Tuesday, April 14, 2009

သစ်နက်ဆူးတို့ ကတဲ့ သင်္ကြန်













ဒီနေ့ ဘဲ ခရီးက ပြန်ရောက်လာတာ...ခုနကပါဘဲ..။ ပြန်ရောက်တာနဲ့  ကိုယ့်အိမ်လေးကို သံယောဇဉ်တွေနဲ့ လာနေတဲ့  မိတ်ဆွေတွေကို မျှဝေပေးခြင်းပါ...
ကျနော်အိမ်ပြန်မရောက်ခင် ကျနော့်မိတ်ဆွေတွေက တင်ပေးထားပြီးပါပြီ...ကိုယ်တိုင်တည်းဖြတ်လုပ်နေရင် အချိန်တော်တော်ပေးရမှာပါ...ချစ်ခင်စွာနဲ့  တင်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်..။
ကျနော် လီ့လယ်ဟမ်းမားမြို့ နဲ့ အော်စလိုမြို့ မှာ ၂ပွဲဆက်တိုက်ကခဲ့ တာပါ...။ ဝေးတမြေမှာရောက်နေတဲ့ မြန်မာပြည်သားတွေရဲ့  ၂၀၀၉ သင်္ကြန်လေးပါ...ညီအကိုမောင်နှမတွေ တက်ညီလက်ညီစုပေါင်းအားနဲ့ ဖန်တီးကြတဲ့  သင်္ကြန်လေးပါ...
နော်ဝေမြေမှာ ပိတောက်ပန်း မရှိပေမယ့် မြန်မာပြည်သားတွေရဲ့ နှလုံးသားမှာ စွဲလန်းသိမ်းဝှက်ထားတဲ့ ရင်တွင်းပိတောက်ရနံ့ တွေကတော့ သင်းပျံ့ နေလျှက်ပါ...။
သင်္ကြန်ပွဲလေးကို ထပ်တူခံစားပျော်ရအောင်....။

သစ်နက်ဆူး

15 comments:

နေညိုရင့် said...

အိမ်မှာအရင်တုန်းက အငြိမ့်လာရင် လူရွှင်တော် ပြက်တာပဲ ကြည့်တယ်။ ပြည်ပရောက်လာတော့ အငြိမ့်ကတာရော လူရွှင်တော် ပြက်တာရောပါ ကြည့်ဖြစ်လာတယ်။ အခုလဲ အကိုတို့ ကတာ ကြည့်သွားပါတယ်။ မြန်မာရိုးရာ ယဉ်ကျေးမှု ကိုယ်ကိုတိုင် တစိုက်မတ်မတ် မလုပ်ပေမယ့် လုပ်နေတဲ့သူတွေကိုတော့ အရမ်းလေးစားပါတယ်ဗျာ..။

Moe Cho Thinn said...

ဗီဒီယို အကုန် ကြည့်သွားပြီ။ ကိုဆူးတို့ သားအဖတွေ ကတာ မြိုင်လိုက်တာ။ အဖေနဲ့ သမီးတွေ ကတာ မောင်နှမတွေ လိုပဲ။ ကိုကြီးကျော် သီချင်းမှာ တလှည့်စီ ကတာ သဘောကျတယ်။ သမီးတွေ အဖေ့ခြေရာ နင်းတယ်။ အမျိုးသမီးလဲ က တယ်နော်။ အနုပညာ မိသားစုပါပဲ။ သမီးနှစ်ယောက်ကတဲ့ ပုဂံအကလဲ ကောင်းတယ်။ ချီးကျူးပါတယ်။

Thant said...

ကတာကောင်းလိုက်ကြတာ.. ကိုကြီးကျော်ဆိုင်းနဲ့ကတာပိုကြိုက်တယ် ။ မြိုင်နေတာပဲ ။ Bravo !!!

Tin said...

Last year, they do not have such as activity like your dance. Believed this year is better. I miss Oslo သင်္ကြန်အက.
မင်္ဂလာသင်္ကြန်.. မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

မသက်ဇင် said...

လှလိုက်တာ မင်းသားရယ်--
အနုပညာ ရှင်တွေပါပဲ--
သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--

အိမ်လွမ်းသူ said...

ဟေး... ပျော်စရာကြီးပဲ.. တမိသားစုလုံးတက်ညီလက်ညီနဲ့.. အနုပညာဖန်တီးတင်ဆက်နေကြ ကြည့်ပြီးပီတိဖြစ်ရပါတယ်ကိုဆူးရေ... အမနဲ့ သမီိးလေးတို့ ကိုလည်းပြောပြပေးပါ... အရမ်းတော်တယ်လို့... နှစ်သစ်မှာပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း မင်္ဂလာအပေါင်းတို့နဲ့ ပြည့်စုံကြပါစေရှင်.....

ဒူကဘာ said...

အငြိမ့် လာကြည့်တာ နောက်ကျလို့ ရှေ့ကခေါင်းတွေ မကွယ်အောင်၊ ကနေတာ နှောက်ရှက်တဲ့ လူပျက်တွေ နောက်တခါ အနှောက်အယှက် ကင်းအောင်း နောက်တခေါက် ပြန်လာရင် ဘန်ကောက်မှာ မွှေနေတဲ့ သက်ဆင်ရဲ့ ရှပ်နီတပ်တွေ ခေါ်ခဲ့မှ ထင်တယ်။ အားလုံး ကောင်း၏ ခေါင်းကွယ်အောင် ရိုက်တဲ့ ကင်မရာမင်း ညံ့၏။

အိမ်လွမ်းသူ said...

နောက်တခါ လာထပ်ကြည့်သွားတယ်.. နော်နော်ရောမကဘူးလား... သမီိးတွေရော.. အမရော.. ကိုဆူးနဲ့ အပြိုင်ကနိုင်တာပဲနော်.. နောက်နှစ်နှစ်လောက်ဆိုရင်တော့ နော်နော့်အကတွေပါ ကြည့်ရတော့မယ်ထင်တယ်...

မေ့သမီး said...

စာမေးပွဲနီးနေလို့ ဘလော့မလည်ဘူးလို့စိတ်ကူးထားတာ ကိုဆူးတို့ကတဲ့ပွဲဆိုတာနဲ့ ပြေးလာကြည့်တာ။ အကကောင်းလိုက်တာ။ ညီမနှစ်ယောက်ကတာလည်း အရမ်းလှတာပဲ။ ဟိုရက်ကတောင်ကျောင်းမှာ ကစရာရှိလို့ ကိုဆူးဆီမှာဘာသီချင်းရှိလဲလို့ လာတောင်းသေးတယ်။ ကိုဆူးကခရီးသွားနေတာကို။

Taungoo said...

ဖြောင်း ဖြောင်း ဖြောင်း..........
ကိုဆူးရေ နောက်နှစ်ဆိုရင် မင်းသားလေးကိုပါ ကြည့်ချင်ပါတယ်။ ပွဲတောင်းလိုက်ပြီနော်။
မင်းသားလေး နော်နော် ကိုပါ ပွဲထုတ်ပေးပါ....

တန်ခူး said...

ကိုသစ်နက်ဆူးရေ… နိုင်ငံရပ်ခြားမှာ ရောက်နေပေမယ့် ကိုယ့်မြန်မာယဉ်ကျေးမှုအနုပညာကို ထုတ်ဖော်ပြသနိုင်တဲ့ ဒီမိသားစုလေးအတွက် ဂုဏ်ယူမိပါတယ်… တင်ပြပုံ သီချင်း ၀တ်စုံကအစ အားလုံး အသေးစိတ် ဂရုစိုက်ထားတာ သတိထားမိတော့ အားထုတ်မှုအတွက် ပိုလေးစားမိပါတယ်… စိတ်ချမ်းသာ ကိုယ်ကျန်းမာသော နှစ်သစ်ဖြစ်ပါစေလို့ …

တန်ခူး said...

ကိုသစ်နက်ဆူးရေ… နိုင်ငံရပ်ခြားမှာ ရောက်နေပေမယ့် ကိုယ့်မြန်မာယဉ်ကျေးမှုအနုပညာကို ထုတ်ဖော်ပြသနိုင်တဲ့ ဒီမိသားစုလေးအတွက် ဂုဏ်ယူမိပါတယ်… တင်ပြပုံ သီချင်း ၀တ်စုံကအစ အားလုံး အသေးစိတ် ဂရုစိုက်ထားတာ သတိထားမိတော့ အားထုတ်မှုအတွက် ပိုလေးစားမိပါတယ်… စိတ်ချမ်းသာ ကိုယ်ကျန်းမာသော နှစ်သစ်ဖြစ်ပါစေလို့ …

pandora said...

ကိုဆူးတို့ မိသားစုရဲ့ အကအလှတွေကို အကြိမ်ကြိမ်ကြည့်ပြီး အကြိမ်ကြိမ်အားပေးထားကြောင်း..

ကိုကြီးကျော်နဲ့ ပုဂံအကကို အထူးနှစ်သက်မိပါတယ်။

င်္Fairy said...

ကျမ ဒီဗီဒီယိုတွေကို You Tube မှာ ကြည့်ပြီးသားပါ..ဘယ် ၂ခေါက်မြောက်မှန်းတောင် မသိတော့ပါဘူး..။ ဒါပေမဲ့ အခုလည်း ထပ်ကြည့်သွားပါတယ်။ နိုင်ငံခြားရောက်နေတဲ့ မိသားစုတွေထဲမှာ ကလေးတွေ တက်ညီလက်ညီ နဲ့ မြန်မာ့ဂုဏ်ဖော်ပေးသလို စာလည်းတော်တာ သိရတော့ အရမ်းကို ၀မ်းသာ ပီတိဖြစ်မိပါတယ်..။ အမြဲ အားပေးနေပါတယ်ရှင့်။
လေးစားစွာဖြင့်
မိုး

င်္Fairy said...

ကျမ ဒီဗီဒီယိုတွေကို You Tube မှာ ကြည့်ပြီးသားပါ..ဘယ် ၂ခေါက်မြောက်မှန်းတောင် မသိတော့ပါဘူး..။ ဒါပေမဲ့ အခုလည်း ထပ်ကြည့်သွားပါတယ်။ နိုင်ငံခြားရောက်နေတဲ့ မိသားစုတွေထဲမှာ ကလေးတွေ တက်ညီလက်ညီ နဲ့ မြန်မာ့ဂုဏ်ဖော်ပေးသလို စာလည်းတော်တာ သိရတော့ အရမ်းကို ၀မ်းသာ ပီတိဖြစ်မိပါတယ်..။ အမြဲ အားပေးနေပါတယ်ရှင့်။
လေးစားစွာဖြင့်
မိုး