Thursday, December 4, 2008

“ ယတြာအဆောင်...ကိုသက်အောင်”

ပို့ စ်အသစ်လေးရေးဘို့ လိုအပ်တဲ့ ပုံလေးတွေ ဓါတ်ပုံရိုက်ဘို့ ကလဲ နှင်းတွေကျပြီး ရာသီဥတုက မှုန်မှိုင်းနေတော့ စိတ်တိုင်းမကျလို့ စောင့်နေရတာ ၃...၄ရက်ရှိပြီ၊။
ဒီနေ့ တော့ မစောင့်နိုင်တာကြောင့် ဓါတ်ပုံတွေ ရိုက်ပြီး စာရေးတော့တာပေါ့...။ ကျနော် အရင်က ပြောဘူးရေးဘူးခဲ့ တယ်...
ငြိမ်းချမ်းရေး အဖွဲ့ အကြောင်းလေးပါ...သူတို့ တွေက တိုင်းပြည်အတွက် ငြိမ်းချမ်းစွာ အကျိုးပြု ပုံဖော်ခဲ့ တဲ့  ငြိမ်းချမ်းရေး ခေါင်းဆောင်
တွေရဲ့ ပုံကို အလူမီနီယံပေါ်မှာပုံနှိပ်ပြီး အထင်ကရ မြို့ လမ်းညွှန်ပေါ်မှာ တန်ဘိုးထားပြီး တင်ထားခဲ့ ကြတယ်...။
မဟတ္တမ ဂန္ဒီနဲ့  ဒေါ်အောင်ဆန်းစုကြည် ပုံတူကိုတော့ ကျနော်ရေးဆွဲခဲ့ ရတယ်...ပြီးမှပြန်ပုံနှိပ်ခဲ့ တာ...။
ကျနော်နေတဲ့ဲမြို့ လေးက မြို့ ငယ်လေးဆိုပေမယ့် လူသိများတယ်..။ နွေးထွေးတဲ့ ရာသီဥတုနဲ့ နေချင်စရာကောင်းလို့  နိုင်ငံခြားဧည့်သည်တော်တော်များများလာကြတယ်...
မြို့ သူမြို့ သားတွေက နွေးထွေးလှိုက်လှဲကြတယ်...ကျနော်တို့ မြို့ လေးကို အားလုံးက တင်စားခေါ်ဝေါ်ကြတယ်..။
အပြုံးမြို့ ...တဲ့ ..။
ဒီလောက်လူသိများတဲ့ မြို့ လေးမှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုတွေရရှိထားတဲ့  ကိုယ့်နိုင်င့က ခေါင်းဆောင်တစ်ဦးရဲ့ ပုံကို အထင်ကရ ပုံနှိပ်ဖော်ပြထားတော့ ၀မ်းသာဂုဏ်ယူမိတာပေါ့....။ ကြည်နူးစိတ်နဲ့ ဓါတ်ပုံရိုက်ပြီး အလုပ်ကို ပြန်သွားရင်း ခေါင်းထဲကို အတွေးတစ်ချို့ 
ဝင်လာတယ်...။ ကိုသက်အောင်...။
ကျနော် ကပြခဲ့တဲ့ နှစ်တွေမှာ မထင်မှတ်ဘဲ အတူလက်တွဲကခဲ့ တဲ့  မင်းသားလေးသက်အောင်...သူက အော်ပဒါနဲ့  နှစ်ပါး အတူကပေးတယ်...အဓိက က နောက်ပိုင်းမင်းသားပါ...။လူငယ်ဆိုပေမယ့် ကျနော့်ထက်တော့ နဲနဲအသက်ကြီးတယ်...။
ကျနော်တို့ ဇာတ်သဘင်အနုပညာလောကမှာ စန်း ဆိုတာတော်တော်အရေးကြီးတယ်...။
လူချစ်လူခင်များခြင်းပေါ့လေ..။
အဲဒီကိုသက်အောင်က အဆောင်တွေ ယတြာတွေ ရေမန်းဆီမန်းတွေကို အတော် ယုံတာ...။ ရွာတစ်ရွာ မြို့ တစ်မြို့ ရောက်ရင်
အစွမ်းထက်တဲ့ ဆရာ ဘယ်မှာရှိလဲစုံစမ်းတော့တာဘဲ။ အောက်လမ်းအထက်လမ်း မရွေး လိုက်တာနော်...။ ရသမျှ အကုန်ဆောင်တာဘဲ၊
ပွဲကတော့မယ်ဆိုရင် ညနေ ၇နာရီ မိပ်ကပ်လိမ်းပြီဆိုကတည်းက တို့ လိုက်တဲ့ ရေမန်းဆီမန်း ၊ မျက်နှာတစ်ပြင်လုံး နေရာမလပ်ဘဲ၊
ဆီမန်းပုလင်းလေး တစ်ခုဖွင့်လိုက် ပါးစပ်ကပွစိပွစိ လုပ်လိုက်....မျက်နှာမှာ တို့ လိုက်နဲ့ ...။
သူ့ ကို ကြည့်ပြီး ရယ်လဲရယ်ချင်တယ်...သနားလဲသနားတယ်....။
ဘာလို့ လဲဆိုတော့ သူဘယ်လောက်ဘဲအဆောင်တွေလုပ်လုပ် ..လက်ခုပ်သံနဲ့ လူချစ်လူခင် ကိုတော့ ကျနော့်ကို ဘယ်တော့မှ မမှီဘူး....၊ ကပြမှုမှာလဲ ကျနော်နဲ့ တစ်တန်းထဲ ပေးကတာပါ...ကျနော်က လက်ထောက်တွေ အကူမင်းသားတွေကို ဘယ်တော့မှ မနှိမ်ထားတတ်ဘူး....။ ကြိုက်သလိုသာက....စေတနာ အကျိုးပေးလိမ့် မယ်...ဒါဘဲကျနော့်မူဝါဒ...။
ပရိတ်သတ်ကို မစော်ကားနဲ့ မလိမ်နဲ့  မဖျက်ဆီးနဲ့ ...။
ဒါဖြင့် ကျနော်ရော အဆောင်မသုံးဘူးလားဆိုတော့ သုံးတယ်...တစ်ခြားမဟုတ်ဘူး...
မိပ်ကပ်လိမ်းကာနီး မျက်နှာသစ်ရင် မျက်နှာသစ်မယ့်ရေကို အရဟံဂုဏ်တော် ၉ခေါက်ရွတ်ပြီးမှ မျက်နှာသစ်တယ်...။
ပြီးရင် မိပ်ကပ်တစ်တို့ ယူပြီး နဖူးမှာ အရဟံလို့ ရေးလိုက်တယ်...ဒါကျနော့်အတွက်အဆောင်ဘဲ...။
ဒီထက်ကောင်းတဲ့ အဆောင်လဲ မရှိဘူးလို့ ယုံထားတယ်...။
ကိုသက်အောင်က အဆောင်တွေ ဆောင်ပေမယ့် တစ်ခါတစ်ခါ အောက်က သူ့ ကို အားမပေးရင် ပရိတ်သတ်ကို ရန်ဖြစ်တတ်တယ်...မိုက်ခ်ကြီးနဲ့ ...ကိုယ်က ၀င်ပြီးထိန်း၇တယ်...။
အခန်းထဲကို ကောင်မလေးတွေ အုပ်စုလိုက်ဝင်လာပြီး ပန်းတွေပေးရင်လဲ သူ့ အတွက်မပါလို့  ပွစိပွစိ ပြောတယ်...ကျနော်က အတူသုံးလို့ ရတာဘဲ အကိုရာလို့ ပြောရင်...“ ငါ့ကိုပေးတာမှ မဟုတ်တာ” လို့ စိတ်ဆိုးမာန်ဆိုးပြောတတ်တယ်...။
သူလဲ ပရိတ်သတ်ရဲ့ ချစ်ခင်မှုကို လိုချင်မှာဘဲဆိုတာ ကိုယ်ချင်းစာတော့ နှစ်ပါးခွင်မှာဆို ပိုပြီးနေရာပေးထားတယ်...
သူကလတြစ်မျိုးဗျ...ပွဲခင်းရှေ့ တန်းနားမှာ အပျိုမလေးတွေ နည်းရင်....
“ ညီလေး“က ” ညီလေး “က” ညီလေးက ခေါင်းဆောင် ပိုအရေးကြီးတယ်ဆိုပြီး...သူက ထိုင်နားနေတာ...
အဲ....ရှေ့ တန်းဖျာမှာ ကောင်မလေးတွေ များပြိဆို၇င်တော့....
“ ညီိလေး...အနားယူဦး မောနေပြီ...အကို ကြွေစဉ် ပစ်လိုက်ဦးမယ်ဆိုပြီး...အသားကုန်“က”တတ်တာ..။ဒါလဲမရ...။
မှတ်မှတ်ရရ တစ်ခါတုန်းက မြို့ ငယ်လေးမှာကတော့ ကောင်မလေးတွေကလဲ သဲသဲလှုပ်ဘဲ၊ ကိုယ်ကတစ်ပိုဒ်ကလိုက် သူတို့ က လက်ခုပ်တီးလိုက်...ပန်းတွေ ဆုတွေချလိုက်...ချွေးလေးတွေ လာသုတ်ပေးလိုက်....အချိုရည် တိုက်လိုက်...လ္ဘက်သုတ်လေးကျွေးလိုက်နဲ့ ...ဟုတ်နေတာဘဲ...။
ကိုသက်အောင်“က”တော့ လက်ခုပ်မကျဘူး...သူလဲသီးမခံနိုငိတော့...မိုက်ခ် ကြီးကိုင်ပြီး...
“ ဘယ်လိုလဲ ..မျက်နှာလိုက်လှချည်လား...လက်ခုပ်မတီးရအောင် လက်မပါဘဲ ၊ပြတ်နေလို့ လား...” တဲ့ ၊ ကျနော် ပရိတ်သတ်ကို အားနာလိုက်တာ...အောက်က မိန်းကလေးတွေကလဲ ညီတယ်ဗျာ....အကုန်လုံး..ညိတူထအော်လိုက်တာ...
“ နှုတ်ခမ်းထူ...ရှင့်ကို မကြိုက်ဘူး” တဲ့ ။ အဲ...ပြီးရော...။
နောက်မှ အခန်းထဲရောက်မှ သူ့ ကို ဖြောင်းဖျပြီးပြောရတာပေါ့....
ပရိတ်သတ်မချစ်တာက ကိစ္စမရှိဘူး....ပရိတ်သတ်နဲ့ ရန်မဖြစ်ပါနဲ့ ...ပရိတ်သတ်မုန်းအောင်မလုပ်ပါနဲ့ ပေါ့...။
ဟုတ်တယ်...ပရိတ်သတ်ဆိုတာ လူတွေမဟုတ်လား....
လူဆိုတာ ချစ်ဘို့ တာခက်တာ....
မုန်းဘို့ ကတော့....တစ်ကယ်လွယ်တာ...။
ပြောနေတဲ့ ကြားက နောက်တစ်ပွဲမှာတော့ ထပ်တွေ့ တော့တာပါဘဲ...နှစ်ပါးခွင်မှာပါဘဲ...။ဒီိတစ်ခါတော့ပွဲပြတ်ဘဲ...။
သူနဲ့ ကျနော်က ဇာတ်ပွဲနာမည်ရအောင် ကိုယ်လဲ ပရိတ်သတ်ချစ်အောင် အားပေးအောင်ကျိုးစားကြတာချင်းကတော့ အတူတူပါဘဲ...။
သူက ရင် ကိုယ်အမောဖြေ...ကိုယ်ကရင် သူအမောဖြေ...။
မွန်ပြည်ဘက်မှာ ကပြရတာ ရန်ကုန်မန္တလေးနဲ့ တော့မတူဘူး...ပင်ပန်းတယ်...တီတီတာတာ၊နူးနူးညံ့ညံ့လေးကလို့ မရဘူး...
သေတ္တာက၊ ပုဝါက၊ တိုင်ကီ အ၀င်အထွက်က၊ ကြိုးတန်းက စုံနေတာဘဲ ၊ ရှေ့ ဂျွမ်း နောက်ဂျွမ်းမှ မထိုးတတ်ရင် မွန်ပြည်နယ်ဘက်မှာ မက တာ အကောင်းဆုံးဘဲ...။
အဲဒီညက ကိုယ်လဲ မျောက်နီးနီး ဂျွမ်းတွေထိုးရင်းကပြရင်း မောလာတော့ အမောဖြေရတာပေါ့...ကိုသက်အောင်က သေတ္တာက က ပေါ့။
သေတ္တာက “က”တယ်ဆိုတာလဲ မလွယ်ဘူး....သေတ္တာ၂လုံး၃လုံးဆင့်ပြီး ဓါးတွေနဲ့ ဂျွမ်းထိုးပြီး ကရတာလေ..။
ကျနော်ကနားတယ်ဆျုပေမယ့် အထဲမှာ နားတာမဟုတ်ပါဘူး...ဇာတ်စင် ရှေ့ နားမှာ လူရွှင်တော်တွေနဲ့ အတူထိုင်ရင်း...
အောက်က စပိန်နွားရိုင်းလေးတွေနဲ့ ကြူနေတာလေ...။
ကောင်မလေးတွေကလဲ ကဲတယ်...ကိုယ်ကလဲ ကဲတယ်...။
သူတို့ က မျက်စိမိတ်ပြလိုက်..ကိုယ်ကလဲ မျက်စပစ်လိုက် ၊ပြုံးပြလိုက်..
ပြုံးပြုံးလေးနဲ့ မျက်စိလေးစုံမှိတ်ပြလိုက်နဲ့ ...( ကျနော် က မျက်စေ့ ကို တစ်ဖက်တည်း မှိတ်လို့ ကို မရတာ...မှန်ကြည့်ပြီး ကျင့်လဲမရဘူး...မျက်စေ့တစ်ဖက်ဘဲ မှိတ်ပြရင် လေဖြတ်တဲ့ လူလိုဘဲ ပါးစပ်တွေပါ ရွဲ့ ကုန်တာ...တစ်ကယ်ဘဲ...ဒီတော့ ကောင်မလေးတွေကို မျက်စေ့ မှိတ်ပြရင် နှစ်ဖက်လုံးစုံမှိတ်ပြတာ...ကောင်မလေးတွေကလဲ စုံမှိတ်ပြတာလေးကို ချစ်တာတဲ့ ...ဟိ..)။
ကိုယ်ကအဲလိုကြူနေတုန်းကိုသက်အောင်က ကလိုက်ပေါ့...
အက တစ်ပိုဒ်ဆုံးတော့ အဘိုးကြီးတစ်ယောက်လာပြီး ၂၀၀တန်တစ်ရွက်ဆုချတယ်...ကျနော့်ကို...။
ကိုသက်အောင်လဲ တွေ့ တယ်...သူကလဲ သူ့ ကိုပါ ဆုချမလားလို့ ထင်ပြိး အနားရောက်လာတော့ အဘိုးကြီးက လှဲ့ ထွက်သွားရော....။
နောက် ကိုသက်အောင် တစ်ပိုဒ်ကပြီးတော့ အဘိုးကြီး ရောက်လာပြီး ကျနော့်ကို တော်တယ်...ဂျွမ်းထိုးတာ ကောင်းတယ် ဆိုပြီးဆုချပြန်ရော...။
ကျနော်က “ အဘ..လူမှားနေပြီ...ခုနက ဂျွမ်းထိုးတာ..ကျနော်မဟုတ်ဘူး၊ ဟိုမင်းသား...” လို့ ပြောတော့...အဘိုးကြီးက...
“ သိတယ်ဝေး....ဒါက မင်းကိုဆုချတာ...”ဆိုပြီးပြောတယ်...။
တစ်ခါလဲမဟုတ်ဘူး....၄...၅ခါ...ဒီိတော့ ကနေတဲ့ ..ကိုသက်အောင်လဲ ကျွဲမြီး တိုနေပြီ...
ကျနော်လဲ ကိုသက်အောင်ကို အားနာပြီး မျက်နှာပူနေပြီ...။
နောက်ဆုံး တစ်ချီကပြီးတော့ ...လာပြန်ပါပြီ အဘိုးကြီး...၅၀၀တန်ငွေစက္ကူနဲ့ ...ကျနော့်ရင်ဘတ်ကို တွယ်ချိတ်နဲ့ လာချိတ်ပြီး ဆုချပြန်တယ်..။
ဒိတစ်ခါတော့ ကိုသက်အောင် သိးမခံနိုင်တော့ဘူးပေါ့...ဆိုတော့ သူ့ ထုံးစံအတိုင်း..မိုက်ခ်ကြီးနဲ့ ...
“ ဘယ်လိုလဲ...ဘကြီး မျက်စေ့ မမြင်ဘူးလား....က နေတာက ဒီမှာ ...ဘကြီး ဆုချနေတာက ဟိုတစ်ယောက်၊ ဘယ်လိုဖြစ်နေလဲ...မူးနေရင်လဲ အိမ်ပြန်အိပ်နေ” တဲ့ ...။
ဟာ....ကျနော် အားနာလိုက်တာ...ဘာဆက်ဖြစ်မလဲ ကြောင်ကြည့်နေတုန်း...ကိုသက်အောင်လက်ထဲကမိုက်ခ်ကို အဘိုးကြီးက လုယူပြီး အကျယ်ကြီး အော်တော့တာဘဲ...။
“ ဟေ့...သက်အောင်...မျက်စေ့မမြင်ရင်ပွဲတောင်လာမကြည့်ဘူးဟေ့...မူးလဲမမူးဘူး...နင်ကနေတာလဲငါမြင်တယ်...
နင်ဘာသာ ကြိုက်သလို က၊ ဂျွမ်းတွေ ထိုးချင်သလိုထိုး...ငါက မင်းကို ကြိုက်ကိုမကြိုက်တာ...” တဲ့..။
ကောင်းကြရော...။
ကိုယ်လဲ ဘာမှ မပြောတတ်တော့ဘူး...။
အင်း...ဒါက ကခဲ့တုန်းက အဖြစ်လေးပါ...။
အခုနိုင်ငံတကာက ပေးထားတဲ့ နိုဗယ်လ်ဆုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ရတော့...မဆီမဆိုင် ကိုသက်အောင်ကို စိတ်ထဲက မြင်မိတာပါ...။
ဆိုင်တော့လဲ ဆိုင်သလိုဘဲ....။
ကိုသက်အောင်ကြီးကတော့ ထိုးလိုက်ရတဲ့ ...တံတား အဲ...ဂျွမ်း
တည်လိုက်ရတဲ့ ဘုရား......................................အဲ...ဂျွမ်း
ဆောက်လိုက်ရတဲ့  ကျောင်း...............................အဲ....ဂျွမ်း။
ကိုယ့်ဘာသာအတွေးပေါက်ပြီး...လမ်းလျှောက်ရင်းပြုံးရင်း...အဘိုးကြီးစကားကို နားထဲပြန်ကြားမိပါတယ်...။

“ ဟေ့...သက်အောင်...မျက်စေ့မမြင်ရင်ပွဲတောင်လာမကြည့်ဘူးဟေ့...မူးလဲမမူးဘူး...နင်ကနေတာလဲငါမြင်တယ်...
နင်ဘာသာ ကြိုက်သလို က၊ ဂျွမ်းတွေ ထိုးချင်သလိုထိုး...ငါက မင်းကို ကြိုက်ကိုမကြိုက်တာ...” တဲ့..။
(းး)









သစ်နက်ဆူး

14 comments:

peter kyaw said...

ကိုမင်းသားရေ...

နောက်ဆုံးစာသားလေးကတော. heart ထိသွားပြီဗျာ။

ပီတာကျော်

ဦးဂင်ကြီး said...

နိုင်ငံရေးကိစ္စတွေကို ပုံစံ၊အတွေ့အကြုံတမျိုးနဲ့တင်ပြထားတာပါကလား ကျနော်ထင်တာတော့ ဘဝပေးနိုင်ငံရေးအသိလို့ထင်တာပဲ ဆက်ရေးပါအုံးဗျာ အားပေးလျှက်ပါ ကိုဆူးသစ်ရေ။

မုန်းစရာ said...

ကောင်းလိုက်တာ မင်းသားရေ.... အတွေးအခေါ်နဲ့ ဆက်စပ်ပုံလေးကို ....

ကိုအောင်(ပျူနိုင်ငံ) said...

အကို အရေးအသားတွေ ကောင်းတယ် အကိုရေ
စာစီထားတာ ကျနော် မြေခွေးနဲ့ ဖတ်တာ တမျိုး
များ ဖြစ်နေလားလို့ အကို။ အားပေးလျက်ပါ။

ဗေဒါရီ said...

ကိုဆူးရဲ့ စာတွေက စောင့်ဖတ်ရကျိုးနပ်အောင် ကောင်းလှတယ်။
စဖတ်တော့ ငြိမ်းချမ်းရေးအဖွဲ့လေးရယ် ... ကိုဆူးရဲ့ ပန်းချီတွေရယ် ... ကိုသက်အောင်ရယ် ဘယ်လိုများ ဆက်စပ်တာပါလိမ့်လို့ ဇဝေဇ၀ါနဲ့ ... ။
နောက် ... မင်းသားကို မနာလိုဖြစ်တဲ့ ကိုသက်အောင်ရဲ့ ယတြာတွေ ... ကလေးဆန်ပုံတွေထဲ စီးမျော ရယ်မောရင်း မူလ အစပျိုးခဲ့တာကို မေ့သလိုလိုလဲ ရှိရော ...
နိဂုံးလေးချုပ်လိုက်ပုံက ... တကယ်ကို ဟုတ်ပေတာပဲ။
ကိုသက်အောင်ကြီးကတော့ မဟုတ်က ဟုတ်က ယတြာတွေချေရင်း ... မနာလိုစိတ်တွေနဲ့ ပူလောင်နေဦးမှာနော် ... ။
အင်း ... မင်းသားကလဲ မနာလိုချင်စရာ ကောင်းလောက်အောင် စန်းပွင့်နေတာကိုး ...း)

Shweaung said...

ကိုဆူးရေ...
ထိတယ်ဗျာ..
ကိုသက်အောင်ကြီးကတော့ပင်ပန်းနေတယ်နော်...
လူလုံးထွက်ထွက်ပြရလွန်းလို့..
မင်းသားကတော့လိုက်ကာကြားထဲ လူမမြင်ရပေမဲ့အားလုံးရဲ့မေတ္တာကိုခံယူနေတာပဲ...

တန်ခူး said...

ကျွန်မသားလဲ မျက်လုံးတဘက်ထဲမမှိတ်တတ်ဘူး… စုံမှိတ်တာ…
မြန်မာ့အသံမှာ ဖီးလ်ဆင်းတုန်းက ချမ်းသာ မိတ်ကပ်လိမ်းတာ သွားကြည့်ဖူးတယ်…
စပ်စုတာလေ… သူက ကျွန်မတို့ ကြည့်နေလို့  ရှက်ပြီး ဆက်မလိမ်းတော့ဘူး… ကိုသစ်နက်ဆူးပို့ စ်သာ အရင်ဖတ်ဖြစ်ရင် ချမ်းသာရဲ့ ဆီမန်းကို လိုက်ရှာမိဦးမှာ…
အဲဒီကိုသက်အောင်ရော… ခု က သေးလား… ပရိသတ်မရှိရင် ဘယ်လိုလုပ် မင်းသားလုပ်လို့ ရမလဲနော်…

... said...

ကိုသက်အောင်ကြီးကြားသွားလို့
အကို့ကို ခွေးခြသေ့င်္တွေနဲ့ ကိုက်ခိုင်းနေအုံးမယ်...
ဟီးဟီး...ထိတယ်ဗျို့

♥ Acacia ♥ said...

( ကျနော် က မျက်စေ့ ကို တစ်ဖက်တည်း မှိတ်လို့ ကို မရတာ...မှန်ကြည့်ပြီး ကျင့်လဲမရဘူး...မျက်စေ့တစ်ဖက်ဘဲ မှိတ်ပြရင် လေဖြတ်တဲ့ လူလိုဘဲ ပါးစပ်တွေပါ ရွဲ့ ကုန်တာ...တစ်ကယ်ဘဲ...ဒီတော့ ကောင်မလေးတွေကို မျက်စေ့ မှိတ်ပြရင် နှစ်ဖက်လုံးစုံမှိတ်ပြတာ...ကောင်မလေးတွေကလဲ စုံမှိတ်ပြတာလေးကို ချစ်တာတဲ့ ...ဟိ..)။ :))

Moe Cho Thinn said...

ဟုတ်တယ် ကိုဆူးရေ..လူတွေက ငနုံ ငအတွေ မဟုတ်ပါဘူး။ ဘယ်သူက စေတနာတကယ်ရှိတာလဲ တကယ် ကြိုးစားတာလဲဆိုတာ သိကြပါတယ်။ ကိုယ့် ထမင်းရှင်ကို ကိုယ့်ကိုမကြိုက်တိုင်း ရိုင်းပျတာ သူ့စေတနာ သူအကျိုးပေးတာပါပဲ။

တချို့ကျတော့လဲ နံမည်ကြီးချင်တာသာ သိတာ၊ မကောင်းတာနဲ့ နံမည်ကြီးတော့လဲ ဘာလုပ်မှာလဲ၊ ကိုသက်အောင်တို့လို လူတွေကို သနားတယ်။ :)

(မင်းသားကလဲ စွံမှာပေါ့လေ၊ မျက်လုံးတောင် စုံမှိတ်ပြနေတာကိုး။ ဆိုးလိုက်တာ :D )

Welcome said...

စာတွေ လာဖတ်ဖြစ်တယ်။ ပန်းချီကားတွေ သိပ်ကောင်းတယ်

http://winzaw-mdy.blogspot.com/

အောင်သာငယ် said...

ကိုသစ်တို့က လုပ်ချလိုက်ပြန်ပြီတခါ...း)

မျက်စိ စုံမှိတ်ပြီး ရီသွားတယ်ဗျာ...

ကောင်း၏... ကောင်း၏...

အိမ်လွမ်းသူ said...

ကိုဆူးသစ်တို့ကတော့ တပုဒ်ဆိုတပုဒ် ထိထိမိမိပဲနော်.. ရသမြောက်မြောက်လေးနဲ့ ရေးတတ်ပြောတတ်တာ အားကျတယ်...

ကမာနီလာ said...

ဆွဲထားတဲ့ ပန်းချီကားတွေတင်ကောင်းတာမဟုတ်ဘူး၊ စာအေ၇းအသားလည်း ကောင်းပါ့ဗျာ ၊ကိုသစ်နက်ဆူးရေ အားပေးလျှက်ပါ။