Saturday, September 27, 2008

“သံယောဇဉ်”


သံယောဇဉ် (၁)

သံယောဇဉ် (၂)

သံယောဇဉ် (၃)
ဒီပို့ စ်လေးကို သံယောဇဉ်လို့ ဘဲ အမည်ပေးထားပါတယ်....စကားလုံးလေး ၃ လုံးထဲပေမယ့် လေးနက်လွန်းလှပါတယ်...
ဒီဘလော့ဂ်လေး ဖြစ်ပြီးမှ တစ်ခါမှ မမြင်ဘူး မတွေ့ ဘူးသူ..တွေနဲ့ မထင်မှတ်ဘဲ ခင်မင်ကြတယ်၊
အကိုဖြစ်ချင်ဖြစ်မယ်၊ ညီဖြစ်ချင်ဖြစ်မယ်...အမ၊ ညီမလေးတွေ ဖြစ်ချင်ဖြစ်မယ်...ဒါပေမယ့်  ခင်ခဲ့ ကြတယ်...
ပေါ့ပေါ့တွေးရင် ပေါ့ပေါ့လေးပါ...။လေးလေးနက်နက်တွေးရင်တော့ “ဘုရားရှင် ဟောခဲ့ တဲ့  ၃၁ဘုံ အတွင်းမှာ ကျင်လည်နေသေးသမျှ အမိ၊အဘ၊ ဆွေမျိုး မောင်နှမ မတော်စပ်ဘူးသူ မရှိ”ဆိုတဲ့ စကားလေးကို လေးလေးနက်နက် တွေးမိပါတယ်..။
နေထိုင်ကြတဲ့ နေရာတွေ အဝေးကြီးကနေ ဘာကြောင့် စိတ်တွေ နီးနီးလေး ဖြစ်နေ၇တာလည်းလို့ တွေးရင်း...........
ဒီပို့ စ်လေးကို ရေးတင်ဖြစ်ခဲ့ တာပါ...။
ကျနော်...အကိုတွေ အမတွေကို ချစ်တယ်..........
ညီလေး ညီမလေးတွေကို ချစ်တယ်.........
အားလုံးပျော်ရွှင်နေပါစေလို့ ဆုတောင်းလိုက်ပါတယ်...။
ဒီပန်းချီကားတွေက တစ်ကားမှ မရှိတော့ပါဘူး...မှတ်တမ်းထားတာလေးတွေကို ပြန်ရှာပြီး တင်လိုက်တာပါ...။
သစ်နက်ဆူး

6 comments:

... said...

ဒီ post လေးအရမ်းလှသလို
ပန်းချီလေးတွေလဲ လှတယ်...

ဂျစ်တူး - gyit_tu said...

ပန်းချီလေးတွေကို နှစ်သက်စွာကြည့်သွားပါတယ် ။ ဒီပန်းချီတွေက တကယ့်လူတွေကို ကြည့်ဆွဲခဲ့တာလား စိတ်ကူးနဲ့ ဆွဲတာလား ။

ကိုဆူးဆီမှာ မိန်းကလေးပုံ ရှုခင်းပုံ pencil sketch လေးတွေရှိရင် တင်ပေးပါဦး ။

Moe Cho Thinn said...

ပန်းချီလဲတော်ပြန်ပါရော။
တို့လဲ ပန်းချီဆွဲဖူးပါတယ်။ ကလေးဆွဲသလို ပန်းချီပိကျိလေး တွေပါ။ တို့ဆွဲတာဆိုတော့ လူတွေက အံ့သြလို့။ သူတို့ထင်ကြတာ ၃ နှစ်ကလေးလေး ဆွဲတာ ထင်လို့ တဲ့ အဟဲ..။

တို့တွေလဲ မမြင်ဖူး မတွေ့ဖူးပေမဲ့ ကိုယ့်မောင်နှမအရင်းတွေလို ခင်မင်ကြပြီး ဘလော့ဂ်ပေါ်မှာ တွေ့ဆုံကြရတာ ဘယ်လို ဘ၀ ရေစက်ပါလိမ့်လို့ တွေးနေမိတယ်။

pandora said...

ပန်းချီကားတွေ လာကြည့်သွားပြန်ပါတယ်။ ဆွဲတတ်ချင်ပါတယ်။ (ဒါပေမယ့် နည်းနည်းတော့ ပျင်းနေတာ ခက်တယ်။)

Taungoo said...

ko sue
I've seen your no. 2 pic.
But I don't remember where it is.

TNS said...

အားလုံးကို ကျေူဇူးပါ....ဒီပုံလေးတွေက ဓါတ်ပုံကတစ်ဆင့် ပြန်ဆွဲရပါတယ်....မထင်မှတ်ဘဲ ရတာလေးတွေကို ရိုက်ရတာပါ...
အပြင်မှာဆို ပုံ မပြီးမချင်း အကြာကြီးနေမပေးနိုင်ဘူးလေ....။
ကိုတောင်ငူရေ....
တွေ့ ဘူးတာ မှန်ပါတယ်...မ၉၉စနေဆီမှာ သူ...
ကျမရဲ့ မောင်လေး....ပို့ စ်မှာ သူ တင်ဘူးတယ်....။