ကပြမယ့် ရက်က နောက်ည ဆိုပေမယ့်...ဒီညနေစောစောရောက်ရင် နည်းနည်းပါးပါး...ရှိုးလေး ဘာလေး လုပ်ပေးဘို့ ကန်ထရိုက်က ပြောထားတာဆိုတော့ ပစ္စည်းအတင်အချ အဖွဲ့ လဲ ကျိုးစားပမ်းစား လုပ်ပေမယ့် အချိန်ကတော့ မနည်းလုရတာ..။
မုတ္တမနဲ့ သထုံတောင်မိုင်၅၀...ဟိုဘက်ကိုက ထပ်မောင်းရဦးမှာ....။
ပစ္စည်းတင်ချပြီး ဒါရိုက်မောင်းတာပါဘဲ....ဒါပေမယ့် မလွယ်ဘူး...။ ကားတွေပေးကျော်ရတာနဲ့  ဂိတ်တွေ ဖြတ်နေတာနဲ့ 
နေစောင်းတာတောင် ကျိုက်ကော်မရောက်သေးဘူး...။
ကျနော်က အစ အဖွဲ့ သားတွေ တော်တော်ဆာလောင်နေကြပြီ...ဒါတောင် မုတ္တမမှာ လ္ဘက်ရည်နဲ့ မုန့် စားထားလို့ ...အလုပ်သမားနဲ့ အဖွဲ့ သားတစ်ချို့ ဆို ဘာမှ စားရတာ မဟုတ်ပါဘူး.....။
ကန်ထရိုက်ကို ကတိပေးထားတာဆိုတော့ မန်နေဂျာက အဖွဲ့ သားတွေကို မေတ္တာရပ်ခံပြီး...မနားဘဲ ဆက်မောင်းမယ်...ဗိုက်ဆာနေရင်လဲ ခဏသီးခံပေးဘို့ ...။ အဖွဲ့ သားကလဲ ပွစိပွစိ ဆိုပေမယ့် သီးခံပေးပါတယ်...။
ကျနော်တွေ့ ဘူးတဲ့ အနုပညာသည်တွေထဲမှာ သဘင်သည်တွေဟာ တော်တော်ဒါဏ်ခံနိုင်တယ်..ချီးကျူးတယ်...။
ကျိုက်ကော်ရောက်တော့ မှောင်နေပြီ...ကျိုက်ကော်ကတစ်ဆင့် အတွင်းထဲ ထပ်မောင်းရဦး မှာ...။
မောင်းကွာ...ဆက်သာမောင်း...။ လမ်းက မြေနီလမ်း....လမ်းဆိုးတယ်...။
အပြင်က ကတ္တရာ လမ်းတောင် မကောင်းတာ မြေနီလမ်းဆိုတော့ ဘာပြောကောင်းမလဲ၊ ဘာမှကိုပြောမကောင်းတာ...။
မရမ်းကုန်း ၀င်ကတည်းက ဘာအလင်းမှ မရှိတော့ဘူး...လရောင်ကလဲ ရေးရေး လေးမှ တစ်ကယ့်ရေးရေးလေး။
ဇာတ်ရုံကိုရောက်တော့ မှောင်နေပြီ...ဈေးဆိုင်တစ်ချို့ နဲ့ မီးစက်မီးတော့ ရုံရှေ့ မှာ ရှိနေတယ်..။ ကန်ထရိုက်လဲ အပြေးရောက်လာတာပါဘဲ...။ ပရိတ်သတ်တွေ များလို့ ဇာတ်နောက်ကျနေတာနဲ့ ရုံထဲမှာ သူတို့ ကျေနပ်အောင် ဗီဒီယိုပြပေးထားပါတယ်.
ပစ္စည်းတွေဘာတွေ ချပြီး အမောဖြေပြီးမှ အချိန်မှီရင် ကြည့်လုပ်ကြတာပေါ့....ဘာညာ ငြှိပြီးတော့ အလုပ်သမားတွေက ပစ္စည်းချပေါ့...အဖွဲ့ သားတစ်ချို့ တွေက စားဘို့ အတွက် ဇာတ်ထမင်းအိုး ဟင်းအိုးတွေ ၀ိုင်းချပေါ့...။
ပွဲဈေးတန်းမှာ ဆိုင်တစ်ချို့ ရှိပေမယ့် ကျနော်မသွားတော့ပါဘူး...ကိုယ့်ကိုလည်းလာမေးတာကိုး...။
အဲဒီိတော့ ကိုယ်ကဘဲ စီစဉ်ပေးရတာပေါ့...။
ဇာတ်ရုံမှာ စားမယ်ဆိုလဲပစ္စည်းချနေတာနဲ့ မလွတ်မလပ်....ဒါနဲ့ ဇာတ်ရုံနောက်ဘက်ဘေးကိုကြည့်တော့ နေရာလွတ်ရှိနေတယ်...ဟိုဘက်နားလေးမှာက ဇာတ်ကား အတင်အချလုပ်နေတာ...။
နေရာလေးက ကောင်းတာပါဘဲ...သိပ်အဆင်မပြေပေမယ့် မြေကွက်လပ်ဖြူဖြူလေးနဲ့  လရောင်ရေးရေးနဲ့ ဆိုတော့ကာ.....
ကဲဟေ့....ဒီမှာဘဲ စားလိုက်ကြရအောင်...ဒီမှာ တင်စားဘို့ အတော်ဘဲ ..ထန်းလျှက် ချက်တဲ့ ထန်းညက်ဖိုလေးတွေ ရှိတယ်...။
ထန်းလျှက်ဖိုတွေကလဲ တန်းစီနေတာပါဘဲ...ကိုယ့် အစီအစဉ်နဲ့  အားလုံး ထန်းလျှက်ဖိုလေးတွေပေါ်မှာ ပန်းကန်လေးတွေတင်ပြီး...
ညအမှောင်လေးထဲမှာ ဆာနေတာနဲ့ စားလိုက်ကြတာ...မြိန်၇ည် ယှက်ရည်ပါဘဲ..။
စကားတစ်ပြောပြောနဲ့ စားနေကြတုန်း ကန်ထရိုက်ေ၇ာက်လာပြီး ...ဒီလိုစားနေတာ အားနာတယ်လို့ ပြောပါတယ်...တစ်ဆက်တည်း...ဒီည ဘာမှ ကပြပေးစရာ မလိုတော့ပါဘူး...စိတ်အေးအေးဘဲ နေကြပါ...နောက်ညမှဘဲ ကတော့မယ်လို့  လာပြောပါတယ်...။
အဖွဲ့ သားတွေလဲ ၀မ်းသာကြတာပေါ့...ခရီးပန်းနေတာကိုး..။
ဒိတော့လည်း ကျနော်စီစဉ်နေရာချပေးတဲ့ နေရာလေးမှာဘဲ အားလုံးစားကြသောက်ကြပေါ့...။
တစ်ချို့ များ စားပြီးတာနဲ့  ထန်းညက်ဖိုနိမ့်နိမ့်လေးတွေပေါ်မှာ ခေါင်အုံးပြီး...အိပ်ဘို့ လုပ်နေပြီ...။
စ..တာကကျနော်စ တာ..လေတစ်ဖြူးဖြူးနဲ့ တို့ ဒီမှာ အိပ်ရင်ကောင်းမယ်ဆိုတာလေ...။
တစ်ချို့ က မင်းသား အိပ်လို့ ရပါ့မလား...တော်တော်ကြာထန်းညက်ဖို ပိုင်ရှင်နဲ့ စကားပြောနေရဦးမယ်...ဘာညာ...။
ကိုယ်ကလည်း စိတ်မပူနဲ့ အိပ်မှာသာအိပ်...ပြောလာရင် ငါရှင်းမယ်...ဆိုပြီး.အာမခံလိုက်တာ...။
ကျနော်ကိုယ်တိုင်လဲ လှဲအိပ်နေရင်း...မှေးမှေးလေးဖြစ်နေမှ ကန်ထရိုက်က စကားပြောရင်းလ္ဘက်ရည်သောက်ဘို့ လာခေါ်တော့ ပါသွားတာဘဲ...လ္ဘက်ရည်ဆိုရင်တော့ ၂၄ နာရီ...လာထားဘဲ။
နောက်တော့လဲ ကန်ထရိုက်ပြောတာနဲ့ မသင့်တော်လို့ အပြင်မှာ မအိပ်ဘဲ၊ ရုံထဲမှာဘဲ အိပ်ဖြစ်ခဲ့ တော့တာပါ...အပြင်မှာ အိပ်နေသူတွေကိုတော့ သွားမနှိုးတော့ဘူး...။ အိပ်လက်စနဲ့ အိပ်ကြပါစေတော့...။
အနက်မိုးလင်းမှ ဆူညံဆူညံအသံတွေကြောင့် အိပ်ယာကနိုးလာတာ...။
ကျနော်အိပ်ယာက နိုးတာမှန်းသိတာနဲ့  လူရွှင်တော် ပေါ်ဦး ရောက်လာဘဲ..။
“ ကျေးဇူးရှင်....အားလုံးကတော့ မွှန်နေတယ်...”
“ ဘာဖြစ်လို့ လဲ...”
“ အော်...ကျေးဇူးရှင်...ညက ထန်းညက်ဖိုလေးတွေလေ...အဲဒါကိုအဖွဲ့ သားတွေမွှန်နေကြတာ...ထွက်ကြည့်ပါဦး...ကျေးဇူးရှင်...လုပ်ရက်တယ်”
“သြော်...မိုးလင်းကာဘဲရှိသေး...ဘယ်လို အဘိဇ္ဇျာ လာပွားနေတာလဲ”
ကျနော်လဲ ထထွက်လာရော...တစ်ချို့ ကလဲ
“ မင်းသားနော်...ယဉ်ယဉ်လေးနဲ့ ထည့်သွားတယ်...”
“ တို့ ကိုကြီး...ရက်စက်တယ်ကွာ...”
“ သူမို့ လို့ ....စားခိုင်းရက်တယ်...” စုံနေတာဘဲ...၊ ကျနော့်နေရာမှာသူများဆို သူတို့ မလွယ်ဘူး...။
ဘာလို့ ဒီလောက်တောင်ဖြစ်နေတာလဲ၊ သိချင်စိတ်နဲ့ ဇာတ်ရုံနော်ဘက်ထွက်လိုက်တာနဲ့ ...တစ်ချက်တော့ ကျနော်လဲငေးပြီး....
ဘာပြောရမှန်းမသိဘူး....
အားလဲနာတယ်..။
ခေါင်းလေးကုတ်ပြီး...အင်း...အဲနဲ့ ဘာမှဆက်မပြောတတ်တော့ဘူး....။
စားတဲ့သူတွေ၊ အိပ်တဲ့သူတွေ ဒေါသဖြစ်ချင်စရာပါဘဲ..။
ကျနော် လရောင်ရေးရေးထဲမှာ ရမ်းသမ်းပြောခဲ့တာလေ...။
ဟုတ်ပါလိမ့်မယ် ထန်းညက်ဖို...။
ဝါးတိုင်လေးတွေ ၊သစ်သားတိုင်လေးတွေနဲ့  သချိုင်္င်းကုန်းမြေပုံလေးတွေ စီနေတာဘဲ..။
တစ်ချို့ ဆို အမည် အသက်။ စာတန်းလေးတွေတောင်ပါသေး..။
ဒီတော့လဲ စပ်ဖြဲဖြဲနဲ့  အားလုံးကိုတောင်းပန်ပြီး တစ်ဖွဲ့ လုံးကို လ္ဘက်ရည်နဲ့ ချော့မော့ရတာပေါ့ဗျာ...။
အော်...လရောင်ရိပ်က ထန်းညက်ဖို..ပိုက်ဆံတော်တော်ထိသွားခဲ့တာပါလား...။
ရွာရောက်တော့ မကျေနပ်လို့ မဒမ်ဆူးကို သူတို့ ရွာက ထန်းညက်ဖို လိုက်ပြခိုင်းရတာ..။
ဇာတ်အဖွဲ့ကို ရမ်းသမ်းပြီးတာ ပြောခဲ့တာ ဒီအရွယ်ထိ ကိုယ်မှ ထန်းညက်ဖို မတွေ့ ဘူးတာ...။ ထန်းညက်ဖိုရောက်မှ သေချာကြည့်တော့
ထန်းညက်ဖိုဆိုတာ မီးခိုး ထွက်တဲ့ ခေါင်းတိုင်နဲ့ ဒယ်အိုးတင်တဲ့အပေါက်နဲ့  မြင့်လဲမြင့်၊ ကြီးလဲကြီးတယ်...။
အင်း...ကျနော်က ရမ်းတုတ်တာ...
ဘာထူးလဲ...သူတို့ လဲရမ်းယုံတာဘဲ...။
သေချာကတာတော့ ကျနော်တို့ ဇာတ်တစ်ဖွဲ့ လုံး ဘယ်သူမှ ထန်းညက်ဖို မမြင်ဘူးတာပါဘဲ..။

သစ်နက်ဆူး

Tuesday, November 11, 2008

“ ငြိမ်းချမ်းရေး ဖခင်ကြီး ဂန္ဒီ ”



ငြိမ်းချမ်းရေးဖခင်ကြီး ဂန္ဒီ ရဲ့ ပုံတူကားကြီး ရေးဆွဲလို့ ပြီးသွားခဲ့ပါပြီ...။ အရင်က ခဲမှုန့် ကို အသုံးပြုပြီး စက္ကူပေါ်မှာဘဲ
ရေးဆွဲခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဆွဲရင်း ကင်းဗတ်စ ပေါ်မှာ ရေးဆွဲလို့ ကောင်းတာကို သိခဲ့ပါတယ်...ပုံဆွဲစက္ကူတွေက
တခါတခါလိုချင်တဲ့ ဆိုက် ကိုဝယ်ရတာ ခက်ခဲတာရယ်..ကြာရှည်မခံတာရယ်..သူ့ ကို မှန်ဘောင်သွင်းဘို့ မှန်အရွယ်အစားကြီးလွန်းရင် ဂရုစိုက်၇တာတွေကြောင့် စမ်းဆွဲကြည့်ရင်း....ခဲမှုန့် ကို ကင်းဗတ်စပေါ်မှာ ရေးဆွဲလို့ တော်တော်ကောင်းတာကို သိခဲ့ပါတယ်...။
ဒိတစ်ပုံမှာတော့ အဆင့်ဆင့် မှတ်တမ်းလုပ်မထားလိုက်ရလို့ ပါ...။ ၀ါသနာတူသူ လေ့လာချင်သူတွေပါ လေ့လာလို့ ရအောင်၊
နောက်ပုံတွေဆွဲရင်တော့ အဆင့်ဆင့် ပုံလေးတွေနဲ့ တင်ပြပေးပါ့မယ်...။
ပြပွဲဆိုတာ ကျနော့်ပန်းချီပြပွဲမဟုတ်ပါဘူး...ငြိမ်းချမ်းရေးအဖွဲ့ ရဲ့ ပြပွဲပါ...ပြပွဲမှာ မြင်ကွင်းရဲ့ တစ်ဖက်ဆီမှာ ညာဘက်က ဂန္ဒီ၊
ဘယ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ပုံကို သူတို့ ချိတ်ဆွဲပြီး အခမ်းအနားပြင်ဆင်မယ်လို့ သိရပါတယ်...။
ပြပွဲရက်ကျမှ သွားပြီး မှတ်တမ်းဓါတ်ပုံ ရိုက်ပါဦးမယ်...။
ပုံပြီးသွားပြီဆိုတော့ ကျနော် စာရေးနိုင်ပြီပေါ့...။

သစ်နက်ဆူး

Sunday, November 9, 2008

“ ဒီရက်ပိုင်း ”




ကျနော် ဘလော့ဂ်ဘက်ကိုဘဲ ၀ဲလည်ဝဲလည်ဖြစ်နေပြီး ပန်းချီတွေ မဆွဲဖြစ်ခဲ့ပါဘူး...အခုတော့ ပြန်ဆွဲနေပြီ...။
ကျနော်တို့ မြို့ လေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းမှ ငြိမ်းချမ်းရေး ဖခင်ကြီး ဂန္နီ ရဲ့ ပုံတူ လာအပ်လို့  အခုရေးဆွဲနေပါတယ်..။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံတူကို ရေးဆွဲပြီး အဲဒီအဖွဲ့မှာ အထင်ကရ ချိတ်ဆွဲထားပါတယ်..။
ဒီဇင်ဘာမှာ ပြပွဲလုပ်ဘို့ ပါ...။
ဒီတစ်ရက် နှစ်ရက်တော့ စာရေးနောက်ကျမှာပါ...
အရင်ကရေးဆွဲထားတဲ့ တောင်ပေါ်ဈေးပန်းချီကားနဲ့ မပြီးသေးတဲ့ ဂန္နီကြီးပုံကို တင်ပေးလိုက်ပါတယ်...။
ညီငယ် ပြည့်ဖြိုးပြောသလို နောက်ဆိုရင် ပန်းချီ အကြောင်းလေးတွေနဲ့  ရှာဖွေသင်ကြားမှုပြုနိုင်မယ့် ဆိုက်တွေ ရှာပြီး တင်ပေးပါဦးမယ်...။
ဒါလေးနဲ့ ဘဲ ဧည့်ခံပါရစေဦး....နောက်များမှပေါ့.........။
သစ်နက်ဆူး

Friday, November 7, 2008

...။ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကောင်းကင် ။...



ကျနော်တို့ ပါတ်ဝန်းကျင်မှာ ကလေးတွေ များစွာရှိနေကြပါတယ်...ဒီကလေးတွေရဲ့ အနာဂတ် တွေကိုလဲ ကြိုတင်မြင်နိုင်သလို
ဝေး၀ါးနေတဲ့  ကလေးတွေရဲ့ ဘ၀ကိုလဲ မြင်တွေ့ နေရပါတယ်...။ အနာဂတ်အတွက်ကောင်းမွန်ပြည့်စုံသော နေရာ မှာ ရောက်ရှိနေထိုင်ကြတဲ့  ကလေးတွေ ရှိနေသလို ဘာကိုမှ ကြိုတင်တွက်ဆလို့ မရတဲ့  ဘ၀နဲ့ ပါတ်ဝန်းကျင်မှာ နေထိုင်ရသူတွေလဲ ရှိနေပါတယ်..။ အထူးသဖြင့် မြန်မာနိုင်ငံက ကလေးများစွာရဲ့ အနာဂတ်ကို မိဘအရင်းတွေတောင် ကြိုတင်မမြင်နိုင်တဲ့ ဘ၀ပါ..။
ကျနော်က မပြည့်စုံတဲ့ ဘ၀လေးတွေထဲက ကလေးတွေကို ပိုစိတ်ဝင်စားပါတယ်..။ သူတို့ မှာ ကောင်းမွန်သော အနာဂတ်တွေ ကိုယ်စီရှိနိုင်ပေမယ့်၊ ကြီးပြင်းရတဲ့ ဘ၀၊နေရာ၊ ပါတ်ဝန်းကျင် တွေရဲ့ ပန့် ပိုးမှု၊ ဖိအားတွေဟာ ကလေးတစ်ယောက်ကို အမြင့်တစ်နေရာကိုလဲ ရောက်စေနိုင်သလို ၊ သူလိုကိုယ်လို အရွယ်နဲ့ မမျှအောင်ရုန်းကန်နေထိုင်ကြတဲ့ဘ၀၊ နိမ့်ပါးတဲ့ ဘ၀ကိုလဲ
ရောက်ရှိသွားနိုင်ပါတယ်...။
ကိုယ့်သားသမီး၊ ကိုယ့်ကလေးတွေရဲ့ ဘ၀ကိုသာ မကဘဲ နီးစပ်ရာနိုင်သလောက်လေး ဖေးမ ကူညီသွားနိုင်ကြမယ်ဆို ရင်
ဥပေက္ခာပြုပြီး သူ့ ဘ၀နဲ့ သူလာတာပါ လို့ ဖြေပြော”ပြောနေတာထက်တော့ ပိုမို အကျိုးရှိနိုင်ပါတယ်...။
ကျနော်ကြီးကျယ်ခန်းနားစွာ နိုင်ငံနဲ့ ချီပြီး လုပ်ခဲ့တာ မဟုတ်ပေမယ့် ကျနော် လုပ်ခဲ့တာလေး၊ ကူညီခဲ့တာလေးကို အခုချိန်ထိ ပြန်တွေးတိုင်း ပီတိဖြစ်နေသလို ၊ ကလေးတွေရဲ့ ဘ၀လေးတွေကို အရောင်တင်မြှင့်တင်ပေးနေသူအားလုံးကိုလဲ ပိုပြီး လေးစားမိပါတယ်...။ ဒါကြောင့်လဲ ဒီစာလေးကို ရေးမိတာပါ...။
.............................
.............................
ကျနော်ကခဲ့တုန်းအချိန်က..ဇာတ်ထဲမှာ လူစုံပါကြပါတယ်...။ အနုပညာ အတတ်ရှင်၊ မီးပညာရှင် ၊စက်ပိုင်းဆိုင်ရာ ပညာရှင်နဲ့ အခန်းအနားဆက်တင် ပညာရှင်တွေ ပါခဲ့ပါတယ်..။ ဇာတ်ထဲမှာကလဲ မီးပညာရှင်ဆိုရင် မီးသမားလို့ ဘဲခေါ်ကြတာပါ...ထို့ အတူ..စက်သမား၊ ယိမ်းသမ လို့ ခေါ်ကြပါတယ်..ဒါပေမယ့် ဇာတ်တစ်ခွင်လုံး လူကြည့်ချင်လာအောင် ၊မြင်တွေ့ ရတာနဲ့ ခမ်းနားမှုရှိအောင်
ညဘက်ကပြချိန်မှာလဲ ပံ့ပိုးမှုကောင်းအောင် အတတ်ပညာနဲ့  ကူညီနေကြတဲ့  ဆက်တင်နဲ့ ကား(နောက်ခံနှင့် ကလကာ ကားလိပ်များ)ဘက်ဆိုင်ရာ တွေကိုတော့ ကားဆွဲတွေ လို့ ဘဲ ခပ်နှိမ်နှိမ်ခေါ်ကြပါတယ်..။
ဒီအခေါ်အပြောကို ကျနော်က မကြိုက်ပါဘူး...ဒါပေမယ့် အများနဲ့ တစ်ယောက်ဆိုတော့ ဒီသတ်မှတ်ချက် အခေါ်အဝေါ်ကို ပြင်လို့ မရပါဘူး...။သူတို့ ဘ၀တွေက ပင်ပန်းလွန်းပါတယ်...ညဆိုလဲအိပ်ရတယ်မရှိ မိုးအလင်း တာဝန်ယူရတာ...သူတို့ ချင်းနားလည်မှုနဲ
့တာဝန်ခွဲဝေယူပြီး အိပ်ကြတယ်ဆိုရင်တောင် နှစ်ပါးသွားစထွက်ပြီးမှ သူတို့ အိပ်ရတာပါ..။
ဇာတ်စထွက်ကတည်းက အော်ပဒါ ပြဇာတ်တွေဆို သူတို့ ပင်ပန်းတယ်...တွန်းဟယ်ရွှေ့ ဟယ်နဲ့  နားရတယ်မရှိပါဘူး...
ဒီကြားထဲ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ အော်ငေါက်သူ၊ ပါဝါအာဏါပြသူတွေ အော်ကြဆဲကြလဲ ခံရသေးတာ..။
ကျနော်ကတော့ အားလုံးကိုတန်းတူပေါင်းတယ်...ဆုငွေတွေအများကြီးရလာရင် လ္ဘက်ရည်တိုက်တယ်..မုန့် ကျွေးတယ်...။
လူကိုလူလိုဆက်ဆံတော့လဲ သူတို့ ကိုယ်တိုင်က ပိုပြီးကိုယ့်ကိုခင်မင်ကြပါတယ်...။
အဲဒီ ကားအဖွဲ့ ထဲမှာ ငပယ်လို့ ခေါ်တဲ့ သူတစ်ယောက်ရှိတယ်...သူက ကားဘက်ဆိုင်ရာက၊ သူ့ မိန်းမက ဇာတ်ထဲကမဟုတ်ပေမယ့်
ဇာတ်နောက်လိုက်နေတာ...ပြီးတော့ ဈေးရောင်းတယ်.ပွဲခင်းထဲမှာပေါ့..။ သူတို့ ပူဖောင်းရောင်းချင်တယ်ဆိုလို့  အရင်းကို ကျနော်ဘဲ ထုတ်ပေးခဲ့တာပါ..။
သူတို့ ကလေး၃ယောက်လားရှိတယ် အိမ်မှာဘဲ အဘွားနဲ့ နေကြတာပါ ။ ကျောင်းပိတ်ပြီဆို သူတို့ မိဘတွေရှိရာကို လိုက်လာကြတတ်တယ်..ဒါပေမယ့် ဇာတ်ရုံဘေးနားမှာဘဲ ဆိုင်ခန်းလေးလုပ်ပြီးနေကြတာပါ...။
ကလေးတွေက နေ့ လည်ခင်း အဖွဲ့ သားတွေ အိပ်ရေးဝလို့  အိပ်ယာထပြီးကြရင်တော့ ဇာတ်ရုံထဲမှာ ကစားတတ်တယ်..တခါတလေ ဇာတ်ခုံပေါ်မှာ တက်ဆော့ကြပေါ့...။
တစ်နေ့ တော့ ကျနော်က အိပ်ယာထပြီးလို့ အပြင်မှာ လ္ဘက်ရည်သောက်ပြီး ပြန်ဝင်လာချိန်မှာ ငပယ်နဲ့ မီးဘက်က မြင့်ဝေနဲ့ စကားများနေကြတယ်...ငပယ်ရဲ့ သားလေး( အသက်၁၃ နှစ်အရွယ်) လေးက ငိုမဲ့မဲ့နဲ့..။ သူ့ အမေကလဲ သူ့ ဘေးမှာ မျက်ရည်ဝိုင်းနေတယ်.။
“ အို...ကားဆွဲသားက ကားဆွဲဘဲ ဖြစ်မှာပေါ့...ဘာ က”စရာလိုလဲ...” ဒီစကားကြားလိုက်တော့ စိတ်ထဲမှာ ဖျဉ်းကနဲဖြစ်သွားတာ။
ဒီလိုအသုံးအနှုံးကို ကျနော်မကြိုက်ဘူး...နားထဲခါးတယ်..။
ကိုယ်ကလဲ ဒီလိုဖြစ်နေတော့ မျက်နှာလွှဲနေလို့ မတတ်ပါဘူး...
“ ဘာဖြစ်နေကြလဲ”
“ ကလေး ဆော့ရင်း သေတ္တာပေါ်မှာ က”နေတာကို မြင့်ဝေ ပြောလို့ ကိုငယ်”
“ မဟုတ်ဘူး မင်းသား...သူ့ သား အလကားနေရင်းဆော့နေလို့ ကျနော်ပြောတာ ”
“ သူ့ ဘာသာ ကနေတာ ဘာဖြစ်လဲ” ငပယ်က ထပ်ပြောတာပါ..။
“ အေး...က တာကိုပြောတာ။ ကားဆွဲသားက ကားဆွဲဘဲ ဖြစ်မှာ...”
“ မင်း ဒီလိုမပြောနဲ့  ငါ့ကလေးတွေကို ပညာတတ်အောင် ကျောင်းထားပေးတာဘဲ...မင်းနှိမ်တာတော့ မကောင်းဘူး...”
“ ခဏနေဦး ..ငပယ် ၊ ငါပြောမယ်..ကိုမြင့်ဝေလဲ နားထောင်”
“ ဟုတ်“
“ ခုနက ကိုမြင့်ဝေ ပြောတာ ကျနော် ကြားတယ်...ကားဆွဲသားက ကားဆွဲဘဲဖြစ်မယ်ဆိုတာ..၊ အဲလို ပုံသေပြောလို့ မရပါဘူး...ပြောလဲမပြောသင့်ဘူး။ ကျနော့်အဖေကစစ်သား...ကျနော်စစ်သားမဖြစ်ဘူး...မင်းသားဖြစ်ခဲ့တယ်..၊ ကိုမြင့်ဝေအဖေရော ဘာအလုပ်လုပ်လဲ”
“ လက်သမားဆရာပါ ကိုငယ်..”
“ ခင်ဗျား...ဘာကြောင့်လက်သမားမဖြစ်ဘဲ...မီးထိုးသမားဖြစ်နေတာလဲ ”
“ ဒါကတော့.....” သူဘာဆက်ရမှန်းမသိဖြစ်နေပြီ..။
“ ကျနော် က ကိုမြင့်ဝေကို ပြောချင်တာ ၊ ပါတ်ဝန်းကျင်ကိုကြည့်ပြီး ကလေးတစ်ယောက်ကိုဆုံးဖြတ်လိုက်၊ ပြောလိုက်တာ မကောင်းဘူး”
“ ကိုငယ်ပြောတာ မမှားပါဘူး...ဒါပေမယ့် ဒိကောင်လေးက မဖြစ်နိုင်ပါဘူး...”
“ ဘာဖြစ်လို့ လဲ”
“ သူ့ အဖေက ကားဆွဲ၊ သူ့ အမေက ပူဖောင်းရောင်းတယ်။ ဖြစ်ဘို့ ရာ အဝေးကြီး”
ဒီလူတော့ ဒီဘူတာဘဲ ပတ်နေပြီ...စိတ်ရှိတိုင်းသာဆွဲထိုးလို့ ကတော့ ဒီလူ နာတော့မယ်...။
“ ကဲ...ကောင်းပြီ...တော်ကြတော့ ၊ မင်းတို့ သားအမိလဲ ငိုမနေနဲ့ ဟုတ်လား၊ ကိုမြင့်ဝေလဲ သွားတော့...”
သူတို့ ပြဿနာကို လူစုခွဲ ရှင်းပြီး...ကိုယ့်အခန်းကို ကိုယ်ပြန်လာခဲ့တော့တယ်...။
အခန်းထဲေ၇ာက်တော့ ခုနက အဖြစ်အပျက်ကို စဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်...။
“ အောင်အောင်....အကိုလ္ဘက်ရည်ဆိုင်ပြန်သွားမယ်...ပြီးရင် ငပယ်တို့ သားအမိ၃ယောက်လုံး...အကိုခေါ်နေတယ် လ္ဘက်ရည်ဆိုင်ကို လိုက်လာလို့ သွားပြောလိုက်”
ကျနော့်တပည့်လေး(အ၀တ်ခေါက်သူ)ကို သေချာမှာပြီး ဇာတ်ရုံအပြင်ကိုတစ်ခေါက်ထပ်ထွက်လာခဲ့တယ်..။
ဆိုင်ရောက်တာနဲ့ လ္ဘက်၇ည်၎ခွက်မှာပြီး စောင့်နေလိုက်တယ်...။
မကြာပါဘူး သူတို့ သားအမိတွေ မျက်နှာငယ်လေးတွေနဲ့ ရောက်လာပြီး မြေပေါ်မှာဘဲငုတ်တုတ်လေးတွေ...။
“ ခုံပေါ်မှာထိုင်ကြလေ”
“ ရတယ်အကို ကျနော်တို့ အောက်မှာဘဲနေမယ်...”
“ ကျနော်ပြောနေတယ်...ခုံပေါ်မှာထိုင်ဆို..” အဲဒီတော့မှ မရဲတရဲနဲ့ သူတို့ ထိုင်ပါတယ်...။
ကျနော်ထင်တယ် ခုနကဖြစ်တာကို ဆူမယ်ထင်နေကြတာနေမှာ ...။ကျနော်သူတို့ ထိုင်ပြီိးတာနဲ့ ...လ္ဘက်ရည်သောက်ခိုင်းတယ်၊ ကလေးကိုလဲမုန့် စားခိုင်းတယ်..။
ဒါတောင်သူတို့ ကငြင်းသေးတယ်..မနည်းပြောမှ သောက်ရဲတာ...။
“ ကဲ...ငပယ်..မင်းသားကို ဘာဖြစ်လာမယ်လို့ ထင်လဲ...”
“ ကျနော်လဲ မသိဘူး...ကျောင်းတော့ ထားတာပါဘဲ..ဒါပေမယ့် ကျောင်းစားရိတ်တွေကလဲ မလွယ်ဘူး...သူကလဲ ကျောင်းမပျော်ဘူး”
“ သူက...မင်းသားအကကို စိတ်ဝင်စားလား”
“ က...တော့ က နေတာဘဲ”
“ မင်းတို့ သားကို ငါတပည့်အဖြစ်မွေးပြီး သင်ပေးမယ်ဆိုရင်ကော”
“ ဗျာ....ဟို ...ကျနော်တို့ မှာ ပိုက်ဆံ မရှိဘူး...အကို”
“ ငါ..တစ်ပြားမှ မယူဘူးကွာ...သင်ပေးမယ်၊ မင်းရဲ့ သားကိုသာမေး၊ တစ်ကယ် အကပညာကို လိုချင်တာလားလို့ ...”
“ သားက တစ်ကယ် က”ချင်တာဦး”
“ အေး...ငါက တပည့်လက်မခံဘူး...ဘာလို့ လဲဆိုတော့ စိတ်တိုင်းမကျလို့ ...တော်ရုံဇွဲနဲ့ လဲ ငါ့ ပညာကို မရဘူး...နောက်ပြီး
ကောင်မလေးတွေ ပန်းလာပေးပြီး မိတ်ဆက်တာလောက်ကို အားကျပြီး သင်တာဆို အစကတည်းက မသင်နဲ့ ..”
“ သားတစ်ကယ် ကချင်တာပါ..”
“ မင်း တစ်ကယ်ကချင်တာဆို ကျိုးစား...မင်းကို ခုနက ဦးမြင့်ဝေ ပြောသွားတာ မင်းကြားလား...ကားဆွဲသမားသားက ကားဆွဲဘဲ ဖြစ်မယ်ဆိုတာ”
“ သား...သိတယ်.သားက”တိုင်းသူပြောတယ်...”
“ မင်းကျိုးစားလို့ အောင်မြင်ခဲ့ရင်...မင်းမိဘတွေကို လုပ်ကျွေးနိုင်တာပေါ့...ပူဖောင်း ၁၀ညကျော် ရောင်းလို့ ရမယ့်အမြတ်ငွေကို မင်းတစ်ညကရုံနဲ့ ရနိုင်တယ်”
ကျနော့်စကားကြောင့်သူတို့ မိသားစုလေး အံ့သြနေတယ်...ဇာတ်တွေမှာ မင်းသားသင်ပြီဆို ငွေကလဲပေးရတယ်...မိုးတွင်းစားဘို့ ဆန်ကလဲ ပေးရတယ်...မင်းသားမိန်းမချိုးရေကအစခပ်ပေးရတယ်...ကလေးထိန်းပေးရတယ်...ဆဲခံရတာကလဲ မွှန်နေတာပါဘဲ..။
“ ကဲ...ဒီဇာတ်ခေါင်းပြုတ်တာနဲ့ ...ကိုယ့်ဆီကိုမင်းတို့ သား လာပို့ ပေး...ဟုတ်လား...”
“ ကျေးဇူးတင်လိုက်တာ အကိုရယ်”
ပြောပြောဆိုဆို ထိုင်နေရာက ထပြီး အတင်း ၃ယောက်လုးံ ထိုင်ကန်တော့နေလို့ မနည်းတားရတယ်...။
တစ်ကယ်တမ်း မင်းသားတစ်ယောက်ပညာသင်စားရိတ်ဟာ မနည်းပါဘူး....နောက်ပြီိး တပည့်အဖြစ်လိုက်နေ၇တာ က ၃...၄နှစ်၊ တစ်ချို့ လဲ ဒါဏ်မခံနိုင်လို့ လမ်းတစ်ဝက်နဲ့  ၀ါသနာကို စွန့် ပြီး ထွက်သွားတာတွေ အများကြီးလေ...။
.....................။..........................
ဒီလိုနဲ့ မိုးတွင်းရောက်တော့ သူတို့ သားအမိတွေ ပေါ်ဆန်းမွှေးတစ်အိတ်နဲ့ အ၀တ်ထုပ်လေးနဲ့ ရောက်လာပါတယ်...ဆန်ကိုလက်မခ့ဘူး..ပြန်ယူသွားခိုင်းတော့ ပြန်သယ်၇တာလဲ မော်လမြိုင်အထိ မလွယ်လို့ ပါ...ဆိုပြိး အတင်းထားခဲ့ ပါတယ်....။
ကျနော်က တစ်လကို အလွမ်းပြေ တစ်ခါဘဲ လာခိုင်းတယ်...တော်ကြာ ကလေး သတိရစိတ်များနေ၇င် သင်လို့ စိတ်ပါမှာမဟုတ်လို့ ပါ...။
သူပျော်အောင် ၃ရက်လောက်လွှတ်ထားပေးပြီး...အခြေခံ စသင်ပေးတယ်...သူကလဲတော်တော် ကြောက်နေတာနဲ့  ရေခပ်နေတဲ့ တူမ( မဒမ်ဆူးရဲ့ တူမ) ကိုပါဆွဲသင်ပေးတာ...ကောင်မလေးက ၀ါသနာကိုမပါတာ...၊ ကျနော့်ကြောက်တော့ သူပါ ၀င်ရတော့တာ...။
သူတို့ ကို အကသင်တာ မဒမ်ဆူး အံ့သြနေတာ...။
ဘာလို့ လဲဆိုတော့ ကျောက်တုံးတွေကို လက်ဆင့်ကမ်း ခါးလိမ်ပြီး ပေးခိုင်းတာ ၊ ခေါင်းပေါ်ကကျော်ယူပြီး တစ်ဖက်ကို ခါးလိမ်ပြီး ပေးခိုင်းတာ...၄ ကွက်သိုင်း အခြေခံတွေ ပေးနင်းတာ...ဒါတွေကြည့်ပြီး....
“ ကို...သူတို့ ကို သိုင်းသင်နေတာလား...သူတို့ ကို အကသင်ပေးမှာလား” လုပ်နေသေးတာ..။
“ မိန်းမ ...မသိရင်ကြည့်နေ...ဒါ၃နှစ်သင်တဲ့ ပန်တျာကျောင်း မဟုတ်ဘူး...၃လ ဘဲ အချိန်ရှိတာ ၊ အေး...သိုင်းကွက်တွေကို တစ်ကယ်ကျွမ်းကျင်ရင် မင်း မျက်စေ့ ထဲမှာ က...ကကွက်တွေလို့ မြင်ကြည့်ပေါ့...အခု ဂျက်လီ ကစားနေတဲ့ ဝူရှုး၊ ထိုက်ချိ မယုံရင် မျက်စေ့ ထဲမြင်ကြည့်လိုက်လေ....အခြေခံတွေက ...အကွက်တူတယ်...အားအသုံးပြုပုံနဲ့ လက်ချိုးတာဘဲ ကွာတာ....။
ကျနော် တော်တော်မောင်းတာပါ ကလေးတွေ မျက်ရည်ကျချင်နေပြိဆို ဆင်းရဲတဲ့ ဘ၀တွေကိုပြောပြတယ်...ဗီဒီယိုပေးကြည့်တယ်...ကိုယ်တိုင်မုန့် လုပ်ကျွေးတယ်..ဟင်းကောင်းကောင်းချက်ကျွေးတယ်....။
ကျနော် မင်းသားတစ်ယောက်ကို ချမ်းချမ်းစီးစီး ဘိနပ်လျှော်ပေးခဲ့ရတာတွေ ပြောပြပေးတယ်...။
ခေတ်ပေါ်ရှိုးတွေအတွက် ဘရိတ်၊ဂျက်ဆင်အကတွေ ညဆို သင်ပေးတယ်...၊ သေတ္တာက ၊ ကြိုးတန်းက ပုဝါက စတဲ့ မွန်ပြည်နယ် အကြိုက်တွေက အစ သင်ပေးခဲ့တာ...။
သမီးကြီးက ညတိုင်ဆို စာသင်ပေးတယ်...၊ စားတော့လဲ သမီးတို့ နဲ့ အတူတူ တစ်တန်းတည်း...။
၃လ ဆိုတဲ့ အချိန်က ခဏလေးလိုဘဲ.....။
ကျနော်သူ့ ကို စိတ်တိုင်းကျသင်ပေးပြီးတာနဲ့ သူ့ မိဘတွေကို အကြောင်းကြားပြီး ခေါ်လိုက်တယ်...။
မိဘတွေရောက်လာတော့လဲ ထပ်မှာရသေးတယ်...
“ ကိုယ်ကတော့ မင်းသားတစ်ယောက်တတ်သင့်တာတွေ သင်ပေးလိုက်ပြီ...ပညာဆိုတာတော့ မကုန်တတ်ဘူး....ကိုယ်တိုင်ကလည်းထပ်လေ့လာ၇မယ် ..မိဘတွေကလဲ ထိန်းပေးရဦးမယ်..... အခွင့်အရေးကို ရတိုင်းမယူကောင်းဘူး...ဒါပေမယ့်
အခွင့်အလမ်းကိုတော့ သိမြင်နေရမယ်...ကျိုးစားနေတဲ့ သူအတွက် အခွင့်အရေးဆိုတာ ပေါ်လာတတ်တယ်..အမိအရ ဆုပ်ကိုင်တတ်ဘို့ ဘဲ လိုတာ...ဟတ်လား..”
သူတို့ တွေလည်း ပြောသမျှနားထောင်ပြီး မျက်ရည်လည်ရွှဲနဲ့ ကန်တော့ပြီး ပြန်သွားတယ်..။
အဲဒီနှစ်က ကျနော် အရေးကြီးကိစ္စတွေ ရှိနေလို့ ဇာတ်မကတော့ပါဘူး...။
ကိုယ့်ဝါသနာပန်းချီဆွဲရင်း သူများတွေကို ကူညီရင်းနဲ့ ဘဲ...ဇာတ်လောကနဲ့ အဆက်ပြတ်နေခဲ့ပါတယ်...။
ဒါပေမယ့် ဇာတ်လောကမှာတော့ ကျနော်တပည့်တစ်ယောက်ကို အားခြင်းသင်နေတာ သတင်းပျံ့ နေပါတယ်...
တစ်ချို့ ကလဲ ၃..၄လနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...တစ်ချို့ ကလဲ ကျနော့်ကို လျှော့မတွက်နဲ့ ...စုံနေတာပါဘဲ..။
ပါတ်ဝန်းကျင်ဆိုတာတော့ ဒီလိုပါဘဲလေ...။
............။............
၅လ ကျော်လောက်မှာတော့ ကျနော်ပုံဆွဲနေတုန်း အိမ်ရှေ့ မှာ ကားရပ်သံကြားပြီး....
“ ဦး...” ဆိုပြီး အော်လိုက်သံကြားမှ ခေါင်းမော့ကြည့်တော့....ကျနော့်ကောင်လေးနဲ့ သူ့မိလတွေ နဲ့ အဘွားပါပါလာတယ်...။
နောက် အိမ်ပေါ်တစ်ခါတည်းတက်လာပြီး...ကန်တော့ာကတော့...
“ ဟ...ဘာဖြစ်လာကြတာလဲ...”
ကျနော်မေးတာ မဖြေဘဲ...ပိုစတာ စာရွက်ကြည့်ဖြန့် ပြပါတယ်...။
“ အကို့ သားသူများဇာတ်မှာ ဧည့်သည်အဖြစ်ဝင်ကတာကို ဘားအံဇာတ်က ဇာတ်ဆရာ သဘောကျပြီး ခေါင်းဆောင်မင်းသားအဖြစ်လာခေါ်လို့ လက်ခံလိုက်ပြီ...ဒီမှာ ဇာတ်ပိုစတာတောင် ထွက်အောင်စောင့်ပြီး ဆရာ အံ့သြအောင်လာပြတာ”
ဟုတ်တယ် ...ကျနော့်တပည့်မှ ကျနော့်တပည့်၊
ကျနော့်ရင်မှာ ၀မ်းသာလိုက်တာ...။
ဒါ ...ကျနော်ပျိုးလိုက်တဲ့ ပန်းကလေး...။ မင်းသားနာမည်က မျိုးမျိုး...တဲ့ ။
သူတို့ လက်ဆောင်တွေနဲ့ ကန်တော့တယ်...ဆရာ အတွက်ဆိုပြီး ထိုင်းကထုတ်တဲ့ ခြုံစောင် အနီ အထူကြီးတစ်ထည်လဲပါတယ်...
နောက် မဒမ်ဆူးအတွက် ကလေးတွေအတွက်စုံနေတာပါဘဲ...။
အားနာလို့ မယူပါရစေနဲ့ ပြောလဲ မရပါဘူး...။
ကျနော်တစ်ကယ်က ဒါတွေမလိုချင်ပါဘူး.....ကျနော်လိုချင်တာ ကိုယ်တိုင်ခံစားရတဲ့ ပီတိပါ..။
နောက်ပြန်ကာနီးတော့ သူတို့ ကန်တော့ပါတယ်...။ ကျနော်ကလဲ မှာစရာရှိတာမှာပါတယ်...။
“ မောင်မျိုး...မင်းကို ဦး ဘိနပ်လျှော်ပေးခဲ့ ရတဲ့ အကြောင်းပြောဘူးတယ်နော်..”
“ ဟုတ်ကဲ့ ဦး...”
“ ငပယ်....ကိုမြင့်ဝေ...ဘယ်ဇာတ်မှာလဲ....”
“............ဇာတ်ထဲမှာ....”
“ မင်းတို့ သူ့ အတွက်လက်ဆောင် ကောင်းကောင်းဝယ်ပြီး...သူ့ ဆီကိုသွား...မောင်မျိုး...မင်းသူ့ ကို မင်းအဖေ အမေတွေပါခေါ်သွား...ပိုစတာပါယူသွား...ကန်တော့လိုက်....ပါးစပ်ကလဲပြော...”
“ ဘယ်လိုပြော၇မလဲ...ဦး...”
“ ကားဆွဲသမားရဲ့ သား၊ ပူဖောင်းသည်မသား မင်းသားဖြစ်သွားလို့ လာကန်တော့တာပါ....ဦးပြောလိုက်လို့ ကျနော့်ဘ၀တိုးတက်ခဲ့တာပါလို့ ပြော...ဟတ်လား”
“ ဟုတ်ကဲ့”
..................။........................
ဒါပါဘဲ....ကလေးတစ်ယောက်ရဲ့ အနာဂတ် ကောင်းကင်....။
ကျနော်နိုင်သလောက်လေးနဲ့ လုပ်ပေးခဲ့ဘူးတယ်...။ တစ်နိုင်ငံလုံးနဲ့ စာလိုက်ရင် မကြီးကျယ်ပါဘူး...သူတို့ ပါတ်ဝန်းကျင်လေးမှာတော့
ကလေးရဲ့ ဘ၀ ပြောင်းလဲသွားခဲ့ပါတယ်....။
ကိုယ်မကူညီနိုင်၇င်တောင်...ကိုယ့်စကားလေးတစ်လုံးနဲ့ ကလေးတွေရဲ့ အနာဂတ်ကို အညွန့် မချိုးဘို့ အရေးကြီးပါတယ်...။ ကျနော်တို့ လက်တစ်ကမ်းမှာ ကလေးတွေ အများကြီးပါ...။
ကျနော်တို့ တစ်ယောက်တစ်လက် ကူညီိကြမယ်ဆို...ကလေးတွေရဲ့ အနာဂတ်လေးတွေလှပမှုပိုများလာမှာပါ...။

ကလေးတွေရဲ့ အနာဂတ်ကို ဘ၀နဲ့ ရင်းပြီး ပြုစုပျိုးထောင်ပေးနေသော....ပန်းပျိုးသူများကို ဂုဏ်ယူလေးစားစွာဖြင့်.........
သစ်နက်ဆူး

Monday, November 3, 2008

“ ငါ...အိမ်ထောင်ဦးစီးဟေ့ ”



ငါ..အိမ်ထောင်ဦးစီးဟေ့ လို့ .....ကြွေးကြော်သံနဲ့ ချွန်းဖွင့်ထားတော့... သစ်နက်ဆူးက မဟာဖိုဝါဒ ဆုပ်ကိုင်ထားတဲ့သူ...
ငါ တစ်ကော ကောတယ်လို့ ထင်ရင်တော့ နည်းနည်းလွဲပြီ....။ ဒီလိုကြွေးကြော်တာ ကျနော် မဟုတ်ပါဘူး...။
ရခိုင်အကြောင်းရေးရင်း ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေကို သတိရသွားလို့  ရေးဖြစ်သွားတာ..။ ကျနော့် အကြောင်းလဲ ပါတာပေါ့...။ ကျနော် ပြောခဲ့ ပါတယ် ...မထင်မှတ်ဘဲ အချိန် ကျလာတော့ ၀ိဥာဉ်လောက ၊နာမ်လောက မှာ ၀င်ပါတ်သက်ခဲ့ ရတယ်လို့ ..။
မြန်မာနိုင်ငံမှာ မိရိုးဖလာ ယုံကြည်မှုတွေကတော့ နယ်တော်ရှင် ရွာတော်ရှင် နဲ့ သိုက်တွေပါဘဲ...။
ကျနော်လဲ ဘယ်ပါရမီပါလာလို့ လဲဆိုတာ စဉ်းစားရင် ခေါင်းတောင်လည်တယ်..။ အခုတော့ ဒီအလုပ်တွေ မလုပ်တော့ပါဘူး...
အမျိုးသမီးရဲ့ ရွာလေးမှာနေခဲ့ တုန်းကပါ...။
ဌက်ဖျားဖြတ်ချင်လဲ...ကျနော့်ဆီ.. အရိုးကျိုးရင်...ရွာသူကိုင်ထားရင်၊ သရဲ သဘက်ပူးရင်၊ နတ်ပူး သိုက်ပူး...ဘုရားထီးတော်တင် အနှောက်အယှက်..စုံနေတာဘဲ..။
ဇာတ်နားလို့ အိမ်ပြန်ရောက်လဲ အေးဆေး မနေရ။ ဇာတ်ခေါင်းပြုတ်ချိန်လဲ အေးဆေး မနေရ...။ လက်ခံထားတဲ့ ပုံတွေလဲ ဖြောင့်ဖြောင့်မဆွဲရ..။ နောက်ဆုံး ကလေး မျက်နှာမမြင်နိုင်တာက အဆုံး လာကြတာဘဲ..။ ကိုယ်က ဆရာနာမည်လဲ မခံချင်ဘူး...
ငွေကြေးလဲ မယူဘူး...အိပ်စိုက်။ အိပ်စိုက်နဲ့ ကူညီရတာ စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး...။
အဓိက..အချက်က ကျနော့်အတွက် အချိန်...နားချိန်..။ မရှိသလောက်..။ အားကိုးတစ်ကြီးလာတော့လဲ အားနာတာရယ် သနားတာရယ်..။
ရွာလေးရောက်ကာစက ကျနော် ဘယ်လောက်ဝေးလဲဆို... အိမ်ဘေးကနေ ကောက်စိုက်ဆင်းကြတာ လူတွေအများကြီးဘဲ...ကျနော်က ရောက်စလဲဖြစ်..အံ့သြတာပေါ့...သူတို့ ကောက်စိုက်သူတွေမှာ လူတိုင်း တစ်ယောက်တစ်ခုစီ ကိုင်သွားကြတာ..။
ဒီတော့ မိန်းမကို ပြောတာပေါ့....
“ မင်းတို့ မွန်ပြည်နယ်ကလူတွေ လယ်ထဲဆင်းတာ ဦးရှင်ကြီးနတ် တင်ရလား...လူတိုင်း ကျောင်းဆောင်လေးတွေ ကိုင်ပြီး လယ်ထဲဆင်းကြတယ်” ဆိုတော့ မဒမ်ဆူးက ထိတ်လန့် တကြီးနဲ့ ....
“ ကို...စကားကို အရမ်းမပြောနဲ့ ...အဲဒါ ကျောင်းဆောင်တွေမဟုတ်ဘူး....မျိုးဆောင့်ခုံ( စပါးပျိုးပင်လေးတွေ စုစည်းပြီးညီသွားအောင် ဒီခုံလေးပေါ် ဆောင့်ကြတာ) ” တဲ့ ...လွဲပြီဆို အဲဒီလို..။ တော်တော်တူတာကိုး..။ ထားပါတော့ ဒါက..။
ပြောချင်တာက ကျနော်နဲနဲ ကျပ်လိုက်တဲ့ ကိစ္စ......။
အိမ်မှာ တခါတလေ( ခဏခဏပါ) အိပ်ယာကတောင် မထရသေးဘူး...အိမ်ရှေ့ ခန်းမှာ ရောက်နေပါပြီ...တုန်နေပါပြီ... သိုက်ကတဲ့ ..။
သိုက်ဘဲ သိုက်နိုင်လွန်းတယ်ဗျာ...။ သူတို့ ရွာမှာ သိုက်ဆိုတာ ခရေဇီ ဘဲ.. ။ ဒီကောင်မလေးက သိုက်ထဲကလာတာတဲ့ ဆို...
ရွာမှာ ဇကာတင်စာရင်းပေါက်ပြီး ပေါ်ပြူလာဖြစ်ပြီ..။
တခါက ၁၀ ယောက်ကျော်တယ်...ပျိုပျိုအိုအို အကုန်လုံး တစ်ညီတည်း..လာပူးနေတာ..။
သိုက်ဆိုတာ စည်းကမ်းရှိပါတယ်...၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရတာမှ မဟုတ်တာဘဲ...။ မိဘတွေအသိုင်းအ၀ိုင်းတွေပါ အတူပါလာကြတာ...ဂုဏ်ယူသော မျက်နှာတွေနဲ့ ပေါ့...။
ကျနော်က နာမ်လောက မရှိဘူးလို့ မပြောပါဘူး...ဒါပေမယ့် စုံမှိတ်ယုံတာ...ကိုလက်မခံဘူး....သရဏဂုံ ပျက်မယ့် အပြုအမူ၊
အစွဲအလန်းတွေကို ပြုပြင်ချင်တာ...လမ်းတည့်ပေးချင်တာ..။
ဒီတော့ မေးတာပေါ့...“ ဘယ်သိုက်ကများ...လာခဲ့ ကြလဲ” ဆိုတော့...
မြန်မာပြည်အနှံ့ ဘဲ..ပြောကြတာ...။
အတိုင်းထက်အလွန် သိုက်ပြီးရင်းသိုက်နေတာ့ ကျနော်က ကျပ်ပြီ...။
“ အင်း...သိုက်ဆက်တွေ ဆိုတာ..နောက်ပွင့်မယ့် ဘုရားရှင်အတွက် ရည်မှန်းပြီး လှုဒါန်းကြဘို့ ရတနာပစ္စည်းကို စောင့်ရှောက်နေကြတယ်ဆိုတာတော့ ကောင်းပါတယ်...တစ်ကယ်တန်းဆိုတော့လဲ သိုက် ဆိုတာ ဘုတ် ပြိတ္တာ အနွယ်တွေ...စဉ်းစားကြ..
ကိုယ်က လူကြားမှာ ကျမက သိုက်ဆက်လေ...သိုက်ကလာတာ...သိုက်အနွယ်ဝင်လို့ ပြောတိုင်း...အနက်ကိုယူရင်တော့...
ကျမက ပြိတ္တာမကြီးပါ...ဘုတ်မကြီးပါ.တံထွေးနှပ်တို့ ကို မ၀ရေစာ ပင်ပန်းစွာ စားနေရတဲ့  ပြိတ္တာ အဆက် ပြိတ္တာ အနွယ်ပါလို့ ကိုယ့်ကိုကိုယ်ဖော်ပြနေတာ...ဟုတ်၇ဲ့ လားပြိတ္တာအပေါင်း ၊ဘုတ်မ အပေါင်းတို့ ...”
စကားဆုံးတာနဲ့ တုန်တာတွေ ရပ်ပြီး.အိမ်ကနေ သုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားလိုက်ကြတာ... နောက် သိုက်တွေ သိပ်မလာရဲတော့ဘူး...။
နောက် တစ်ခုက တောင်ပိုင်အဘိုး...တဲ့  ရွာ အပေါ်ဘက်က တောင်ကုန်းမြင့်လေးပေါ်က ဘုရားလေးမှာ ခဏခဏ လုပြီးကို
ဝင်ကြွကြတာ...အပြိုင်အဆိုင်ဘဲ...။
သူ့ မှာ ၀င်ကြွနေတာ...တောင်ပိုင်တဲ့ ... အို...ငါ့မှာ ကြွတာက တောင်ပိုင်အစစ်....။ အဲဒီတောင်ပိုင်က ကျနော့်ဘက်လှည့်လာတာ...။
ဝန်ကြီး တဦးရဲ့ အမက တောင်ပိုင်အဘိုးနန်းနဲ့ ရုပ်ထုလှုမယ်...အဘိုးရုပ်ထုကိုတော့ ကျနော်ထုလုပ်ပေးပါ..တဲ့။ ကျနော်လဲ ငြင်းလို့ မရပါဘူး...သားအမိလို ဖြစ်နေတော့ အလကားပဲတင်း ပညာဒါနပြုပါတယ်...မဒမ်ဆူးတို့ ရွာကိုး...။
ရုပ်ထုတောင်မပြီးသေးဘူး...ကြွချင် ၀င်ချင်လွန်းလို့ လယ်ထဲကွင်းထဲကတောင် လာချောင်းပြီး နံပါတ်စဉ် ဘွတ်ကင်ချိတ်ကြတာ...။
ကျနော်ရုပ်ထုထုရင်း ရုပ်ထုအတွင်းရင်ဘတ်နေရာ အတွင်းထဲမှာ သစ်ရွက်တစ်ရွက်ခူးပြီး ထည့်မြှုပ်ထားခဲ့တာ...။
ရုပ်ထုပြီးလို့  တောင်ပေါ်မှာ အလှုရှင်ရော၊ တောင်ပိုင် အဘိုး ပင့်မယ့်သူတွေရော အများကြီးဘဲ၊ စည်နေတာ ရွာသားတွေလဲ အများကြီး...။ ပထမ အလှုရှင် ထပြီး လှုဒါန်းတဲ့ အကြောင်းပြောတာပေါ့..။ နောက် ကျနော်ပြောရမယ့် အလှည့်....။ အဟမ်း.....
“ ကျနော်က ဒီရွာ ဇာတိမဟုတ်ပေမယ့်၊ ဒီရွာလေးကို ချစ်ပါတယ်..ဒီရွာကိုချစ်မှတော့ ဒီတောင်ပိုင်အဘိုးကိုလည်း ချစ်ပါတယ်...
ဒါကြောင့် ဒီအဘိုး ရုပ်ထုအတွက် ငွေကြေး တစ်ပြားမှ မယူဘဲ ပညာဒါနပြုတာပါ...ဒါပေမယ့် ကျနော်တို့ တောင်ပိုင်ကို သူများရွာက
တောင်ပိုင်တွေနဲ့ မတူအောင် အဘိုးကိုယ်ထဲမှာ သစ်ရွက်တစ်ရွက်ထည့်ထားပါတယ်...တစ်ကယ်လို့  အဘိုးဝင်ကြွလာရင် ကျနော်က အဘိုးကိုမေးမယ်...အဘိုးကိုယ်ထဲမှာကျနော်ထည့်တာ ဘာအရွက်လဲ....လို့ ၊ အဘိုးတောင်ပိုင်က နတ်ဆိုတော့ သိကိုသိမှာပါ..ကျနော်ထည့်တာ အမှန်အတိုင်းပြောနိုင်ရင် အဘိုးအစစ်ဘဲ၊ ဒါသေချာရင် အဘိုး ဘာခိုင်းခိုင်း ကျနော် ပညာဒါန ထပ်ပြုပါဦးမယ်...”
အကုန်လုံး တိတ်သွားတာဘဲ...။
ပွဲတာပြီးသွားတယ်..တောင်ပိုင်အဘိုး တစ်ယောက်မှ မကြွလာဘူး....။ နောက်လည်း တောင်ပိုင်းအဘိုးက အနေအထိုင်ဆင်ခြင်သွားတယ်... ဘုရားတောင်နဲ့ ကျနော့်အိမ်နဲ့ နီးတော့ အဘိုးတစ်ခါမှ ကို မကြွလာဘူး...။
ကျနော် ခရီးထွက်လို့ အိမ်မှာ မရှိမှ တောင်ပိုင်ကြွရဲတာ...။
အဲဒါက အသိအမြင်တွေ ကျယ်စေချင်လို့ ကျနော်ကျပ်ခဲ့ တဲ့ ကိစ္စ...။ ကျနော်က နဲနဲတော့ ရွတ်တယ်...။
အဲ...ကျနော့်ထက်ကိုရွတ်တာကို ရခိုင်မှာ တွေ့ ဘူး ကြားဘူးခဲ့တယ်...။
ရခိုင်ပြည်မှာတော့ ရွာတော်ရှင် အဘိုး ဆိုညောင်းထား...မလိုဘူး...လူရာမ၀င်နတ်ရာမ၀င်ဘူး....။ အင်္ဂလန် အဆက်တွေလားတော့မသိဘူး... သူတို့ ဆီမှာက ရွာရှင်မက စတားဘဲ...။
ဘာဘဲဖြစ်ဖြစ် ရွာအရှင်မ က၊ အခရာ...အဓိက.။ အားလုံးက ရွာရှင်မဆို အသေ ကြောက်တာ...။
လှေမှောက်လဲ ရွာရှင်မ၊ ရေနစ်လဲ ရွာရှင်မ၊ ငါးမရလဲ ရွာရှင်မ၊ ဓါးထိုးလဲ ရွာရှင်မ ၊ဇာတ်က မီးစက်ပျက်တာလဲ ရွာရှင်မ...။
မင်းသမီးလေးဗိုက်အောင့်တာလဲ ရွာရှင်မ ...။
ရွာတစ်ရွာမှာ ရွာရှင်မ တစ်ပါးရှိတယ်...ရွာအ၀င်တိုင်းမှာ ရွာရှင်မ သစ်ပင်နဲ့ ရွာရှင်မနန်းရှိတယ်...။
ရွာတစ်ရွာရဲ့ ရပ်ရေးရွာရေးကို ဆုံးဖြတ်နိုင်တာက ရွာရှင်မဘဲ...ရွာလူကြီး..ကောင်စီိလူကြီး.လား...သွား မြောင်းထဲကို။
အဲဒီလောက်ပွဲပြီးမီးသေတဲ့ ရွာရှင်မက တစ်နေ့ ကြွလာပြီး....အထူးအဆန်းပြောလာတယ်...။ ဒီတစ်ရွာလုံး ကပ်ဘေးမကြုံ အသေဆိုးနဲ့ မကြုံချင်ရင် ရွာတောင်ပိုင်းက လူကြီး( နာမည်မေ့) နဲ့ ရွာရှင်မ ပင်တိုင်ကြွသူနဲ့ လက်ထပ်မှ ရမယ်တဲ့..။
ရွာရှင်မ စကားအတိုင်း ရွာက လူကြီးသူမတွေ သွားပြောတာပေါ့....။
ဟိုက လက်မခံဘူး...အဓိပ္ပါယ် မရှိဘူး...ဘာညာပေါ့။ ဟိုလူကြိးက မုဆိုးဖို...ရွာစွန်မှာ ခြံစိုက်ပြီး အေးဆေးနေတာ။
၁ခေါက်မရ ၂ခေါက်မရ၊ ၃ခေါက်ညှိမရတော့ ရွာရှင်မက တစ်ရွာလုံးကို သတ်တော့မယ် ကြိမ်းဝါးရောဗျာ...။ တစ်ရွာလုံး ပြဿနာတက်
ပြီ...ရွာအရှင်မစကားနားမထောင်တဲ့  ဟိုလူကြီးကို ရွာကမောင်းထုတ်မယ်လုပ်ရော....။
ဟိုကလဲ သူ့ ဘာသာ နေလာတာ အခြေကျနေမှ ဒီလိုပြောလာတော့ စိတ်တိုတာပေါ့။ လက်မခံနိုင်ဘူး ပြောတော့ တစ်ခါတည်း မောင်းထုတ်မယ်လုပ်တာ...သူလဲ ခဏစဉ်းစားပြီး မှ ရွာရှင်မကို လက်ထပ်ပါမယ် လို့ ကတိပေးတော့တာ...။
ရွာရှင်မ ၀င်တဲ့ သူရော ရွာသားတေါရော ပျော်လိုက်ကြတာပေါ့ဗျာ...။ သူတို့ အပျော် ၃ရက်တောင်မခံပါဘူး....။
၂ရက်မြောက်ပြီး မိုးလင်းတော့ ရွာထိပ်က ရွာရှင်မ ပိုင်တဲ့ သစ်ပင် အကြီးကြီး မရှိတော့ဘူး....ကိုင်းဖျားကိုင်းနားမပြောနဲ့  အမြစ်တောင်မကျန်ဘူး....။ ဟိုလူကြီး ထင်းအဖြစ်ခုတ်ပြီး တပ်တောင်မြို့ က ထင်းဒိုင်မှာ သွားသွင်းလိုက်တာ..။
နောက်မှ ရွာသားတွေ စုံစမ်းတော့ အကြောင်းစုံသိပြီး ရွာလူကြီးနဲ့ ရွာသားတွေ ဓါးတွေ၊တုတ်တွေ လှံတွေနဲ့ ရွာရှင်မ ယောင်္ကျားဆီ သွားတာပေါ့..။
သတင်းအတိအကျရတဲ့ အတိုင်း ဘာလို့ လုပ်လဲ မေးတော့...နှီးဖြာ နေရာကနေ အေးဆေးဘဲ ပြန်မေးပါတယ်...
“ ငါနဲ့ ရွာရှင်မက ဘာလဲ”
“ ဦးလေးက ရွာရှင်မလင်...”
“ အေး....ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီးဘဲ...ငါ့မိန်းမ ပိုင်တဲ့ အပင် ငါခုတ်တာ ဘာလုပ်ချင်လဲ..ငါ့ မိန်းမနဲ့ တိုင်ပင်ပြီး ငါလုပ်တာ...
မယုံရင် ဒီမှာ ထိုင်နေတဲ့ ငါ့ မိန်းမကို ပင့်ခိုင်းပြီး ကြွလာရင် မေးကြည့်....ကောင်မ ရီးတီးယားတား မလုပ်နဲ့ နော်...
ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီး” တဲ့ ..။
ရွာရှင်မ လဲ မျက်လုံးလေးကလယ်ကလယ်နဲ့ ။
ရွာသားတွေလဲ တစ်ခွန်းမှ မဟ ရဲတော့ဘူး... နို့ ..ရွာရှင်မက တုတ်တုတ်မှ မလှုပ်တာ..။
ကဲ.....သူက ကျနော့်ထက်တောင် ရွတ်ပါတယ်ဆို...။

ထေရာဝါဒစစ်စစ် ဖြစ်စေချင်သော စေတနာနဲ့ ...။
သစ်နက်ဆူး

သြော်...မေ့လို့ ...အရှင်မနေတာက ကျောက်ဖြူမြို့ နဲ့ တပ်တောင်မြို့ ကြားက ရွာ...။
ကျနော် ထည့်ထားခဲ့တာက သရက်ရွက်...။

Sunday, November 2, 2008

“ အဖေထက်တစ်လကြီးတဲ့သား”



သား နော်နော် ပါ...ကျနော်ငယ်တုန်းက ၅တန်းလောက်မှ ဂျွမ်းဘားစ ကစားခဲ့ တာ ၁၆နှစ်အရွယ်မှာမှ နောက်ဂျွမ်းစထိုးနိုင်ခဲ့ တာ...
သားက ဘယ်သင်တန်းမှ မတက်ပါဘူး...ကျနော် လေ့ကျင့်ရင်သူကြည့်နေတာ...လွန်ခဲ့ တဲ့ ၃ရက်ကမှ ကျနော်တို့ မသိခင်သူ့ အခန်းထဲမှာ စကျင့်တာ...ညက မှသူ့ ကို youtube မှာ wallflip ကိုပြပေးတော့ ဒီမနက်ကျင့်ပြီး သူ့ အမတွေက ရိုက်ပေးထားတာ...။
သူ့ ဆရာတွေကတော့ TV ၊ video နဲ့ youtube က သူ့ ဆရာတွေပေါ့...
အဖေထက်သားက တစ်လပိုကြီးသွားပြီ...။

Saturday, November 1, 2008

“ သေခြင်း၏အခြားမဲ့၌ ” ဇာတ်သိမ်း



အကျိုးကြောင့် အကြောင်း၊ ကာလ၊ ဒေသ......ဖြစ်ရမယ့် အချိန်ရောက်လာသောအခါ....။
ဒီရက်ပိုင်းမှာမှ ပြဇာတ်ကို အသစ်ရေးပြီး ဇာတ်သိမ်းကို ထူးထူးခြားခြားလေးနဲ့  တရားခံကို ကြိုးမိန့် ဖြင့် ပေးသေပြီး ဇာတ်သိမ်းထားသည်..။ ဇာတ်ဆရာက သားအကြီးဆုံးသဘောထားသောကြောင့် အသစ်တစ်ခု စဉ်းစားမိတိုင်းသူ့ ကို ချပြတိုင်ပင်သည်...။
ဇာတ်လမ်းက မိသားစု ဇာတ်လမ်း မေတ္တာဘွဲ့ ...။အေးချမ်းလှသော မိသားစုလေးတွင် ဖခင်က နိုင်ငံရေးလှုပ်ရှားမှုဖြင့် အိမ်နဲ့ ဝေးရာကို ရောက်နေခဲ့၊ မိခင်က သမီးနဲ့ သားကို ပင်ပန်းစွာ ရှာဖွေကျွေးမွေး၊ အမေဈေးရောင်းထွက်နေလျှင် အမက မောင်လေးကို သီချင်းဆိုသိပ်...ချော့...။
လင်သားအိမ်မှာ မရှိခြင်းကို အခွင့်ယူလျှက် မိခင်ကို မျက်စေ့ အောက်မှာပင်...လူ၃ယောက်က စော်ကားခြင်းကို နာကျင်စွာ ခံစားလျှက် အမေကသူ့ ကိုယ်သူ အဆုံးစီရင်တော့...ကလေး၂ယောက် လန့် ပြီးတစ်ကွဲစီထွက်ပြေး....။
ကျနော်က အမေ့မောင်နှင့် တွေ့ ရင်း ဘ၀တွေကို ဖြတ်သန်းရင်း လက်စားချေသံသရာတွင်...ကျင်လည်..။
မိခင်အတွက်လက်စားချေခြင်းနိုင်ငံရေးကို မြေအောက်ယူဂျီအဖြစ်လှုပ်ရှားရင်း ဥပဒေက အလိုရှိသူဖြစ်လာသည်...။
ဖမ်းဆီးဘို့ အပူတပြင်းစွမ်းဆောင်နေသူက လုံးဝ မမှတ်မိသော အမ အရင်း...။
နှိပ်စက်ရင်းက အမမှန်းသိတော့ အဖမ်းခံ။ အမက တရားလိုပြ အစိုးရသက်သေ။
အမိန့် ချမည့် တရားသူကြီးက နိုင်ငံရေး ပြောင်းလဲမှုများကြောင့် အရောင်ပြောင်းနေသော ဖခင်...။
နောက်ဆုံးကြိုးမိန့် ...။
ကြိုးစင်ပေါ်ရောက်တော့မှ သားမှန်းမောင်မှန်း ဦးလေးပြောလို့ သိရတော့....ဘာမှလုပ်လို့ မရ။
အမကို ငယ်ငယ်က ချော့သော၊ အိပ်ယာကနိုးနေကျ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီိချင်း ဆိုပေးဘို့ နောက်ဆုံးအခွင့်တောင်း....။
သီချင်းနားထောင်နေရင်း ကြိုးခလုပ်ဖြုတ်....ဒါပါဘဲ.။
ဇာတ်လမ်းကို ကြိုက်သော်လည်း ဇာတ်ဆရာက ကြိုးပေးတာ မလုပ်ဘို့ ပြောသည်...။ ဇာတ်ဆရာမက လုံးဝ သဘောမတူ.
အမေတို့ ခွင့်မပြုနိုင်ဘူး လို့ တားသည်...။
ကျနော်က ဇွတ် ကြိုးမိန့် မှ မဟုတ်လျှင် ဒီပြဇာတ်မတင်ဟုတင်းခံသည်..။ ဒီလိုဖြစ်ရမယ့်သူက ဒီလမ်းကြောင်းကိုသာ အတင်း
ဖန်တီးနေသည်ကို လုံးဝသတိမမူ။ နောက်ဆုံးဇာတ်တဖွဲ့ လုံးရဲ့ ဖန်တီးမှုက ကျနော့်လက်ထဲမှာဆိုတော့ ခွင့်ပြုလိုက်ကြပါတယ်...။
အဲဒီအချိန်မှာ ကျနော့်စိတ်ထဲဖြစ်နေတာက ပြဇာတ်မှာကြိုးဆွဲချရေးသာ အဓိက ဖြစ်နေခဲ့ တာ ၊အံ့သြဘို့ ကောင်းတယ်..။
ခွင့်ပြုလိုက်ပြီဆိုတော့ ပြဇာတ်အတွက်လိုအပ်တာတွေကို ပြင်ဆင်ရသည်...၊ အဓိက အချက်က ကြိုး နှင့် မိမိကို လည်ပင်းကြိုးစွပ်မည့်သူ..။ ပရိတ်သတ်မသိအောင်ကိုယ်တွင် ဖျောက်ကြိုးကို အ၀တ်အောက်မှာ...ခံဝတ်ထားရသည်...။ လည်ပင်းကို စွပ်မည့်ကြိုးက ဟန်ပြ၊
ထိုကြိုးကွင်းမှာ ပရိတ်သတ်မမြင်နိုင်သော သံချိတ်ငယ်တစ်ခု ပါသည်။ ပရိတ်သတ်အမြင်တွင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး...
ကြိုးကွင်းစွပ်သူက လူမသိအောင် ကိုယ်မှ ဖျောက်ကြိုးနှင့် သံချိတ်လေးကို ချိတ်ထားခဲ့ ရမည်၊ ပြီးမှ ကြိုးခလုပ်ဖြုတ်ယုံသာ...။
ထိုသံချိတ်လေးမှာ ကိုယ်တိုင်လုပ်လို့ မလွယ်သဖြင့် ပန်းပဲဖိုတွင် သေချာအပ်ရသည်...။
ပြဇာတ်အတွက်လုံးပန်းနေသော်လည်း..စိတ်တွေက နောက်ကျိကျိ၊ ဘာကိုလွမ်းနေမှန်းလည်းမသိ၊ တစ်မျိုးဘဲ..။
ဒါပေမယ့် လူကတော့ပုံမှန်ပင်...။ ညအိပ်တော့မည်ဆိုလျှင် ငါးကြင်းဖန်ခွက်နဲ့ အရက်တစ်ခွက်တော့ သောက်ပြီးမှ အိပ်ယာဝင်တာ။
မူးမူးနဲ့ အိပ်ပျော်သွားတော့လဲ ဘာမှကိုမသိတာ...။
...........................။..............................
ကိုယ်ပိုင်ခန်းအဖြစ်ပေးထားသော အိပ်ခန်းထဲတွင်...လင်းကနဲ ဖြစ်သွားလို့ ကြည့်လိုက်တော့ ၀တ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်တစ်ဦး..။
ပုတီးနှင့် သူ့ ရှေ့ မှာတော့ ကန်တော့ပွဲ တစ်လုံး...။
“ ကလေး...မင်းအတွက် အချိန်မရှိတော့ဘူး....မင်းအရဟံ ဂုဏ်တော်ရသလား”
“ အစအဆုံး မရပါဘူး...အရဟံ ၃လုံးဘဲရတယ်”
“ဒါဖြင့်ရတဲ့ အရဟံ ကိုဘဲ မနက်ည ပုတီး ၉ပတ်စိတ်ပါ....”
“ ဘာဖြစ်လို့ လဲ...“
“ မမေးပါနဲ့ ...ဒါပေမယ့် မင်းလုံးဝ ပျက်ကွက်လို့ မရဘူး..မင်း ..ခြေလေးချောင်းသတ္တ၀ါ၊သားငါးတွေ မစားပါနဲ့ တော့...ရပ်လိုက်ပါ...
ပြီးတော့ သတ္တ၀ါတေါကိုမေတ္တာပို့ ပါ။အားမငယ်နဲ့  ကလေးဘေးမှာ...အဘရှိနေမယ်“
ဒီလိုပြောပြီးတာနဲ့  အဖြူရောင်အငွေ့ တွေ အဖြစ်နဲ့ ပျောက်ကွယ်သွားတော့တာပါဘဲ..။
လန့် နိုးလာတဲ့ အခါ ဒါအိမ်မက်ပါဘဲလေ လို့ တွေးမိသော်လည်း ဘယ်လိုမှ မေ့ ပျောက်မရပါ..။
လာရောက်ပြောဆိုသွားသော အဘိုးအို...သိပ်ထူးခြားသည်..။
စကားပြောတာ အနွေးဓါတ်တွေပါနေသလို စကားသံက အေးဆေးသည်....မျက်နှာမှာ ကြင်နာမှုတွေ၊ကရုဏါတွေ တွေ့ နေရသည်...။
ဘာသာခြားမှလာသော လူတစ်ယောက်အနေနဲ့ သူ့ ကို ဘယ်သူမှန်းလဲ မသိ၊ ဘယ်လို ပုဂ္ဂိုလ်လို့ လဲ မစဉ်းစားတတ်ပါ။
ဒါပေမယ့် သူ့ ရုပ်သွင် ဟန်ပန်ကို မှတ်မိနေသောကြောင့် ချက်ချင်းမီးထထွန်းပြီး...ပုံဆွဲစက္ကူတွင် စီပီယာ အညိုနုရောင်ဖြင့် သူ့ ပုံတူကို
အနီးစပ်ဆုံး ဆွဲပြီး ခေါင်းရင်းမှာ ကပ်ထားလိုက်သည်..။
နောက်မနက်မှာ ဇာတ်ထဲတွင် ပုတီးလိုက်ဌားတော့ အဖွဲ့ သားတွေက ရယ်နေကြပြီး၊ တစ်ချို့ က မင်းသားတော့ စောစောစီးစီး ၃ပင်လိမ်( အရက်+ ဆေးလုံး+ ဆေးခြောက်) နေပြီထင်တယ်ဟုပြောကြ၊စကြသည်..။ အဖွဲ့ သားအားလုံးကတော့ ကျနော့်ကို တော်တော်ခင်မင်ကြ ၊ချစ်ကြသည်..။ လိုအပ်လာတော့ရှားပါးလိုက်သည့် ပုတီး..တော်တော်နှင့်ဌားလို့ မရ..။
နောက်ဆုံး မှ လူကြမ်း ဦးလေးကြီးက မင်းသားလိုရင်ယူစိတ်ပါ...ပေါက်ကရတော့ မလုပ်လိုက်ပါနဲ့ ဟုပြောပြီး...ပုတီးဌားပေးသည်.။
ပုတီးရတာနဲ့ အပေါ်ထပ်ကို ပြန်ပြီး အခန်းကို ဂျက်ချကာ ပုတီးကို အာရုံပြုပြီး စိတ်သည်..။
ထိုအိမ်မက်ထဲက အဘိုးအို ဘာကြောင့် အချိန်မရှိတော့ဘူး လို့ ပြောတာလဲဆိုတာ မစဉ်းစားတတ်ပေမယ့် ပုတီးကိုတော့ စိတ်ချင်နေမိသည်...။ ထမင်းကိုတောင်ဆင်းမစားတော့...။
ညရောက်တော့ ပုတီး၉ပတ်စိတ်ပြိးအိပ်ခဲ့ သည်.။
ပုခုံးကိုဆတ်ကနဲ ရိုက်ပြီး....“ ဟေ့....ထစမ်းကွာ..” ရင်ခေါင်းသံပါနေသော အသံမာမာတစ်ခုကြောင့် ကျနော်လူးလဲ ထလိုက်သောအခါ
ဆံပင်များက ပုခုံးကျော်ပြီး ကျောလယ်လောက်ရောက်နေပြီး..ပင်နီတိုက်ပုံကြမ်း၊ ပုဆိုးအနက်ကွက်ကြီးဖြင့် တင်ပလင်ချိတ်ထိုင်နေသော
မျက်နှာမာထန်ထန်နှင့် လူကြီးတစ်ယောက်ကိုတွေ့ ရသည်..အသားညိုညိုနှင့် အညာသားကြီးနှင့်တူသည်..။
ပါးစပ်ထဲမှာလဲ ကွမ်းတွေဝါးနေသည်...ပါးစပ်ကညာဘက်ကိုနဲနဲစောင်းစောင်း..။ သူ့ ဘေးမှာ ကြီး( ကြေး)ကွမ်းအစ်နှင့် ကန်တော့ပွဲမပါ...။
သူ့ ကိုတော့ တွေ့ တာနဲ့ စိတ်ထဲမှာ ကြောက်နေသည်..။
“ လူမိုက်.....”
“ ဗျာ....ကျနော်လား”
“ အေး...မင်းဘဲ..မင်းက မိဘ သိက္ခာမထောက်လုပ်တဲ့ ကောင်....မင်း အရက်လုံးဝမသောက်နဲ့ တော့”
“ ကျနော်......”
“ ဘာမှမပြောနဲ့ ...မင်းအရက်ဖြတ်....ကတိပေး၊ ”
“ ဟုတ်ကဲ့ ...ကျနော် ကတိပေးပါတယ်....မသောက်တော့ပါဘူး”
“ အေး...ကတိဖျက်ရင်တော့ ငါ မကယ်နိုင်ဘူး...ဒါနဲ့ ဟိုပုံက မင်းဆွဲထားတာလား”
“ ဟုတ်”
“ အေး...တူတယ်...သူကတော့ အေးတယ်နော်..ငါကတော့ ခပ်ကြမ်းကြမ်းဘဲ...ငါပြောတာနားမထောင်ရင်တော့ မင်းထိုက်နဲ့ မင်းကံ”
“ဟုတ်ကဲ့ ” ( ဟုတ်ကဲ့ က လွဲပြီး..ဘာမှမပြောရဲအောင်ကို စိတ်ထဲကသူ့ ကို ကြောက်နေတာ)
“ အေး...ငါသွားမယ်...ကတိတည်ပါစေ”.................။
အသံသြသြကြီး ပျောက်သွားတာနဲ့  လန့် နိုးလာပြီး တုန်တုန်ယင်ယင် ဖြစ်နေသည်..။
တစ်ခါမှ မတွေ့ ဘူး သူတွေ ၂ညဆက်တိုက်ရှိနေပြီ...။ စိတ်ထဲမှာ ထူးခြားနေတယ်ဟုထင်လာတယ်...။
နောက်တော့ မီးလေးထထွန်းပြီး ပုံဆွဲတော့တာပါဘဲ...သူ့ ပုံက ဆွဲရတာ ပို ပြီး ပုံဖမ်းရလွယ်နေတယ်..။ နောက်ပြီး သူ့ ကို ကြောက်ပေမယ့် စိတ်ထဲမှာသူ့ ကို ပိုခင်မင်သလို ဖြစ်နေတာ...။ တွေးပြီးပြုံးနေရာက သူ့ အသံသြသြကြီး နားထဲမှာပြန်ကြားပြီး
ပုံကို ခေါင်းရင်းမှာကပ်ပြီးတာနဲ့ စောင်ကို ခေါင်းမူးခြုံပြီးအိပ်တော့တာဘဲ..။
ဒါက ဒုတိယအိမ်မက်......။
နောက်ရက်မှာတော့ အရက်အိုးနားတောင် ဖြတ်မသွားရဲ...။ အခန်းဘအြောင်းနေတော့ ဇာတ်ဆရာက အကုန်လုံးကို ရမ်းနေပြီ။
“ငါ့သားကိုစိတ်ညစ်အောင်ဘယ်သူလုပ်လဲ...ဘာဖြစ်နေတာလဲ...စသဖြင့်”( သူကတော့ တော်တော်ချစ်ပါတယ်)။ ခဏနေတော့ လက်ထောက်မင်းသားလေးတံခါးလာခေါက်ပြီး....
အကို့ အဖေ ..အကို့ ကို မတွေ့ လို့ ...အကုန်လုံးကို လှဲ့ ဆူနေတယ်...အကို ဆင်းလာလိုက်ဦး...”
အောက်ဆင်းလာတော့...
“ မင်း မျက်နှာ ဒီရက်ပိုင်းငြိုးနေတယ်...ဘာဖြစ်လဲ”
“ ကျနော်ဘာမှ မဖြစ်ပါဘူး...အဖေ”
“ဖြစ်တယ်...ငါလဲကြည့်နေတာ....” ဇာတ်ဆရာအမေကပါ စကားဝိုင်းထဲဝင်ပါလာသည်...။
“နင် အမြဲပြုံးနေတဲ့ လူက...အခုရက်ပိုင်း မပြုံးမရယ်နဲ့ ...ငါတို့ ဘယ်လိုနေရမှန်းမသိဘူး”
“ ကျနော်ဘာမှ မဖြစ်ဘူး....“ “ကဲ...ဒါဖြင့် ထမင်းစားကြမယ်...ကဲ..မြတင် ထမင်းပြင်...။
ထမင်းပွဲနှင့်အတူ အရက်ပါ..ထည့်လာသည်...။
အခါတိုင်း ထမင်းစားခါနီးတိုင်း ၂ယောက်အတူတူ သောက်နေကြ..။
ကျနော် မသောက်ဘဲ ထမင်းကို တန်းစားတော့ ...
“ ဘာဖြစ်လို့ မသောက်တာလဲ...”
“ဟင့်အင်း...ကျနော် မသောက်တော့ဘူး...”
သူဘာမှ ဆက်မပြောပေမယ့် ကျနော့်ကို သေချာကြည့်နေတာပါ...။
ကိုယ်တွေးနေတာက ကိုယ်က ပုံမှန်နေတယ်လို့ ထင်နေပေမယ့်...ကိုယ့်ကို ဘာကြောင့်မျက်နှာငြိုးနေတယ်လို့ ပြောတာလဲ ဆိုတာဘဲ..။
စိတ်ထဲမှာ လွမ်းသလိုလိုဖြစ်နေပြီး...နဲနဲအားငယ်သလိုဖြစ်နေတာတော့ အမှန်ဘဲ...။
ညရောက်တော့ အခန်းပိတ် ပုတီးစိတ်တော့တာပါဘဲ...။ ပြီးရင်မေတ္တာပို့ ပြီးအိပ်...။
....................
အမွှေးနံ့ တွေ ပန်းနံ့ တွေ အခန်းထဲမှာ သင်းပျံ့ မှုနှင့် အတူ...
“ သား.....ထဦး..” ဆိုသည့် အင်မတန်နွေးထွေးသောအသံ ကြောင့် ထကြည့်တော့ ...ခြင်္သေ့ပေါ်မှာ ထိုင်နေသော အင်မတန်လှသည့် အမျိုးသမီး တစ်ဦး....အိန္ဒိယ အ၀တ်အစားများနှင့် ထူးခြားချက်က အင်မတန်လှတာနှင့် များပြားလှသော သူ့ လက်တွေပါဘဲ....။
“ သား ပုတီးစိတ်ရဲ့ လား....”
သူ့ ကိုတွေ့ တော့ ကျနော်ငိုချင်နေတယ်...။ ကျနော့်စိတ်ကိုသူသိနေပါတယ်..။
“ မငိုနဲ့ သား ၊ သားက သတိမရပေမယ့် သားနောက်မှာ အမေ အမြဲ ရှိနေတာပါ...”
“ သားအဘတွေ ပြောတဲ့ စကားကို နားထောင်ပါ...မင်းက အမေ့ သားပါ...ဒါပေမယ့် သားပျက်စီးနေတာကိုး...”
“သား...မိန်းကလေးတွေကို ရှောင်ပါ”
“ ကျနော် ဘယ်သူ့ ကိုမှ ဒီနေ့ ထိ မဖျက်ဆီးခဲ့ ပါဘူး”
“ ဒါကိုသိတယ်....မိန်းကလေးတွေကို...ရှောင်ဘို့ ပြောတာပါ။ ချစ်သူရှိနေရင်လဲ...မဆက်သွယ်နဲ့ ၊သံယောဇဉ်တွေဖြတ်ပါ...
အရေးအကြောင်းရှိရင် အမေ့ ကို သတိရလိုက်ပါ”
စကားဆုံးတာနဲ့ ပျောက်ကွယ်သွားတာပါဘဲ...။ ကိုယ်လဲ မီးလေးထထွန်းပြီး ပုံဆွဲတော့တာဘဲ...ဆွဲရခက်တယ်...မိုးလင်းတော့ပုံပြီးသွားတာပါဘဲ..။ ပြီးတာနဲ့ ခေါင်းရင်းမှာကပ်တော့တာ...။
မိုးလင်းတော့ ပုတီးစိတ်၊ မေတ္တာပို့ ၊ ပြီးတော့ ညီငယ်(ဇာတ်ဆရာသားလေး...မောင်ဖြူချေ) ဆီက စာအုပ်ယူပြီး...
ဖြတ်စာတွေရေးပြီးလူကြုံ အောင်သွယ်တွေနဲ့ ဒီမြို့ လေးထဲကရည်းစား ၆ ယောက်ဆီကိုပို့ ပေးလိုက်တော့တာ..။ အဓိက အနီးဆုံး ၁ယောက်က မယုံနိုင်ဘူး..တွေ့ ချင်တယ်ဆို အိမ်လိုက်လာတော့ အထပ်ခိုးလေးထဲမှာ တက်ပုန်းနေခဲ့ တာပေါ့..။
မပုန်းခင်တော့ ဇာတ်ဆရာ အမေကို ပြောထား၇တယ်...ကောင်မလေးတွေလာရင် ဘယ်သွားမှန်းမသိဘူးလို့ ညာခိုင်းရတာပေါ့...
အမေကတောင်...ဘာလုပ်တာလဲ...သူတို့ မှာ ဘာအပြစ်ရှိလို့ လဲ..ဆိုပြီး ကျနော့်ကို ဆူပါတယ်..။
အမှန်တစ်ကယ်က တစ်ကယ်ဖြတ်မယ်ဆို ရည်းစားအများကြီ်ရှိတာ။ အားလုံးဆို ၄၃ ယောက်ရှိခဲ့တာ..။ မြန်မာပြည်အနှံ့ ပေါ့...တစ်ချို့ ဆို နာမည်တောင်မမှတ်မိဘူး.....။
၊ဒါပေမယ့် သူတို့ က အဝေးကြီးမှာ..။ .ဒါကြောင့်ပြောတာ ၊မင်းသားတွေ အေးတယ်ဆိုတောင် မျောက်လောက်တော့ ဆော့သေးတာလို့ ...။
ဒီလိုနဲ့ ပုတီးစိတ်၇င်းပြဇာတ်တိုက်ရင်း ၆ညမြောက်မှာ အိမ်ပေါ်ထပ်မှာ...ကြိုးခလုတ်ဖြုတ်တာကို လေ့ကျင့်တော့တာဘဲ..။
ဇာတ်ဆရာရော၊ မန်နေဂျာရော...လူစုံပေါ့...။ကြိုးခလုတ်ဖြုတ်မယ့်သူက ဓမ္မာစရိယ ဘုန်းကြီးလူထွက်...ကျနော့်ဆီမှာ မင်းသားကသင်နေတဲ့ ကျနော့်တပည့်ပေါ့...။ ကြိုးကို ဘယ်လိုချိတ်ရမလဲဆိုတာ သေချာရှင်းပြပြီး...အကြိမ်၂၀ လောက် လေ့ကျင့်လိုက်တာ...အားလုံး ချောချောမွေ့ မွေ့ ဘဲ၊ ဘာပြဿနာမှ မရှိဘူး...။
တစ်ကယ်ကမယ့်နေ့ မှာ ၈၈ အရှိန်ကြောင့် ပွဲမိန့် ကို ညကခွင့်မပေးတော့ ရုံထဲမှာ နေ့ ပွဲ အဖြစ်ကရတာပါ..။မြို့ ပေါ်ပွဲပါဘဲ..။
ပရိတ်သတ်ကလဲ ကျိတ်ကျိတ်တိုးနေတာဘဲ...။ (၇)ရက်မြောက်နေ့ ပေါ့။
ကားဆွဲတဲ့  မောင်ဖြူချေကိုလဲ မှာထားရသေးတာ...ကြိုးဆွဲကျပြီးလို့  အကို့ ခြေတွေလက်တွေတုန်ရင် ကားချခိုင်းတာ မဟုတ်ဘူးနော်...အကို သရုပ်ဆောင်နေတာ...သိချင်းဆုံးမှ ပြည်ဖုံးကားကိုဖြည်းဖြည်းချ...။
ကျနော်က ထောင်ဝတ်စုံတွေ သေချာပြင်ထားပြီး၊ ခေါင်းစွပ်ပါစွပ်ဘို့ မှာနေတော့ ဇာတ်ဆရာမက အတင်းတားပါတယ်...ခေါင်းကို လုံဝ မစွပ်နဲ့  ဆိုပြီး ထောင်ခေါင်းစွပ်ကို လုယူပြီး...ရုံပြင်မှာသွားထိုင်နေတော့တာ...။( သူ ကယ်လိုက်တာပါ....)
ပြဇာတ်ကလို့ ကြိုးချမယ့် အခန်းရောက်တော့ နောက်ခံသီချင်းလဲ ၀င်နေပြီ၊ ကြိုးကိုဖြုတ်ဘို့ နာရီကြည့်နေရင်း ထောင်မှုးရဲ့ ...
“ ဖြုတ်” ဆိုတဲ့ အသံနဲ့ အတူ..ကျနော့်တပည့်ကလဲ “၀ုန်း” ကနည်းနေအောင် ကြိုးခလုပ်ကို ဖြုတ်ချလိုက်ပါတော့တယ်။
“အင့်” ဆိုပြီး လည်ပင်းကို ညှစ်လာတာနဲ့ တစ်ပြိုင်တည်း ကျနော်တန်းသိလိုက်ပါပြီ။ တပည့်ဖြစ်သူ သံချိတ်မချိတ်လိုက်ဘူး....
မှားနေပြီ၊ ငါ ကြိုးတစ်ကယ်ကျပြိ ဆိုတာ တန်းသိပါတယ်...။
အံကိုမနည်းကျိတ်ထားပေမယ့် လည်ပင်းကို ၁ကျပ်လုံး ကြိုးကညှစ်လာတာကို မခံနိုင်ပါဘူး...စကားပြောလို့ မဖြစ်နိုင်ပါဘူး...
ပါးစပ်ကို ဟလိုက်တာနဲ့ ကျနော့်လည်ဆစ်ပြုတ်တော့မယ်ဆိုတာ ကျနော်သိနေတယ်...။လျှာကလဲ အတင်းတိုးထွက်နေတယ်...
ဝမ်းဗိုက်ထဲက အူတေါက အပေါ်ပိုင်းကို ကပ်တက်လာတယ်....သတိမလွတ်သေးပေမယ့် ခြေချောင်းလေးတွေက အကြောတွေ တစ်ကိုယ်လုံးဆွဲပြီး လည်ပင်း နေရာကို တုန်တက်လာပါတယ်..။ လက်ဟန်နဲ့ မောင်ဖြူချေကို ကားချဘို့ လက်ပြလဲ၊ ကျနော်မှာထားတဲ့ စကားနဲ့ ဒီတိုင်းဘဲ ကြည့်နေပါတယ်..။ မျက်စေ့တွေပြာလာပြီး ပါးစပ်က သွေးစ တစ်ချို့ ထွက်လာတာကို ပူနွေးမှုကြောင့် သိလာပါတယ်....ပရိတ်သတ်ရော အဖွဲ့ သားတွေရော ဘယ်သူမှ မသိပါဘူး...။ ကျနော်ဖြစ်နေတာကို သရုပ်ဆောင်နေတာဘဲ ထင်နေကြတာပါ..။
နောက်ဆုံး မူးမိုက်ပြီး...ပြာဝေလာပါတယ်...တစ်ကိုယ်လုံးလဲ အကြောတွေ ဆွဲနေလိုက်တာ တုန်ခါနေတာပါဘဲ...။ကျနော့်ကို ဖက်ငိုနေတဲ့ သရုပ်ဆောင်တွေကအစ လုံးဝ မသိပါဘူး...။
ကျနော့်  နားထဲက သွေးတွေထွက်လာတယ်လို့ သိလိုက်ပြီးတဲ့ နောက် မြင်သမျှ အရာတွေ အားလုံး ဝေး၀ါးလည်ပါတ်လာပြီး....
လူတွေ လန့် အော်တဲ့ အသံ၊ ငိုသံ ၊ပြေးလွှားသံ၊ ဆူဆူညံညံတွေ တဖြည်းဖြည်းတိုးသွားပြီး မှောင်အတိကျသွားပါတော့တယ်..
.........
( ကျနော်နောက်မှသိရတာက ပွဲခင်းထဲမှာ နယ်မြေလုံထိန်း၊ ကိုလှမြင့်နဲ့ ရဲတပ်သား ကိုမောင်လွင်( အစ္စလာမ်ဘာသာဝင်)တို့ ကြည့်နေတာ.
ကျနော်ကြိုးစကျကတည်းက သူတို့ က ဇာတ်ဆရာကို ပြောပြီး၊ ရပ်လိုက်ဘို့ ပြောပါတယ်၊ ကျနော်မျက်နှာ တစ်ချက်မဲတက်သွားတာ သူတို့ သိနေတာပါ...နောက်ပြီ်းနားထဲကပါ သွေးတွေ ထွက်လာတော့ သူတို့ က ပွဲကနေတာကို ခုမရပ်ရင် ခင်ဗျားကို လူသေစေလိုမှုနဲ့ ဖမ်းမယ်ပြောပြီး...ရပ်ခိုင်းတာပါ..ပြီးတော့ တစ်ကယ်ဖြစ်နေတာ..သူ့ ကို ကြိုးဖြတ်ချလိုက်တော့ လို့ အော်မှ လူရွှင်တော် စနေက ကျနော့်ကို ဖမ်းပွေ့ ခဲ့ ပြီး ကြိုးကို ဖြုတ်ချခဲ့ ကြတာပါ..ပွဲလည်းပျက်သွားတာပေါ့)။
.......
.......
အရာအားလုံးဆူညံနေရာကနေ တစ်ပြိုင်တည်း တိတ်ဆိတ်သွားပါတယ်...။ ပြီးတော့ အသံတွေ ဆူညံနေတော့ နားထောင်လိုက်တဲ့ အခါ ငိုသံ၊ ပြေးလွှားသံ ဆူညံနေလို့ သတိဝင်ပြီး ကြည့်မိတော့.... ကျနော်က လေထဲမှာပါ...ဘာကြောင့်လူတွေ ပြေးလွှားအော်ငိုနေတာလဲ သိချင်လို့ ကြည့်မိတော့ ကြမ်းပြင်ပေါ်မှာ လူငယ်တစ်ယောက်လဲကျနေတယ်...လူတွေက ဖက်ငိုနေကြတယ်...ဘေးနားမှာ ဇာတ်ဆရာနဲ့ ထောင်မှုးလုပ်တဲ့ သူကို လက်ထိပ်ခတ်နေကြတယ်...။
ဘယ်သူဘာဖြစ်တာလဲ သိချင်လို့  ကြည့်မိတော့ ငါနဲ့ တူလိုက်တာလို့ ထင်မိပါတယ်...
သူဝတ်ထားတဲ့ အ၀တ်အစား၊ပုံစံ ၊ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားတေါကို ငုံ့ ကြည့်ရင်း...ငါပါလားဆိုတာ သိလိုက်ပါတယ်...။
အံ့သြစရာကောင်းတာက အဲဒီခန္ဒာကိုယ်ကို လုံးဝ မခင်တွယ်ဘူး...၀မ်းနည်းစိတ် မဖြစ်ဘူး....ဥပမာတစ်ခုပေးရရင် ကျနော်တို့ တံထွေး
ကိုထွေးထုတ်ပြီးတဲ့ နောက်...ငါ့ တံထွေးက ဘာအရောင်လဲ၊ ဘယ်သူများတက်နင်းမလဲ မတွေးမိသလို ကိုယ်ထွေးထုတ်တဲ့ တံထွေးကို နှမြောတသ လုံးဝဖြစ်မနေသလိုပါဘဲ...။
အဲဒီရုပ်ကောင်ဖြစ်ပျက်ခံစားလဲကျနေတာကို ဘာမှ စိတ်မှာ မခံစားရပါဘူး...လုံးဝလဲံသံယောဇဉ်မတွယ်ပါဘူး...။
ငိုနေတဲ့ သူတွေကိုလဲ...ဘာဖြစ်လို့ ငိုနေကြတာလဲ၊ ငိုစရာမလိုပါဘူး..လို့ ထင်မိသလို၊ငိုနေလို့ လဲ သနားစိတ် မဖြစ်မိပါဘူး...။
နောက်အရာအားလုံးမှောင်ကျသွားပြီး အသံလုံးဝမရှိသော နယ်မြေသစ်.....။
ကိုယ့်ရဲ့ ကိုယ်က ပေါ့ပါးလွန်းနေသော်လဲ....မှောင်မိုက်တိတ်ဆိတ်လွန်းသော နယ်မြေကြောင့် တစ်ခါမှ မခံစားဘူးသော အားငယ်မှုက
ဖြစ်လာသည်.....။
အလွန်အားငယ်စိတ်ဖြင့်ပါတ်ဝန်းကျင်မှောင်မှောင်ကိုကြည့်နေရင်း အဝေးမှ အလင်းနုနုလေးကို တွေ့ လိုက်ရတယ်...။
အလင်းက မှိန်ပေမယ့် အေးမြနေတယ်...။ ဒီအလင်းကို တွေ့ ရမှ ...ငါအဲဒီအလင်းဆီကိုသွားရမယ်ဆိုတာ သိလာတော့တယ်...။
လွင့်မြောမှုနဲ့ အတူ သွားနေရပေမယ့်...ဝေးကွာလွန်းလိုက်တာလို့ ခံစားရသည်...။ တစ်ဖက်က အားငယ်စိတ် ...
ဒီနေရာကိုရောက်ကိုရောက်မှ ဖြစ်မယ်ဆိုတာ အလိုလိုသိလာတာနဲ့ အမျှ အဲဒီ အလင်းဆီ ကိုဘဲ တိုးတိုးဝင်ဝင်သွားနေရတာ မောဟိုက်လာတယ်...။
အလင်းပိုင်နက်ထဲကိုရောက်လာမှ အလင်းတန်းဟာ လှိုဏ်ခေါင်းလိုဖြစ်နေတာသိလာရပါတယ်....အလင်းက အ၀ါနုနုလေးဆိုပေမယ့် အေးမြပြီး ပိုလင်းလာပါတယ်....နောက်တော့ မြူငွေ့ တွေလိုဖုံးလွှမ်းနေတဲ့ နေရာကို ရောက်သွားပါတယ်...။အံ့သြစရာကောင်းပါတယ်...
အခန်းတွေဟာ မီးခိုးငွေ့ တွေလိုဖြစ်နေပေမယ့် အထဲကိုဝင်လို့ မရပါဘူး.....အခန်းတွေ အများကြီးပါ.. အခန်းတွေထဲမှာ ၀တ်ရုံဖြူတွေနဲ့ သွားနေတာ ထိုင်နေတာတွေ တွေ့ ရပါတယ်...။သွားနေတာတေါက လမ်းလျှောက်စရာ မလိုဘဲ အလိုလို မျောလွင့်နေကြတာပါ...။
ကိုယ်က နေရာ လိုချင်လို့ အခန်းကို ခေါက်ရင် ပါးစပ်က ပြောစရာမလိုဘဲ...စိတ်နဲ့ ဘဲ ပြောရတာပါ..။
သူကစိတ်နဲ့ ပြောတာကိုလဲ ကိုယ်နားလည်သလို ကိုယ့်စိတ်ထဲက ပြောတာတွေကိုလဲ တစ်ဖက်လူတွေက နားလည်နေပါတယ်...။
သူတို့ ဆိုလိုတာက ဒီအခန်းက မင်းအတွက်မဟုတ်ဘူး ဆိုတာပါဘဲ...။
နောက်ထူးခြားတာက တစ်ချို့ စိတ်နဲ့ စကားပြောနေပေမယ့် မျက်နှာပြင်က မှန်တွေလိုဘဲ...မျက်စေ့ နှာခေါင်းပါးစပ်မရှိပါဘူး...
သူတို့ ဘ၀တွေ အရမ်းအေးချမ်းနေပါတယ်....။
ဝေဒနာခံစားရတာတွေ အသံတွေ ဘာမှ မရှိပါဘူး.....။
ကိုယ်တစ်ယောက်ထဲ ဘယ်သွားရမှန်းမသိဖြစ်နေစဉ်မှာဘဲ ၀တ်ရုံဖြူနှစ်ယောက်က ကျနော့်လက်မောင်းကို တစ်ဖက်ဆီဆွဲပြီး...
တစ်နေရာကို လေထဲမှာလွင့်ပြီး ခေါ်သွားတာပါဘဲ..။
မြူငွေ့ တွေနဲ့ ဖွဲ့ စည်းထားသော ခန်းမတွင်းရောက်လာတဲ့ အခါ ပါဝါ အကြီးဆုံးပုဂ္ဂိုလ် ကို ထိုင်နေရက်တွေ့ ရတာပါ...သူ့ ဘေးနားမှာ ၀တ်ရုံဖြူတွေနဲ့ ၅ယောက်လောက်ရှိပါတယ်...ကိုယ့်စိတ်ထဲမှာ အားငယ်စိတ်နဲ့ မျက်ရည်ကျလာပါတယ်...တစ်ပြိုင်တည်းကြမ်းပြင်မှာဒူးထောက်ထိုင်ချမိပါတယ်...။ နောက်တော့စိတ်နဲ့ ဘဲ မေးဖြေပါတော့တယ်...
“ မင်းနာမည်.....”
“ ..........ဇော်....ပါ” ( ကျနော်က ဇာတ်မင်းသားနာမည်ကိုဘဲဖြေတာပါ)
“နာမည်ပြော....”
တစ်ခြားအမည်...ဥပမာ ကျောင်းနာမည် အိမ်နာမည်တွေပြောလဲ....လက်မခံပါဘူး....။
နောက်မှ ဘေးက ပုဂ္ဂိုလ်တစ်ဦးက “ ဇာတာထဲက နာမည်အမှန်”
“ ကျော်စွာ”
ဒီအခါမှမှန်တဲ့ အနေနဲ့  ဘေးကို ပြောလိုက်တော့...ကျနော့်အမည်နဲ့ ရေးမှတ်ထားတဲ့ စာအုပ်ထူ ကြီးတွေ လာပေးပါတယ်....။
ကြောက်စရာ ကောင်းလိုက်တာဗျာ....
သိတတ်ကတည်းက မနေ့ ကအထိ ပြုလုပ်ခဲ့တာတွေ ရေးထားတာ...ငယ်ငယ်က ပုရွက်ဆိတ်လေးတွေ သတ်ခဲ့ တာ...ဒါးခုတ်ကောင်လေးတွေကို ခြေချိုးခဲ့တာကအစ....ပြုလုပ်ခဲ့သမျှကို တစ်ယောက်ကဖတ်ပြတော့....ကျနော်အပြစ်တွေကို တွေးပြီး...
ရှိုက်ကြီးတငင်ငိုမိတော့တာပါဘဲ...။ ကျနော်ငိုနေမှ.... ပါဝါအကြီးဆုံ ပုဂ္ဂိုလ်က....
“ မင်းကို ဒီဘုံ...ဒီနေရာကနေ တာဝန်တွေပေးပြီးလွှတ်ခဲ့တာ...မင်းမေ့နေတယ်...မင်းမကောင်းမှုတွေဘက်ကို သွားနေပြီး....
ဒီနေရာ ဒီမိဘတွေရဲ့ သားသမီးဖြစ်ပေမယ့် ဒီလို အမှားတွေ ဆက်လုပ်နေရင်၊ မင်းတာဝန်ကိုရပ်ဆိုင်းပြီး ပြန်ခေါ်ရတော့မယ်...
ပြီးတော့ မင်းဒါဏ်ခတ်ခံရတော့မယ်.....မင်းကို ခေါ်သတိပေးတာ....မင်းယူထားတဲ့ တာဝန်မင်းသိလာပါလိမ့်မယ်.....။ မင်း လူတွေကို ကယ်ရဦးမယ်...ဘ၀ဘ၀က ဆွေမျိုးတော်စပ်ဘူးသူတွေကို လဲ မင်း ဖြည့်ဆည်းကူညီရဦးမယ်....မင်းစဉ်းစားပါ....”
သူ့ စကားဆုံးတာနဲ့ တစ်ခန်းလုံးတိတ်ဆိတ်သွားတာပါဘဲ.....။
ကျနော် နောင်တတွေရနေပါတယ်....၀မ်းနည်းနေပါတယ်....။
“ မင်းဆုံးဖြတ်ပြီးပြီလား....”
“ ကျနော် ကတိပေးပါတယ်...ကျနော်မှားခဲ့ပါတယ်”
“ဒါဆို မင်းပြန်တော့......”
“ ကျနော် ပြန်လို့ မရတော့ဘူး....ကျနော် သေဆုံးခဲ့ ပြီးပါပြီ”
“ မင်းကို အပြီးပြန်ခေါ်တာ မဟုတ်ပါဘူး....ခေါ်ပြီး သတိပေးတာပါ...မင်းပြန်လို့ ရပါတယ်...”
“ ကျနော် မပြန်ချင်တော့ဘူး.....လူတွေကို ကြောက်တယ်..သူတို့ သိပ်ရက်စက်ကြပါတယ်...”
“ မပြန်လို့ မရဘူး...မင်းတာဝန်တွေရှိနေတယ်..” (သူ့ အသံနဲနဲမာလာပါတယ်....)
ကျနော်က မပြန်ပါရစေနဲ့ တော့လို့ တောင်းပန်နေတုန်းမှာဘဲ .....
“ သူ့ ကို ပြန်ပို့ လိုက်” ဆိုတဲ့ အသံနဲ့ အတူ... ကျနော့်ကို ၂ယောက်က ဆွဲယူလိုက်တာနဲ့  မြင်နေရတဲ့  မြင်ကွင်းတွေ အားလုံး ပျောက်ကွယ်သွားပြီး....
ကျနော် လဲကျနေတဲ့ နေရာအနားကို ပြန်ရောက်လာပါတယ်...ကျနော်က ခန္ဒာကိုယ် အဟောင်းထဲကို မ၀င်ဘဲ လှည့်ပြန်မယ်လုပ်တော့
ဝတ်ရုံဖြူတစ်ဦးက ကျနော့်ရင်ဘတ်ကို ခတ်ဆတ်ဆတ်လေးတွန်းလိုက်တာနဲ့ ကျနော့်ရုပ်အလောင်းဆီကို လဲကျပြီး....
“ အင်းး...”လို့ ငြီးတွားမိရင်း မျက်လုံးဖွင့်လိုက်တာနဲ့ ...ဘေးနာကနေ လန့် ပြေးသူပြေး ဖက်ထားသူဖက်ထားနဲ့ ငိုသူတွေနဲ့ ၊ ၀မ်းသာအား၇အော်လိုက်သံတွေ ကြားပြီး သတိရလာပါတော့တယ်...။
တစ်ချို့ က မကောင်းတာဝင်စီးတယ်ထင်ပြီး... ရေမန်းတွေနဲ့ ပက်ကြပါတယ်...နောက်အဘွားကြီးတစ်ချို ကြ ....ဇော် သတိလည်လာပြီလို့ ပြောမှ...သူများတွေ အားလုံး ၀မ်းသာအားရဖက်ငိုကြတာပါ...။
လည်ပင်းတစ်ခုလုံးနာနေတယ်...။ တံထွေးတောင်မျိုချလို့ မရပါဘူး....ဘေးမှာဆရာဝန်တစ်ယောက်နဲ့ သူနာပြု တစ်ယောက်၊ ဆေးစစ်ချက်ယူနေကြရာက အံ့သြပြီး ကြည့်နေပါတယ်...။
ဆရာဝန်ကတော်တော်အံ့ာသနေခဲ့တယ်...။ ကျနော် ကြိုးဆွဲကျပြီးချိန်မှာ အသက်လုံးဝမရှု၊ နှလုံးမခုန်ဘူးလို့ ပြောပါတယ်...။
ကျနော်စဖြစ်ချိန်ကနေ သတိရချိန်အထိ ၄ နာရီ နီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်....။
နောက်တော့ ရဲကို အမှုပိတ်ပေးဘို့ ကျနော်ကိုယ်တိုင်လက်မှတ်ထိုးပေးရပါတယ်...ဘာလို့ လဲဆိုတော့ ဇာတ်ဆရာနဲ့  ထောင်မှုးလုပ်တဲ့ ကျနော့်တပည့်ကို လူသေမှုနဲ့ အချုပ်ထဲ ထည့်ထားလို့ ပါဘဲ...။
ဇာတ်ဆရာက တော့ ငါ့ကိုထောင်မကျစေချင်ရင်ဒီပြဇာတ်မလုပ်ပါနဲ့ တော့လို့ ပြောပါတယ်...။
ကနော့်တပည့်ကလဲ ငိုတာပါဘဲ....“ အကို့ကို ကျနော် သတ်တာ...ကျနော် မှားခဲ့တာပါ။ကျနော့်စိတ်ထဲမှာ သံချိတ်ကိုချိတ်လိုက်မိတယ်ဘဲထင်နေခဲ့တာပါလို့ ပြောပါတယ်...။
ကျနော်သူ့ ကို ယုံပါတယ်...မာန်အောင်ဘဲပြန်တော့မယ်လုပ်နေလို့ မနည်းတား၇ပါသေးတယ်..။
...........
ဒါပထမအကြိမ် သေရွာက ပြန်လာခဲ့ ရတာပါ....မယုံနိုင်စရာတွေ အများကြီးပါ...ဒိုင်လျှိုပြီးလည်းချန်မရေးချင်လို့ အမှန်အတိုင်းရေးထားတာပါ...။ ပြောမယုံ၊ကြုံဘူးမှ သိ” ဆိုတဲ့ စကားရှိပါတယ်...။
မယုံနိုင်စရာကို ဘာလို့ ရေးလဲဆိုရင် သေခြင်းတရားက လူတိုင်းကြုံရမှာပါ....။
သေခြင်းက ကြောက်စရာ မကောင်းဘူး....သေလွန်ပြီးတဲ့ နောက်ကဘဲ ကြောက်စရာကောင်းတာပါ...။
ရင်ဆိုင်ရမယ့် ဘ၀သစ်နယ်မြေသစ်တွေကို သိစေချင်လို့ ပါ.။ တစ်ချို့ ကိစ္စတွေက ကျနော့်ကိုယ်ပိုင်ကိစ္စတွေပါ....။
နောက်ကြုံ၇င် တာဝန်ကျလာတယ် ဆိုတာကို ရေးပါဦးမယ်....။
ဒါပေမယ့် အားလုံဒီနေရာကိုဖြတ်ရပါလိမ့်မယ်.....
မိမိ ဘာတွေ လုပ်ခဲ့ လဲ...
ဘာတွေလုပ်နေလဲ.....
ဘာလုပ်ဦးမလို့ လဲ...ဆိုတာ...ကိုယ်တိုင်ဘဲ သိကြမှာပါ...။
ဒီပို့ စ်လေးကို ဖတ်ပြီး...တစ်ခုခုကိုတော့ သတိရနေစေချင်ပါတယ်....။
ဒါကတော့ ကိုယ့်ကို အမြဲ ချောင်းနေသော....သေခြင်းတရားပါ..။

လေးစားလျှက်
သစ်နက်ဆူး