Friday, December 12, 2008

“ကိုယ်တိုင်ရေး စိတ်ကောက်ကြောင်း”



ဒီတက်ဂ်ကိစ္စလေးကို သူများဘလော့ဂ်တွေမှာ တွေ့ တော့ ကိုယ်တော့ လွတ်တယ်ကွ ဆိုပြီးမှိန်းနေတာ....
အခုတော့ ၀တုတ်မလေး( ရှင်မင်းညို) က ကိုယ့်ဘက်ကိုပါ ဘော်လီဘော ပုတ်လွှတ်ပေးလိုက်ပြီ...
ကိုယ့်ကိုကိုယ်အမုန်းဆုံး ၁၀ ချက်တဲ့ ....။
ရေးရတော့လဲ ကောင်းတာပါဘဲ...သိရတာပေါ့...
ကိုယ့်မိတ်ဆွေတွေသိတာ ကောင်းတာပေါ့...ဒါမှ ကြိုသိထားပြီး သူတို့ တွေ ရှောင်သင့်တယ်ထင်ရင် ကြိုတင်ပြီး
ရှောင်ထားလို့ ရမှာ...။
တစ်ကယ်တော့ ကိုယ့်ကိုကိုယ်မုန်းတဲ့ အချက်တွေဆိုတာ...ကောင်းတာရယ် ဆိုးတာရယ် ရောနေတာပါဘဲ...
ကောင်းတာကို ဘာလို့ မုန်းတာလဲဆိုရင် ကိုယ့်ကကောင်းတဲ့ အချက်ကို တစ်ဘက်သားက နင်းပြီး အနိုင်ယူတာခံရလို့  ကိုယ့်ကိုကိုယ်မုန်းတာ...။
ဆိုးတာကို ဘာလို့ မုန်းလဲ ဆိုရင် ကိုယ့်ရဲ့ ဆိုးဝါးတဲ့ အကျင့်က တစ်ဖက်သားကို နစ်နာစေတတ်လို့ မုန်းတာ...။
ကဲ...စပြီ၊ ကိုယ့်ကိုကိုယ်မုန်းတဲ့ ၁၀ ချက်။
၁။ အင်မတိအင်မတန် ကြံဖန်ပြီး အားနာတတ်ခြင်း
၂။ စကားအမှားမခံတတ်ခြင်း၊( စကားကို ဗလောင်းဗလဲ၊ ရှေ့ တစ်မျိုးကွယ်ရာတစ်မျိုးပြောပြီး၊ မိမိအပြစ်ကိုဖုံးကွယ်တတ်သူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ်က ထိပ်တိုက်တည်ပြီး ပြောတတ်လို့ပါ...ကိုယ်ပြောကိုယ်တာဝန်ယူတာကို ကြိုက်တယ်။ ဘလောဂါ့မောင်နှမတွေ စတာပြောင်တာ ၊ ပျော်စေလိုစိတ်နဲ့ ပြောတာလုံးဝ ဗွေမယူပါ)
၃။ စိတ်မြန်ပြီး ဒေါသထွက်မြန်ခြင်း
၎။ သနားတတ်လွန်း၊ကိုယ်ချင်းစာလွန်းခြင်း
၅။ လူများတာမကြိုက်၊လူရှုပ်တာမကြိုက်၊ဧည့်ခံပွဲရှောင်( တစ်ယောက်ထဲ နေရတာကိုနှစ်သက်ခြင်း)
၆။ စိတ်ခံစားမှုဖြစ်လာလျှင် ရင်ထဲမှာ ကျိတ်မှိတ်ခံစားခြင်း
၇။ ဆေးလိပ်ဖြတ်မရသေးခြင်း
၈။ ဟန်ဆောင်ပြုံး နဲ့ လောကွတ်မချော်တတ်ခြင်း
၉။ သံယောဇဉ်ကြီးလွန်းခြင်း
၁၀။ သစ်နက်ဆူးအမည်နဲ့ ကိုယ်ပိုင်ဘလော့ဂ်ကြီး လုပ်မိသွားခြင်း( မုန်းရခက်ကြီးပါ)

အဲဒါတွေတင်မက ရှိပေမယ့် ဒီ၁၀ချက်ထဲမှာဘဲ အကြုံးဝင်နေတာပါဘဲ
ကိုယ့်ကိုကိုယ်မုန်းတာတွေတော့ရေးပြီးပြီ...ရှင်းရှင်း(ညီမလေး) ပို့ ပေးလိုက်တဲ့ ဘော်လီဘောကို အမေရိကန်ဘက် ပြန်ပုတ်ပြီး ပို့ လိုက်ပါတယ်...
ကျနော်က တစ်ဆင့် တက်ဂ် လုပ်ပြီး တောင်းဆိုချင်တာက ၊ ကိုဒူကဘာ၊ ကိုကျည်ပွေ့ ၊ကိုဂင်ကြီးနဲ့ မအိမ်လွမ်းသူတို့ ကို
ကိုယ့်ကိုကိုယ်မုန်းတဲ့ အချက်လေးတွေ ရင်ဖွင့်ပေးဘို့ တောင်းဆိုပါတယ်...
ခင်မင်လေးစားခြင်းနဲ့ ပေါ့...။

သစ်နက်ဆူး

8 comments:

Moe Cho Thinn said...

ကိုဆူး
၎ ၈ ၉ တူတယ်။
၂ ကတော့ ကြောက်စရာ..
ဆေးလိပ်ကိုတော့ ကြိုးစားပြီး လျှော့သောက်ပေါ့၊ ဖြတ်မရရင်ပေါ့လေ။ တကယ်က စိတ်ပြတ်သားတဲ့သူပဲ၊ ဖြတ်နိုင်သင့်တယ်။ ခင်လို့ ပြောတာပါ။
အမ အဖေလဲ Chain smoker ပဲ။

... said...

ဟားဟား
အစ်ကိုတော်တယ်.. ဘော်လီဘောပုတ်တတ်တယ်....
ကျေးဇူးပါ

အောင်သာငယ် said...

နံပတ် ၁၀ တော့ ကျနော် သဘောမတူဘူး ကိုသစ်ရေ့...

ပြန်ပြင်ရေးပေးဗျာ...

SDL said...

စကားအမှားမခံဝူးလား.....
ကောမန့်ထဲမှာ... စကားမှားရင်ရော စိတ်ဆိုးတတ်ပါသလား.......
အစ၊ အနောက်သန်တတ်လို့ ကြိုမေးထားရပါသည်။
နံပါတ် ၁၀ ကတော့ မုန်းစရာမှ မဟုတ်ပဲ...
မုန်းပါနဲ့လေ

PAUK said...

ကိုဆူး..
ကျနော်စကားပြောမှားတတ်တာ..ခနခနပဲ..
ဟီးး
တချို့ဟာတွေလည်းတူတယ်..
ဆေးလိပ်လျှော့နိုင်ရင်လျှော့ပေါ့ဗျာ...

စူး said...

2.3,4,8

the same.

Thet Oo said...

ဆေးလိပ်က မဖြတ်ချင်သေးတာလား။ ဖြတ်ချင်ရက်နဲ့ ဖြတ်မရတာလား။

ဗေဒါရီ said...

ကျွန်မကတော့ နံပါတ် ၁၀ ကို သဘောတူတယ်။ ကျွန်မလည်း ဘလော့လုပ်မိလို့ ကိုယ့်ကိုယ်ကိုယ် မုန်းနေတာ။ အင်တာနက် ၃-၄ ရက်လောက် မရတာကို နေမထိ ထိုင်မထိ ဖြစ်လို့။