Sunday, February 20, 2011

ဒေါင်းဝိဥာဉ်

ကျနော်က အနုပညာလောကဘက်မှာ ကျင်လည်ခဲ့ တာဆိုတော့ ကိုယ်တွေ့ကြုံတာလေးနဲ့တစ်ခြားသူတွေဖန်တီးတဲ့ အနုပညာကို ယှဉ်တွေးကြည့်ရင်း အတွေးတခုပေါ်လာလို့  ဒီပို့ စ်လေးကို ရေးလိုက်ပါတယ်. 
ကျနော်တို့ မြန်မာ့ဇာတ်သဘင်လောကမှာ ဇော်က၊ ကိန္နရီ ကိန္နရာအက၊ဒေါင်းအကဆိုတာတွေ ရှိပါတယ်။
    ဇော်အက ကတော့ လူတွေနဲ့ ထူးခြားဆန်းပြားတဲ့ ဘုံဘ၀တခုက လူသားရဲ့ ခုန်ပျံကျော်လွှား၊ မြေလျှိုး
မိုးပျံတာတွေကို ဇာတ်စင်ထက်ကနေ ခန္ဒာကိုယ်ကို စတီးလ်ကြိုးနဲ့ ဆွဲပြီး ခုန်ပျံဝဲပျံ ကပြခြင်းပါ..။
     ကိန္နရီ ကိန္နရာအက၊ဒေါင်းအကဆိုတာတွေ ကတော့ ကျေးဌက်တရိစ္ဆာန်လေးတွေရဲ့ လှုပ်ရှားမှု၊
နေထိုင်ပျံသန်းမှု ဖိုမ ကျီစယ်ကြည်နူးမှုလေးတွေကို ဖော်ကြူးခြင်းပါ..။
   ဒီနေရာမှာ ပြောချင်တာက ဥပမာ ဒေါင်းအကဆိုပါစို့ ...
ဒေါင်းအကလို့ ဆိုလိုက်တာနဲ့  ၀တ်စုံက အတောင်ပံတွေပါမယ်..အမြီးတွေပါမယ်..ပြီးရင် ကိုယ်မှာ ကြိုးသွယ်ပြီး လေထဲမှာ ၀ဲပျံမယ်..ဒါထုံးစံဖြစ်နေတယ်..
     ဒါပေမယ့်ကျနော်တွေးမိတာက ဒေါင်းတကောင်ရဲ့ ဝိဥာဉ်ပါ..။
အမြီးတုမတတ်ဘူး၊ အတောင်တုမတတ်ဘူး၊ ကြိုးမဆွဲဘူး..ဒေါင်းအက ကပြပါလို့ ပြောရင် မင်းသားမင်းသမီးတွေက ပြောပါလိမ့်မယ်..ဘယ်လိုလုပ်ကရမှာလဲ...လို့ ..။ ကျနော်အပါအ၀င် အနုပညာ
လောကက အကသမားတော်တော်များများက အမြီး၊အတောင်၊ စတီးလ်ကြိုး၊ ဒေါင်းခေါင်းစွပ်.ပါမှ
ဒေါင်းတစ်ကောင်နဲ့ တူမယ်ထင်ထားတာကိုး...။
   တစ်ကယ်လိုအပ်တာက ဒေါင်းတစ်ကောင်ရဲ့ ဝိဥာဉ်ဘဲလို့ ထင်ပါတယ်..
ကတဲ့ ဒေါင်းဘဲ ဖြစ်ဖြစ်၊ခွပ်တဲ့ ဒေါင်းဘဲဖြစ်ဖြစ်( ဒေါင်းမကြီး မွေးတုန်းကတော့ ကဘို့ တစ်ကောင်၊ခွပ်ဘို့ တစ်ကောင်ဆိုပြီးမွေးတာမဟုတ်ပါဘူး....နှုတ်သီးပါလာတဲ့ အကောင်မှန်သမျှကတော့ အရေးကြုံလာရင် ဆိတ်ကြခွပ်တတ်ကြတာပါဘဲ)  ဒေါင်းတစ်ကောင်ရဲ့ မာနနဲ့ ဒေါင်းတစ်ကောင်ရဲ့ ဝိဥာဉ် ပျောက်မသွားဘို့ ဘဲ အဓိကပါ..။
      ကျနော်တို့ မြန်မာပြည်မှာလဲ ဒေါင်းတွေ အများကြီးပါ..ဒေါင်းကမွေးလာတဲ့ဒေါင်းမျိုးဆက်တွေလဲ အများကြီးပါ...အခြေအနေအရ..ဒေါင်းမြီးအတု..ဒေါင်းခေါင်းစွပ်တခုနဲ့ အတောင်ပံတွေ စတီးလ်ကြိုးတွေ
မပါဘဲ အသွင်ပြောင်းပြီး ဒေါင်းတစ်ကောင်ရဲ့ ဝိဥာဉ်ကိုဖော်ကြူးနိုင်ရင် ပိုပြီးကောင်းလာမယ်လို့ ယူဆမိပါတယ်..
   ဒါကလဲ တစ်ကယ့်ဒေါင်းမျိုးဆက်မှ ရမှာနော်..
ဒေါင်းလိုလို ဠင်းတလိုလိုဆိုရင်တော့  မလွယ်ရေးချမလွယ်ဘူး...
အောက်မှာ ဗီဒီယိုလင့်ခ်လေးတခုပါတယ်ဗျာ..ကြည့်ကြည့်ပါ...
အတောင်တု..ခေါင်းစွပ်တု..အမြီးတု.နဲ့ .ကြိုးမဆွဲတဲ့ ဒေါင်းတစ်ကောင်...။
    ကျနော်တို့ တစ်ကယ်လိုအပ်နေတာ...ညင်သာစွာနဲ့ ပြင်းထန်နေတဲ့ ဒေါင်းဝိဥာဉ်ပါ...။   ။

သစ်နက်ဆူး
ဗီဒီယိုကြည့်လို့ အဆင်မပြေရင် ဒီလင့်ခ်လေးကတဆင့်ကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=LvhBwwuEGS4&feature=related 

15 comments:

ကိုအောင်(ပျူနိုင်ငံ) said...

အဆင်ပြေလား အကို ...

သစ်နက်ဆူး said...

ကိုအောင်ရေ..
အဆင်ပြေတယ်ဗျ..ဟူးးးးးတော်သေးလို့ 
ကျေးဇူးတင်တယ် ကိုအောင်ရေ..ကျေးဇူးပါ။

ကိုကိုမောင်(ပန်းရနံ့ ) said...

အင်းးး... ဟုတ်တယ်။ ဒေါင်းလိုလို ဠင်းတလိုလိုတွေက ပိုများနေတော့ ခက်ကုန်တော့တာပေါ့။

ဒါနဲ့... ဗီဒီယိုကလစ်က ကြည့်လို့မရပါလားဗျ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မေဓါဝီ said...

ဒေါင်းလိုလို လင်းတလိုလိုအပြင် ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေကလဲ မနည်းဘူး ကိုဆူးရေ ...

အပေါ်က ကိုကိုမောင် ပြောတာ ဟုတ်တယ်။ ဗီဒီယိုကလစ်က ကြည့်လို့မရဘူး။

ကိုကိုမောင် said...

ကျေးဇူးဘဲ ကိုသစ်နက်ဆူးရေ..
ဗီဒီယိုလင့်ခ်လေး ကြည့်သွားတယ်။ အတော်လေးမျက်စိ ပသာဒ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီယူကျုလင့်ခ်ကတစ်ဆင့် ဒေါင်းအက ကလစ်တွေ အတော် များများ ကြည့်သွားတယ်။ ဒီလင့်ခ် http://www.youtube.com/watch?v=Q5Aw6NCWXPw&feature=related အပါအ၀င်ပေါ့။ အတော်လေး တော်ကြတဲ့ တရုတ်တွေနော်။ ချီးကျူးမိတယ်။

လင့်ခ်ချိတ်ထားလို့ရပါတယ်။ ကျနော်ကတော့ ခွင့်မတောင်းဘဲ ချိတ်ထားမိတာ ကြာရောပေါ့။

ခင်မင်လျက်

မြစ်ကျိုးအင်း said...

ဒေါင်းပီသစေမယ့် ဒေါင်းဝိဥာဉ်တွေ လိုအပ်တယ်။ ကျီးလိုလိုတွေကလည်း မနည်းဘူးလေ။
February 20, 2011 5:18 AM

ရွှန်းမီ said...

လက်လေးနှစ်ဖက်မြောက်ပြီး ဒေါင်းနှစ်ကောင် စကားပြောသလို ကကွက်လေးက အရမ်းအသက်ဝင်တယ်။ သူ့ဝတ်စုံလေးကိုလည်း သဘောကျနေတာ။ ဝေမျှတာ ကျေးဇူးတင်ပါတယ်း)

ချမ်းလင်းနေ said...

ဒေါင်းအကကတော့ ဒေါင်းအစစ်တောင် ငိုချင်းချမတတ်ပဲ။ ဒေါင်းယောင်ဆောင်တဲ့ ကျီးမကမိဖို့ပဲ...။:P

February 20, 2011 4:19 PM

ရွှေရတု said...

ကောင်းလိုက်တာ..ဒေါင်းမြကြည်ရာ..
ဒီဒေါင်းမလေး နဲ့ ဆိုရင်တော့..မုဆိုးဖမ်းလဲ မောရသုတ်မရွတ်တော့ဘူး..

ပုံ
ကျောက်ဒေါင်းကြီး

ကိုအောင်(ပျူနိုင်ငံ) said...

ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေကတော့ များမှများပဲ ကိုဆူးရေ။

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
လာလည်သွာတာရော--အမျိုးစပ်သွားတာရော-လင့်ချိတ်ပေးထားတာရော
အကုန်လုံးကျေးဇူးတင်မိပါတယ်ဗျာ-
မေးမသိလို့စာရေးမလိုဗျာ-အခုတော့ဒီမှာဘဲရေးခဲ့ရတော့တယ်။
အမျိုးတွေတော်တယ်ဆိုတော့---မေးတွေလည်းအဆက်အသွယ်လုပ်ပါနော်-
jittoo.monywa@gmail.com
February 21, 2011 5:51 AM

Unknown said...

idea လေး သိတ်ကောင်းတယ်ဗျာ

Theigara said...

ကြည့်သွားပါတယ်..

Anonymous said...

ဒေါင်းမလေးကတာ နှစ်သက်စွာ လာကြည့်သွားပါတယ်..ကိုဆူး။ စကားမစပ် တမ်းပလိတ်ပြောင်းသွားတယ်နော်။ အရင် ခဲပြာရောင် နှင်းစက် တမ်းပလိတ်ကလေးကို ပိုကြိုက်မိတယ်။

မိုးစက်ပွင့်

...အလင်းစက်များ said...

မရေးတော့ဘူးနော်.......။ ဘလော့လေး မြင်ရင် ၀မ်းနည်းမိတယ်။ ပြန်လာခဲ့ပါဦးလားဗျာ။