Saturday, October 9, 2010

အချစ်ဆိုတာ



အချစ်ဆိုတာ..................................

တိမ်ပြာတို့ လွင်းပါးမှုနဲ့ ...............
့ငြိမ့်ညောင်းခြင်းအတိပြီးသော ရင်ခွင်မှာ ရာဘင်ဒြာနတ်တဂိုးရဲ့  ဂီတလင်္ကာကို
သိမ့်သိမ့်ဆတ်ဆတ်ခံစားခြင်းက
အချစ်၏ ချွေလင့်သော လက်ကို မထိတထိလှမ်းရင်း လွမ်းမောစေတဲ့ အရာ.....
ချိုပျစ်ပျစ်ရသဂီတလို့ ..........
့မက်မက်ရှိုက်ရှိုက် စွဲလန်းခဲ့ ပေမယ့်
မာယာပျားရည်တို့ လိမ်းကျံထားသော...နတ်ဆိုးရဲ့ တယောကြိုး..
မသိစိတ်အဟုန်နဲ့ ချစ်သူရနံ့ ကို ဖမ်းဆုပ်...ကမ်းပါးမှာပြုတ်ကျစေသောအရာ....
တွယ်တာစရာလို့ ဘဲထင်မှားစေတဲ့ ကဗျာ...။
တစ်ခါတစ်ခါ နေရာမရွေး ပေါက်ဖွားတတ်သော ဗိုင်းရပ်ကိုမှ ကိုယ်တွင်းနာအဖြစ် တယုတယ သိမ်းချင်မိစေတဲ့ အရာ...။
ဒါကို.............
တစ်သက်တာလို့ အက္ခရာထွင်းနေကာမှ
နောက်ကျောကိုဆောက်နဲ့ ကိုယ်တိုင်ထွင်းခံလိုက်ရတဲ
့ယုံကြည်မှု ဖောက်ဖျက်ရေးသခင်မရဲ့ လက်နက်ပုန်း..........။
တခါတခါလဲအချစ်တံလျှပ်တွေက
ကန္တာရထဲကို ဆွဲသွင်းပြီး
လမ်းပျောက်ခြင်းကိုဖြစ်စေတတ်တဲ့ ပဉ္စလက်..။
အချစ်ဆိုတာ............................
မာယာနှုပ်ခမ်းကို တမ်းခြင်းတွေနဲ့  သီဖွဲ့ စုပ်ယူစေသော ကျားကွက်..........။
အချစ်ဆိုတာ............................
တောင်ပြိုတိမ်ထုရဲ့ ကမ်းပါးမှာမှ ဇာပ၀ါနဲ့ ရစ်ပတ်လို့  သိမ့်သိမ့်နင့်နင့် မျောလွင့်စေတတ်သော နတ်ဘုရားမရဲ့ လှိုင်းတံပိုးလေ...။
မထင်တဲ့ ဒေါင့်က ပုံရိပ်ထင်လာတတ်တာလဲ အချစ်...။
ထင်မှတ်ခဲ့ သော အရာ အားလုံးချုပ်ငြိမ်းစေတာလဲ ချစ်သူရဲ့ အချစ်ပေါ့...။
နှောင်ကြိုးတစ်ပင်လို လက်ခြင်းမြဲစေတာလဲ အချစ်.........................။
အချစ်ဆိုတာ.................
ရှိသမျှ ကြိုးမှန်သမျှ ဖြတ်တောက်လို့ အစိမ်းရောင်တွေ ကို ဖိတ်စာတစ်စောင်နဲ့ လူကြုံပါးတတ်တဲ့ မာယာသခင်ရဲ့ အပြုံး....
အချစ်ဆိုတာ ဘာလဲလို့ မသိခင်ကတည်းက နတ်ပန်းဦးဆက်လို့ ရိုကျိုးရင်း ရင်ခတ် ခွက်ခွင်းသံတွေကြား ကကွက်များနဲ့ 
ဝပ်တွား အချစ်ဖုရားမ အလိုကျ ပေါ့...။
ချစ်သလောက်ရူးစေ...
ရူးသလောက်ချစ်စေ....
ကျိန်စာတွေ ပြည့်နေတဲ့ နှလုံးသားကျမ်း...
အာဗြဟမ်ကိုပြတဲ့ လမ်း...မှောင်ချင်သလောက်မှောင်စမ်း...
မကြောက်တမ်း ရူးစေတဲ့ အရာ...။
အချစ်ဆိုတာ.....
မြူပုဝါပါးတွေကြား မှာ မျှော်လင့်ရင်း စမ်းလျှောက် ဝေးဝေးကြီးရောက်မှ အဆိပ်ခိုးရယ်လို့ သိစေတဲ့ အရာ....။
အို...အချစ်ဆိုတာ....
ရိုင်းစိုင်းသောဝေါဟာရနဲ့  မနှိုင်းသင့်တဲ့ အရာ...
ယဉ်ကျေးသိမ်မွေ့ လို့  စုံလုံးကန်းယုံ ပုံမအပ်သင့်တဲ့ အရာ.....။
အချစ်ဆိုတာ...
ကိုယ်ကလဲ သူများကို ဒါဏ်ချက်ပြင်းစေသော
ကိုယ့်ကိုလဲ တဖက်လူက ဒါဏ်ရာရစေသော....
အချစ်ဆိုတာ....တစ်ခါတစ်ခါ မွတ်သိပ်စေတတ်သော....
စကားလုံးတွေ ကဗျာတွေအဖြစ် အန်ထွက်စေတတ်သော....အရာ။
ပြောလို့ သာ ပြောရတာပါလေ...
တစ်ကယ်တော့ အချစ်ဆိုတာ....
ကိုယ်ဘဲ ယုယပိုက်ထွေးပြီး ၊ ရင်ထဲမှာ ကိုယ်တိုင်မွေးထားတဲ့ ...
စပိန်နွားရိုင်း တစ်ကောင်ပါဘဲ...။
အချစ်ဆိုတာ.....
ဒါဏ်ချက်သိပ်ပြင်းတယ်.....။
ဒါဏ်ချက်သိပ်ပြင်းတယ်.....။



ဘာရယ်လို့ တော့ မဟုတ်ပါဘူး။ အဟောင်းလေးကို ပြန်သတိယလို့ ပါ။
သစ်နက်ဆူး

Sunday, October 3, 2010

တခါက......

တခါက...လို့ ဘဲ ပြောရမှာပါ..။
ခင်မင်ရတဲ့ မဆောင်းက မဒမ်ဆူးသီချင်းတွေ ပြန်နားထောင်ချင်တယ်..ဒါပေမယ့် နားထောင်လို့ ဖွင့်လို့ မရဘူးလို့ ပြောလာပါတယ်..။
ဘလော့ဂ်မှာ သီချင်းနားတင်လို့ ရအောင် ဘလော့ဂါ ကိုရန်အောင်ဆီက တက်ဂ်လေးယူပြီး သီချင်းပြန်တင်ရင်း..
တခါက အကြောင်းလေးကို တွေးမိတာပါ..။
တခါကပါ..
ထိုင်းမှာနေလိုက် ၊ရွာမှာနေလိုက်..ရန်ကုန်တက်လို က် လုပ်နေတုန်းကပေါ့..။ မိတ်ဆွေတွေရဲ့ အချီကြီးအောင်ပွဲခံတဲ့ နေ့ အနေနဲ့  ကြည့်မြင်တိုင်ဘက်က “သည်ကရောင်း ”လို့ အမည်ရတဲ့ စားသောက်ဆိုင်မှာ ထိုင်ဖြစ်ခဲ့ ကြပါတယ်..။
ဘီယာတော့ နည်းနည်းသောက်ဖြစ်ပါတယ်..။ နောက်ဒီလူတွေ နည်းနည်းပြဲလာတော့ အတင်းသီချင်းဆိုခိုင်းတာပါဘဲ..။
ကျနော်ကလဲ မဆိုချင်ဘူးငြင်း..မရပါဘူး..စားပွဲထိုးလေးကိုခေါ်ပြီး သီချင်းဆိုမယ်..ရလား မေးတော့..
သိပ်ရတာပေါ့တဲ့ ..။
အဲီးဆိုင်မှာ ပင်တိုင်တီးတာက ဒေါက်တာ အင်ဒရူးကောင်း။
ဒေါက်တာအင်ဒရူးကောင်းဆိုတာ အေးချမ်းမေတို့  ဆောင်ဦးလှိုင်တို့ ကို တင်ပေးလို က်တဲ့ ဆရာ..။
ကျနော်ကလဲ မဆိုချင်တော့ ညစ်တာပါဘဲ..။ ဆရာအင်ဒရူးကောင်းနဲ့ မနီးစပ်ဘူးထင်တဲ့ သီချင်းတွေ ကို ခေါင်းစဉ်ပြောတာပေါ့..စားပွဲထိုးလေးက သွားမေး...။ ရ၏။
ဒါကြောင့်လဲ ဒေါက်တာအင်ဒရူးကောင်းဖြစ်တာပေါ့..။
နောက်ဆုံး...ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တဲ့ “မောင့်မူပိုင်ရှင် ”ရုပ်ရှင် ကားထဲက “ မေတ္တာစေကျွန်”ဆိုမယ်လို့ ပြောလိုက်တာပေါ့..။
စားပွဲထိုးလေးက အားရ၀မ်းသာ လာပြန်ပြောတာပါဘဲ.. “ အဲဒီသီချင်းက ပိုအဆင်ပြေတယ်တဲ့ ”
ကျနော်ညပ်ပြီ..။ဘယ်လိုမှရှောင်လို့ မရတော့..ဂျော်ဒန်းနိုးလေးငိုက်စိုက်စောင်းပြီး စင်ပေါ်တက်၇တော့တာပေါ့..။
နောက်ဆရာနဲ့ တိုးတိုးတိတ်တိတ် ကီးကိုညှိပြီး.. ဆိုတော့တာပေါ့..။
ထူးထူးခြားခြား ကောင်တာက ဆိုင်ပိုင်ရှင်က သီိချင်းကို စ၀င်လိုက်ကတည်းက ဆတ်ကနဲ နေအောင်လှည့်ကြည့်ပြီး လူတစ်ရပ်လောက်ရှိတဲ့ ပန်းကုန်းကြီးလာစွပ်တာပါဘဲ..။
နောက် တစ်ယောက်ပြီးတစ်ယောက် ပန်းကုန်းတွေစွပ်လိုက်ကြတာ...၁၀ကုန်းကျော်ပါတယ်..။
နောက်အောက်ကတခြားလူတေါ တောင်းဆိုလို့ ၃ပုဒ်ဆက်ဆိုခဲ့ ရသေးတယ်..။
သီချင်းဆိုပြီး ဆင်းကာနီးမှာ ဒေါ်က်တာကို ပန်းကုန်း၅ကုန်းနဲ့ ဆိုင်ကပင်တိုင်ဆိုတဲ့ မိန်းကလေးတွေကို ပန်းကုန်းတကုန်းဆီ ဝေပေးလိုက်တာပါဘဲ..သူတို့ တော်တော် ပျော်ကြတယ်...ဒီပန်းကုန်းက သူတို့ အတွက်..အပိုငွေရမှာလေ..။
နောက်အောက်မှာဆက်ထိုင်နေတုန်း..စားပွဲထိုးလေးက “အကို့  ကို ဆိုင်ရှင်က စကားပြောချင်ပါတယ်”ဆိုပြီးခေါ်ခိုင်းပါတယ်..။
သွားလိုက်တော့ ဒေါက်တာပါရှိနေပြီးမေးတယ်ဗျ..။
“အခု..ဘယ်မှာဆိုနေတာလဲပေါ့..ဖြစ်နိုင်ရင် ဒီမှာ ပင်တိုင်ဆိုပေးပါ” ဆိုပြီး ဒေါက်တာကိုယ်တိုင်ပြောပါတယ်..။
ကျနော်ငြင်းခဲ့ပါတယ်..။
ဒေါက်တာလို ဂီိတအနုပညာရှင်မျိုးနဲ့ နီးစပ်ရင် ဘယ်လှေကားထစ်တွေ ရှိတယ်..မြင့်တက်နိုင်တယ်ဆိုတာကျနော်သိပါတယ်..။
ဒါပေမယ့် ကျနော်ငြင်းခဲ့ ပါတယ်..။
အဲဒီအချိန်မှာ ကျနော်က သီချင်းတွေ ဆိုချင်တာမဟုတ်ဘူးလေ..။
ကျနော့်ကို မျှော်နေတဲ့ မဒမ်ဆူးတို့ ရွာပါတ်ဝန်းကျင်က မျှော်လင့်ချက်တွေနဲ့ ဘ၀ကို ရုန်းကန်နေရတဲ့ ..(၇)ရက် သားသမီးတွေ
မျက်နှာတွေဘဲ မြင်နေတာ..။
သူတို့ လိုချင်တာ..အဆိုတော်မဟုတ်ဘူး...
၂လုးံ၃လုံး ဂဏန်းလေးတွေ ချပေးမယ့်...(..............)။
တခါတခါ...
ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာထက်..
သူများဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးရမယ့် အသိစိတ်ဓါတ်လေးလိုတယ်လေ...။
ဒီသီချင်းလေးက ကျနော်ကိုယ်တိုင်ကြိုက်သလို...ကျနော် ကျောခိုင်းလိုက်တဲ့ လှေကားထစ်လေးတခုမို့  ပိုသတိရနေမိတယ်..။
တခါက...ပါ။

မေတ္တာစေကျွန်

သစ်နက်ဆူး

Saturday, October 2, 2010

အဖြေ

ဒီလိုဗျာ...
ကျနော်က ငယ်ကတည်းက မိုက်ကယ်ကို တော်တော်စွဲလန်းသဘောကျတာပါ..။ ကိုယ်တိုင်စင်ပေါ်ရောက်လာတဲ့ အချိန်မှာ
သူ့ စတိုင်သူ့ အကတွေက ကျနော့်ကို အများကြီးကူညီခဲ့ ပါတယ်..။ ဘယ်သူတွေ ဘာပြောပြော ကျနော် မိုက်ကယ်ကို ချစ်နေတာဘဲ.။ သူ..ပြသနာတွေ တစ်လှေကြီးရင်ဆိုင်နေရချိန်မှာလဲ အဝေးက မေတ္တာပို့ ပေးပြီး သူ့ ကို စိတ်ချမ်းသာစေချင်တယ်..။
ငယ်ကတည်းက စွဲလန်းခဲ့ ရတဲ့ မြင်ဆရာ၊ကြားဆရာပါ..။
လန်ဒန်က စလို့ သူ့ ရှိုးပွဲတွေ ပြန်စတော့မယ်ဆိုတာကြားတော့ ၀မ်းသာမိတယ်..အားပေးချင်ခဲ့ တယ်..။
ဒါပေမယ့် ကျနော်အလုပ်ချိန်မှာ ကျနော့်တပည့်လေးက ဖုန်းဆက်လာတယ်..။ ဆရာ့ရဲ့ဆရာ ..ဆုံးသွားပြီတဲံ့...။ဘယ်လို မှတောင် အလုပ်ဆက်မလုပ်နိုင်ခဲ့ ပါဘူး..။
သမီးကလဲ ကျောင်းကနေဖုန်းဆက်လာတယ်..စိတ်မကောင်းဘူး...
သားအဖတွေ ညဘက်စုံတော့ “ အဖေ..သမီးတို့ ကို မင်းသားဘ၀နဲ့ ရှာကျွေးခဲ့ တဲ့ အချိန်တွေမှာ..မိုက်ကယ်ဂျက်ဆင်အကနဲ့ ဆုတွေ အများကြီးရခဲ့ ဘူးတယ်..သမီးတို့ စားခဲ့ တဲ့ ထမင်းလုပ်တွေမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ ကျေးဇူးတွေပါတယ်...ကျေးဇူးဆိုတာ
ပြန်ဆပ်ဘို့ ထက်..ကျေးဇူးတရားကို နားလည်သိတတ်ဘို့ က ပိုအရေးကြီးတယ်” လို့  ပြောပြပြီး သားအဖတစ်တွေ နော်နော်ကအစ..ဘုရားစင်မှာရော အိမ်မှာပါ ဖယောင်းတိုင်မီးတွေ ထွန်းပြီး...ကောင်းမွန်ရာ ဘုံဘ၀ရောက်ဘို့ ဆုတောင်းခဲ့ ကြတယ်..။
ဒါပေမယ့် ထမင်းတောင်မစားနိုင်ဘူးဗျာ..။ အလွမ်းမပြေဘူး..။
တအိမ်လုံးလဲ ကွန်ပြူတာ ၄လုံး မိုက်ကယ်ရဲ့ သီချင်းတွေ ညံနေတာဘဲ..။
....
ကျနော်ကလဲ လူတစ်မျိုးလွမ်းပြီဆို ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ကို လွမ်းတတ်တာ..။
အဲဒီမှာ....ကျနော့်မျက်စိထဲမှာ နှာတံသေးသေးစင်းစင်းလေးတခုကို တွေ့ တာဘဲ။
မင်းးးမိုက်ကယ်၈ျက်ဆင်နဲ့ တူတယ်ကွ လို့ ပြောတော့...
“ ဘာမှမဆိုင်ဘူး အဝေးကြီးဘဲတဲ့ ”
ဒါဆို လက်တွေ့ ပြမယ်ဆိုပြီး အတင်းဆွဲခေါ်..၊ သူက ရုန်း ..နောက်ဆုံးချော့မော့ပြီး..မိတ်ကပ်ကို အသားရောင် လျှော့လိမ်း...
နှာတံကို ပိုထင်းအောင် ဖေါ်..။ နှုတ်ခမ်းနီကို နေရာချဲ့ ပြီးဆိုး...သမီးငယ်က ဆံပင်တွေ လိုချင်တဲ့ ပုံစံရအောင်လုပ်..။
နော်နော်က ဦးထုပ်ငှားပေးတယ်..။ သမီးကြီးဝယ်ထားတဲ့ မျက်မှန်တွေ အကုန်ချပြီး...တခုပြီးတခုတပ်ခိုင်း..။
နောက်ရယ်တဲ့ ပုံ...သူရယ်ပုံက ရိုးရိုးရယ်(ရီ)နေတာ..။
ကိုယ်က အမျိုးမျိုး ဖြဲရယ်ခိုင်း။အမျိုးတော်တော်များတယ်..ရယ်ပုံရယ်နည်းကို မိုက်ကယ်ရဲ့ ပုံတွေပြပြီး...ဖြဲစိစိရယ်ခိုင်း။
ဖြဲစပ်စပ်ရယ်ခိုင်း..သွားစေ့ ပြီး ဖြဲရယ်ခိုင်းနဲ့ ..။
ကြာတော့ သူ့ ပါးစပ်တွေ ညောင်းလာပြီးဆိုပြီး စိတ်တိုလာလို့ မနည်းချော့..။
နောက် မီးအလင်းအမှောင် ..မျက်နှာကျ..မိုက်ကယ်က ပါးချောင်ကျတယ်..သူက ပြည့်တယ်ဆိုတော့ ၄၅ဒီ၈ရီ စောင်းပြီးရယ်ခိုင်း..။
ပုံတော်တော်များများရိုက်ဖြစ်တယ်...တချို့  စမ်းသပ်ရယ်တာကျင့်နေတဲ့ ပုံတွေဆို တော်တော် ရယ်ရပါတယ်..။
အဲဒီပုံတွေတော့ မတင်တော့ပါဘူး..သူစိတ်ကောက်မှာလဲ စိုး၇တယ်..။
အဖြေကတော့ သစ်နက်ဆူး မဟုတ်ရေးချမဟုတ်ပါ။ လုံးဝဥသုံ မဟုတ်ပါ..။
သူကတော့... ချစ်ရပါသော...မဒမ်ဂျက်ဆင်ဆူးပါ ခင်ဗျား..။

ကိုအောင်(ပျူနိုင်ငံ)ကတော့ အဖြေနည်းနည်းလေးနီးစပ်သလိုပါဘဲ..။
ဒီပဟေဠိ ဆိုတဲ့ ပို့ စ်ကို တင်ပြီး ကော်မန့် တွေ တက်လာမှ..မဒမ်ဆူးကို ခေါ်ပြလိုက်တာ..
.“ကိုယ်မပြောလားးးး... မင်းက မိုက်ကယ်ဂျက်တဆင်နဲ့ တူတယ်ဆို တာ..အခု ကိုယ့်မိတ်ဆွေတွေကတောင် ..ပြောကုန်ကြပြီ”
ဆိုမှ မဒမ်ဆူးကြီး တခွိခွိနဲ့ သဘောတော်တွေ ကျနေလိုက်တာ...။
ကိုယ့်စိတ်ထဲမှာဘဲ ထင်လို့ လားတော့ မသိပါဘူး...ပို့ စ်တင်ပြီး ကော်မန့် တွေ ခေါ်ပြပြီးတဲ့ နောက်မှ..
မဒမ်ဆူး ရယ်တာ အရင်ကလို မဟုတ်တော့ဘူး...
ဖြဲစိစိနဲ့ ...အဟုတ်။






























သစ်နက်ဆူး

Friday, October 1, 2010

ပဟေဠိ....




ဘယ်သူလို့ ထင်လဲ....
ဘယ်သူနဲ့ ဆင်လဲ..... ခင်မင်တယ်ဆို ဖြေကြည့်ပါ..နောက်ရက်မှာ အဖြေပေးမယ်..မှန်အောင်ဖြေနိုင်ရင် ပုံတူတပုံ
photoshop နဲ့ ဆွဲပေးမယ်..။


သစ်နက်ဆူး