Saturday, March 28, 2009

ပီတိ....၃








ဆရာကြီးဦးတင်မိုးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပီတိမျက်နှာနဲ့ အပြုံးကို ကျနော်ဒီနေ့ ရေးဆွဲထားပါတယ်...အေးဆေးမှတင်မယ်စိတ်ကူးပေမယ့် အနှစ် ၂၀ လားလို့ မေးလို့  အားခြင်းဆွဲတင်လိုက်တာပါ..။ အခရိုင်းလစ်ဆေးနဲ့ ကင်းဗတ်ပေါ်မှာ
တစ်ဆင့်ခြင်းရေးဆွဲတာလေးကို တောင်းဆိုသူ သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းပါ..။
ဒီပုံကိုဆွဲတာ ၄၆ မိနစကြာပါတယ်...ဖိုင်တင်၇တာ လေးလွန်းပြီးအဆင်မပြေလို့  ပြန်တည်းဖြတ်ပြီးတင်လိုက်တာပါ..။
ဒီပုံဆွဲဘို့ ဆရာကြီး သားသမီးတွေကို ကြိုတင်ခွင့်တောင်းတာတော့ မလုပ်ခဲ့ ပါဘူး...ဘာဖြစ်လို့ လဲဆိုတော့ မရေးဆွဲခင်ကတည်းက မမိုးချိုသင်းကို လက်ဆောင်ပေးဘို့ ဆုံးဖြတ်ထားလို့ ပါ..။
ဆရာကြီးရဲ့ ပီတိအပြုံးကို မျှဝေခံစားနိုင်ပါစေ..။

သစ်နက်ဆူး

27 comments:

အောင်သာငယ် said...

ကိုသစ်ရေ့ ပီတိတွေ မျှဝေခံစား မုတိတာ ပွားသွားပါတယ်ဗျ...

pandora said...

ကိုဆူးရေ အားကျစွာ ကြည့်သွားတယ်
ဆရာကြီးရဲ့ အပြုံးတွေက ကြည်လင်လိုက်တာ

khin oo may said...

ချီးကျူးပါ၏။

ပုံရိပ် / Pon Yate said...

ကိုဆူး ဆွဲတတ်လိုက်တာ။ ရုပ်လုံးကြွလာအောင် အရိပ်တွေ ထည့်ရတာ စိတ်ဝင်စားစရာပဲ။ နားတော့ မလည်ပါဘူး။ အစ်မချိုသင်းက ၀မ်းသာမှာပါ။

Moe Cho Thinn said...

ကိုဆူးရေ
မြင်မြင်ချင်း ရှော့ခ် ဖြစ်သွားတယ်။ ထူးခြားတဲ့ အစီအစဉ်ဆိုတော့ ဘာမှန်း မသိလို့ ခဏစောင့် ဆိုတာ အနှစ် ၂၀လား မေးလိုက်တာပါ။
ကျေးဇူး အထူးတင်ပါတယ် လို့သာ အထပ်ထပ်ပြောရမှာပဲ။ အမ အမတွေကို ကိုဆူး လင့်ခ်ပေးလိုက်အုံးမယ်။ သူတို့လဲ ကျေးဇူးတင် ၀မ်းသာမှာ အသေအချာပါပဲ။
စိတ်ကို ပေါ်လွင်အောင် ဆွဲနိုင်ပါပေတယ်။
ကိုဆူး ခင်မင်မှုကို အလေးအနက် ထားမိပါတယ်။
ခင်မင်လျက်
မိုးချိုသင်း

Kay said...

စွယ်စုံရဆရာ- ကိုသစ်နက်ဆူးရေ-
ပန်းချီကားက..ဆရာကြီးရဲ့ စိတ်တွင်းကို ဖော်ပြနိုင်တယ်။ ချီးကျူးပါတယ် ရှင်။

Heartmuseum said...

ကောင်းလိုက်တဲ့ လက်ရာ ကြိုက်တယ်ဗျာ။

ဇနိ said...

အကိုရေ - ပန်းချီဆွဲတာကို သဘောတကျ ငေးကြည့်သွားပါတယ်

ကမာနီလာ said...

ကိုဆူးရေ
ဆရာဂျမ်းရဲ့ ပုံတူပန်းချီကားကို တွေ့လိုက်ရတော့ ဘာပြောရမှန်းတောင် မသိတော့လောက်အောင်ကို ၀မ်းသာပီတိဖြစ်မိတယ်၊ ဆရာရဲ့ အပြုံးတွေက အပြင်ကအတိုင်းပါဘဲလားဗျာ၊ ချီးကျူးလေးစားမိပါရဲ့။

Life is for Success said...

Hi ko Gyi sue,


very good, thank for ur step by step drawing video...

Moe Cho Thinn said...

VDO ထပ်လာကြည့်သွားပါတယ်။
သူများတွေတော့ မသိ၊ သမီးတယောက်အဖို့မှာတော့ မမြင်ဖူး မသိဖူးတဲ့ သူငယ်ချင်းတယောက် ပေးတဲ့ လက်ဆောင်ကို တန်ဖိုးထား လေးစားမိပါတယ်။ အတိုင်းမသိ ကြည်နူး ပီတိလဲ ဖြစ်မိပါတယ်။

wai said...

Bro,
Bravo!!!!!!!!!!!!!
You got the god gifted hands.
I am so plaesed to see the picture of Sayargyi U Tin Moe, your outstanding drawing and your great friendship upon Ma Moe Cho Thinn and Ko Kyaw Wunna.

wai said...

Bro,
Bravo!!!!!!!!!!!!!
You got the god gifted hands.
I am so plaesed to see the picture of Sayargyi U Tin Moe, your outstanding drawing and your great friendship upon Ma Moe Cho Thinn and Ko Kyaw Wunna.

ဦးဂင်ကြီး said...

ကြည်နူးရပါတယ်ဗျာ ဆရာကြီးပုံလေးဆွဲတာကိုကြည့်ရတာလေ ချီးလည်းချီးကျူးတယ်ဗျာ ကိုဆူးသစ်ရေ လေးစားပါတယ်။

Ko Paw said...

တော်လိုက်တာ။ ပန်းချီလက်ရာလေးတွေကို နောက်ကို မကြာမကြာ လာကြည့်ပါဦးမယ်။

မောင်မျိုး said...

အစ်ကိုက တော်လိုက်တာ ဆရာကြီးရဲ့ ပိတိအပြုံးက တကယ့်ခလေးငယ်လေးလို ဖြူစင်နေတာပဲ ။ လက်ရာက အရမ်းအသက်ဝင်နေတယ် ကျေးဇူးဗျ ခုလို ကြည့်ခွင့်ရတာ ။

မေ့သမီး said...

အစ်ကိုတော်လိုက်တာ။ ညီမဆိုဆရာကြီးပုံကို ခဏခဏမမြင်ဘူးတဲ့သူတောင် မြင်လိုက်တာနဲ့ ဆရာကြီးမှန်း တန်းသိတယ်။

Rita said...

တကယ်တော်ပါတယ်။ ကျွန်မလဲ မြင်မြင်ချင်း တန်းသိတယ်။ ဒါတောင် ဆရာဦးတင်မိုးကို အပြင်မှာ တခါမှ မမြင်ဖူးပါဘူး။

sonata-cantata said...

ဒီနေ့ တနင်္ဂနွေ ဧရာသီတာရေချမ်းရေစင်တို့ မိသားစု ကိုဆူး ဆရာကြီးတင်မိုးပုံဆွဲတာ ထိုင်ကြည့်ကြပါတယ် Beautiful Sunday

SDL said...

တော်လိုက်တာ ကိုဆူးရေ.. ဆရာကြီးရဲ့ အေးမြစေတဲ့ အပြုံးကို ပေါ်အောင်ဆွဲနိုင်တယ်

ကောင်းကင်ကို said...

မုဒိတာ ပွါးသွားတယ်ဗျို့ ။

အိမ်လွမ်းသူ said...

သမီးတွေနဲ့အတူ ပန်းချီဆွဲတာကိုကြည့်သွားပါတယ်... သမီးတွေက ကိုဆူးဆွဲတာကို အရမ်းအားကျနေကြတယ်.. ဆရာကြီးရဲ့ပီတိအပြုံးက တကယ့်ကို အသက်ဝင်အောင်ဆွဲနိုင်တာ ချီးကျူးပါတယ်ကိုဆူးရေ......

ကြည် said...

တော်လိုက်တာ...ကြိုက်တယ်..အားကျတယ် ဒီလက်လေးတွေကို။

Khwanyo said...

ကိုဆူးရေ
ပန်းချီလေ့လာနိုင်ခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ ဆရာကြီးအပြုံးက မိုနာလီဇာရှုံးသွားပြီ။

ကျမရဲ့ ခပ်ညံ့ညံ့လက်ရာတွေ နောက် လျှောက်မတင်ရဲတော့ဘူး။

Khwanyo said...

ကိုဆူးရေ
ပန်းချီလေ့လာနိုင်ခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ ဆရာကြီးအပြုံးက မိုနာလီဇာရှုံးသွားပြီ။

ကျမရဲ့ ခပ်ညံ့ညံ့လက်ရာတွေ နောက် လျှောက်မတင်ရဲတော့ဘူး။

Khwanyo said...

ကိုဆူးရေ
ပန်းချီလေ့လာနိုင်ခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ ဆရာကြီးအပြုံးက မိုနာလီဇာရှုံးသွားပြီ။

ကျမရဲ့ ခပ်ညံ့ညံ့လက်ရာတွေ နောက် လျှောက်မတင်ရဲတော့ဘူး။

ညလေး said...

မင်္ဂလာပါ ကိုသစ် ပန်းချီကို အသေအလဲ ချစ်ပေမယ့် လုံးဝကို မဆွဲတတ်ဘူး ဆွဲချင်တာလဲ တအားပဲ အဲ့လိုမျိုး ရုပ်လုံးကြွနေတာမျိုး အသက်ဝင်နေတာတွေ သဘောကျတယ်။