Sunday, November 9, 2008

“ ဒီရက်ပိုင်း ”




ကျနော် ဘလော့ဂ်ဘက်ကိုဘဲ ၀ဲလည်ဝဲလည်ဖြစ်နေပြီး ပန်းချီတွေ မဆွဲဖြစ်ခဲ့ပါဘူး...အခုတော့ ပြန်ဆွဲနေပြီ...။
ကျနော်တို့ မြို့ လေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းမှ ငြိမ်းချမ်းရေး ဖခင်ကြီး ဂန္နီ ရဲ့ ပုံတူ လာအပ်လို့  အခုရေးဆွဲနေပါတယ်..။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံတူကို ရေးဆွဲပြီး အဲဒီအဖွဲ့မှာ အထင်ကရ ချိတ်ဆွဲထားပါတယ်..။
ဒီဇင်ဘာမှာ ပြပွဲလုပ်ဘို့ ပါ...။
ဒီတစ်ရက် နှစ်ရက်တော့ စာရေးနောက်ကျမှာပါ...
အရင်ကရေးဆွဲထားတဲ့ တောင်ပေါ်ဈေးပန်းချီကားနဲ့ မပြီးသေးတဲ့ ဂန္နီကြီးပုံကို တင်ပေးလိုက်ပါတယ်...။
ညီငယ် ပြည့်ဖြိုးပြောသလို နောက်ဆိုရင် ပန်းချီ အကြောင်းလေးတွေနဲ့  ရှာဖွေသင်ကြားမှုပြုနိုင်မယ့် ဆိုက်တွေ ရှာပြီး တင်ပေးပါဦးမယ်...။
ဒါလေးနဲ့ ဘဲ ဧည့်ခံပါရစေဦး....နောက်များမှပေါ့.........။
သစ်နက်ဆူး

14 comments:

Life is for Success said...

thank ko sue,

this ganddi paint really more active than others...
think postive way only be stress out from the worse....

Life is for Success said...

ko sue ,

why two pic is diffrent color should be one using adobe cs2?

with rgrds
pp

TNS said...

ဖြိုးဖြိုး...
အဲဒီတောင်ပေါ်ဈေးက အရောင်ကွဲနေတာ တစ်ခြားကြောင့်မဟုတ်ပါဘူး...အပြာရောင်များတဲ့ပုံက အရင်က ရေးတဲ့ကားပါ...အမေရိကန်တွေ ၀ယ်သွားပြီးသားပါ...နောက် အ၀ါရောင်များတဲ့ပုံက အခုဆွဲနေတာပါ... အတွင်းခန်းထဲမှာ မီးအ၀ါရောင်ဘဲရှိတော့ ပုံထွက်မကောင်းဘူး...အပြင်မှာလဲ မိုးတွေ ရွာနေတာလေ...
တစ်ချို့ အလင်းပြန်တဲ့ပုံတွေကိုတော့ photoshop cs9 နဲ့  အရောင်ညှိပါတယ်...။
ပုံကတော့ ကိုယ်တိုင်ကလဲ ကြိုက်လို့ ပြန်ဆွဲနေတာပါ...။

ဗေဒါရီ said...

ဟုတ်တယ် ကိုဆူး ပန်းချီလေးတွေ မကြည့်ရတာ ကြာပြီ။ ကျွန်မမျက်စိထဲတော့ အ၀ါများတဲ့ပုံကို ပိုကြိုက်သလိုပဲ။ သိတာတော့မဟုတ်ဘူး။ ကျွန်မက ပန်းချီအခြေခံရှိတာမဟုတ်တော့ လူပြိန်းမျက်စိနဲ့ ကြည့်ပြီး ကျွန်မအကြိုက်ကို ပြောတာပါ။

အပေါ်က ကွန်မန့်ကပြောသလိုပဲ ကိုဆူးဆွဲတဲ့ ပုံတွေကို တဆင့်ချင်း ဓာတ်ပုံရိုက်ထားရင် မှတ်တမ်းမှတ်ရာလဲ ကျန်ခဲ့တာပေါ့။

... said...

စာမရေးအားလို့ပန်းချီလေးတွေတင်ပေးတာအရမ်းကောင်း
တာပဲ...ပန်းချီကိုငေးရင်စိတ်တွေချမ်းသာလို့...
အကိုရေ..ကျေးဇူးထပ်မံ

မသက်ဇင် said...

ပန်းချီကားတွေကို သေချာခံစားပြီး ကြည့်ပါတယ်----
အတော်လက်ရာမြောက်ပေတာပဲ--
ပန်းချီပြပွဲ လုပ်မယ်ဆိုတော့--စိတ်ဝင်စားစရာပါ-
အနုပညာရှင်တယောက်ရဲ့--အရည်အသွေးဟာ
တန်ဘိုးဖြတ်လို့ မရပါလားရှင်---

အိမ်လွမ်းသူ said...

ကိုဆူးသစ်ရေ့... ပန်းချီလေးတွေကို သေသေချာချာခံစားသွားပါတယ်။ အောက်ကပုံလေးက ဈေးတန်းအင်္ဂါနဲ့ ပိုပြည့်စုံသလိုမြင်ရလို့ ပိုကြိုက်တယ်...။

poppi said...

We love your pictures. We want to learn how you draw it.

ကောင်းကင်ကို said...

ပန်းချီကားတွေ ခံစားသွားတယ်ဗျာ။ ကိုဆူးက စွယ်စုံရတယ်ဗျာ။ အားကျတယ်။

Life is for Success said...

ko sue,

thank ur explanation. sorry to disturb ur mind busy.

with rgrds
p.. p...

pandora said...

မောင်တိန် ပြောသလိုလေး တောင်းဆိုချင်ပါတယ်
လေ့လာရတာပေါ့။

တန်ခူး said...

ဂန္နီပုံက တူလိုက်တာနော်… အသက်လဲ အရမ်းဝင်တာပဲ…

Moe Cho Thinn said...

တောင်ပေါ်ဈေးမှာ ပန်းတွေ ၀င်ရွေးသွားတယ်။ ကောင်းလိုက်တဲ့ လက်ရာ။
အ၀ါများတဲ့ပုံကို ပိုကြိုက်တယ်။

စူး said...

စာလုပ်နေလို့ အကို့ပုံကိုဖတ်ပေမဲ့ မမန့်ခဲ့ရပါ။

မြတ်နိုးကတော့ အပြာရောင်ပုံကို ပိုကြိုက်တယ်။
ဘာပဲဖြစ်ဖြစ် အသက်ကတော့ ဝင်နေတာပဲ.
နားမလည်ပေမဲ့ အသက်ဝင်တဲ့ ပုံတိုင်းကြိုက်တယ်။

နောက်တခါကျရင်တော့ အဆင့်ဆင့်ဆွဲတာ ကြည့်ခွင့်ရပီကွ..