Tuesday, February 24, 2009

ကျနော့်ရဲ့ ဆာမူရိုင်းလေး


အခုမှ တရေးနိုးထပြီး ယောင်တောင်ပေါင်တောင်နဲ့  စာ”ထရေးသလိုဖြစ်နေပြီ...။
အတွေးနက်သွားခဲ့တာ...
အတွေးတွေကိုထုတ်ဖော်ရေးရင်လည်း...ဆူးပြတိုက်ကနေ...ဆူးလှည်းကြီးဖြစ်သွားမှာ သေချာတယ်..။
လူမျိုးရေး သတင်းတွေဖတ်ရတော့....
ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သော...ဗြဟ္မစိုရ်တရား ၄ပါးကို စဉ်းစားမိတာပါ...။
လူတစ်ယောက်ဟာ သေဆုံးသွားခဲ့ရင် မိမိပိုင်ငွေနဲ့ ဝယ်ထားတဲ့ ကိုယ်ပိုင်ခြံမြေကိုတောင် ယူသွားနိုင်ခဲ့တာမဟုတ်ပါဘူး....။
လူတစ်ဦးတစ်ယောက်က မိမိရဲ့ မြေပေါ်မှာ မှာ လာနေရင်လဲ မသေခင်ထိဘဲ နေနိုင်မှာပါ...
ဘာဘဲပြောပြောလေ....
ကျနော်တို့ ရဲ့ ငါစွဲတွေဟာ အရေခွံပါးပါးလေးနဲ့ အရောင်၊အသံကို မက်မောရင်း အတ္တစိတ်တွေ ပွားနေကြတာပါ...
ဖြစ်ပျက်သဘောကို ဘုရားရှင်တောင်မှ မလွန်ဆန်နိုင်ခဲ့ ပါဘူး...
ကျနော်တို့ ရဲ့  ဘ၀တွေဆိုတာက ......လက်တစ်ြဖစ်စာလေးပါ....
လက်တစ်ဖြစ်စာလေးပါ....။
ရေးမိနေပြန်ပါပြီ...
လာလည်သူတွေကို အားနာရင်းဘဲ စာပြန်ရေးပါတော့မယ်...
အခုတော့ ကျနော်ရဲ့ ဆာမူရိုင်းလေးနဲ့ ပြန်ဖွင့်လိုက်ပါပြီ...။
ဘာတွေအလုပ်များနေတာလဆြိုတာလေးလဲ ပို့ စ်တွေတင်ပါဦးမယ်...။

10 comments:

Life is for Success said...

ကိုဆူးမတွေ၇တာလဲကြာပြီ။နေကောင်း၇ဲ့လားလိုစိတ်ပူနေတာ။နောနော်တောင်တောတောကြီးနေပြီနော်။

ကိုအောင်(ပျူနိုင်ငံ) said...

အကို ဆာမူရိုင်းက နှင်းတောနဲ့ တကယ့်ကို
လိုက်ဖက်တယ်။

စူး said...

နောင်နောင်လေး ချစ်စရာလေးး

ဒီပုံမှာ ပါးလေးက ပြည့်နေတယ်

PAUK said...

နောင်နောင်က မအေးဘူးလား..တဲ့..
ကိုသစ်နက်ဆူးလည်း မရေးတာကြာပြီ..

SDL said...

မတွေ့တာ အတော်ကြာနေပြီနော်.. ကိုသစ်နက်ဆူး...
သားနာမည်ကို နော်နော်လို့ ထင်နေတာ.. နောင်နောင်တဲ့လား

Welcome said...

အတွေးကောင်း
အရေးကောင်းတဲ့
ရသလေးတွေ ပြန်ခံစားရမှာမို့
ကြိုဆိုနေလျက်ပါ။

Moe Cho Thinn said...

သားနော်နော် မဟုတ်ဘူးလား။ နောင်နောင် ပြောင်းလိုက်တာလား။ ကလေးက ကြီးတော့ ပိုချစ်စရာ ကောင်းလာတယ်။ ဆာမူရိုင်းလေးကို တို့ကို ပေးထားတာနော် မေ့မသွားနဲ့အုံး။

စာပြန်ရေးမယ်ဆိုလို့ ၀မ်းသာတယ်။ မျှော်တာ ကြာပြီ။

မေ့သမီး said...

အစ်ကို့ သားလေးလား။ ချစ်ဖို့ကောင်းလိုက်တာ။ စာတွေစောင့်ဖတ်နေမယ်နော။်

အိမ်လွမ်းသူ said...

ကိုဆူးရေ... စာတွေလဲစောင့်ဖတ်နေမယ်..။ နောင်နောင့်ပုံလေးလဲ ယူထားလိုက်ပြီနော်....

ပုံရိပ် / Pon Yate said...

ဟုတ်ပ ကိုဆူးငြိမ်နေတာ ကြာပြီ။