Saturday, March 28, 2009

ပီတိ....၃








ဆရာကြီးဦးတင်မိုးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပီတိမျက်နှာနဲ့ အပြုံးကို ကျနော်ဒီနေ့ ရေးဆွဲထားပါတယ်...အေးဆေးမှတင်မယ်စိတ်ကူးပေမယ့် အနှစ် ၂၀ လားလို့ မေးလို့  အားခြင်းဆွဲတင်လိုက်တာပါ..။ အခရိုင်းလစ်ဆေးနဲ့ ကင်းဗတ်ပေါ်မှာ
တစ်ဆင့်ခြင်းရေးဆွဲတာလေးကို တောင်းဆိုသူ သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းပါ..။
ဒီပုံကိုဆွဲတာ ၄၆ မိနစကြာပါတယ်...ဖိုင်တင်၇တာ လေးလွန်းပြီးအဆင်မပြေလို့  ပြန်တည်းဖြတ်ပြီးတင်လိုက်တာပါ..။
ဒီပုံဆွဲဘို့ ဆရာကြီး သားသမီးတွေကို ကြိုတင်ခွင့်တောင်းတာတော့ မလုပ်ခဲ့ ပါဘူး...ဘာဖြစ်လို့ လဲဆိုတော့ မရေးဆွဲခင်ကတည်းက မမိုးချိုသင်းကို လက်ဆောင်ပေးဘို့ ဆုံးဖြတ်ထားလို့ ပါ..။
ဆရာကြီးရဲ့ ပီတိအပြုံးကို မျှဝေခံစားနိုင်ပါစေ..။

သစ်နက်ဆူး

Tuesday, March 24, 2009

သင်္ကြန်လက်ဆောင် ၂



လက်ဆောင်ပုံလေးထပ်တင်ပေးလိုက်ပါတယ်...သိမ်းထားချင်လို့ ဘဲဖြစ်ဖြစ်၊လက်ဆောင်ပေးချင်ရင်ဖြစ်ဖြစ် မည်သူမဆို ယူသုံးနိုင်ပါတယ်.. ။
ဒီသင်္ကြန်မှာ ကိုယ်တတ်တဲ့ ပညာလေးနဲ့ ဘဲ သူများကြည်နူးအောင် ကူညီခွင့်ကြုံတာကိုဘဲ ၀မ်းသာမိပါတယ်..
စည်းကမ်းချက်ကတော့ အရင်ပုံလိုဘဲပေါ့...
မည်သူမဆို ဒီပုံကို ကြိုက်သလိုသာလုပ်...း)

သစ်နက်ဆူး
ဝန်ခံချက်...အရင်ချစ်စရာပုံလေးတွေက ကျနော် ငယ်ကတည်းက နှစ်သက်လွန်းတဲ့  ဆရာ ပန်းချီမောင်မောင်လှမြင့် စတိုင်လ်လေးကို
ရေးဆွဲထားခြင်းဖြစ်ပါတယ်..။ ဒါပေမယ့် ဆရာ့ကို မမှီပါဘူး..။

Monday, March 23, 2009

သင်္ကြန်လက်ဆောင်



မနေ့ က သင်္ကြန်ပုံလေးတင်ခဲ့ ပါတယ်..ဒီနေ့ အလုပ်ကပြန်လာတော့ ဘလော့ဂ်မိတ်ဆွေတချို့ က သိမ်းထားချင်လို့ တောင်းဆိုထားပါတယ်...ဟိုပုံလေးက ကိုဂင်ကြီးသုံးမှာဆိုတော့...
မိတ်ဆွေတွေအတွက် လက်ဆောင်လေးပေးချင်တာနဲ့ အားခြင်းဆွဲပြီး လက်ဆောင်ပုံလေးတင်ပေးလိုက်ပါတယ်...။
ကြိုက်နှစ်သက်တယ်ဆိုရင် မည်သူမဆို အမှတ်တရ ယူသုံးနိုင်ပါတယ်...။ ကျနော့်ရဲ့ မူပိုင်ပုံဆိုတော့ စည်းကမ်းချက်တခုတော့ ထားချင်ပါတယ်..အဲဒါကတော့....
မည်သူမဆို ..ဒီပုံကို ကြိုက်သလိုသာလုပ်......း)

ခင်မင်မှုဖြင့်....
သစ်နက်ဆူး

Sunday, March 22, 2009

ပိတောက်ညှို့ ချိန်



သင်းပျံ့ တဲ့ ရနံ့ တွေနဲ့ အတူ ညှို့ ချက်ပြင်းတဲ့ ပိတောက်ရာသီ ရောက်လာပြီလေ...။
လွမ်းစရာကောင်းတဲ့ ပိတောက်.....
ရင်ခုန်သံတွေ ပြင်းစေတဲ့ ပိတောက်...
ညှို့ ယူနိုင်စွမ်းလွန်းသောပိတောက်ပေါ့....။
ဒါလေးက အမေရိကန် အော်ရီဂွန်ကမျိုးဆက်သစ်တွေရဲ့ ပိတောက်ညှို့ ပွဲပါ...
အမှတ်တယ ရေးဆွဲပေးထားတာပါ...။
မူပိုင်ကတော့ ဘလော့ဂါ ကိုဂင်ကြီးပါ...သူ့ အတွက်ဆွဲပေးထားတာပါ...။

ပိတောက်ညှို့ ပွဲမှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ..။

Thursday, March 19, 2009

ဖိုးလမင်းကြီးရေ...ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ ပေးပါ (ပီတိ...၂)



မျက်မှောင်အမြဲကုတ်ထားပြီး အတွေးခေါင်လွန်းတဲ့ ကောင်လေးတယောက်ကတော့ မောင်နှမ အားလုံးထဲမှာ အသွင်မတူတဲ့ 
စုန်းပြူးလေးအဖြစ် ကပ်သီးကပ်သတ် ရပ်တည်နေရတာပါဘဲ..။
ဘာတွေကလွဲမှားနေသလဲဆိုတာကိုလည်း ၈ နှစ်အရွယ်လောက်ကောင်လေးက ဘယ် လိုတိတိကျကျ ပြောနိုင်မှာလဲ...။
သူလုပ်ချင်တာထက် သူလုပ်သင့်တာကိုလုပ်လိုက်တိုင်း မိဘ၂ပါးရဲ့  ထောပနာ ဂုဏ်ပြုလက်သံလေးတွေကို မျက်ရည်နဲ့ ထုပ်ပိုးပြီး
ခြံနောက်မှာ ငေးနေတတ်တာပေါ့...။
ဒါပေမယ့် မညီမျှမှုတွေ ၊သနားစရာ ဘ၀တွေကိုတော့ သိတယ်..။
ငယ်တုန်းကပါ....ကြာနေပြီဖြစ်ပေမယ့် ပြန်တွေးလိုက်တိုင်း ခုချိန်ထိ “ ငါ မှန်တာပေါ့” လို့  တဖက်သတ်တွေးကောင်းတုန်းပါဘဲ..။
ကျနော်က အဘွားနဲ့ အဒေါ်တွေနဲ့ နေတာပျော်ရွှင်ပေမယ့် အဖေတို့ က သိပ်ကြည့်မရတာကြောင့် သင်တန်းမောင်းဘို့ ဆိုပြီး တချက်လွှတ်အမိန့် နဲ့ အိမ်ကိုပြန်ခေါ်ကြတယ်..။
အဘွားနဲ့ အဒေါ်တွေကတော့ ဆိုင်သာဆိုင်မပိုင်ကြတော့ မျက်ရည်လည်ရွဲနဲ့ ပြန်ထည့်ပေး၇တာပါဘဲ..။ ကိုယ့်အ၀တ်အစားလေးတွေကိုထုပ်ပြီး ပါသွားတော့ “ ငါ့ မြေး မပျော်ရင် ပြန်ပြေးလာခဲ့ တဲ့ ”...။
မိဘတွေအိမ်ရောက်ပေမယ့် မောင်နှမတွေကြားထဲမှာ သူစိမ်းတယောက်လိုပါဘဲ...။ မနွေးထွေးဘူး...။
ခိုင်းလိုက်ကြတာဆိုတာကလည်း...။
၃ ရက်လောက်နေတော့ ညနေစောင်းလေးမှာ မှန်အိမ်( ရေနံဆီ မီးအိမ်) ထွန်းဘို့ ရေနံဆီသွားဝယ်ခိုင်းတယ်..။ ပိုက်ဆံ ၆ ကျပ်လားမသိဘူး..ပေးလိုက်တယ်..။ ရေနံဆီသွားဝယ်ရင် အဘွားတို့ အိမ်ရှေ့ က ဖြတ်ရမှာမို့  စိတ်ကတော့ သိပ်မကောင်းဘူး...။
ဝင်နေရင် ကြာလို့ ဆိုပြီး ရိုက်ဦးမှာဆိုတော့ မ၀င်ရဲ ဘူး၊ နောက်တခုက အဘွားနဲ့  မွေးစားအမေ( အဒေါ်) တို့ မျက်ရည်ကျမှာ သိနေတော့ မ၀င်ချင်ဘူး..ကိုယ်လဲ ငိုမှာပါဘဲ။
တိတ်တိတ်လေးဖြတ်သွားရင်း ရေနံဆီိရောင်းတဲ့ အိမ်ရောက်တော့ ရေနံဆီဝယ်ပြီး ပြန်လာတာပါဘဲ...မှောင်စတော့ ပြုနေပြီ..။
ငယ်ကတည်းက သိပ်ပြီးလမ်းမြန်မြန်မလျှောက်တတ်တာရယ် ခပ်လွမ်းလွမ်းနဲ့ လျှောက်နေတာကြောင့်ထင်ပါရဲ့ နဲနဲ မှောင်သွားတာ...။
ရုပ်ရှင်ရုံအဟောင်းနားရောက်တော့ မန်ကျည်းပင်အုပ်အုပ်မည်းမည်းကြီးအောက်မှာ ကုန်းကုန်းကွကွနဲ့ တွေ့ တော့ ကြက်သီိးတောင်ထမိသေးတယ်..။ အဘွားပြောဘူးတာက ဒီမန်ကျည်းပင်ကြီးပေါ်မှာ လူနီ( မှင်စာ ) ရှိဘူးတယ်တဲ့ ..ဂျပန်ခေတ်တုန်းကဆို ကင်းစောင့်နေတဲ့ ဂျပန်တွေကို မန်ကျည်းပင်ပေါ်ကဆင်းလာပြီး ညတိုင်း နပန်းလုံးလို့ ၈ျပန်တွေ မနေရဲဘူးတဲ့ ..။
ဒီအပင်အောက်က မဖြတ်ရင်လဲ အိမ်ပြန်လို့ မ၇တော့ ရှေ့ တိုးသွားမှ မှောင်ရီရီထဲမှာ လူနီမဟုတ်ဘဲ အဘွားအို တစ်ယောက်ဆိုတာသိရတာ...။ သူက ဘာရှာနေတာမှန်းမသိဘူး...မြေကြီးထဲကို ဟိုစမ်းစမ်း ဒီိစမ်းစမ်းနဲ့ ..ပါးစပ်ကလည်း တတွတ်တွတ်ပြောနေတာ...။ ကိုယ်ကလည်း လူမှန်းသိတော့ မကြောက်တာရယ် ဘာဖြစ်နေတာလဲဆိုတာ သိချင်လာတာပေါ့..။
“ အဘွား...ဘာဖြစ်လို့ လဲ...”
“ သြော်..ကလေး၇ယ်၊ အဘွား ဆန်ဝယ်မယ့်ပိုက်ဆံ ကျပျောက်သွားလို့ ပါကွယ်...ငါ့နှယ် ဒုက္ခရောက်ပုံများ...ကွယ်တို့ ”
“ အဘွားက ဘယ်နားမှာ ကျပျောက်တာလဲ..”
“ မသိပါဘူးကွယ်”
နီးနီးကပ်ကပ်သေချာကြည့်မှ ဒီအဘွားကို သိတာ...သူ့ သားနဲ့ သူ့ ချွေးမက ဆင်းရဲလွန်းလို့  သပိတ်ကျင်းဘက်လားမသိဘူး..
ရွှေသွားကျင်တာ ပြန်လာတော့ ဖျားပြီးပြန်လာတာ...နောက် လင်မယား၂ယောက်လုံး...သေသွားတော့ ကျန်ခဲ့ တဲ့ ကလေးလေး ၃ယောက်( မြေး) နဲ့  နေနေတာတဲ့ ..။ အဘွားနဲ့ အဒေါ်ပြောဘူးတာ...အဘွားတို့ အိမ်ရှေ့ ကဖြတ်ပြီိး အသုဘချတုန်းက အဒေါ်ပြထားလို့ 
သေချာမှတ်မိတာ..။
ကိုယ်လည်းဝိုင်းရှာပေမယ့် ဖုန်ထူတဲ့ အညာမှာ ပိုက်ဆံကျပျောက်တာကိုရှာဘို့ မလွယ်ပါဘူး...။ကျပ်စေ့ မူးစေ့ဆိုပိုဆိုးသေးတယ်။
ဘာလုပ်ရမလည်းဆိုတာစဉ်းစားရင်း ခေါင်းတောင်မူးတယ်..။
တဖက်က ကြောက်စိတ်၊ တဖက်က ကူညီချင်စိတ်..။ နောက်ဆုံးတော့ ဖြစ်ချင်တာဖြစ် လို့ ဆုံးဖြတ်ပြီး...
“ အဘွားမရှာနဲ့ တော့ တွေ့ မှာ မဟုတ်တော့ဘူး”
“ မတွေ့ ရင်ကွယ်...အဘွားမြေးတွေ ဘာမှ မစားရတော့ဘူးကွဲ့ ...သူတို့ ခမြာ မနက်ကလဲ ဘေးအိမ်ကထမင်းရည်ဘဲ သောက်ရတာ...နေ့ လည်က အဘွား စပါးကောက်သင်းကောက်လို့ ၇တာလေးနဲ့ ဆန်ဝယ်ပြီး ထမင်းချက်ရမှာ...”
“ အဘွားခနစောင့်ပါ...ဘယ်မှမသွားနဲ့ ကျနော်ပြန်လာမယ်...စောင့်နေနော်...”
ပြောပြီိးတာနဲ့ ရေနံဆိရောင်းတဲ့ အိမ်ကို အမြန်ပြန်ပြေးတာပါဘဲ...။
“ ဦိးမောင်...ဦးမောင် ကျနော်ဒီရေနံဆီ မ၀ယ်တော့ဘူး...ပိုက်ဆံပြန်ပေးပါ”
“ ဟာ....ရှုပ်ရှုပ်ယှက်ယှက်...ဘာလဲကွာ..ပြန်ယူလို့ မရဘူးကွ..”
“ ဦးမောင်ကလည်း...ကျနော် အဘွားဒေါ်တင်ရဲ့ မြေးပါ...မနက်ဖြန်ကျ ပြန်ဝယ်မှာပါ... ၅ကျပ်ဘဲ ပြန်ပေးပါ..ရေနံဆီတွေ ပြန်ယူပါ”
“ ဒေါ်တင်မြေးလား....ပေးပေး..”
ဆောင့်ကြီးအောင့်ကြီးယူပြီး ရေနံဆီတွေကို ဂါလံပုံးထဲပြန်ထည့်ပြီး...
“ ရော့ ၅ကျပ်...မင်းဘဲပြောတာနော်...နောက်မှ ငါ့ဆီ လာမရှုပ်နဲ့ ”
“ ဟုတ်ကဲ့”
ရတဲ့ ပိုက်ဆံလေးယူပြီး မန်ကျည်းပင်းဆီ ပြန်ပြေးတာပေါ့..။
ဟိုရောက်တော့ အဘွားထိုင်ငိုနေတုန်းဘဲ..။
“ အဘွားလာ...ဆန်သွားဝယ်ရအောင်...”
“ ပိုက်ဆံမှမတွေ့ တာငါ့မြေးရယ်...”
“ ကျနော့်မှာ ရှိတယ် ...လာအဘွားမြန်မြန်လုပ်..မှောင်နေပြီ...ကျနော်က သံလမ်းနားက သရဏဂုံတင်တဲ့ ကုက္ကိုပင်ကြီးဖြတ်ပြီးပြန်ရမှာ ..ကျနော်ကြောက်တယ်..”
“ အေးကွယ် အေးအေး....ပိုက်ဆံ ဘယ်က၇တာလဲ...မင်းက ဘယ်သူတုန်းဟဲ့ ”
“ ကျနော့်မုန့် ဘိုးတွေပါ...ကျနော်က ဒေါ်တင်ရဲ့ မြေးပါ”
“ အော်...အမတင်ရဲ့ မြေးလား...ကျမ္မာပါစေ ချမ်းသာပါစေကွယ်”
သူ့ လက်ကိုဆွဲပြီး ဆန်ဆိုင်ထိလိုက်ဝယ်ပေးလိုက်တယ်...၅ ကျပ်ဘိုးဆိုတော့ ရတော့၇တယ်...ဆန်နို့ ဆီဘူး ဘယ်နှစ်ဘူး လဲတော့မသိပါဘူး..။
“ အဘွား..ကျနော် လိုက်မပို့ နိုင်တော့ဘူး...ပြန်တတ်လား”
“ အေးအေး...အဘွားပြန်တတ်တယ်..”
“ ကျနော်သွားတော့မယ်”
“ အမလေး...ကျေးဇူးကြီးပါပေ့ ကလေး၇ယ်...သုတ်သုတ်သွားဟဲ့ ...”
ကြောက်ကြောက်နဲ့ မှောင်ထဲမှာ အပြေးပြန်လာပေမယ့်...အိမ်ရှေ့ ရောက်တော့ တုန့်ကနဲ ဖြစ်သွားတာပါဘဲ...။
အိမ်ရှေ့ က လူခေါ်ခေါင်းလောင်းလေးလှုပ်လိုက်မှ အမက ခြံတံခါး လာဖွင့်ပေးရင်း..
“ နင်ကတော့ဟယ်...ကြာလိုက်တာ..”
“ လာစမ်းဒီိကောင်”....
မိုးချူန်းသံလို အနားက အဖေ့အသံကို ကြားလိုက်ရတာဘဲ..။
“ ဘာလို့ ဒီလောက်ကြာတာလဲ...ဘယ်မှာဆော့နေလဲ...ဘယ်ဝင်နေလဲ”
“..................”
“ ငါမေးတာမကြားဘူးလား..ဖြေလေကွာ”
“ ပိုက်ဆံကျပျောက်သွားလို့ ...ရှာနေတာ”
“ ဘယ်ပိုက်ဆံ ပျောက်တာလဲ”
“ ရေနံဆီဝယ်မယ့်ပိုက်ဆံ....”
“ မင်း...ညာနေတာမဟုတ်လား...”
“.............”
“ ဘာလုပ်လိုက်လဲ...ဒီပိုက်ဆံ”
“..............”
“ ငါမေးနေတာကို....ဖြောင်း”
“ပြောစမ်း...”
“ ကျပျောက်တာ”
“ ဖြောင်း”
“ဖြောင်း....”
မျက်စေ့ ထဲမှာ မီးပွင့်တွေလို ဘဲ...ဆက်တိုက်။
နား၇င်းတွေ ဇက်ပိုးတွေလဲ ပူသွားတာဘဲ...။
မလိမ်ဘဲ အမှန်အတိုင်းပြောရင်...တော်ကြာ ကလေးဆီက ပိုက်ဆံ လိမ်သွားတယ်ထင်ပြီး ပြန်လိုက်တောင်းနေရင် ဒုက္ခ။
အဖေက သူ့ လက်စွဲတော် ကြိမ်လုံးယူပြီး
မှတ်လောက်အောင်ရိုက်ပြီးမှ အဖေကသူ့ ရှေ့ က မောင်းထုတ်လိုက်တယ်...။
ကျန်တဲ့ မောင်နှမတွေက ကြည့်နေတာပါဘဲ...။
သတင်းမေးဖော်တောင်မရဘူး..။ နာလိုက်တာ...။
ညအိပ်တော့ တစ်ယောက်တည်း နာကျင်တာတွေပွတ်သပ်ရင်း ဒီအချိန်ဆို ဟိုမြေးအဘွားတွေ ထမင်းစားနေကြလောက်ပြီ.....
လို့ တွေး၇င်း...နာကျင်ပီတိတွေနဲ့ ကျနော် အိပ်ပျော်သွားခဲ့တာပါဘဲ...။
မှတ်မှတ်ယယ အဲဒီညက ကျနော့်ကို ထမင်းမကျွေးဘူး။

( ငယ်စဉ်က ကိုယ်တွေ့ လေးကို သတိတယဖြင့်....)
သစ်နက်ဆူး

Saturday, March 14, 2009

ကျေးဇူးပြုပြီး...ကူညီပေးပါ



ကျနော့်မိတ်ဆွေ ချင်းအမျိုးသားတဦးက June လမှာ ရဲဘော် ဆလိုင်းတင်မောင်ဦး (ကို) အောက်မေ့ဘွယ်ဂုဏ်ပြုအခမ်းအနားပွဲအတွက် နောက်ခံ ပုံတူကားကြီးရေးဆွဲပေးဘို့ အကူအညီတောင်းလာပါတယ်...။
ကျနော်ကလည်းကူညီမှာပါ...ဒါပေမယ့် ကျနော်တို့ အခုရထားတဲ့ ပုံကို အခြေခံပြီးပုံတူဆွဲရမှာဆိုတော့ ကျနော့်အတွက်
သိပ်စိတ်တိုင်းမကျပါ( မူရင်းဆရာကို စော်ကားခြင်းမဟုတ်ပါ...ရိုင်းပျနေရင် ခွင့်လွှတ်ပါ)။ ကျနော်လိုချင်တာက မူရင်းဓါတ်ပုံကိုပါ..။
ဒါကြောင့်မိတ်ဆွေတို့ အနေနဲ့  ဆလိုင်းတင်မောင်ဦးရဲ့ မူရင်းဓါတ်ပုံကို စာအုပ်တွေမှတ်တမ်းတွေထဲမှာ တွေ့ ခဲ့ ရင် ကျနော့်ဆီဆက်သွယ်ပို့ ပေးပါလို့  အကူအညီတောင်းချင်ပါတယ်...။
လေးစားဘွယ်၊ဂုဏ်ပြုဘွယ်ကောင်းတဲ့ သူတယောက်အတွက် ကူညီပေးကြပါဗျာ..။

သစ်နက်ဆူး

Thursday, March 12, 2009

ကန်တော့ခန်း.....



စာမရေးဖြစ်သေးတာနဲ့ စိတ်ကူးပေါ်လာလို့  အမိုက်အမဲ ကြီးတွေအတွက် ရည်ရွယ်ပြီး Photoshop နဲ့ နောက်ကနေ ဆောင့်ကန်ပေးလိုက်တာ...ရှေ့ တော်မှောက်ဒူးထောက်လျှက်လေးပေါ့...။

မည်သူမဆို သဘောကျရင် ယူသုံးခွင့်ဖြန့်ခွင့်ပြုပါတယ်..

သစ်နက်ဆူး

Friday, March 6, 2009

ဒါလေးပြောမိတာများ...



လူရွှင်တော်အား အသားပေးသော အငြိမ့်ကဏ္ဍကို ကဇာတ်ပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် မတင်ဆက်ရန် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၌ တင်ဆက်ကပြနေသော မွန်၊ မြန်မာ ဇာတ်သဘင်အားလုံးကို အာဏာပိုင်များက တားမြစ်ထားကြောင်း သိရသည်။

အမည်မဖော်လိုသူ ဇာတ်သဘင် မန်နေဂျာတဦး၏ အဆိုအရ ယခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် အငြိမ့်ကဏ္ဍကို ဖျော်ဖြေရန် ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ၎င်းက “သူတို့ အဓိကတားမြစ်တာက ပြက်လုံးတွေကြောင့်ပဲ။ ထူးခြားတာက မနှစ်က သီးလေးသီးရဲ့ ပြက်လုံးတွေကို အပျော့စားဖြစ်အောင် ပြန်ပေါင်းထုတ်နေကြတဲ့ ဇာတ်တွေက ဒီ ကျနော်တို့ဘက်မှာ အရမ်းများလာ တာလည်း ပါမှာပေါ့။ သွယ်ဝိုက်ပြီးတော့ ရအောင် ပြက်လုံးထုတ်တာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောပြသည်။

ယင်းအကြောင်းနှင့် ပတ်သက်၍ မော်လမြိုင်မြို့ ဇာတ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူတဦးက အဆိုပါကန့်သတ်တားမြစ်သည့် ညွှန်ကြားစာကို ပွင့်လင်းရာသီ ကပွဲစတင်ချိန်မှစ၍ အာဏာပိုင်တို့က မွန်ပြည်နယ် သဘင်ကောင်စီသို့ ပေးပို့ခဲ့ကြောင်းနှင့် ထိုမှတဆင့် ဇာတ်သဘင်များအား သဘင်ကောင်စီက အငြိမ့်ကဏ္ဍကို ပယ်ဖျက်ရန် အသိပေးခဲ့ကြောင်း ပြောကြားသည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ဇာတ်သဘင်အစည်းအရုံးဝင် ဇာတ်ပွဲပေါင်း (၃၀) ကျော်ရှိပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လှည့်လည်ကပြနေကြသည်။ ဇာတ်ပွဲအများစု၏ တညတာ ဖျော်ဖြေရေး အစီအစဉ်တွင် တေးဂီတ (ခေတ်ဟောင်း၊ ခေတ်ပေါ်)၊ အငြိမ့်၊ ပြဇာတ်၊ နှစ်ပါးသွားတို့ ပါဝင်ကြပြီး တချို့ကဇာတ် များတွင် တခန်းရပ်ဟာသအပြင် နောက်ပိုင်းဇာတ်ထုတ်များလည်း ပါဝင်သည်။

“မွန်မြန်မာဇာတ်ပွဲများ လူရွှင်တော်အသားမပေးရ အမိန့် ထုတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့  ခေတ်ပြိုင်ကသတင်းကိုဖတ်ရတဲ့ အခါ..
မဲ့ ပြုံးပြုံးရင်း အနုပညာသည်တွေကိုလဲ ကိုယ်ချင်းစာမိသလို ကိုယ်ဖြစ်ခဲ့ တဲ့ အဖြစ်အပျက်လေးကိုပါသတိယမိတယ်..။..
နေရာတကာ အကြောက်လွန်ရောဂါတွေဖြစ်...ဘာပြောပြော သူတို့ ကိုပြောတယ်ထင်နေတတ်တဲ့  အစိုးမရ တွေကို အံ့သြတယ်..။
မမှန်ရင် မခံနိုင်ဘူး..ဆိုတဲ့ စကားလိုပေါ့..သူတို့ မမှန်တော့ ဘာပြောပြော မခံနိုင်ကြဘူး...။
တိုင်းပြည်တပြည်၊ရွာတရွာ၊မြို့ တမြို့ မှာ အုပ်ချုပ်သူ၊ အုပ်ချုပ်ချင်သူတွေကို အမှားတခုခုထောက်ပြတဲ့ အခါ အနုပညာသည်တွေရဲ့ စကား၊ ကလောင်သွား၊စုတ်ချက်....ဖန်တီးမှုအားလုံးဟာ မမှန်တဲ့ အစိုးရအတွက် နာသာခံခက်တွေချည်းပါဘဲ..။
ဒီသတင်းလေးကိုဖတ်မိတော့ ကိုယ်တိုင်ဇာတ်သဘင်လောကကို ကျောခိုင်းထွက်ခွာခဲ့တဲ့ အကြောင်းကိုပြန်တွေးမိတယ်..။
မဟုတ်မခံ ဆတ်ဆတ်ထိမခံတတ်တဲ့ ဗီဇက ဇာတ်မင်းသားဘ၀မှာလဲ မဖျောက်နိုင်ပါဘူး..။
အနုပညာ ဆိုတာ ပြည်သူအတွက်လို့ ကြီးကြီးကျယ်ကျယ်မပြောချင်ပေမယ့် ကောင်မလေးတွေကြိုက်ယုံ..
မျက်စပစ်..ကြာပေးလို့ လာပေးတဲ့ပန်းစီးတွေကြားမှာ နစ်မျောနေတတ်တာမဟုတ်တော့...
ကပြတဲ့ အော်ပဒါ၊ပြဇာတ်တွေတိုင်းမှာ ပရိတ်သတ်အတွက် ဘာပေးနိုင်မလဲ....ဆိုတာစဉ်းစားပြီး လုပ်နေကြပါ..။
နောက်တခုက မတရားအုပ်ချုပ်နေတဲ့ အစိုး၇ လက်ထက်မှာ သူတို့ ကို ပြောချင်တဲ့ စကားလုံးတွေကို စင်တခုဆောက်ပြီး ဟောပြောမယ်ဆိုရင်တော့..ဗေဒင်မေးစရာမလို ၊ကိုင်းကြီးကြီးမှာ နားသွားရမှာကသေချာတယ်..။
ကျနော်မကျေနပ်တာက ဘာလဲ...ကျနော်ဘာကိုပြောချင်သလဲ...ဒါမှမဟုတ် ပြည်သူတွေက ဘာကိုနာကျည်းပြီး ပေါက်ကွဲချင်နေတာလဲ..ကိုယ့်ရင်ကစကားလုံးတွေဘဲ ဖြစ်ဖြစ်၊ ပြည်သူတွေ ပရိတ်သတ်တွေပြောချင်တဲ့ စကားကိုဘဲဖြစ်ဖြစ်
ပြောလို့ ရနိုင်တာက...ကျနော်ချစ်တဲ့ ဇာတ်စင်လေးတွေပါ..။
ကျနော်ပြောချင်တဲ့ အကြောင်းအရာတခုကိုပြောချလိုက်ရင် အနည်းဆုံး...ပွဲခင်းထဲမှာ လူ၂၀၀၀ ကျော်...အများဆုံး...ဗလာပွဲတွေဆို ၅၀၀၀ ကျော်..။
အဲဒါက ကျနော်ရွေးချယ်ထားတဲ့ ကျနော်ချစ်တဲ့ အနုပညာ သတ်ကွင်းဘဲ..။
ပြောတယ်...ငြိတယ်..
ပြောတယ်...ငြိတယ်..ငြိပါများတော့ ဇာတ်ဆရာတွေကတောင် စစ်တပ်နဲ့ နီးရာ၊ ပါတ်သက်ရာပွဲတွေမှာ...ကျနော့်ကို အလိမ္မာလေးနဲ့ သတိပေးနေရတယ်..။ ငြိရင် ဇာတ်ဆရာလဲ နာတာပါဘဲ..။
ကျနော်မမေ့နိုင်တဲ့ ပွဲပေါ့....ကပြတာက .ရေးမြို့ နယ် စစ်တပ် ရှေ့ တန်းပြန်ပွဲ....
ကျနော်ကမှာက“ ပြည်သူ့ သွေး ပြည်သူ့ ဓါး”....အော်ပဒါ..။
စစ်ဝတ်စုံပေးဝတ်လို့ မရတော့...ရာဇ၀င်အ၀တ်အစားနဲ့  ဘုရင့်ရဲ့ စစ်သည်တော်တွေပေါ့..
ကျနော်ကိုယ်တိုင်ကတော့ စစ်ဗိုလ် ၀တ်စုံနဲ့ ရာထူးကို မျက်လှည့်ပြလိုက်တော့ အိမ်ရှေ့ မင်းသားပေါ့ဗျာ..။
မင်းသားက အစကတော့ မဆိုးပါဘူး...
ပြည်သူပြည်သားကို ရင်ကမွေးတဲ့ သားသမီးလို အုပ်ချုပ်တယ်လို့  ညီလာခံမှာ ပြောပေမယ့် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်နဲ့ အုပ်ချုပ်တဲ့  ဘုရင့်သားဆိုတော့ သွေးကတော့ ခပ်ကြွကြွပေါ့..။
တိုက်ရေးခိုက်ရေးကောင်းတော့ အောင်ပွဲကအပြန်မှာ ပြည်သူပြည်သားနဲ့ ဘုရင်က ချီးမြှောက်ကြတာပေါ့...
ရာထူးနဲ့ အပိုင်စားနယ်မြေနဲ့  လုပ်ခွင့်တွေ ရလာတဲ့အခါ...လွတ်လာတယ်...ရိုင်းစိုင်းလာတယ်...
နောက်ဆုံး ထန်းတောမှာ ထန်းရည်သောက်စားရင်း လိုချင်စားချင်တဲ့ ယုန်သားကျပ်ကင်မ၇တော့ ထန်းတောက အဘိုးကြီးကို ပါးနားရိုက်တယ်...
ရွှေရင်သိမ်းစ မိန်းကလေးက ဖခင်ကြီးအရွယ်မို့  မလုပ်သင့်ကြောင်း ၊မိဘချင်းကိုယ်ချင်းစာဘို့ ပြောတဲ့အခါ...
အနာပေါ်ဒုတ်ကျဖြစ်ပြီး “အတင့်ရဲတဲ့ မိန်းကလေး၊ ငါလိုလူကို သတိပေးရဲသလား” ဆိုပြီး မိန်းမပျိုလေးကိုပါ ခြေတော်တင်ဖျက်ဆီးပြီး သတ်လိုက်တာ..။
ဒီတော့မှ အသက်မဲ့နေတဲ့ သမီးအလောင်းကိုဖက်ငိုရင်း သွေးအလူးလူးနဲ့  အဘိုးအိုက...
“ လုပ်ရက်လိုက်တာ..မင်းသားရယ်..ပြည်သူကိုရင်ဝယ်သားလိုချစ်ရမယ့် သူက ၊အခုလိုလုပ်ရက်လေခြင်း....” စတဲ့ စကားတွေနဲ့ မင်းသားကို ပြောတော့တာပေါ့...
မင်းသားကလဲသွေးဆူဆူနဲ့ ဆက်သောက်ပြီး မူးရူးအိပ်ပျော်သွားတာ...
ပြန်နိုးလာမှ သေဆုံးနေတဲ့ သမီးငယ်ကို ဖက်ငိုနေဆဲ အဘိုးအိုကိုတွေ့ ပြီး...ဘာတွေဖြစ်ခဲ့တာလဲ..ပြန်မေး...
ဟိုကလဲ ပြန်ပြောပြ...အဲဒီကျမှ ပြန်စဉ်းစားရင်း နောင်တရပေါ့..( အော်ပဒါ ကပြချိန်က အလွန်ဆုံး ၁နာရီပေါ့..ဒီတော့ မြန်မြန်နောင်တပေးရတယ်...အပြင်မှာဆို အနှစ်၂၀ ကျော်ကြာရင်လဲ ကြာမယ်ပေါ့ဗျာ...မရနိုင်တဲ့လူကတော့ တစ်သက်လုံး ဖြစ်ချင်ဖြစ်မှာပေါ့)...။
နောက်ဆုံးခန်းနားမှာ ပြောမယ့် စကားကို စကားလွှဲပြောပေးဘို့ မန်နေဂျာက တိုးတိုးတိတ်တိတ် လာသတိပေးတယ်...
သိတယ်...ဇာတ်စင်ရှေ့ နားက ကုလားထိုင် ဆက်တီိတွေပေါ်မှာ ထိုင်နေတဲ့  ဘသားချောတွေ မျက်နှာတင်းနေတာ...
ဒါပေမယ့် ကိုယ်ကလဲ စကားပြင်လိုက်တာနဲ့ ဇာတ်ကျောရိုးတည်ထားသမျှက ပျက်တော့မှာ ဆိုတော့၊ စကားကိုမပြင်တော့ဘူး...ပြောလိုက်တဲ့ စကားက ဘာမှလဲ ရိုင်းတာမဟုတ်ပါဘူး...
အဲဒါကို အကြီးအကျယ်စိတ်တွေဆိုးပြီး အော်ပဒါပြီးတာနဲ့ ဝတ်စုံတောင်မချွတ်ရသေးဘူး...လာဆွဲတာပါဘဲ...မေးမြန်းငြင်းခုံပြီး
ကပြမှုတွေကို ဒီမြို့ နယ် အပိုင်တွေမှာ ပါမစ်ပိတ်တာတွေ ဖြစ်လာတော့တာ...
ဒါ ကျနော်ချစ်တဲ့ ဇာတ်စင်တွေကို ကျောခိုင်းဘို့ လမ်းစပါဘဲ...။
ကျနော်က နည်းနည်းလေးဘဲ ပြောတာပါ....
အိမ်ရှေ့ မင်းသား ထန်းတောက မိန်းကလေး သားအဖကိုကြည့်ပြီး၊ ဓါးကိုကိုင်ရင်းနောင်တရမှုနဲ့ ပြောတဲ့ စကားပါ...
“ ပြည်သူအသက်စည်းစိမ်အိုးအိမ်ကို မိမိအသက်နဲ့ ရင်းပြီးကာကွယ်ဘို့  ငါသစ္စာဆိုထားတယ်...အခုတော့ ပြည်သူ့ ဘဏ္ဏာတော်၊ အခွန်တော်ငွေတွေနဲ့ ပြည်သူကိုကာကွယ်ဘို့ ကိုင်ဆောင်ထားတဲ့  ပြည်သူ့ ဓါးနဲ့ ဘဲ...ပြည်သူကိုငါပြန်သတ်နေတယ်...
ဒီလိုလက်နက်၊ ဒီလိုဓါး၊ ဒီလိုရာထူးနဲ့ ငါနဲ့ မတန်လိုက်တာ....
အင်း....ခွေးနဲ့ ပါးချပ်...တခြားစီဘဲ..”
အဲဒါ....
လွန်သွားလား....လို့ ။

Wednesday, March 4, 2009

ပီတိ.....၁



ကျနော်စာမရေးနိုင်တာကြာနေပြီ...ကိုယ်ကစာတွေအများကြီးဖတ်ချင်တယ်...အများကြီးရေးချင်တယ်..။ သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်းနဲ့ စာရေးသူတွေကိုချီးကျူးမိပါတယ်..စာမှန်မှန်ရေးဘို့ ဆိုတာ တော်တော်အချိန်ပေး၇တာပါ..
ကျနော့်မှာ အားနည်းချက်က အချိန်ပါ...အချိန်မလောက်ဘူးဖြစ်နေတာ..ပြီးခဲ့တဲ့ ၂ပါတ်လောက်က ဒီမှာရှိတဲ့ ပန်းချီကလပ်ကိုဆက်သွယ်ပြီိးတွေ့ ဆုံအသုံးဝင်တဲ့ အခါ အားလုံးကလဲ အာရှက ပန်းချီသမားဆိုပြီိးလှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်..
ပျော်စရာလဲ ကောင်းပါတယ်...အိမ်မှာဆို သိပ်မဆွဲဖြစ်လို့ သွားတာပါ...ဟိုမှာညနေပိုင်းဆွဲမယ်ပေါ့...။ သူတို့ ကလဲ စတွေ့ ပြီးနောက်ရက်မှာဘဲ စတေလိုက်(သက်ငြိမ်)်ပေါင်းစုပြီးဆွဲမယ်လို့ ဆိုပါတယ်...ဆွဲကြပြီဆိုတော့လဲ ဆွဲပေါ့...။
ဆေးကိုင်ပြီဆိုတာနဲ့ သူတို့ နဲ့ ကျနော်တို့ အရောင်ကွာခြားမှုကို စတွေ့ ရပါတယ်...။ နောက်သူတို့ က ဆေးကိုလိုင်းစုံမရဘူး...
ဆီဆိုဆီဘဲ...ေ၇ဆေးမရဘူး..။
သူတို့ က ရေဆေးကို လိုချင်ကြတယ်..ကျနော်ကလက်တွေ့ ဆွဲပြတဲ့ အခါ...သူတို့ ကိုသင်တန်းပေးပါ...လခပေးပါ့မယ်လို့ ဆိုလာပါတယ်...။ ကျနော့်ရင်မှာပီတိဖြစ်မိတယ်...ငွေကြေးကြောင့်မဟုတ်ပါဘူး...ကျနော်တို့ မြန်မာနိုင်ငံက ပန်းချီအဆင့်ကို ယှဉ်တွေး
မိလို့ ပါ...။ ကိုယ့်ရဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေအားလုံးကို စိတ်ထဲကအထပ်ထပ် ကန်တော့မိပါတယ်..။
နောက်ပြီး သူတို့ က သစ်ထွင်းပန်းချီကိုစိတ်ဝင်စားတယ်...အဖြူအမဲပုံတွေဘဲ ပြုလုပ်နိုင်ပြီးေ၇ာင်စုံပုံကို ပြုလုပ်နည်း မသိကြပါဘူး၊
ကျနော့်ဆရာက တရုပ်ပြည်မှာ ပန်းချီကျောင်းဆင်းလာတဲ့ သစ်ထွင်းပန်းချီ ဇော်ဝင်း(ဦး) မန္တလေးပါ...။ ဒီိတော့ သူတို့ ကိုနည်းပညာ
ပိုင်းတွေ ကူညီပြပေးနေပါတယ်..။
ဒီရက်ပိုင်းမှာဘဲ အော်စလိုနဲ့ လိလယ်ဟမ်းမားက ဆက်သွယ်လာပါတယ်...၂၀၀၉ သင်္ကြန်မှာ ကူညီကပြပေးဘို့ ပေါ့...။
သူတို့ က ကိုယ့်နိုင်ငံက ယဉ်ကျေးမှုအနုပညာကို ပြချင်တယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ်၂၀၀၀ ကျော်ကတည်းက အနုပညာက ပုဂံပြည်ကစတင်ခဲ့တော့ ပုဂံအကအလှကိုပါတင်ဆက်ဘို့ ..သမီး၂ယောက်ကို အားခြင်း ပုဂံက လေ့ကျင့်ပေးနေရပါတယ်..
နောက်ကျနော်ကတော့ မှတ်မှတ်ယယ နှစ်ပါးခွင်ကိုအပြည့်ကပြရမှာပါ...ဒီမှာ ၀ါသနာတူတွေ လူရွှင်တော်တွေ အဖြစ် အားဖြည့်ပေးမယ်...မင်းသမီးတွေကတော့ အိမ်ထွက်တွေပေါ့...။အဲ...နောက်ခံ ပန်းချီကလဲ တာဝန်ယူထား၇သေးတယ်...။
ဒီတော့ စာဖတ်စာရေးချင်တာ စိတ်သာရှိပြီး အချိန်မရှိဖြစ်နေတာ...။
အသစ်မရေးလို့ သတိပေးဖော်၊မေးဖော်ရတဲ့  မောင်နှမတွေအားလုံးရဲ့ ခင်မင်မှုကိုလဲ ပီတိဖြစ်မိတယ်..
ကိုယ့်လူမျိုး ၊ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို တင်ပြဖျော်ဖြေရမှာကိုလဲ ပင်ပန်းတဲ့ ကြားကပီတိ ဖြစ်နေရပါတယ်..
အားလုံးဘဲ....ဒီစာလေးဖတ်ပြီး ပီတိလေးတွေ မျှဝေခံစားပေးပါလို့ ...ဆန္ဒပြုလိုက်ပါတယ်...။

ခင်မင်မှုလေးများနဲ့ ...
သစ်နက်ဆူး