Friday, November 5, 2010

ကြေကွဲ..နောက်ကွယ်

ပြင်သစ်ညချမ်းဟာ ရင်နာခြင်းတွေ အောင်မြင်ခြင်းတွေနဲ့ ပြည့်စုံလှပနေပေလိမ့်မယ်..။မပြည့်စုံခြင်လဲမပြည့်စုံပေဘူးပေါ့..။
ကိုယ့်စိတ်နဲ့ ဘ၀ ထပ်တူမကျလေသမျှ အရာရာကအကောင်းမဖြစ်နိုင်ဘူးလေ...။
ရင်နာတဲ့ စုတ်ချက်တွေ ကိုယ်တွေ့ ၇တယ်။ဟန်ဆောင်စုတ်ချက်တွေလဲ ကိုယ်တွေ့ ရတယ်..။ဟန်ဆောင်လေသမျှကလဲ ဘ၀အတွက်ဆိုတာ ကိုယ်ချင်းစာမိတဲ့ ခဏ..စုတ်ချက်တိုင်းဟာလှပနေတာပါဘဲ..။
ပက်ပစ်လိုက်စမ်းပါ..အနီရောင်ဆေးစက်တွေ...
ဘာလဲ ..
ဝယ်သူမကြိုက်မှာစိုးလို့ လက်တွန့် နေတာလား...။ အင်းးးးးး
ဒါပေမယ့် ကိုယ်ကိုတိုင်တောင်တောင် ပါတ်ဝန်းကျင်ဝေဖန်မှုတွေကြောက်လို့ လက်တွန့် နေခဲ့ရတဲ့ စုတ်ချက်တွေနဲ့ စာ၇င် ..
ခင်ဗျားတို့ ကတောင် အိနြေ္ဓထိန်းနိုင်သေးရဲ့ .။
ပါရီရဲ့ ညက ၀ိုင်နံ့ တွေသင်းနေသလားလို့ ..။ခပ်ညစ်ညစ်ရယ်လိုက်သံကို ကိုယ့်ဘေးက သူငယ်ချင်းကတော့ ကြားနေတာဘဲ..။
သူလဲရယ်နေတာပါဘဲ..။ ခပ်နာနာ ရင်ခုန်ချက်တွေနဲ့ ဆိုတာတော့ တစ်ယောက်ကိုတစ်ယောက်မပြောလဲ သိနေတာပါဘဲလေ..။
စီးကရက်တိုတွေပျံ့နေတဲ့ ပြင်သစ်လမ်းမတွေထက်မှာ လမ်းလျှောက်ရင်းတောင်တွေးမိသေးတယ်...
အဲဒီစီးကရက်တိုတွေတွေနောက်မှာ...နှလုံးသားဘယ်နှစ်ခု ပြာကျနေသလဲပေါ့..။
ပါရီမှာနေရင်း သေမှလူသိခဲ့ တဲ့ မိုဒီလျှာနီးကို လွမ်းတယ်...။အားငယ်တတ်တဲ့  ဗင်းဆင့်ကိုလွမ်းတယ်..။
မိုဒီလျှာနီးသေဆုံးသွားပြီဆိုတာကိုသိပြီးတဲ့ နောက် ချစ်တဲ့ မွေးကင်းစ ခလေးကိုထားခဲ့ ပြီး....
တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုကိုယ် ခုန်ချအသေခံခဲ့ တဲ့ မီုဒီးရဲ့ ချစ်ဇနီးမိန်းကလေးကိုလွမ်းတယ်..။
ကိုယ့်ကို အဲသလောက်ချစ်တဲ့ မိန်းကလေးလေးရှိခဲရဲ့ လို့ လားလို့ လဲ ခပ်ပြုံးပြုံးနဲ့ လက်ချိုးပြီးရေတွက်မိသေးတယ်..။
ဘာဘဲပြောပြောပါရီညကတော့ လူသိရှင်ကြားလှပနေသလို ..လူမသိသူမသိကြေကွဲနေတာတွေလဲ ရှိနေတာဘဲ..။
ဂုဏ်ပြုလက်ဆောင်...သို့ မဟုတ်..ချစ်ခြင်းလက်ဆောင်တွေပေးကြတိုင်း...နှင်းဆီပန်းတွေလှတဲ့ အကြောင်းပြောကြတိုင်း
နှင်းဆီတွေလှပအောင်ပြုစုပျိုးထောင်ခဲ့ တဲ့  ဥယာဉ်မှုးအကြောင်း တလုံးတလေမှ မဟခဲ့ ကြတဲ့ လူတွေအကြားမှာ...
ကိုယ်ကတော့ နွမ်းလျလျနဲ့ ပြုံးနေမိတာဘဲ..။
ဘာဘဲပြောပြောကိုယ်လဲ ပါရီလမ်းမတွေထက်က ..စီးကရက်တိုတစ်ကောင်ပါဘဲ..။
ါရီမှာမှ...မဟုတ်ဘူး...
ဟောဒီကမ္ဘာကြီးမှာ လမ်းပေါ်ကစီးရက်တိုတွေ များသထက်များလာလေရဲ့ ...။


သစ်နက်ဆူး