Thursday, May 21, 2009

ရောင်ပြန်....ကျောက်တုန်းဖြူ



ကျနော်နေတဲ့ မြို့ တောင်တန်းကြီးပေါ်မှာ ကျောက်တုန်းဖြူကြီးရှိပါတယ်...လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးအထင်ကရဖြစ်ခဲ့ တဲ့  ကျောက်တုန်းဖြူပါ...။
ပင်လယ်ထဲကလှမ်းကြည့်ရင် ၁၆မိုင်အကွာအဝေးက နေ့ နေ့ ညည တွေ့ နိုင်ပါတယ်။ ပင်လယ်မှာ လမ်းမှားမျက်စေ့ လည်နေတဲ့ ပင်လယ်ခရီးသွားတွေ အင်မတန် အားထားရတဲ့  ကျောက်တုန်းပါ...။ လရောင်မှာဖြစ်ဖြစ် ဒီကျောက်တုန်းဖြူကို တွေ့ တာနဲ့ ရေကြောင်းလမ်းခရီးကို သိနိုင်ပါတယ်..။
ဒီမြို့ လေးရဲ့အထင်ကရကျောက်တုန်းဖြူကို နေရောင်ရိုက်ခတ်ထားတဲ့ အမြင်နဲ့  အခ၇ိုင်းလစ်ဆေးနဲ့ ကင်းဗတ်ပေါ်မှာ Knife ကို
အသုံးပြုပြီးရေးဆွဲထားပါတယ်...။

သစ်နက်ဆူး

5 comments:

Life is for Success said...

Ko sue,

really nice art work. According ur painting, i can guess your side weather.... please create more natural painting like this....

with rgrds

မီးမီးချစ် said...

အဲ့ဒါ ဘယ်မြို့  လဲ မသိလို့ပါ..
ပန်းချီ ကတော်တော် အချိန်ယူ ဆွဲ ရမှာပဲနော်.

mylove said...

ကိုဆူးရေ
စာလုံးပေါင်းမှားနေတယ် ထင်တယ်။ ကျောက်တုံးလို.ရေးရမှာ မဟုတ်ဘူးလား။ ဆရာလုပ်တာဟုတ်ဘူးနော် အစ်ကို။ စိတ်မဆိုးနဲ့

Moe Cho Thinn said...

ပန်းချီကားထဲမှာတောင် တိမ်တွေ ညို့နေပါလား။
ကျောက်တုံးဖြူက လမ်းမှားအယူလွဲနေသူတွေကိုရော တည့်မတ်ပေးနိုင်သလား ..
စိတ်ထဲမှာ ဖြစ်ချင်တာတွေပါ။

တန်ခူး said...

ကျောက်တုံးလေးက လေဒဏ်၊မိုးဒဏ်ဘယ်လောက်ခံရ အမြဲဖြူဖွေးနေမှာပါ… ပြီးတော့ ကျောက်တုံးသဘာဝအတိုင်း မယိုင်မလဲ ခိုင်ခိုင်မြဲလို့ ပေါ့… ပန်းချီလေးက လှလိုက်တာ… မြို့ လေးကလဲ ချစ်စရာကောင်းငြိမ်းချမ်းလိုက်တာ… ကျောက်တုံးလေးကြောင့်ပဲလား….