Sunday, August 23, 2009

နေရာသစ်

http://thitnetsue-tns.blogspot.com/

ရောက်လာခဲ့ ရင်တော့ ဒီဘက်ကို လာလည်ပါ...။
တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ နေရာလေးတခုမှာ.... ကျနော် ကြေကွဲနေချင်တယ်..။

2 comments:

ko said...

အေးဗျာ
ခင်ဗျားရေးထားတာလေးတွေကျနော်တော့သဘောမပေါက်
ကပြကြတဲ့ခလေးတွေစိတ်မကောင်းဖြစ်တာ
နော်နော်စိတ်မကောင်းဖြစ်တာ
ခင်ဗျားစိတ်မကောင်းဖြစ်တာ တွေကိုကျနော်လဲလာကြည့်
သူတယောက်အနေနဲ့ခင်ဗျားဘလော့မှာကပွဲနဲ့ပါတ်သက်လို့
တခုခုများတွေ့မလားဆိုပီးလာတာ
ဟီး ခုတော့ခင်ဗျားကပွဲကလာခဲ့ရတာသိတ်စိတ်ကြေနပ်လာ
ပုံမရဘူးမှတ်တယ်
ကျနော့အထင်ပြောရရင်
ဒီနိုင်ငံတွေမှာ က အချိန်ကိုအတိအကျလုပ်ရသလေ
ခင်ဗျားသိမှာပါ ခလေးတွေကို နောက်နောင် အချိန်
ကိုက်ဖြစ်အောင်ကြိုးစားဘို့ တိုက်တွန်းရမဲ့အစားခင်
ဗျားကပါစိတ်မကောင်းဖြစ်နေရင် စဉ်းစားပေါ့ဗျာ
ခင်ဗျားနောက်နောင် ဥရောပနိုင်ငံတွေမှာကဘို့
စဉ်းစားတယ်ဆိုရင့့် 
သုံးနာရီဘဲကဘို့ ဆိုတာ ကျနော့်အထင်ပြောရရင်
ခင်ဗျားကိုယ်တိုင်သဘောထားမပါဘဲနဲ့ အချားသူတွေ
ကဇွတ်ကခိုင်းတယ်လို့တော့ကျနော်မထင့့် 
နောက် အောက်နားကခင်ဗျားစာတစ်ခုမှာ
ကပြသူတွေအားလုံး သူပုန်တွေဘဲ့လို့ရေးထားသေး
ဟေး ဟေး ဟေး
သေချာစဉ်းစားပါဗျာ
သေချာစဉ်းစားပီးမှရေးပါဗျာ
ကျနော်ခင်ဗျားအနုပညာကိုအဲဒီနေ့ကကြည့်ပီးလေးစား
ပါတယ် ခင်ဗျားဘလော့ကိုကြည့်ပီးတော့တော့
လေးစားမှုလေးတွေမပြောက်ပါ့ရစေနဲ့

TNS said...

ko...
ခင်ဗျား..
တခုခုတော့ နားလည်မှုလွဲနေပြီ..။
ကျနော်က လူလေးစားခံချင်လို့ 
ဘလော့ဂ်ရေးတာ လုံးဝမဟုတ်ပါ..။
ကပြမှုကို အပြင်က ကြည့်ရုံနဲ့ လဲ ဇာတ်ခုံနောက်က အခက်အခဲတွေကို မသိနိုင်ပါ..။
သူပုန်လို့ ရေးခဲ့တာကလဲ တမင်ကိုရေးတာပါ..။
မိခင်တိုင်းပြည်က အကြောင်းအမျိုးမျိုးကြောင့် ထွက်လာသူမှန်သမျှကို တိုင်းပြည်သစ္စာဖောက် သူပုန် သူကန်လို့  သတ်မှတ်ချင်သူတွေအတွက်....
“အပြင်ရောက်နေသူတိုင်းမှာ ပင်ကိုယ်အရည်အချင်းတွေ ရှိသလို..
မိမိနိုင်ငံရဲ့ အနုပညာကိုလဲ တတ်နိုင်သမျှဖော်ထုတ်
နိုင်ကြတယ်ဆိုတာကိုရည်ရွယ်တာပါ..”
စစ်ဘက်ဆိုင်ရာတွေကိုပေးနိုင်မှ ပွဲပါမစ်ရပြီး
ဇာတ်သဘင်တွေ ကပြခွင့်ရတာကိုလည်း ကိုယ်တိုင်ခံခဲ့ရလို့  ရွဲ့ပြီးရေးတာ..။
ပွဲနဲ့ ပါတ်သက်တဲ့ ပုံကလည်း ကျနော့်မှာ သူများပေးတဲ့ ဒီပုံလေးတွေဘဲရှိတာ...
ကပြခဲ့တာကို သိပ်ကျေနပ်ပုံမရဘူးဆိုတာကတော့..
အလွဲလွဲအချော်ချော်တွေများနေတယ်..။
ဒါက အတွင်းကိစ္စပါ..။
ကျနော့်ဘလော့ဂ်ကို ဖတ်လိုက်ရလို့  လေးစားမှုတွေ ပျောက်မယ်ဆိုလဲ ...
ဘာမှမပြောလိုပါဘူး...။
လူတိုင်းမှာ ကြိုက်သလို စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်..။