Saturday, September 13, 2008

လွင့်



ညဥ့်အရိပ်တွေ
တိတ်ဆိတ်နေတယ်...
အေးစက်စက် ကော်ဖီတစ်ခွက်နဲ့ 
ငါ..တစ်ယောက်ထဲပါ..။
ချုပ်တည်းမှုကွန်ယက်က
ဝင်သက်ထွက်သက်နဲ့ အမျှပေါ့...။
....“ ”
လွမ်းလိုက်တာ...
မြူကမ္ဘာအခင်းအကျင်းနဲ့ 
လမင်းပုံရိပ်ကိုမှ တမ်းတ
ငါ့ဘ၀ကို ဖွင့်မယ့် သော့တစ်ချောင်းကို
ငါ ကိုယ်တိုင်မြိုချပြီးတဲ့ နောက်ပေါ့...။
မေ...ရယ်
ခွဲခွာပြီးတဲ့ နောက်
သော့တစ်ချောင်းတော့ ပျောက်ခဲ့ တယ်..။

သစ်နက်ဆူး

2 comments:

တန်ခူး said...

တကယ်ဆို… သော့ပိုတစ်ချောင်းလောက် ထားခဲ့ဖို့ ကောင်းတာ….

TNS said...

ဟုတ်တယ် မတန်ခူးရေ.....
သော့ပိုတစ်ချောင်းလောက်ထားခဲ့ ဘို့ ကောင်းတာ...
ပဲများပြီး....အကုန်လုံးမြိုချလိုက်မိတာ..ဟီး..။