Wednesday, September 24, 2008

“ ရွှေရောင်အိပ်မက်”



မြတ်ဗုဒ္ဓသို့ ဆည်းကပ်ခြင်း ပို့ စ်တွင် အိပ်မက် အကြောင်းလေးကို မြှုပ်ထားခဲ့ ပါသည်...။ အိပ်မက်ဆိုတာက အမျိုးမျိုး မက်ကြသော်လည်း ယုံနိုင်စရာရှိသလို မယုံနိုင်စရာများကိုလည်း မက်တတ်ကြပါသည်...။ တစ်ခြားသူတို့ အား ပြန်ပြောလျှင်လည်း
ယုံချင်ယုံ မယုံချင်နေ...ဒါအိပ်မက်ပါ ဟု ပြောလည်းရသလို... အရေးမကြီးပါဘူးကွာ....ဒါကအိပ်မက်ပါ..သိပ်အစွဲအလမ်း မကြီးပါနဲ့ ဟု
ဖြေပြောလို့ ရတဲ့ အိပ်မက်တွေလည်း ရှိပါသည်....။
ကျနော့်အိပ်မက်သာလျှင် အင်မတန်ထူးခြားပါသည်ဟု ကျနော် မပြောလိုပါ..။ ဒါပေမယ့် လူငယ်တစ်ယောက်၏ ရှာဖွေနေသောကာလ၊ အချိန်၊ ဘ၀တစ်ခုကို ပြောင်းလဲဘို့  အတွေးဝင်နေချိန်၊ မသိနားမလည်မှုတို့ ကို စူးစမ်းနေချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် မက်ခဲ့ ရသော အိပ်မက်ကတော့ ဘ၀တစ်ခုလုံးကို ပြောင်းလဲ သွားစေခဲ့ တာတော့ အမှန်ပင်ဖြစ်ခဲ့ ပါသည်...။
စာဖတ်သူများ ယုံလျှင်လည်း ရပါသည်၊ မယုံပါ ဆိုလည်း ပြန်လည် ချေပရန် စကားမရှိပါ...။ ဒါ အိပ်မက်ပင်..။
ဒီ အိပ်မက်ကို မပြောခင်မှာတော့ ၇တန်းစတက်ကာစ အချိန်က မြတ်ဗုဒ္ဓ ပုံတော်ပန်းချီကားကို ပြန်ပြီး အစကောက်ရပါလိမ့်မည်...။
ဘုရားပုံတော်များ၊ ပြက္ခဒိန်များကို တွေ့ ဘူးသော်လည်း အမှုမဲ့ အမှတ်မဲ့ သာ ဖြစ်ပါသည်...မရေးဆွဲဘူးပါ..။
ကျနော်ငယ်ငယ်လေးနဲ့ ပန်းချီဆွဲတော်တာကို တစ်မြို့ လုံး သိပါသည်...တစ်ရပ်ကွက်လုံးလည်း သိပါသည်...။
ကျနော် တစ်ညနေ စာအုပ်တွေ လိုက်သိမ်းနေစဉ် ( အိမ်က စာအုပ်ဆိုင် မှ ဌားထားသော စာအုပ်များ) အသက် ၇၀ လောက်ရှိသော..
အဘွားအို တစ်ဦးကို လမ်းတွင်ဆုံပါသည်...သူက ကျနော့်ကို စောင့်နေတာပါ..။ အဘွားကို ကျနော်သိပါတယ်...သူ့ သားက အထည်ဆိုင်ကြီးဖွင့်ထားတယ် ..ပိုက်ဆံ ရှိတယ်။။ ဒါပေမယ့် အမေကိုတော့ တဲသေးသေးလေးမှာ ထားတယ်..ပစ်ထားတာပါ..။
အဘွားက “ ဟဲ့ ကောင်လေး...နင်မဟုတ်လား ပုံဆွဲတာ” လို့ စ” မေးပါတယ်..ကျနော်က ဟုတ်တယဲ့ အကြောင်း ပြန်ပြောပြတော့ ..သူက ပြက္ခဒိန် တစ်ခု ဖြန့် ပြပါတယ်....ဗုဒ္ဓ ဘုရားပုံပါ...။
ကျနော်ကလည်း အဘွား ဒီပုံက ဘာလုပ်ဘို့ လဲ..ကျနော်က မွတ်စလင်..တယောက်နော် လို့ ပြောတော့...
အဘွားသိပါတယ်တဲ့  ဒီပြက္ခဒိန်က ခေါင်းရင်းအိမ်က ဌားလာတာတဲ့ ...ဘုရားပုံတော် ဘုရားစင်မှာ ချိတ်ပြီး ပူဇော်ချင်တာ ..အဘွားမှာ စားဘို့ တောင် မလွယ်လို့  ပြက္ခဒိန် မ၀ယ်နိုင်ဘူးတဲ့ ..ငါ့  မြေး အဘွားကို ဆွဲပေးပါလားတဲ့ ..။
ကျနော်စိတ်မကောင်းဘူးဗျာ...တစ်ကယ်ပါ..။ ကျနော်စဉ်းစားတယ်...ဒါ ပြသနာ တက်နိုင်တယ်...လူရိုးရိုးပုံတောင် ဆွဲတာကို အိမ်က ကြိုက်တာ မဟုတ်ဘူးလေ.. အခုဟာက တစ်ခြားဘာသာရဲ့ ဘုရားပုံ..ကျနော့်အတွက် မလွယ်ပါဘူး...။
ကျနော် အဖြေမပေးနိုင်ဘဲ စဉ်းစားနေတုန်းမှာဘဲ...“ အဘွား..ဘုရားပုံတော် မကန်တော့ရတာ ကြာပါပြီကွယ်...ဆွဲပေးပါ ခလေးရယ်”
လို့  ပြောပါတယ်...။
ကဲ ..ဖြစ်ချင်တာဖြစ်ကွာ...။
“ ပေးအဘွား ..ဒီညဆွဲပြီး မနက်ဖြန် လောက်လာပေးမယ်...ဟုတ်လား” လို့ ပြောပြီး ပုံတော်ပြက္ခဒိန်ကို လိပ်ပြီး ရင်ဘတ်ကြား ထိုးထည့်ပြီး ယူခဲ့ ပါတယ်...။
ညရောက်တော့ အားလုံး အိပ်ချိန်ကျမှ ဘုရားပုံတော်ကို ကျနော် စဆွဲရဲပါတယ်....တညထဲ အပြီးရေးလိုက်တာပါ...။ တော်လွန်းလို့ မဟုတ်ပါ..ပြသနာ ကြီးတာ သိလို့ ပါ....။
ည ၂နာရီလောက်မှာ ပြီးသွားပြီး ..အိပ်ယာဝင်ဘို့ လုပ်ပါတယ်...အဲဒီမှာ ပုံထားဘို့ ခက်တာပါဘဲ...အခါတိုင်းလူပုံနဲ့ 
တခြားပုံတွေ ဆွဲပြီးရင် ဘေးမှာ၊ ထားတတ်ပေမယ့် ...ဘုရားပုံတော်ကို ဘေးမှာ ကျနော်မထားသင့်ဘူးဆိုတာတော့သိပါတယ်...နေရာကလည်း ခက်နေတယ်...။
ဒါနဲ့ ဘဲ ကျနော့် ခေါင်းရင်းမှာ ထောင်ထားပြီး အိပ်ခဲ့ တာပါ....။
.....။။။။.......
ခြေထောက်နဲ့ ဆောင့်ကန် လို့ နိုးလာတဲ့ အခါ ...အဖေ့ကို ဒေါသတကြီးနဲ့ တွေ့ ရပါတယ်..ကိုယ်ကလည်း အိပ်ချင်မူးတူးနဲ့  ဘာဖြစ်လို့ ဖြစ်မှန်း မသိပါဘူး....နောက်မှ အဖေ နားရင်းကို ရိုက်ထည့်လိုက်မှ မျက်လုံးက လန့် ပွင့်သွားတာ...။
ကျနော်ထင်တဲ့ အတိုင်း ပြသနာ တက်ပါပြီဗျာ...။ ဘာလုပ်တာလဲ ၊ဘယ်ကပုံလဲ၊ ဘယ်သူဆွဲခိုင်းလဲ၊ မေးတာစုံနေတာဘဲ...
ကျနော် အကြောင်းစုံ ပြောပြပါတယ်...အဘွားကို သနား လို့ ပါ ဆို တော့....ပုံကိုတော့ ဘာမှ မလုပ်ပါဘူး....
ခုချက်ခြင်း ဖြုတ် ၊ ပြီးရင် သွားပေးပြီး မင်းချက်ခြင်းပြန်လာတဲ့ ..။
ပုံတော်လေးကို သွားပေးတော့ အဘွားကတော့ ၀မ်းတွေသာနေတာ...ဆုတွေတောင်ပေးသေးတယ်...။
ဘာပြောကောင်းမလည်းဗျာ ပြန်ရောက်တာနဲ့  အကို ၂ယောက်ကို တိုင်မှ ကြိုးတုပ်ခိုင်းတာ..ကျနော်လုံးဝ မရုန်းရဲပါဘူး။
ကြိုးချည်ပြီးတာနဲ့ အဖေက ပြောနေရင်းက အမှတ်တမဲ့နဲ့ ကျနော် ဗိုက်နေရာကို ၀ါးရင်းတုတ်နဲ့ ဆောင့် ထိုးပစ်လိုက်တာဗျာ...
( အဖေ အဲဒီတုန်းက တော်တော်ရက်စက်တာ...ကျနော် ပါးစပ်ကပြန် အန်ထွက်ပြီး...အော်တောင် မအော်နိုင်ပါဘူး)။
ပြီးမှ ကြိမ်နဲ့ ရိုက်တာ အချက်ပေါင်း မနည်းဘူး...။
အဲဒီဒါဏ်ရာတွေနဲ့ ဘဲ ကျနော်တွေးတာပါ...
“ မြန်မာတွေ ကိုးကွယ်တဲ့  ဗုဒ္ဓ ဟာ သူတော်ကောင်းပါ...ဘာကြောင့် သူတို့ ဒီလောက်မုန်းနေတာလဲ...”
“ ဗုဒ္ဓ ဘုရားဆိုတာ ဘာလဲ”
“ဘာတွေများ တို့ ဘာသာနဲ့ ကွာခြားနေလို့ လဲ”...စတဲ့  အတွေးပေါင်းများစွာ ၀င်ခဲ့ ပါတယ်...
ကျနော့် ဘ၀မှာလည်း ဒိလောက် အသားနာမှတော့ ဒီအဖြစ်အပျက်ဟာ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲဗျာ...။
.....ကျနော် လဲ တစ်ဖက်လှည့်နဲ့ စုံစမ်းပါတယ်...သိပ်ပြည့်ပြည့်စုံစုံ မသိရပါဘူး...။
ဒီိလိုနဲ့  ဘော်လုံးကန် ပြီး ပြသနာ တက်၊ ခြံပြင်မှာ ထွက်အိပ်ရာက အိပ်မက်ကို မြင်မက်တာပါ...။
..........။ ။ ။...............

ကျနော် မြို့ ထဲက တရားသံကို နားထောင်ရင်း ဘယ်အချိန် အိပ်ပျော်သွားမှန်းမသိခဲ့ ပါ......ဆိုးဝါးစွာ အသံနက်ကြီးဖြင့် အော်ဟစ်ငြီးညူ
သံ၊ ငယ်သံပါအောင် အော်ဟစ်ငိုယိုနေသောအသံ...ခွေးအူသံ....အို ...နားမခံနိုင်လောက်အောင် အော်ဟစ် ငိုယိုသံ...ကလေး လူကြီးများ အော်သံ ကို နားကွဲမတတ် မခံနိုင်အောင်ပင် ကြားနေရသည်....ရင်ခေါင်းသံဟု ပြောရမလား...လှိုဏ်သံပါသည်ဟု မခွဲခြားနိုင်သော...
အသံတစ်ခုကို ကြားလိုက်မိသည်...
“ ဒါ ..လက်ရှိ ကမ္ဘာကြီး ပျက်စီးနေတာ” ဟုပြောသဖြင့် မျက်စိဖွင့်ကြည့်လိုက်ရာ...ခလေး၊လူကြီး ယောက်ကျာင်္း ၊မိန်းမ အရွယ်စုံ အော်ဟစ်ငိုယို ပြေးလွှားနေကြသည်....ကြည့်ရရုပ်ဆိုးလွန်းသော လူကောင်ကြီးများက လိုက်ဖမ်းသည်..သံချွန်များနှင့်ထိုးသည်..ပြေးလို့ လည်း မလွတ်နိုင်ပါ...
“သူတို့  အပြစ်တွေ ခံရတော့မယ်” ဟု ဘေးကပြောပြသည်..
ကမ္ဘာ မြေကြီးမှာလည်း နီရဲပြီး မီးကြီးခဲကြီးလို နီရဲ ပူလောင်နေသည်...ပတ်ကြားအက်ကြီးများ ပေါ်လာပြီး လူတချိုး ကို ဆွဲချကြသည်...မြေပြင်မှာလည်း ရပ်လို့ မရအောင်ကို မီးကျီးခဲ ဖြစ်နေသည်...။ ဘယ်ကဘယ်လို ထွက်လာမှန်း မသိရသော ချော်ရည်ပူများက လူတွေကို ဖုံးအုပ်သည်...။ သနားမည့်သူ ဘယ်သူမှ မရှိ ။ ကယ်မယ့်သူ မရှိ..ဖြစ်နေတာက တစ်နေရာထဲ မဟုတ်ပါ...
ကျနော့်ကို အမြင့် တနေရာမှ ပြပေး နေခြင်းဖြစ်သည်...ထူးဆန်းသည်မှာ ကမ္ဘာ တခုလုံးကို ခြုံပြီး မြင်နေရခြင်းပင်...။
မြင်နေရသမျှ အနိဌာရုံ မြင်ကွင်းများကို ပြပေးပြီး ၊ရှင်းပြနေသော သူကို ကျနော် မမြင်တွေ့ ရပါ ..အသံကိုသာ အနီးကပ် ကြားနေရပါသည်...။နောက် အရာအားလုံးမှောင်အတိကျသွားပါသည်...။
အနည်းငယ်ကြာမှ အဝေးက ရွှေရောင် အလုံးလေးတစ်လုံး လည်ပြီး ပေါ်လာပါသည်.....
“ အဲဒါ လက်ရှိ ကမ္ဘာ ပျက်ပြီးတဲ့ နောက် ၊ ထပ်ဖြစ်လာမယ့် ကမ္ဘာသစ်ဘဲ” ဟု ရှင်းပြသည်...။
အနီးကပ် ဖြစ်လာသောအခါမှ ထိုရွှေေ၇ာင်ကမ္ဘာလုံးပေါ်တွင် ရွှေသားအတိပြီးသော...ဘုရား ပုံတော်ကိုတွေ့ ရပါသည်....။
“ အဲဒါ နောက်ကမ္ဘာမှာ ပွင့်မယ့် ဘုရားရှင် ” ( မဟာမြတ်မုနိ ဘုရားနှင့် ပုံသဏ္ဏန်တော်တူပါသည်..ခန္ဒာကိုယ်တော်မှာ အနည်ငယ် သွယ်ပါသည်)....။
ကြည်ညိုစရာ အလွန်ကောင်းပါသည်..ဖူးတွေ့ ရသည်မှာလည်း တကိုယ်လုံးပီတိ ဖြစ်နေစဉ်တွင်...ဘုရားရှင်၏ နလေးတွင် တစ်ကိုယ်လုံး ပြောင်လက်မေသော အ၀တ် အစား၊ အသားရောင်မှာလည်း ရွှေရောင်တွေ ထွက်နေသော နတ်တစ်ပါးကို တွေ့ ရပါသည်..
ထို့ နောက် ဘုရားရှင်က ထိုနတ်သားကို ပါဠိဘာသာဖြင့် စကားတွေ ပြောနေပါသည်...။
ထိုနတ်သားမှာ လက်အုပ်ချီလျှက် နားထောင်နေပါသည်...။
“ အဲဒါ ဘယ်သူလဲ...သိလား” ဟု ဘေးက မေးရာ..ကျနော်က..“ မသိပါဘူး...” လို့ ပြန်ပြောတော့...
မျက်နှာကို သေချာကြည့်ပါ” ဟု ပြောပါသည်....ကျနော် က မျက်နှာကို သေချာကြည့် နေစဉ်မှာပင် ထိုနတ်သားက လှည့်ကြည့်လာရာ...ကျနော် အံ့သြရပါတော့သည်...ကျနော့်မျက်နှာနှင့် ချွတ်စွတ် တူနေခြင်းပင်...။
ထိုအခါမှ...အသံသြသြဖြင့် ...
“ နောင်ပွင့်လာမယ့် ဘုရားရှင်ရဲ့ ပထမဆုံး တရားကို နာ နေတဲ့ နတ်သားက မင်းကိုယ်တိုင်ဘဲ” ဟုပြောပြီး အသံများလုံးဝတိတ်သွားခဲ့ ပြီး တစ်ပြိုင်နက် လန့် နိုးလာခဲ့ သည်....။။
လူတစ်ကိုယ်လုံးမှာလည်း ကြက်သီးမွှေးညှင်းများထလျှက် အံ့သြ နေမိခဲ့ သည်...။
ပြီးမှ အိပ်မက်ကို သေချာပြန်တွေးပြီး ငါ...ဘာလုပ်ရတော့မယ်ဆိုတာကို သေချာသိခဲ့ ပြီး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့မိသည်...။ ။
.....ကျနော့်ရဲ့ အိပ်မက်လေးက ဒီလောက်ပါဘဲ...။
အမှန်အတိုင်းဆို ပြန်မပြောပြချင်ပါ........။ မပြောရဲပါ...ယခုလို ရေးမပြရဲလို့ မြှုပ်ထားခဲ့ ခြင်း ဖြစ်ပါသည်...။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရေးခဲ့ မိပါသည်....။ အပို မပါပါ...ကမ္ဘာပျက်မြင်ကွင်းကိုသာ ပီပြင်အောင်ပုံဖော်မရေးနိုင်ခြင်း တစ်ခုသာ လို အပ်ချက်ဖြစ်ပါသည်...။
မဟုတ်မမှန်ဘဲ လူအထင်ကြီးအောင် လုပ်ကြံ ရေးသားခြင်း၊ ပိုမို ပြောခြင်း၊ လိမ်ညာပြောခြင်းများဖြင့် ဒီစာကို ရေးသားခဲ့ ပါက မဟာ အ၀ီဇိ ငရဲတွင် မကျွတ်တမ်း ခံရပါစေသားဟု...ကျနော် သစ္စာ ဆိုပါသည်... ။
လူ့ ဘ၀သည် ရခဲပါသည်....
လူ ဖြစ်ပြီးတော့လည်း လူလို သိဘို့ ခက်ပါသည်...
လူသားဖြစ်ခဲ့ လို့ လဲ တရားများကို နာခွင့်ရခဲ့ ပါသည်...
လူဖြစ်ပေမယ့်...တရားစစ်တရားမှန်ကို တွေ့ ဘို့ ခက်ခဲလှပါသည်....။

အားလုံးထပ်တူထပ်မျှ ရွှင်လန်းချမ်းမြေ့ ပါစေ..။
သစ်နက်ဆူး

10 comments:

Heartmuseum said...

ရေးထားတာတွေက စိတ်ဝင်စားဖို့တော့ အတော်ကောင်းတယ်ဗျာ။ အရမ်းကို ထိရှလွယ်တဲ့ postတွေမို့ ကျွန်တော့်ထင်မြင်ချက် comment မပေးတာကိုတော့ ခွင့်လွှတ်ပါဗျာ။

... said...

တော်တော့်ကိုကောင်းတာ....
စိတ်ဝင်စားအဖို့တော်တော်ကောင်းတယ်...
ကိုသစ်ရဲ့post လေးတွေကိုသေသေချာချာသိမ်းထားသင့်ပါတယ်...
ရှင်းရှင်း..

Moe Cho Thinn said...

တကယ့် ရွှေရောင် အိပ်မက်ပါလား။

ဒါကတော့ တို့တွေ ဥာဏ်မမီနိုင်တဲ့ အကြောင်းအရာ တွေပဲလေ။
ဘာပဲပြောပြော အိပ်မက်ကို မျှဝေတဲ့အတွက်တော့ ကျေးဇူးပါ။

GHOSTBELL said...

စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ ယုံလဲယုံကြည်ပါတယ်။ ဒါမျိုးတွေက ဖြစ်တတ်တယ်လေ။ ဘာဘဲပြောပြော ဗုဒွဘာသာကို ခက်ခက်ခဲခဲ ကူးပြောင်းလာခဲ့တဲ့ လူတစ်ယောက်ကို လှိုက်လှဲစွာကြိုဆိုပါတယ်။

တန်ခူး said...

အတော်အံ့သြစရာကောင်းတဲ့ ထူးခြားတဲ့အိပ်မက်ပါလား… ပါရမီအခံရှိသူလို့ ပြောရမှာပဲနော်… ကိုသစ်နက်ဆူးပို့ စ်တွေက စောင့်ဖတ်ရလောက်အောင် ဆွဲဆောင်မှုအပြည့်ပါပဲ…
ကော်မန့် တင်ရင်း တိုက်ဆိုင်တာလေး တခုကြောင့် ဆက်ရေးလိုက်တာ… ဒီကော်မန့် အတွက် word verification က godfmnet တဲ့… godနဲ့ စတာ မထူးဆန်းဘူးလား…

ဂျစ်တူး - gyit_tu said...

ကိုဆူး အိပ်မက်က သိပ်စိတ်ဝင်စားစရာပဲ ။ အရမ်း ထူးဆန်းတယ်လို့ ထင်မိတယ် ။ ဘုရားပုံကို ကိုးကွယ်ချင်တာတောင် မကိုးကွယ်နိုင်တဲ့ဘ၀နဲ့ အဖွားအိုအကြောင်းဖတ်ပီး ရင်ထဲ နင့်ခနဲပဲ ။

ညီမအထင်တော့ ...

ကိုဆူးက အဖွားအိုကို သနားပြီး ကိုယ်အသေအကျေ အရိုက်ခံရတော့မယ်ဆိုတာ သိသိကြီးနဲ့ ပုံဆွဲ ပေးခဲ့တယ် ၊

နောက် .. ဘုရားပုံတော်ဆိုတာ မြင့်မြတ်တဲ့အရာ ရိုသေထိုက်တဲ့အရာဆို စိတ်ထဲက သက်ဝင်ယုံကြည်ပြီး ကိုယ်အသေအကျေ အရိုက်ခံရတော့မယ်ဆိုတာ သိသိကြီးနဲ့ ခေါင်းရင်းမှာ ထား အိပ်ခဲ့တယ် ၊

အဲဒီ နှစ်ချက်ကြောင့် ချက်ချင်း လက်ငင်း ကုသိုလ်ဆိုတာ ရသွားတယ်လို့ မြင်မိတယ် ။ ဒါမျိုးက ဘုရားပုံပြင်တွေထဲမှာ သာဓကတွေ အမြဲရှိတယ်လေ ။

ကိုဆူးရဲ့ ပို့စ်လေးကိုဖတ်ပြီး နောင်ဆို အိမ်က ဘုရားစင်ရှေ့ မှာ ဘုရားကို ရုပ်ထုတခုဆိုတာထက် ပိုပြီး ရို၂သေ၂ နေထိုင် ကျင့်ကြံဖို့ စိတ်ဆုံးဖြတ်လိုက်မိပါတယ် ။ ဒီပို့စ်လေးနဲ့ သတိဝင်ပေးစေတာတွက် အထူးကျေးဇူးတင်ပါတယ် ကိုဆူးရေ ။

Taungoo said...

ကိုဆူး
ကျွန်တော်နားလည်သလောက် ပြောကြည့်မယ်။
အရင်ဘဝတွေက ပြုခဲ့ဖူးတဲ့အကြောင်းတစ်ခုကြောင့် ဘာသာခြားမိသားစုကြားမှာ လာဖြစ်ခဲ့တယ်။ အဲဒီအကျိုးဆက်ကုန်တဲ့အချိန်မှာ ရှိပြီးဖြစ်ခဲ့တဲ့ ပဌာန်းဆက်တွေက ပေါ်လာတာပဲ။ လူမှန် နေရာမှန် ပြန်ရောက်သွားတယ်။ ကျွန်တော့် အသိ မိသားစု တစ်စုလုံး ဗုဒ္ဓသာသနာ ကိုးကွယ်တဲ့ဖက်ကို တကယ့်လေးလေးနက်နက်ကို ကူးပြောင်းလာခဲ့တာ မျက်မြင်ကြုံဖူးတယ်။

ကိုဆူး လုပ်နိုင်မယ် ဆန္ဒရှိမယ်ဆိုရင် ပဌာန်းရွတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ထူးခြားမှုတွေ သိသာလာပါလိမ့်မယ်။

မေတ္တာဖြင့်

pandora said...

ကိုယ်တိုင်မကြုံဖူးပေမယ့် မဖြစ်နိုင်ဘူးလို့ ပြောလို့မရတဲ့အရာတွေပါ။ မမိုးချိုသင်းပြောသလို ဥာဏ်မမီတဲ့အရာတွေပေါ့။
စဉ်းစားစရာတွေ အများကြီးရအောင် မျှဝေပေးတဲ့အတွက် ကျေးဇူးတင်တယ် ကိုဆူး။

TNS said...

ပထမဆုံး အနေနဲ့ .....
heartmuseum.../ ghostbell.../pandora...။
မမိုးချိုသင်း...ရှင်မင်းညို( ရှင်းရှင်း)...မတန်ခူး...
ဂျစ်တူး..ညီလေး တောင်ငူ နှင့်...လာရောက်အားပေးသူ ကွန်မန့် ပေးသူ...နားလည်ပေးသူများကို ကျေးဇူးတင် ပါတယ်လို့ လေးလေးနက်နက် ပြောပါရစေ...။
ဒီလိုနားလည်မှုလေးတွေနဲ့ဖေးဖေးမမအားပေးကြတော့လည်း ရင် တထိတ်ထိတ်နဲ့ တင်ခဲ့ ရတဲ့...ရွှေရောင်အိပ်မက်...ပို့ စ်လေးအတွက် ..
ကြည်နူးခဲ့ ရပါတယ်...။
ရှင်းရှင်းပြောသလိုလဲ..သိမ်းထားပါ့မယ်....။
မတန်ခူး..ပြောပြတဲ့ တိုက်ဆိုင်မှု လေးကတော့...
ထူးထူးခြားခြားလေးပါ...။
ဂျစ်တူးပြောတာကို လဲ လေးလေးနက်နက် လက်ခံပါတယ်.....ဒီလို အတွေးတစ်ခု...အသိလေးတစ်ခု ၀င်သွားတယ်...သတိထားမိစေတယ် ဆိုရင် ..ရေးရကျိုးလည်း နပ်ပါတယ်...။
ညီလေးတောင်ငူ ပြောတာ..လုံးဝ လက်ခံပါတယ်....။
ဝဋ်ကျွေးဆိုတာ...ကိုယ်ဆပ်မှ ကျေတာပါ...
ကျနော့်ရဲ့ အတိတ်ဘ၀က ပြစ်မှားခဲ့ ဘူးသော..(ကာယ၊
ဝစီ၊မနော) ကံကြောင့် လက်ရှိဘ၀မှာ...ဆပ်၇တယ်လို့ ဘဲ ..ဖြေပါတယ်...
ဒီသံသရာ လည်ပတ်မှုကို သိလာတဲ့ အခါ...
သိပ်နှိပ်စက်တဲ့ မိဘတွေကို စိတ် မဆိုးနိုင်တော့ပါဘူး....
သြော်...ငါ တစ်ယောက် ဗုဒ္ဓဘာသာ ၀င် တစ်ယောက်ဖြစ်ဘို့  ငါ့မိဘတွေက လူကြမ်းနေရာက ပါရမီ ဖြည့်ပေးကြတာပါလားလို့ တွေးမိတဲ့ နောက်( ပထမဆုံးအကြိမ် ရဟန်းဖြစ်စဉ်) အတတ်နိုင်ဆုံး ကျေးဇူး ဆပ်ခဲ့ ပါတယ်...။
ဒီအဖေဒီအမေ ကြောင့် လူ ဖြစ်ရတယ်..ဒီမိခင် ၀မ်းနဲ့ လွယ်ပြီး ပင်ပင်ပန်းပန်း မွေးဖွားခဲ့ လို့ ..ကျနော် လူ့ အဖြစ်ကို ရခဲ့ တာပါ...။
ကိုတောင်ငူ ပြောသလိုပါဘဲ...ပဌာန်းဆက်ဆိုတာ...လက်တွေ့ ကို တွေ့ ရတာပါ....
တ၀ဲလည်လည်နဲ့  ၀ိဥာဉ် လောကကို ပါ...ကြုံရတာတွေ နောက်တော့ ရေးပါဦးမယ်...။
ပဌာန်းရွတ်ဖတ်ဘို့ သတိပေးတာ ကျေးဇူးပါ...ကျနော်အမြဲရွတ်ဖတ်ပါတယ်...။
အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...။

SDL said...

အရမ်းထူးဆန်းတယ်နော်.....
မိရိုးဖလာ ဗုဒွဘာသာဝင်ဖြစ်ပြီး ဘာသာရေးအားနည်းနေတဲ့ ကိုယ့်ဘာသာကိုယ် ရှက်သွားတယ်