Monday, December 29, 2008

စိတ်ကူးယဉ်



စိတ်ကူးယဉ်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သားငယ် Craton က တက်ဂ်တစ်ခုအနေနဲ့ တောင်းဆိုလာခဲ့တယ်....
စိတ်ကူးယဉ်တယ်ဆိုတာ လက်တွေ့ အလုပ်မဟုတ်ပေမယ့် ကိုယ်လုပ်ကိုင်မယ့် အလုပ်တစ်ခုရဲ့ ရှေ့ ပြေးစိတ်ကူးပါ..
စိတ်ကူးယဉ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ဘ၀တွေကိုပါ စိတ်ကိုလွှင့်ထုတ်ပြီး မိမိဖြစ်ချင်တာတွေကို စိတ်ကူးနဲ့  ပီတိ
ဖြစ်နေတာပါ....။
စိတ်ကူး ဆိုတာကတော့ မိမိလုပ်နိုင်တဲ့အလုပ်၊ မိမိဘ၀နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အလုပ်ကို ကြိုတင်ကြံစည် စိတ်ကူးပြီး
စိတ်နဲ့ အကွက်ချ ပုံဖော်ကြည့်တာပါ...။
ကျနော့်အနေနဲ့ကတော့ စိတ်ကူးယဉ်တာလို့ ဘဲဆိုဆို၊ စိတ်ကူးတယ်ဘဲပြောပြော......
ကျနော် အဖြစ်ချင်ဆုံး စိတ်ကူးမှုကတော့....ရိုးရိုးလေးပါ...။
အနှောင်အဖွဲ့ တွေနဲ့ လွတ်မြောက်ပြီး.....
“ တစ်ယောက်တည်းဘဲ လူသူဝေးရာမှာ နေချင်ပါတယ်...”
စာရေးဆရာကြီး တစ်ဦးရဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင်တော့.....
.......
မှော်ရုံတောမှာ....မောလှပြီ....လေ။

သစ်နက်ဆူး

8 comments:

Craton said...

တောထဲမှာတရားသွားအားထုတ်ပါလားဦးဦး။
အကောင်းပြောတာနော်.. ကွိကွိ.. အဟီး..
အနှောင်အဖွဲ့တွေ ကင်းစေချင်ပေမယ့် ဖြစ်နိုင်ချေနည်းလို့ မမျှော်လင့်ပါဘူး..း(
အကောင်းဆုံးရပ်တည်နိုင်အောင်ပဲ နေပါဗျာ.. (ဆရာလုပ်တာမဟုတ်ရပါ..း)

တက်ဂ်လေး သတိတရရေးပေးလို့ကျေးဇူးပါ..
နှစ်သစ်မှာ ပျော်ရွှင်ပြီး သားအတွက်မွေးနေ့လက်ဆောင်ကြီးကြီး
ပေးနိုင်ပါစေ..းP

Life is for Success said...

hi ko sue

nice post, if have a time write about painting post...

with rgrds

ရွှန်းမီ said...

:-) ညီမ သိရသလောက် ကိုသစ်နက်ဆူးက စိတ်ကူးလိုက်ရင် အနီးစပ်ဆုံးဖြစ်အောင် အကောင်အထည်ဖော်နိုင်တယ်။

နှစ်သစ်မှာ ပျော်ရွှင်ပါစေ..။

မီယာ said...

စိတ်ကူးယဉ်ထားတာတွေ လာဖတ်သွားပါတယ်။ နှစ်သစ်မှာ ပန်းချီများများ ဆွဲနိုင်ပါစေ။ တစ်ကားလောက်တော့ အပိုင်လိုချင်တယ် (စိတ်ကူးယဉ်နေမိတာပါ)။

အိမ်လွမ်းသူ said...

ကိုဆူးရေ..
ချစ်စရာကောင်းတဲ့မိသားစုလေးကို အစေားကြီးခွဲမသွားပါနဲ့ဦး တစ်ယောက်တည်း နေချင်တော့တယ်ဆိုတော့ ကျွန်မအထင် တရားတွေများပေါက်နေပြီလားနော်.. ကိုဆူးအဲ့လိုသွားလိုက်ရင် အမကတော့ငိုနေမယ်ထင်တယ်.. ဒါမှမဟုတ် ကိုဆူးနောက်ကို ဖဝါးခြေထပ်မျှ လိုက်မယ်သူလား.. စိတ်ကူးကို တခါထပ်စိတ်ကူးလိုက်တာများသွားပြီ.. အဟီး..

SDL said...

ဒီစိတ်ကူးကတော့ ကောင်းပေမယ့်
မလုပ်ပါနဲ့ဦးလေ....

PAUK said...

ကိုသစ်နက်ဆူး စိတ်ကူးလာဖတ်သွားတယ်..
အိမ်ပြင်လိုက်တော့ အိုင်အီးနဲ့မှမြင်ရတယ်

Moe Cho Thinn said...

စိတ်ကူးယဉ်ရုံပဲ ယဉ်ပါလေ.. မှော်ရုံတောမှာ မမောပါနဲ့အုံး။ ဘေးနားမှာ ချစ်စရာ မိသားစု လေး အတူရှိနေတာ..။