Sunday, October 26, 2008

လက်တို့ ပြီးတော့ ပြောရဦးမယ်...

လက်တို့ ပြီးတော့ ပြောတယ်ဆိုလို့ တော့ သိပ်စိတ်လှုပ်ရှားမသွားပါနဲ့ ....။
နည်းပညာခေတ်ကြီးထဲမှာ နည်းပညာတိုင်း လျှို့ ဝှက်ချက်တွေ ရှိပါတယ်...။ ဒါပေမယ့် ကျနော်ပြောတဲ့ နည်းပညာက
ကွန်ပြူတာတွေ ဆော့ဖ်ဝဲတွေ မလိုပါဘူး.....
ဒါတွေ မပါလို့ အထင်တော့ မသေးလိုက်နဲ့ နော်...။
အိုင်တီခေတ်ကို ရောက်နေပြီ...ကမ္ဘာကြီးကို နည်းပညာတွေနဲ့ ဖန်ဆင်းပစ်လိုက်မယ်လို့  ကြွေးကြော်နေတဲ့ နည်းပညာရှင်တွေ
အထဲက ဒီနည်းပညာအောက်မှာ ဘယ်နှစ်ကြိမ်ထိထားတယ်...တယ်ဆိုတာ သူတို့ ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ပါဘူး....
ကျနော်တွေ့ ဘူးတယ်...စကားဝိုင်းဖွဲ့ ပြီဆို နိုင်ငံတကာ နည်းပညာတွေကို ရွှန်းရွှန်းဝေအောင်ပြောပြီး၊ တတ်မြောက်ထားတဲ့ ပညာ အရှိန်နဲ့ စကားပြောနေချိန်မှာ မျက်နှာက ဂုဏ်ယူနေတဲ့  မျက်နှာတွေနဲ့ ....။
ဒီနည်းပညာအောက်မှာ တော်တော်များများထိထားကြတာတော့ သေချာတယ်...။
တော်ရုံ နည်းပညာလောက်လေးနဲ့ တော့ လွတ်နိုင်မယ်လို့ တော့ လျှော့မတွက်နဲ့ ၊ မရနိုင်ဘူး...။ ထိမှာလဲ။
သူလိုကိုယ်လို အဆင့်မပြောနဲ့  ဘီလ်ဂိတ် လိုလူတောင် ထိနိုင်တယ်...။ တစ်ကယ်လို့ သူသာ မြန်မာပြည်မှာ နေထိုင်ဆိုရင်ပေါ့လေ...
ဒါဖြင့် ဘာနည်းပညာလဲလို့ မေးရင်တော့ ပြောရမှာဘဲ...။
သိပ်တန်ဘိုးထားပြီး လူတိုင်းမစားနိုင်တဲ့  မလိုင်။ မလိုင်ချက်နည်းပေါ့ဗျာ...။
ခင်မင်သူတစ်ချို့ က စိတ်ဝင်စားနေကြတယ်...ကိုယ်ကလည်း ပြောချင်ပါတယ်...။
ဒါပေမယ့်လို့ တစ်ချို့ က ဒီနည်းပညာနဲ့  စီးပွားရေး လုပ်နေကြတာ..။ ဖတ်ပြီးရင်တော့ ဆိပ်ဆိပ်နေပေါ့နော်..။
ဒီပညာက သိတာတော့ ကြာပြီဗျ...မှတ်မိမှာပါ ကသာမှာ စားပွဲထိုးလုပ်ခဲ့ တာလေ..။
မလိုင်ချက်နည်းက အမှန်အကန်ချက်နည်းနဲ့ အကြံအဖန်ချက်နည်း ၂ခု ရှိတယ်ဗျ....အမြတ်များများလိုချင်လို့ ကြက်သားပေါက်စီကိုတောင် ကြွက်သားနဲ့  အစားထိုးလုပ်နေချိန်မှာ ၊ အမြတ်နည်းနည်းနဲ့ ကောင်းကောင်း လုပ်လိမ့်မယ်၊
အမှန်အကန်လုပ်လိမ့်မယ်လို့  ထင်ရင်တော့ ကိုယ့်သဘောပေါ့ဗျာ...။
ခုပြောမယ့် မလိုင်ချက်နည်းက နို့ အစစ် ၁လီတာ ဘူး ၁ဘူးလိုတယ်...နောက်အဓိက အရေးကြီးဆုံးကတော့....
တစ်ရှုး တစ်လိပ်...အကောင်းဆုံးအဖြစ် ကျနော့် ဆရာမ သုံးတာကတော့ ရေအိမ်သုံး တစ်ရှုးပေါ့ဗျာ....။
ပထမ နို့ ကို မီးမျှင်းမျှင်းလေးနဲ့ ပွက်လေရုံလေး တည်ထားတာ...။
နို့ တွေ ဆူပွက်နေမှ တစ်ရှုး စက္ကူစလေးတွေကို ၁လက္မ အရွယ် ၊သို့ မဟုတ် ၁x၃ လက္မ အရွယ် အရှည်လိုက်လေးတွေ၊ အပိုင်းပိုင်း
အဖြတ်ဖြတ်လေးတွေ လက်နဲ့ ဖဲ့ ပြီး မျှင်းမျှင်းလေးဆူပွက်နေတဲ့ နို့ အိုးထဲကို ၄..၅ ဖဲ့ ထည့်ပြီး ၂မိနစ် ၃ မိနစ်စောင့်ပြီးမှ နောက် စက္ကူ ၄..၅ ဖဲ့ ထပ်ထည့်တာ....ဒီလိုလုပ်သွားလိုက်တာ နောက်ဆုံးတော့ စားသုံးသူတို့ အကြိုက် သိပ်ကောင်းတဲ့ မလိုင်အိုးကြီး ဖြစ်သွားတော့တာ...။
မီးမပြင်းဘို့ နဲ့ စိတ်ရှည်ဘို့ ဘဲ လိုတာပါ....။
ဒီနည်းနဲ့ ချက်တာကို သိပြီး ၊ နောက်မနက် မလိုင်မှာစားတဲ့ သူတွေရဲ့ မျက်နှာကို ကျနော် အကဲခတ်ပြီး...သေချာကြည့်တာ..။
စိတ်ထဲမှာ ရိပ်မီလေမလား စိုးရိမ်တာ...အံ့သြတယ်ဗျာ...တစ်ချို့ များ ၂ပွဲတောင် ဆက်စားတာ...။
ကျနော့်ဆရာမက နပ်တယ်...ကျနော်မျက်နှာ အရိပ်အကဲ ကြည့် ပြီး “ မင်း စိုးရိမ်နေတာလား...စိတ်မပူနဲ့ ...သူတို့ ဒီဆိုင်မှာ
မလိုင်စားလာတာ...နှစ်၂၀ လောက်ရှိနေပြီ” တဲ့..။ ပြီးရော...။
လက်တွေ့ မှ ယုံတယ်ဆိုစမ်းကြည့်ပေါ့...။
ကျနော်တောင် စိတ်ကူးတာ...ဘလော့ဂါတွေ တွေ့ ဆုံပွဲမှာ မလိုင်နဲ့ ပေါင်မုန့် ကြွေးမလားလို့ ....။
နဲနဲတော့ သတိထားဘို့ ပြောလိုက်မယ်နော်...ဒီနည်းကို မရမက ပူဆာနေတာ...ရှင်မင်းညိုနဲ့  ဆောင်း...။
သူတို့ ကများ ခင်မင်သူတွေကို အိမ်လည်ခေါ်ပြီး မလိုင်ကျွေးမယ်ဆိုရင်တော့....စဉ်းစားပေါ့ဗျာ..။
ရှင်မင်းကတော့ မြန်မာပြည်မှာ လ္ဘက်ရည်ဆိုင်ဖွင့်မယ်ဆိုဘဲ...အင်း..။
ခေတ်ကိုက နည်းပညာ ခေတ်လေ...။

စာဖတ်သူအပေါင်း ဂုဏ်ယူသော မျက်နှာပေးများဖြင့် မလိုင် စားနိုင်ကြပါစေ...။
သစ်နက်ဆူး

10 comments:

စူး said...

တော်ပီ.. စားတော့ဘူးးး

ငယ်ငယ်ကတော့ ကြားဖူးတယ် တစ်ရူးတွေထည့်တာတဲ့
သိပ်မယုံခဲ့ဘူးးး
ခုတော့..သိပီ
မစားတော့ဘူး။
အဲ့လိုမထည့်ပဲနဲ့ ချက်လို့မရဘူးလားဟင်

ဗေဒါရီ said...

အဲဒီလိုလုပ်တာ ကြားလဲကြားဖူးသလို ကျောင်းတုန်းက ကိုယ်တိုင်လဲ ကြုံဖူးပါရဲ့ရှင်။
စတော်ဘယ်ရီဖျော်ရည်ထဲ တစ်ရှူးပန်းရောင်တွေ ပါလာတာ။ အဲဒီနောက် ကျောင်းကန်တင်းမှာ စတော်ဘယ်ရီ ဘယ်တော့မှ မသောက်တော့ဘူး။

... said...

အကိုပြောတဲ့နည်းက တကယ့်သူဌေးဖြစ်နည်းပဲ...
လက်ဖက်ရည်ဆိုင်ဖွင့်ရင်အကြောင်းကြားမယ်...
နံပြားနဲ့မလိုင်လာစားပေါ့...

Moe Cho Thinn said...

တခါမှ မကြားဖူးခဲ့ဘူး ကိုဆူးရေ။
ရေအိမ်သုံး စက္ကူနဲ့ မလိုင်ချက်တယ်ဆိုတာ..။
ဘယ်လို စိတ်ကူးနဲ့ ဒီလိုချက်ကြတာလဲ။
စက္ကူအစား စားစရာ အမျှင်တခုခု ထည့်ချက်ရင် မရဘူးလား။
ကဲ အခု သိပြီ။ နောက် မစားတော့ဘူး။ :)

mg kyi poae said...

အကိုရေ... ဒီနေ့မှ အကို့ဘလော့ကို ရောက်လာတာ.. ပို့စ်အကုန်လုံးဖတ်သွားတယ်။ ဖတ်ပြီးတဲ့နောက် ဘယ်လိုခေါ်ရမှန်းမသိတဲ့ ခံစားချက်တခုဖြစ်သွားတယ်။ အကြောင်းအရောတွေရော၊ အနုပညာတွေပါ လေးစားစရာတွေပြည့်နေပါတယ်။ နောက်ကိုလည်း အမြဲတမ်းလာလည်ဖြစ်တော့မယ်။ စာဖတ်ပြီးတာနဲ့ အလိုလို ခင်မင်မိသွားပါတယ်။ အကိုမျှပေးတဲ့ ရသ တွေအတွက် ကျေးဇူးပါခင်ဗျား.........

နှင်းဆီဖြူ said...

တော်ပါပြီ..နောက်များဆို.. မလိုင်ဆို ဝေးဝေးက ရှောင်မှ...
နွားနို့ကို ဒီတိုင်းကျိုလဲ မလိုင်ထွက်တာကို ဘာလို့ တစ်ရှူးထည့်ရတာလဲ...

Heartmuseum said...

D:သူငယ်ချင်းတယောက် လုပ်တာမြင်ဖူးတယ်ဗျ။
ဟီးးးးးး

ရွှန်းမီ said...

ဖတ်ပြီး လန့်လိုက်တာ..
ပင်ဒါတွေက ၀ါးကို အပင်လိုက် စားကြတာ ဆိုတော့ လူတွေလည်း .. =)

ဂျစ်တူး - gyit_tu said...

ကိုဆူး .. စက္ကူက သုံးပြီးသားလားး)

ဒူကဘာ said...

ရန်ကုန်မှာ ၃၆လမ်းထဲက ဆိုင်တဆိုင်လဲ အဲလိုလုပ်တာ မီးဖိုဂျောင်ထဲ အရှင်လတ်လတ် မြင်လိုက်ရတယ် ...အော် ..ဝိသမလောက...ဝမရှိတဲ့ကောင်တွေ လုံးကြီးတင်တာ ခံလိုက်ရပြီး သမ တာကိုပါ ခံလိုက် ရလေခြင်း။ ... အဲဒါကြီးတွေ့မှ ကိုယ်လဲ စားဖူး ထားတော့ တမျိုးလဲ ဖေါ့ တွေးမိသေးတယ် စက္ကူလုပ်တာ ဝါး မဟုတ်လား? ဟဲဟဲ ...မျှစ် စားတယ်လို့ သဘောထားပေါ့....ဟတ်လား ကိုဆူး?