Wednesday, December 24, 2008

“ ညဥ့်ပွဲခင်း ”



“ ညဥ့်ပွဲခင်း ”

ဟက်ဟက်ငြီးငြီး ရယ်ဟီးသံတွေနဲ့  ...
ကမ္ဘာပျက်သလို..
သွေးညှီနံ့ တွေ ထပ်လောင်းလို့ 
မကောင်းဆိုးဝါးတွေ တွန်နေကြ...။
လူရိုးတွေကို ပရမ်းပတာရိုက်လို့ 
စည်းဝါးလိုက်ရင်း မိစ္ဆာဗုံတွေတီးကြ...။
ကာလပျက် ခေတ်ပျက် နိုင်ငံပျက်
ပျက်သမျှအပျက်ထဲမှာ....
ဒီနေရာအပျက်ဆုံးဘဲ။
အချင်းချင်း သွေးစုတ်တဲ့ 
သွေးစုတဘုတ် ပိတုန်းကောင်တွေကလည်း
နေရာအနှံ့ တ၀ီဝီခေါ်ရင်းတုတ်ကြ....။
ပြောမယ်ဆို နာနာဘာဝကလည်း
နာနာဘာဝလောက်တော့ စွမ်းတာဘဲ...။
လောင်မီးကျ မြေပြင်မှာမှ
အပွင့်တွေတပ်ရင်း ပြုံးနိုင်ကြသေးတယ်...
သူတို့ ရဲ့  လက်တစ်ဖျစ်စာ ညဥ့်တွေပေါ့လေ....။
မသတီစရာ ဖန်ဆင်းမှုတွေနဲ့ 
မျက်စိလည်စရာ ကောင်းတဲ့ အထဲ...
တစ်ချို့ က
မျက်စိလည်ချင်ယောင်ဆောင်ရင်း ရူးနေကြ....။
နိုင်ငံအနှံ့  လ”ကတော့မိုက်နေဆဲဘဲ
ကြယ်ကြွေအချို့ ရဲ့  တိမ်မြှုပ်မှုတွေနဲ့ .....
လမ်းတွေ ဖောက်သမျှ
လမ်းတွေ ပျောက်နေရတယ်...
ဖြတ်သွားသမျှလည်း ဖမ်းစားတတ်လို့ 
တစ်ချို့ များ ...ဘုတ်နာတွေကပ်နေကြ....။
သူတို့ က...
အစွမ်းရှိသလောက် က” ကြမှာ...
မိုးခါးရေ သောက်သူတွေကတော့
ပွဲကောင်းသတဲ့ လေ...
သေလိုက်ကြတာမှ....
သွေးစုတ်ခံလို့ သေတဲ့ အခါ
ဖုတ်သက်ပြန်ဝင်ပြီး....
သွေးစုတ်တတ်သွားကြပြန်ရော....။
သတိထား....
သူတို့ ရဲ့ မိစ္ဆာ ဆိုင်းချက်တွေ ပိုပြင်းလာတယ်
က”ကွက်တွေ ဆန်းလာတယ်
ပိုးဖဲ စိန်ရွှေတွေ ပိုဝတ်လာတယ်...
အပွင့်အခက်တွေ ပြောင်းရွှေ့ လာတယ်
ကနေရင်း ပြုံးနေရင်း သွေးပေနေတဲ့ အစွယ်တွေ ...
လူသိသာအောင် ပိုရှည်လာတယ်..။
.....
ရိုးမနားနီးတော့ တောနက်တယ်...
တောင်တန်းတွေကြားကဘဲ...
ပုဇွန်ဆီရောင်လေး သန်းလာလိမ့်မယ်
သူတို့ ဘ၀က နေမထွက်ခင်လေးဘဲစွမ်းတာ
တို့ လက်တွေ သတိနဲ့ ဆုပ်ကိုင်ထားပါ..
ခဏပါ....
မိုးမလင်းခင်လေးပေါ့...
မိုးဆိုတာ တစ်သက်လုံး မလင်းတတ်တဲ့ အမျိုးမှ မဟုတ်တာ...။
မိုးလင်းတဲ့ အခါ...
မိစ္ဆာတွေ မြူးတဲ “့ ကြပ်” ရွာဆိုတာ
ပျဉ်းမနားဘက်မှာ ...
ရှာတွေ့ မှာတောင် မဟုတ်တော့ဘူး...။
မိုးမလင်းခင်လေးပါ...။

သစ်နက်ဆူး

9 comments:

SDL said...

အသစ်တင်တာ တွေ့တွေ့ချင်းပြေးလာဖတ်တယ်။

အိမ်လွမ်းသူ said...

ဟုတ်တယ်ကိုဆူးရေ.. သန်းကောင်ထက် ညဥ့်မနက်တော့ပါဘူး.. မိုလင်းဖို့ဘဲ ကျန်ပါတော့တယ်နော်

pandora said...

သွေးစုတ်ခံလို့ သေတဲ့ အခါ
ဖုတ်သက်ပြန်ဝင်ပြီး....
သွေးစုတ်တတ်သွားကြပြန်ရော....။


တော်တော်ကောင်းတဲ့ analogy ပဲ။ သဘောကျတယ်။

Craton said...

Wow.....! အရမ်းကောင်းတဲ့ကဗျာပဲ။
ရှယ်ပဲဗျို့။း)
မှန်၏ မှန်၏။

Moe Cho Thinn said...

မိုးမလင်းခင်လေး တို့လက်တွေ မြဲမြဲခိုင်ခိုင် ဆုပ်ထားရင်း ရောင်နီကို မျှော်ကြစို့။

လူလ said...

မင်္ဂလာ ကိုဆူးသစ်

နေ့လည်က တခါ လာဖတ်တယ်။ အခု သေသေချာချာ လာဖတ်တယ်။ ကဗျာဆိုတာက ဖတ်လေ နက်လေပဲလေ။

နိုင်ငံအနှံ့  လ”ကတော့မိုက်နေဆဲဘဲ
ကြယ်ကြွေအချို့ ရဲ့  တိမ်မြှုပ်မှုတွေနဲ့ .....
လမ်းတွေ ဖောက်သမျှ
လမ်းတွေ ပျောက်နေရတယ်...

ဖတ်သူတိုင်းကို အတွေး အမျိုးမျိုးပေးနိုင်တဲ့သော ကဗျာတခု အဖြစ်။
လေးစားစွာ ဖတ်ရှု့ ခံစားသွားတယ်။.

Gledelig jul !

ဦးဂင်ကြီး said...

ကောင်းလိုက်တဲ့ကဗျာ ကိုဆူးသစ်ရေ သဘောကျတယ်ဗျာ။

မသက်ဇင် said...

"“ ညဥ့်ပွဲခင်း ”"
ကို လေးလေးနက်နက်တွေးပြီး ခံစားပါတယ်
ကဗျာအလှဖွဲ့စည်းပုံသေသပ်တယ်--
အတွေးကို စကားလုံးအလှစီတာကျစ်လစ်တယ်--
၂၀၀၉ မှာအစစအရာရာ အဆင်ပြေပါစေ--

TNS said...

အခုတော့...ကွန်မန့် ပေးလို့ ရပြီထင်ပါတယ်။