Tuesday, July 28, 2009

ဘယ်ပျောက်နေလဲ.....မောင်ရေခဲ



ကျနော် ပျောက်နေတာ...ကြာပြီ..။
ဘာတွေ အလုပ်များနေလဲဆို..ဒီမှာရောက်နေတဲ့ ကလေးတွေကို မြန်မာ အကတွေ အခြေခံက စပြီးသင်ပေးနေတာ..။
ပြီးတော့ သာသန သုခ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေဘို့  ကျနော်တို့ ဇာတ်ကမယ်လေ..
သြဂုတ်လ ၁၅ ရက်နေ့ မှာပေါ့..အော်စလိုမှာ...
နောက်..ဆက်သွယ်ထားတဲ့ ပွဲတွေလဲ ဆက်ကဘို့  ရှိနေပါတယ်...
ပင်ပန်းတယ်...
ဒါပေမယ့်...သာသနာရေးမို့ ..မမောနိုင်ပါဘူး.....။
မိတ်ဆွေတွေဆီကို..နောက်တော့ လာလည်ပါ့မယ်...။
နည်းနည်းပါးပါး...အားပေးမယ်ဆို..ကျေနပ်ပါပြီ..။
မင်းသားတွေက ချောတယ်နော်....၀ှီးးးးးးး ခွပ်...။
အာာာာာာာာာာာာာာာာာာာာာာာာာာာာာား ။

(မှတ်ချက်)...ဒီနိုင်ငံမှာမို့ ကခွင့်၇တာ...ပြည်တွင်းမှာဆို မလွယ်ဘူးး၊ ခေါင်းဆောင်မင်းသား၊မင်းသမီး အစ..ယိမ်းမင်းသမီး
လူရွှင်တော်...ဂီတ..မီးတာဝန်ခံ၊ကားဆွဲအဆုံး....အကုန်လုံး သူပုန်တွေ...ဟေးဟေး။

14 comments:

ကိုအောင်(ပျူနိုင်ငံ) said...

သတင်းတွေ ကြားတယ် ကိုဆူး၊ သာဓုလည်း ခေါ်ပါတယ်။ အားပေးလျက်ပါ။

Maydarwii said...

အဟုတ်ချောပါတယ် ... မင်းသားတွေရော မင်းသမီးတွေရော ... ။

စူး said...

အားကျလိုက်တာဗျို့

pandora said...

ကိုဆူးရေ.. ကိုယ်တတ်ကျွမ်းတဲ့ ၀ါသနာပါတဲ့ အနုပညာတွေနဲ့ အကျိုးရှိရာရှိကြောင်းတွေ ဆက်လုပ်နေခွင့်ရတာ ပျော်စရာပဲနော်။ မင်းသမီးလေးတွေက ချောမှချော.. မင်းသားလေးတွေနဲ့ ခေါင်းဆောင်မင်းသားကြီး.. အဲ.. မင်းသားလေး ကလည်း ချော..။ ဟေးဟေး။

ဂုဏ်ယူအားပေးလျက်

PAUK said...

ကျနော်က ကတဲ့ပုံတွေပါတယ်မှတ်လို့
အတင်း နှိပ်ကြည့်နေတယ်..။။
သြော်..ထုံချက်...။။
ပိုစတာပါမင်သား မင်းသမီးတွေအားလုံး..
ချောချက်..။။

mg kyi poae said...

ဇာတ်ပွဲတွေကိုလွမ်းတယ်ကိုဆူးရေ..။ အဝေးတမြေမှာ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်တာဂုဏ်ယူစရာပါ။ ဒါထက်ပိုပြီး မြန်မာ့အနုပညာကို နိုင်ငံခြားမှာ ပြသနိုင်တာက ပိုပြီးဂုဏ်ယူစရာပါခင်ဗျား

မေ့သမီး said...

အကိုရေ ဂုဏ်ယူပါတယ်။ ရှေ့ဆုံးကမင်းသားလေးက ပိုချောသလိုပဲ။ :D

ဒူကဘာ said...

သူပုန်ဆိုလို့ ရခိုင်တွေ လာကြည့်ရင် ဇါတ်ကရင်း ဆပ်ပြာရောင်းတယ် ထင်နေဦးမယ် မင်းသားကြီး။

ကောင်းကင်ရဲ့ သမီးပျို said...

သူပုန်တွေ ကတဲ့ဇတ် ကြည့်ချင်လိုက်တာကွာ...အ တော်ရယ်ရမှာပဲနော်..လူရွှင်တော်တွေပြောပါတယ်. ဟဲဟဲ ။ မင်းသားလေးရော မင်းသမီးလေးရော ချောတယ်နော် ။ ဗိုလ်အောင်ဒင်ဇတ် က ပါလားဟင် ။ “ဒိုင်း...ဒိုင်း...ဒိုင်း..ဗိုလ်အောင်ဒင် ရွာထဲဝင်လာပြီကွ“ ဆိုပြီး အဟီး သူပုန်တွေဆိုတော့ အကို သင်ပေးစရာမလိုတော့ဘူးလေ ဟေးဟေး ။အကို သက်သာအောင်ပြောတာပါ ။ကပွဲပြီးရင်လက်တို့ဦးနော် ဆုငွေ ခွဲမလို့ အဲလေ ...

တန်ခူး said...

အခွေထွက်မှာလား… ကြည့်ချင်လိုက်တာ… ကိုယ့်ဝါသနာကို အခြေခံပြီး အများအကျိုးပြုလုပ်ငန်းတွေ လုပ်ခွင့်ရတာ သိပ်ကံကောင်းပါတယ် ကိုသစ်နက်ဆူးရေ…

Moe Cho Thinn said...

မင်းသား အငယ်ဆုံးလေး နော်နော် ချောတယ်။

(ကိုယ့်ကိုပေးထားသော သား မို့ ပိုချီးကျူးလိုက်သည်)

အိမ်လွမ်းသူ said...

မရောက်တာကြာသွားတယ်... ပွဲလာကြည့်ချင်လိုက်တာ... မင်းသား မင်းသမီးတွေက အားလုံးအချောတွေချည်းပဲနော်... နော်နော်ပါကတော့မယ်ပေါ့လေ... ကုသိုလ်ရေးအတွက် ကိုယ်ဝါသနာပါတဲ့ အနုပညာနဲ့ အားတက်သရော အပင်ပန်းခံပြီး ပေးလှူခွင့်ရတဲ့ကိုဆူးအတွက် ဝမ်းသာဂုဏ်ယူ အားပေးပါတယ်ကိုဆူးရေ... မိသားစုအားလုံး ပျော်ရွှင်ငြိမ်းချမ်းကြပါစေ...

ခွန်မြလှိုင် said...

ကတော့မယ်ပေါ့... ကိုယ်တိုင်က အနုပညာနဲ့ ဝေးပေမယ့် အားပေးတတ်ပါတယ်. ဆို/ကရေး/တီး ထဲမှာ အကျွမ်းကျင်ဆုံး အတီးနဲ့ အားပေးချင်လိုက်တာ.. ဘာတီးတာလဲဆိုတော့ လက်ခုပ် :P

Rita said...

မင်းသားကြီး လာကြည့်ပါတယ်