Monday, September 22, 2008

“ မြတ်ဗုဒ္ဓသို့ ရှာဖွေခြင်း ”



ကြီးကျယ် မြင့်မြတ်ခြင်း...နှင့် အေးမြနွေးထွေးခြင်း....
ကြင်နာသနားခြင်းနှင့်......မဟာဂရုဏါကြီးမားခြင်း....
ဆုံးစမဲ့ ကျယ်ပြောလှသော စကြာင်္ဝဠာအတွင်းဝယ်................
မသိနားမလည်မှုတို့ ဖြင့် မကောင်းမှုတို့ တွင်သာ ပျော်ပါး ကျင်လည် နေရရှာသော သတ္တ၀ါ အပေါင်းတို့ အား
ကျွတ်လွတ် ချမ်းသာ စေ သော တရားမြတ်တို့ ဖြင့် ဆိုဆုံးမ ညွှန်ပြခဲ့ လေသော အရှင်ဘုရားအား
တရားအလုံးစုံကို သိမြင်သော မူသော “ မဟာဂရုဏါရှင် ဗုဒ္ဓ” အဖြစ် တပည့်တော်သည်
ဆည်းကပ် ကိုးကွယ် ပါ၏.
.မြတ်ဘုရား၏ တရားတော်တို့ အား ယုံမှားကင်းစွာဖြင့်...ကျင့်ကြံ အားထုတ်ပါ၏....။
...............................................................................
ကျနော့် ဘ၀ မှာ ငယ်စဉ် သိတတ်စကတည်း က ၊ နားလည်နိုင်စွမ်း မရှိသော၊ နားမလည်လို့ ပင် မေးမြန်းခွင့်
မရှိသော ဘာသာရေး အသိုင်းအ၀န်းတွင် ကြီးပြင်းခဲ့ ရသည်...။ ဘ၀ အဆက်ဆက်က ပြု ခဲ့ ဘူးသော အပြစ်ကြောင့်ပင်
ဖြစ်ခဲ့ လေသလားဆိုတာတော့ ကျနော် ပြောမပြတတ်ပါ...။
မတူညီသော စိတ်ဓါတ်၊ ၀ါဒ၊ အကျင့်၊ ယုံကြည်မှု အလေ့အထတို့ သည်ပင် ၊ ကျနော့်အား ဖိအားပေး ပူလောင်စေလှသည်။
တစ်ကယ်တန်း မျိုးရိုးစစ်ကြမည်ဆိုရင်တော့ နားမလည်နိုင်အောင်ပင်ဖြစ်ရသည်...။
ကျနော် ဖခင်၏ အဖေသည် အစ္စလာမ် ဘာသာဝင်ဖြစ်သည်...အဘွားသည် ရှေးမြန်မာစစ်စစ်ဖြစ်ပါလျှက် အဘိုးဘက်ကို
လိုက်ပြီး ဘာသာ ပြောင်းလိုက်သည်...။
ကျနော့် မိခင်၏ ဖခင်က ကျူလီယာ အစ္စလာမ် ဖြစ်ပြီး အမေ၏ မိခင်မှာ တောင်ငူသူ ရှမ်းစစ်စစ်ဖြစ်သည်...။ အဘိုးဘက် လိုက်မလိုက် ကျနော် မသိပေမယ့် ကျနော့် မိခင်ရော ဖခင်ပါ ၊ အစ္စလာမ်ဘာသာတွေ ဖြစ်နေခဲ့ သည်...။
ဒါပေမယ့် အဖေ့ဘက်ကတော်သော အဘွား၏ အမျိုးအားလုံး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေသည်....တောင်ငူဘက်က အမျိုးတွေ
အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေသည်။ ကိုးကွယ်မှု မျိုးရိုးက စိတ်ထဲမှာ လိမ်ဖယ်ဖယ်ကြီးဖြစ်နေသည်..။ကျနော့်အဖေ အထက်က အကို( ဦးလေး) ၂ယောက် အိမ်ထောင်ပြုထားသူတွေကလည်း ဗုဒ္ဓဘာသာဝင်တွေဖြစ်သည်…။ သူတို့ က ချစ်လို့ သာ လူချင်းပေါင်းသည်၊ ဘာသာရေးကတော့ ကိုယ့်ဘာသာ ကိုယ် ကိုးကွယ်၊၊ ရှင်းသည်…။ကျနော်က သဘောကျသည်၊ ဒါပေမယ့် ဦးလေးတို့ ၏ ဇနီးများမှာ အိမ်ထောင်ရှင်မ ပီသသော်လည်း ယောက္ခမ ဖြစ်သူတွေ နှင့်တော့ ခပ်စိမ်းစိမ်း…။ ကျနော့် ကိုတော့ အိမ်မှာ အနှိမ်ခံရမှန်းသိတော့ သူတို့ တွေက ချစ်ကြသည်…။ မောင်နှမ ၀မ်းကွဲတွေကလည်း အမေဘက်လိုက်ပြီး ဗုဒ္ဓ ဘာသာ အယူကို ယူကြသည်။
မောင်နှမ ညီအကို အရင်းတွေ စိမ်းသလောက် သူတို့ က ချစ်ခင်ယုယသည်။ ကျနော်ကလည်း ကျနော်
ရုပ်ကလည်း တစ်ခြားသော မောင်နှမတွေနှင့် နည်းနည်းမှ မတူ..။ မိသားစု ဓါတ်ပုံတွေ ဧည့်သည်လာလို့ ပြလျှင် ဒီကောင်လေးက ဘယ်ကလည်းဟု သူတို့ တွေ အမြဲမေးသည်.။ထူးထူးခြားခြား
မောင်နှမ ၇ ယောက်ထဲတွင် ကျနော် တစ်ယောက်ထဲသာ မြန်မာနာမည် ဖြစ်နေခဲ့သည်....။
နေရာမမှန်သော လူတစ်ယောက်အတွက် အရာရာအံမကျခဲ့ ပါ။ မှတ်မှတ်ရရ သိတတ် ကတည်းကပင်။
ကျနော်က ငယ်ကတည်းက တမျိုး တွေးသည်...စဉ်းစားသည်...။အဖြေတွေလိုချင်သည်။ဒါပေမယ့် ကျနော် လိုချင်သောအဖြေ
မရပါ...။ မညီမျှသော ဘ၀၊ ဆင်းရဲ ချမ်းသာ၊ သတ်ဖြတ်ခြင်း၊ အစာအငတ်ခံခြင်းတို့ သည် ကျနော်ရှုဒေါင့်ထဲတွင် ကျေနပ်စရာမရှိ။
ကျနော်တို့ ငယ်ငယ်ကတည်းကအတန်းပညာကျောင်းဆင်းပြီးခဏနေလျှင်ဘာသာရေးကျောင်းတက်ရသည်..၊
ဘာသာရေးကျောင်းက အဘွားအိမ်နားမှာ ဖြစ်သည်...။
ဘုရားကျောင်းက ခေါင်းလောင်းသံ ကြားလျှင် ကျနော် နေစရာ မရှိတော့...နားထဲမှာ စူးရှပြီး မခံနိုင်ပါ...။ရင်တွေပါတုန်သည်..
ခေါင်းလောင်းသံ ကြားလျှင် ကျနော်ပုန်းပြီ..။ အဘွားကုတင်အောက် နျင် သစ်ပင်တွေပေါ် တက်ပုန်းသည်...၊ မရပါ၊
အဒေါ် တစ်ယောက်က အတင်း လိုက်ခေါ် ချော့မော့ပြီး ကျောင်းကို အတင်း လိုက်ပို့ သည်...။
ကျောင်းရောက်ပြန်လျှင်လည်း ရိုက်ခံရတာကများတယ်…ဒီစာတွေကလည်း မှတ်ဥာဏ် ထဲကို ဘယ်လိုမှ
မ၀င်…။ကိုယ့်ရွယ်တူတွေ အတန်းတက်သွားလည်း ကိုယ့်မှာတော့ ဒါကဒါဘဲ ၊ ရှေ့ မတက်..။
ဆရာလုပ်သူကလည်းရိုက်မှရိုက်..။ အတန်းတက်စေချင်လို့ နေမှာပါ..။ ကြိမ်လုံးသာ ဘ၀ပျက်သွားမယ်
စာကတော့ မရ..။ ထားပါလေ..ဒါကငယ်တာကိုး။။
ငယ်တုန်းက သိပ်မသိပေမယ့် ၄တန်းလောက်ရောက်တော့ တွေးတတ်လာသည်..။ စဉ်းစားတတ်လာသည်။
အဲဒါမှ ပိုဆိုးတာ..။ ဆရာကို မေးခွန်းတွေ ပြန်ထုတ်ပြီ…။
လက်ရှိလူတွေ နေတာ ကမ္ဘာ ဘယ်နှစ်ခု လည်း..ဒါကို ဖန်ဆင်းရှင်က တစ်ဦးတည်း အစွမ်းနဲ့ ဖန်ဆင်းတာဆို
တစ်ချို့ လူတွေက ဘာလို့  ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန် နဲ့  ဟိန္ဒူဘာသာတွေဖြစ်နေတာလဲ…..။
ကျနော်သိသလောက် ခုလက်ရှိ ဘုရား၃ပါးဖြစ်နေတယ်…ဘယ်ဟာက အတုလဲ….
ကားမောင်းတဲ့  ဦးပိန် အရက်သောက်တာကို အလ္လာ မကြိုက်ဘူးလို့ ပြောပြီး ဘုရားကျောင်းမှာ ခေါ်ဆူတယ်..
ဆီစက်သူဌေး ဦး စိုးကြီး…ညနေတိုင်း အရက်သောက်တာ ဆရာ ဘာလို့ မဆူတာလဲ…….
ကျနော့်ဦးလေးတွေ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ ယူလို့ ဝိုင်းနှိမ်ပြီး…….
ကား၂စီးပိုင်တဲ့ ဦးသန်း ဗုဒ္ဓ ဘာသာဝင်နဲ့ ယူတာ ဘာလို့ မပြောတာလည်း….
အလ္လာက မျက်နှာ လိုက်တာလား…….
ဆရာက ကမ္ဘာ မြေကို ဖန်ဆင်းပြီး မိုးကောင်းကင်နဲ့ အုပ်ထားတယ် ပြောတယ်…..ကျောင်းစာအုပ်ထဲမှာက
ကမ္ဘာက အလုံးကြီး ၊ ဘာဖြစ်လို့ အလ္လာနဲ့ ကျောင်းဆရာ ပြောတာ မတူ တာလဲ….။
တခါမေးတိုင်း ဆရာကလည်း အိမ်ကို အကြောင်းကြားတာပါဘဲ….“ ဒီကောင်းလေး အလ္လာကို စုံစမ်းတယ်
ယုံကြည်မှု ရော့နေတယ်…ဆုံးမပေးပါ” ဆိုရင် ဘာပြောကောင်းမလဲ၊ အဖေ သမတာ ရက်ရက်စက်စက်ပေါ့။
တဖက်ကလည်း ပန်းချီဆွဲတော့ အလ္လာ မကြိုက်တာ လုပ်တယ်ပေါ့…..။
အလ္လာ ဖန်ဆင်းသော အရာအားလုံး လူသားသည် တုပပြုလုပ်နိုင်ခြင်း မရှိတဲ့ ..။
ပြုလုပ်တုပလျှင် ရေးဆွဲလျှင် စော်ကားခြင်းပင်ဖြစ်သည်တဲ့…။
ကျနော်ကလည်း ကွန့် တယ်…..ရိုက်နေတဲ့ ကြားထဲက….လူသားကို အလ္လာ ဖန်ဆင်းတယ်ဆိုရင်
ကျနော့ကိုရော…လို့ မေးတာ..အဖေတို့ ဆရာတို့ ကလဲ မနပ်တာ….ပြန်ဖြေတယ်လေ……
“ မင်းကို လည်း အလ္လာ အလိုရှိလို့ လူဖြစ်လာတာ”တဲ့…။ အဲဒါကို လိုချင်တာ…
“ ကျနော့်ကို အလ္လာ ဖန်ဆင်းတယ်ဆို သူ မကြိုက်တဲ့ ပန်းချီဆွဲတတ်အောင် ကျနော့်ကို ဘယ်ဘုရားက
ကြားထဲက ၀င်ဖန်ဆင်းပေးသလဲ” ဆိုတော့….အရပ်ကတို့ ရေ….ဘာပြောကောင်းမလဲ
အပါရယ် မာမီရယ် ဆရာရယ် ၃ယောက်ပေါင်းသမတာ….ကျနော့်မှာ မြော့နေတာဘဲ..။
ကျနော့်မိဘတွေကလည်း ဒီကတည်းက ကျနော့်ကို ပိုပြီး ဘာသာရေးကို ဖိအားပေးလာတာ…။
၅ တန်း၆တန်းနှစ်တွေ ရောက်လာတော့ ပိုပြီးတွေးစရာ၊ မေးစရာတွေ များလာခဲ့ တာပါဘဲ..။
အပြင်စာတွေ ကိုလည်း လေ့လာဖတ်မှတ်လာတာလေ..။
လူရဲ့ ခန္ဒာကိုယ်၊ အကြောင်း ၊ အစာအိမ် အလုပ်လုပ်ပုံ၊ တံထွေးရဲ့ အစာချေဖျက်ပုံ ၊ ဒါဝင်ရဲ့ 
လူသည်မျောက်ကဆင်းသက်ခြင်း( ကြီးမားသော အမှား နောက်တစ်ခုပေါ့) နဲ့ ခရူးဆိတ် စစ်ပွဲတွေ
ကို သိရှိလာတဲ့ အခါ…ကျနော့်အတွက် အိမ်မှာ အစစ အရာရာ အမြင်တွေက မတူတော့ဘူး…။
ပြဒါးတစ်လမ်း၊သံတစ်လမ်းဖြစ်လာတယ်…။
ရက် ၄၀ ဥပုဒ်တွေ ကို ကျနော် မစောင့်ချင်ဘူး..။ သူတို့ က တော်တော် အစွဲကြီးတယ်..။
ကျနော့် အကိုတွေ အမတွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်နှစ်ရက်တောင်ရနေပြီ ဆိုပြီး ပြိုင်နေရင်..
ကျနော်က ထ”ဖောက်ပြီးမေးတတတ်တာ….
“ ဘယ်နဲ့  စစ်တိုက်ကြမှာမို့  အငတ်ခံတာ ကျင့်တာလဲ” ဆိုရင် …သူတို့ က ဒေါသနဲ့ ပြန်ပြောတာ၊
“ အလ္လာ အတွက်ပေးဆပ်နေတာ…နင်က ဘာမှ နားမလည်ဘူးလား” ဆိုပြီး ၀ိုင်းဟောက်တာ..။
ကျနော်က အေးအေးလေးဘဲ ပြန်ရှင်းပြတာပါ….
“ ဒီ အစာငတ်ခံတာတွေက၊ ခရူးဆိတ် စစ်ပွဲတွေက စခဲ့ တဲ့ အကြောင်း၊ ရဟူဒီ အနွယ်တွေနဲ့ ခရစ်ယာန်တွေ
စစ်တိုက်တဲ့ အခါ၊ စစ်ပွဲ ရက်ရှည်လာတာနဲ့ အမျှ ၊ အစာရေစာ လိုအပ်လာမယ်၊ ပြတ်လပ်လာမယ်…ဒါမျိုး အခက်အခဲတွေကြုံတွေ့ လာတဲ့အခါ၊ စစ်မျက်နှာပြင်မှာ အစာငတ်ပြတ်တာနဲ့ စိတ်ဓါတ် ကျမသွားအောင် ခံနိုင်ရည် မရှိ၊ မဖြစ်ရအောင် တမန်တော် မိုဟာမက်ဒ် လက်ထက်က ကျင့်ခဲ့ တာ ဖြစ်ကြောင်း၊ အခု တို့ မြို့  သေးသေးလေးမှာ ဘယ်ဘာသာနဲ့ မှ စစ်တိုက်စရာ မလို ကြောင်း၊ ….
အစာငတ်ခံတယ်သာပြောတာ ဂျုံတွေကို အမျိုးမျိုး လုပ်စားခြင်းဖြင့် ဗိုက်ပွစေပြီး၊ အစာခံနိုင်ကြောင်း၊
တစ်ခြားဘာသာဝင်တွေလဲဒီလိုစားလျှင် အစာခံနိုင်ကြောင်း……
အလ္လာကို လေးစားမှုဖြင့် တံထွေးတောင်မြို မချဘူးဆိုတာကလဲ၊ သိပ္ပံနည်းအရဆိုလျှင် အစာချေဖျက်မှုကို ၊ တစ်ဖက်လှည့်ဖြင့် ကာကွယ်ထားကြောင်း၊ တစ်စဆီ အစဆွဲထုတ်ပြီး ပြောတဲ့ အခါ၊
ပြောနေတုန်းက နားထောင်ပြီး ပြောလည်းပြီးရော..နားရင်းဝင်အုပ်တဲ့ သူအုပ်၊ ခေါင်းခေါက်တဲ့ သူခေါက်၊
အဖေတို့ ပြေးတိုင်နဲ့ လူက တိုင်နဲ့ ၊ ဘာပြောကောင်းမလည်းဗျာ……
မကောင်းဆိုးဝါးကပ်နေပါတယ်ဆိုပြီး….အုန်းပင်မှာ ကြိုးတုပ်ကိုရိုက်တာ…။
ထုံးစံ အတိုင်း မြော့နေတာဘဲ….၊။ ။
ဆက်ပါဦးမယ်။
သစ်နက်ဆူး

13 comments:

... said...

ဖတ်ကောင်းတာရော စိတ်ဝင်စားဖို့သိပ်ကောင်းတာရော
အကိုရေ..ရုပ်ရှင်ရိုက်လို့ရနေပြီနော်...
တနေ့နေအသစ်တင်ပြီလားဆိုပြီး
လာလည်ရတာလဲအခေါက်ခေါက်
မြန်မြန်ဆက်ရေးပါအုံး..
မျှော်နေမယ်..
ရှင်းရှင်း

Moe Cho Thinn said...

ကိုဆူးရေ
ကိုဆူးအသစ်တင်တာတွေ့ရင် ဖတ်ရမှာ လန့်လိုက်တာ။ ရင်ကို ဖိထားရတယ်။ ဘာတွေများ အပြင်းအထန်တွေ ဖတ်ရမလဲ လို့။
ဆရာကို မေးခွန်းတွေ ပြန်ထုတ်တာ သဘောကျတယ်။
ဘာသာရေး ကတော့ ကိုယ်ယုံကြည်ရာ ကိုယ် ကိုးကွယ်ကြတာပါပဲ။ မိရိုးဖလာ ကိုးကွယ်ရတာ မဟုတ်ဘဲ ကိုယ်တကယ် ယုံကြည်သက်ဝင်လို့ ကိုးကွယ်ရတာဆိုရင် ပို အကျိုးထူးတာပေါ့နော်။
ရွှင်လန်းချမ်းမြေ့ပါစေ ကိုဆူးရေ..

Heartmuseum said...

အကိုရေ.... အတော်ကို စိတ်ဝင်စားစရာ ကောင်းတယ်ဗျာ...
ဆက်ရန်ကို စောင့်ဖတ်မယ်။

GHOSTBELL said...

အစ်ကို ရေးထားတာ စိတ်ဝင်စားဖို့သိပ်ကောင်းတယ်။ မြတ်စွာဘုရားပုံက ကြည်ညိုစရာကောင်းလိုက်တာ။ ကျွန်တော်တောင် ရွှေတိဂုံဘု၇ားကို အရမ်းဖူးချင်လာမိတယ်။ ကျွန်တော်တို့ကတော့ ဗုဒွဘာသာကို မိရိုးဖလာ ကိုးကွယ်ခဲ့တာပေမယ့် တကယ် သက်ဝင်ယုံကြည်ပါတယ်။ အားလုံး ကိုယ်ယုံကြည်ရာ ကိုယ်ရွေးချယ်နိုင်ရင် လောကကြီးက သာယာပါတယ်။

စနေသား said...

တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်.....အစ်ကို ...
ဆက်ပါဦးဗျ.....းD

pandora said...

တကယ့်ဘ၀ တွေဟာ ရုပ်ရှင်တွေထက် ဆန်းကြယ်တတ်တာပဲနော်။ အမြဲလာဖတ်နေတယ် ကိုဆူး။

Taungoo said...

ိကိုဆူး
ဖတ်နေရင်း ကြက်သီးတွေ ထသွားသလိုပဲ။
ကျွန်တော် ရှင်းသွားခဲ့ပါပြီ။ ဇာတ်ရည်လည်သွားပါပြီ။
ယုံကြည်မှုကို ရဲရဲဝံ့ဝံ့ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကိုဆူးကို
လေးစားပါတယ်ဗျာ။ “မြတ်ဗုဒ္ဓသို့ ရှာဖွေခြင်း” နဲ့အတူ ကျွန်တော့်သိချင်နေတဲ့ ပုစ္ဆာတွေရဲ့ အဖြေတွေကိုပါ မြင်တွေ့ခွင့်ရလိုက်ပါတယ်။

မေတ္တာဖြင့်

ပန်းခရမ်းပြာ said...

ပို့စ် အသစ်တင်တိုင်း အံ့သြ စရာတွေချည်းပါလား။ နောက် ဘာထပ်လာဦးမလဲဆိုတာ မျှော်နေမယ်။

TNS said...

...အားလုံးဘဲ...မင်္ဂလာပါ...
ရှင်မင်းညို..မမိုး...ကိုစနေသား...Taungoo...
gostbell...pamdora...heartmuseum../
နှင့် ကျနော့်ထံသို့ လည်ပါတ်ရောက်ရှိ အားပေးကြတာ တွေ အတွက် ဖော်မပြနိုင်အောင်ကို ၀မ်းသာပါတယ်...။
မမိုး မလန့် ပါနဲ့ ဗျာ...။
အားလုံးကလည်း နားလည်အားပေးကြတာမို့ ..
ပီတိဖြစ်မိပါတယ်...။
အားလုံးက တစ်ကယ့် မောင်နှမ ညီအကို တွေ လို ပါဘဲဗျာ...။

ဂျစ်တူး - gyit_tu said...

ကိုဆူးဘ၀က ဆူးတွေအများကြီးပဲ ။ မချိုသင်းပြောသလို .. လာဖတ်ရင် ရင်တမမ နဲ့ ပဲ ။ မအားတဲ့ကြားက တချက်တော့ လာကြည့်သွားပါတယ် အကိုရေ ။ ခုချိန်နဲ့ အနာဂတ်မှာတော့ မိသားစုလေးနဲ့ ပျော်ရွှင်နေနိုင်ပါစေ ။

TNS said...

ဂျစ်တူးရေ....
မအားတဲံ့ ကြားက လာခဲ့ တာ ကျေးဇူးပါဘဲ...။
သိပ်မလန့် ပါနဲ့ ညီမလေးရာ...။။
။ထပ်တူထပ်မျှ ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်...။

TNS said...

ဂျစ်တူးရေ....
မအားတဲံ့ ကြားက လာခဲ့ တာ ကျေးဇူးပါဘဲ...။
သိပ်မလန့် ပါနဲ့ ညီမလေးရာ...။။
။ထပ်တူထပ်မျှ ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်...။

Than Htun said...

အရမ်းဖတ်လို့ကောင်းတယ်ဆိုတာထက် ရေးသားသူရဲ့ခံယူချက်ကိုအရမ်လေးစားမိပါတယ်။ အမှန်တရားကိုရှာဖွေဖို့ မကြောက်မရွံ့ အမှန်ကိုအမှန်အတိုင်း တင်ပြတတ်တဲ့ စိတ်ဓါတ်ကိုပါ။ ဆက်ပါအုံးဗျာ ဖတ်ရတာနည်းလွန်းတော့ အလိုမကျတောင်ဖြစ်မိတယ်
တင်ပြပုံကလဲ အတော်လေးကိုကောင်းမွန်တယ်
ဆက်ပါဗျ။ နော်အမြဲတမ်းလာလည်မယ်။