Wednesday, June 24, 2009

သော့ ...နောက်ဆက်တွဲ


kr.8000.
ဒီနေ့ ပြခန်းက သတင်းကြားတယ်..ဒီကားလေးရောင်းထွက်သွားတယ်..kr.8000 နဲ့ ပါ..။
မနေ့ က ပအို့ တောင်ပေါ်ဈေး ( ၇.ရက်ဈေး) ဒုတိယ ကားလဲ kr.5000 နဲ့ ရောင်းထွက်သွားပါတယ်..အဲဒီ ပအို့ ဈေးကို ဓါတ်ပုံရိုက်မထားလိုက်ရလို့ တွဲပြီးမတင်နိုင်ပါဘူး...နောက်မှပေါ့..။

အားပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးအထူးပါ..။

11 comments:

Moe Cho Thinn said...

ကိုဆူးတော့ မုန့်ဝယ်ကျွေးသင့်နေပါပြီဗျာ..
ဝမ်းသာပါတယ်။ တကယ်မုဒိတာ ပွားသွားတယ်..။

စုချစ် said...

ဝမ်းသာဂုဏ်ယူပါတယ်...
ဆရာသစ်နက်ဆူးရေ....

နဒီမိုးညို said...

ဝမ်းသာပါတယ်
နောက်လဲ..များများေ၇ာင်း၇ပါစေ..

P.Ti said...

ဒါလေးလည်း လှတာပဲ...

SDL said...

:))))

ကမာနီလာ said...

ကိုဆူး ကားတွေရောင်းထွက်လို့ အိုကေမှာစိုပြေနေတယ်ပေါ့ ၊ ဘီယာတိုက်ဗျာ၊ ပန်းချီကားတွေ အရမ်းလက်ရာကောင်းတယ်၊ ပါရမီရှင်ပါဘဲ ကိုဆူးကတော့။

Thet Oo said...

ဝမ်းသာတယ် ကိုဆူး။

အိမ်လွမ်းသူ said...

ပန်းချီကားတွေရောင်းရတာ ဝမ်းသာတယ်ကိုဆူးရေ... ပိုက်ဆံလာချေးမှထင်တယ်း)))) အလကားစတာပါ... ပေါ့ပိတို့ ဒီအပတ် သီလရှင်ဝတ်ဖြစ်မယ်ကိုဆူးရေ... အမနဲ့ သမီးတို့ကိုလည်းပြောပြပေးနော်...

မသက်ဇင် said...

ကိုဆူးက တကယ့်အနုပညာရှင်ပါပဲ
ဝမ်းသာလိုက်တာ
အစစအရာရာအောင်မြင်ပါစေ
ခင်မင်လျက်

ခွန်မြလှိုင် said...

ပန်းချီကားတွေ ရောင်းထွက်ရင် ပန်းချီဆရာက ၀မ်းသာ ၀မ်းနည်း ခံစား ရတတ်တယ်တဲ့။ ၀မ်းသာတာက ကိုယ့်အနုပညာကို လက်ခံ တန်ဖိုးထား နှလုံးသားနဲ့ ခံစား တတ်တဲ့လူ တွေ့လို့.. ၀မ်းနည်းရတာက ကိုယ့် နှလုံးသားနဲ့ ခံစား ရေးဆွဲ ထားရတဲ့ အနုပညာ လေးတွေ သူများနောက် ပါသွားလို့တဲ့... ဟုတ်လား ကိုဆူးရေ

မေ့သမီး said...

ကိုဆူးကတော့ စွယ်စုံတော်တယ်။ ဒီပုံလည်း ကြိုက်တယ်။