Saturday, March 14, 2009

ကျေးဇူးပြုပြီး...ကူညီပေးပါ



ကျနော့်မိတ်ဆွေ ချင်းအမျိုးသားတဦးက June လမှာ ရဲဘော် ဆလိုင်းတင်မောင်ဦး (ကို) အောက်မေ့ဘွယ်ဂုဏ်ပြုအခမ်းအနားပွဲအတွက် နောက်ခံ ပုံတူကားကြီးရေးဆွဲပေးဘို့ အကူအညီတောင်းလာပါတယ်...။
ကျနော်ကလည်းကူညီမှာပါ...ဒါပေမယ့် ကျနော်တို့ အခုရထားတဲ့ ပုံကို အခြေခံပြီးပုံတူဆွဲရမှာဆိုတော့ ကျနော့်အတွက်
သိပ်စိတ်တိုင်းမကျပါ( မူရင်းဆရာကို စော်ကားခြင်းမဟုတ်ပါ...ရိုင်းပျနေရင် ခွင့်လွှတ်ပါ)။ ကျနော်လိုချင်တာက မူရင်းဓါတ်ပုံကိုပါ..။
ဒါကြောင့်မိတ်ဆွေတို့ အနေနဲ့  ဆလိုင်းတင်မောင်ဦးရဲ့ မူရင်းဓါတ်ပုံကို စာအုပ်တွေမှတ်တမ်းတွေထဲမှာ တွေ့ ခဲ့ ရင် ကျနော့်ဆီဆက်သွယ်ပို့ ပေးပါလို့  အကူအညီတောင်းချင်ပါတယ်...။
လေးစားဘွယ်၊ဂုဏ်ပြုဘွယ်ကောင်းတဲ့ သူတယောက်အတွက် ကူညီပေးကြပါဗျာ..။

သစ်နက်ဆူး

4 comments:

ကိုအောင်(ပျူနိုင်ငံ) said...

လောလောဆယ်အချိန်ထိ ရှာမရသေးဘူး အကို၊ အကိုဆီ
မှာ ရှိတဲ့ ပန်းချီပုံဘဲ ရှိနေတာ များတယ်၊ ၆၉ မျိုးဆက်
တွေ၊ ပီဒီပီ ပါတီက လူကြီးဟောင်းတွေ လက်ထဲမှာ
သူ့ဓါတ်ပုံ ရှိနိုင်တယ်၊ သူ့ညီမလေး မိုင်ပိုပိုတင် ဆိုတာ
နဲ့ အဆက်အသွယ်ရှိနိုင်တဲ့ တခြား ချင်းတိုင်ရင်းသား
နိုင်ငံရေးအဖွဲ့အစည်းတွေ ဆိုရင် သူတို့လက်ထဲမှာ ရှိကောင်း ရှိနိုင်တယ် ကိုဆူး။

မသက်ဇင် said...

လေးစားစွာဖတ်သွားပါတယ်ရှင်--

သူ(သူမ) said...

ဦးသန့် အရေးအခင်းမှာ အဖမ်းခံရပြီး သေဒါဏ်ပေးခံရတဲ့ ၈ ယောက်ထဲက ၁ ယောက်။ သူတို့ တွေအကြောင်း ဖတ်ချင်ပါတယ်။ ၆၉ မျိုးဆက်တွေတဲ့။လူလောကထဲတောင်မရောက်သေးဘူး။ ကျမတို့ တွေနဲ့ တော့အဝေးကြီး။
ဂုဏ်ပြုသွားပါတယ်။ ။ ။

Maung Too said...

ကိုအောင်က ပျူနိုင်ငံလို့ ဘာလို့ ရေးတာလဲ ပျူလူမျိုးလား