Thursday, February 11, 2010

မောင့်ဂွက်ကိုရှာ

မောင့်ဂွက်ကိုရှာ ဆိုလို့  ဘာ...ဘာသာစကားကြီးပါလိမ့် လို့  မတွေးလိုက်ပါနဲ့ ဦး...ရေးတော့အမှန်..ဖတ်တော့ အသံလို့ ဆိုစကားရှိတယ်မဟုတ်လား...။
အသံထွက်အတိုင်းရေးထားလို့ ပါ..
ပြောချင်တာက မောင့်ကွက်ကိုရှာ..။
ဒီလို... လူဆိုတာက မှားတတ်ပါတယ်..မှားနေတာကို အမှန်သိတဲ့ လူက ထောက်ပြပြောဆိုခဲ့ ရင် ပြင်သင့်တယ် မဟုတ်လား..။
ပြောတဲ့ လူက ပြောပေမယ့် ပြုလုပ်ပြောဆိုသူက မပြင်ရင်တော့...တမျိုးကြီးပေါ့။
မနေ့ က Burmese classic ဖျော်ဖြေတင်ဆက်မှုမှာ မနီနီဝင်းရွှေသီချင်းသိဆိုမှုကို နားထောင် ခံစားမိတယ်..။
မှတ်မှတ်ယယ နီနီဝင်းရွှေကို မန္တလေးက ဦးဘသိန်းရေးပေးတဲ့ “ ကိုယ်လိုချင်သောပန်း” ဆိုတဲ့ သီချင်းနဲ့ သူအနုပညာကိုတော်တော်လေး လေးစားစွဲလန်းခဲ့ ဘူးပါတယ်.။
ထို့ အတူဘဲ မေ့ကွက်ကိုရှာ..သီချင်းကိုလဲ ကြိုက်ခဲ့ တာဘဲ..။
ညက နားထောင်ပြီး မနက်၆ နာရီ အလုပ်မသွားခင် အိမ်မှာ ကော်ဖီသောက်ရင်းနဲ့ ရခိုင်မှာ ကခဲ့ တုန်းက အတွေ့ အကြုံလေးကို တွေးရင်း ရယ်မိတယ်..ပြီးတော့ မဒမ်ဆူးကိုပါပြောပြပြီး ၂ယောက်သား ထပ်ရယ်မိပြန်ရော...။
ကျနော် ရခိုင်က ဦးကျော်နုဖြူဇာတ်မှာ ၁နှစ်ကတော့ သူ့ ချွေးမက ရှိုးဆိုတယ်...မြန်မာသံအစီအစဉ်မှာ သူက ၀င်ဆိုတာပါ..
အဲဒီတုန်းက အဆိုတော်လွှမ်းမိုးရဲ့ ပွဲကြိုက်ခင် စီးရီးက ရခိုင်အထိအောင်ကို ပေါက်တာ..။
ဒီသူငယ်ချင်းမက မြန်မာသံအစီအစဉ်မှာ ၀င်ဆိုရင်း ..
“အခု ကျမသီဆိုမယ့် တေးသီချင်းကတော့ “ မောင့်ဂွက်ကိုရှာ” ဖြစ်ပါတယ်ဆိုတော့..။
ကိုယ်ကလဲ မကြားဘူးတော့ နားထောင်နေတာပေါ့...ဆိုမယ့်ဆိုတော့....မေ့ ကွက်ကိုရှာ သီချင်းဖြစ်နေရော...။
သူပြန်ဆင်းလာတော့ သူ့ ယောကျာင်္းကိုရော သူ့ ကိုရော ပြောပြရတာပေါ့..စာသားမှားနေတယ်..
မေ့ ကွက်ကိုရှာ လို့ ဘဲ ဆိုရမယ်ဆိုတော့ သူတို့ လင်မယားက အတင်းကိုငြင်းတော့တာဘဲ..။
လွှမ်းမိုး ခွေကိုတောင် ကက်ဆက်နဲ့ ဖွင့်ပြလိုက်သေးတယ်...။
“တွေ့ လား....လွှမ်းမိုး ကယောင်္ကျားအနေနဲ့ဆိုတော့ သူ့ ချစ်သူကိုမေ လို့ သုံးတယ်... သံစဉ်နဲ့ ဆိုတော့ မေ့ကွက်ကိုရှာဖြစ်တာပေါ့...အခု
ကျနော့်မိန်းမဆိုတော့ မိန်းကလေးက သူ့ ချစ်သူကို မောင်လို့ သုံး၇မှာလေ..”
ခက်ပြီ...သီချင်းထဲက မေ့ ကွက်ကိုရှာဆိုတာ မောင်နဲ့ မယ်( မေ)ကိုဖော်ညွှန်းတာမဟုတ်ဘူး..မေ့ ပျောက်နေတာ မေ့ သွားတာ ..မေ့ နေတာ...မေ့ ပစ်ဘို့ အကွက်ရှာ တာ...ဒါကိုတင်စားတာပါလို့ ပြောတော့ သူတို့ လင်မယားက သူတို့ အဖေဇာတ်ဆရာကိုပါခေါ်လာပြီး ငြင်းတော့တာဘဲဗျာ...။
ကိုယ်လဲ ပြောမရတဲ့ အဆုံး...ကဲ...နင်ဆိုချင်သလိုသာဆိုဟာလို့ ပြောုပီး လက်လွှတ်လိုက်တာပေါ့..။
ကိုယ်က ပြောပြရင်းတီးခေါက်ပြောဆိုကြည့်တော့ လင်မယား၂ယောက်လုံးက အတန်းပညာ ဘာမှမရှိသလောက်ဘဲ...သူ ဆိုမယ့်သီိချင်းကို သူ့ ယောင်္ကျားကဖတ်ပြီး နူတ်တိုက်ချပေး..သို့ မဟုတ် ကက်ဆက်နားထောင်ပြီိး ကျက်ရတာကိုး..။
ဘာဘဲပြောပြောသူ့ အရပ်နဲ့ သူ့ ဇာတ်ကတော့ ဟုတ်နေတာဘဲ.။
ရခိုင်တွေကလဲ မြန်မာသံကြိုက်တယ်ဆိုတော့ ဆုငွေတွေကလဲ ကျပါတယ်..။
သူကလဲ ဆိုမှဆို ...ဆုကျလေဆိုလေ..ကျနော်ထင်တယ် ဆုချတဲ့ သူတွေကလဲ သေချာနားထောင်ပုံမရပါဘူး..။
သူကလဲ တခါတခါဆို ...၁ညမှာ ၂ပြန်လောက်ကို မောင့် ဂွက်ပစ်တာ...။
အဲဒီနှစ်က ဇာတ်ရာသီ တချိန်လုံး ဒီသူငယ်ချင်းမ မောင့်ဂွက်နေတာဗျာ....
မှားနေတာမှန်းသိနေတဲ့ ကိုယ့်မှာ...” အခု ကျမဖြေဖျော်ပေးမယ့် မြန်မာသံ တေးသီချင်းလေးကတော့.....ဆိုတာနဲ့ နားစိတ်ညစ်တော့တာဘဲ...။
မှားနေပါတယ်လို့ ပြောပြတာကိုလဲ လက်မခံဘူး... အမှားကိုလဲ ၀န်မခံရဲဘူး
အမှားကိုပြင်ဘို့ လဲ အသိဥာဏ်မရှိဘူး
ဒီကလေးမ မှားပေမယ့် ပွဲကြည့်ပရိတ်သတ် အနည်းငယ်လောက်ကိုဘဲ စိတ်ညစ်စေတာ..။
ညနေ ၃း၃၀မှာအလုပ်ကပြန်လာတော့ နီနီဝင်းရွှေ သီချင်းကိုပြန်နားထောင်ရင်း မှေးကနဲ အိပ်ပျော်သွားတာ...
အိမ်မက် ထဲမှာဗျာ...
ကျောက်စိမ်းအိမ်တော်ကြီးထဲမှာ ဗိုလ်သန်းရွှေက သီချင်းတပိုဒ်ကိုထပ်ခါထပ်ခါ အော်ဆိုနေတာဗျာ...အောက်ကလိအာသံကြီးနဲ့ ..
........
“ မောင့်ဂွက်ကို...ရှာသူရေ..............” တဲ့ ။
အိပ်မက်ကနိုးလာတော့ တွေးမိသေးတယ်...
ဒီလူကြီးကို ဒေါ်ကြိုင်ကြိုင်များ စာသားအမှားတွေ နုတ်တိုက်ချပေးထားတာလားလို့ ။



သူငယ်ချင်း မြစန္ဒာရေ...အမှတ်တယပေါ့...။
သစ်နက်ဆူး

Monday, February 1, 2010

“၉၇ ”ပါးရောဂါ

“၉၇”ပါးရောဂါ ဆိုတဲ့ အမည်လေးနဲ့ မန္တလေးသိန်းဇော်( ကို) ဇာတ်ပွဲမှာ ပြဇာတ်တွေရေးခဲ့ ဘူးတဲ့  ဆရာဝင်းစည်သူက
ဝတ္တုတိုလေးတစ်ပုဒ်ရေးဘူးတယ်..။ ဖတ်ရင်းနဲ့ ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ ဘူးတဲ့ လုံးစိမ်း( ဇာတ်စကားပါ..အဓိပ္ပါယ်က ဇာတ်ထဲစရောက်ပြီး ပိုးဝင်ကာစ သိပ်ကို ကချင်နေတဲ့ အနူပညာ ဘောက်ဖတ်လေးတွေ ၊ပိုးတုံးလုံးလေးတွေကို ခေါ်တာပါ)
ဘ၀လေးကို ပြန်တွေးပြီးအူထဲမှာ တခွိခွိနေအောင် ရယ်မိတဲ့  ၀တ္တုလေးပါ...။
အနုပညာပိုးဝင်သွားပြီးရင် ကုသဘို့ ထုံး မရှိလို့  ၉၆ပါးရောဂါအပြင် ရောဂါသစ်တခုအနေနဲ့ ဆရာက တင်စားပြိးရေးခဲ့ တာပါ..။ မူရင်းဝတ္တုကို ၁၀ခါကျော်အောင်ပြန်ဖတ်ဖြစ်ပါတယ်..မူရင်းကတော့ ရှာလို့ မတွေ့ ပါ..ရရင်တော့ ပေးဖတ်ချင်ပါတယ်..။
အခု ၉၇ပါးရောဂါသည်လေးတွေ တင်ပေးလိုက်ပါတယ်..။
ကျနော်ကတော့ ၉၇ပါးကျော်ပြီး ၁၀၀တောင် ပြည့်ချင်ချင်ဖြစ်နေလို့  နားနေပါဦးမယ်..။







သစ်နက်ဆူး