Friday, February 6, 2009

က္ကုသရေလ ကြက်တူရွေး



ကြက်တူရွေးနဲ့ သာလိကာ...
အိမ်မှာမွေးဘူးလား...
စကားပြောတဲ့ အခါ ချစ်စရာကောင်းတယ်....။
နှစ်ပေါင်းကြာတဲ့ ကမ္ဘာ
ပြတ်ရွေ့ ကြောတွေဖြစ်ခဲ့ တယ်...
နေရာတွေ အပြောင်းအလဲဖြစ်တယ်..
သမ္မာကျမ်းစာထဲမှာ...
ထာဝရဘုရားက က္ကုသရေလတွေကို
ဖန်ဆင်းစောင့်ရှောက်ခဲ့ တယ်...
နိုင်ငံလဲ မဲ့ ခဲ့ ကြသတဲ့ ...။
ဘုရားသခင် အသစ်တွေမဖန်ဆင်းတာကြာပြီ....
ဘယ်ဘုရားဖန်ဆင်းလို့ များ...
နိုင်ငံမရှိဘဲ လူမျိုးသစ်ပေါ်လာပါလိမ့် ..............။
ကြက်တူရွေးတစ်ကောင်...
သို့ မဟုတ်
သာလိကာတစ်ကောင်ရဲ့ ဇာတိဇာစ်မြစ်ကို
သူတို့ ပြောတဲ့ စကားအရ သိနိုင်တယ်...
ဘုရားသခင်အသစ်မဖန်ဆင်းတဲ့ 
ကမ္ဘာအဟောင်းမှာ...
မြေကြောမရွေ့ တော့တဲ့ကမ္ဘာဟောင်းမှာ
ရိုဟင်ဂျာက နိုင်ငံမဲ့ ပြီး
ဗမာလို မပြောတတ်တဲ့ တရုပ်ြကက်တူရွေးက
မြန်မာမှတ်ပုံတင်နဲ့ မြန်မာပြည်မှာကောင်းစားနေတယ်...။
စားသောက်နေရင်း ကာရာအိုကီ ဆိုတဲ့ အခါ
ပျင်းလာရင် စစ်ဗိုလ်တွေကို ခေါင်းပုတ်တတ်သတဲ့ 
အို.....ထာဝရဘုရား
ကမ္ဘာကြီး မှားနေတဲ့ အခါ..
လ.၀.က တွေကိုသာ ဆုံးမပေးပါတော့.....။

သစ်နက်ဆူး

15 comments:

Craton said...

ထိတယ်ဗျာ.. အနှစ်ကြီးပဲ...

Moe Cho Thinn said...

လူမျိုး ဘာသာ မခွဲ၊ လူ ဆိုတဲ့ စိတ်နဲ့ပဲ အချင်းချင်း ကူညီ ရိုင်းပင်း နားလည်ပေးကြရင် ကမ္ဘာကြီး သာယာမှာပါ။
ဒါနဲ့ ဒီပန်းပုလေး ကိုဆူးလုပ်တာမဟုတ်လား။ အသက်ဝင်ပါဘိ။

TNS said...

မမိုး...
ပန်းပုလေးက ကျနော်လုပ်ထားတာမဟုတ်ပါဘူး...
ကျနော့်ပန်းပုလေးတွေ နောက်တော့ တင်ပါဦးမယ်..။
တိုက်ဆိုင်လို့  ယူသုံးထားတာပါ..။

မီယာ said...

ကဗျာ လာဖတ်ပါတယ်

အောင်သာငယ် said...

ကဗျာ ကောင်းလှချည်လား ကိုသစ်...
ဒါနဲ့ဆုံးမရမှာ လ.၀.က. ပဲလား...
န.အ.ဖ. လည်း ပါရဦးမယ်လေဗျာ...

ဦးဂင်ကြီး said...

ကဗျာလေးကကောင်းတယ်ဗျာ ကိုအောင်သာငယ်ပြောသလိုပဲဗျို့

Ma Ma said...

ရိုဟင်ဂျာမှမဟုတ်ပါ။
ကျွန်တော်တို့အပါအဝင် ကရင်၊ချင်း၊မွန်၊ရှမ်း တွေလည်း နိုင်ငံပျောက်နေသလိုပါပဲလေ။ တရုတ်နယ်စပ်က တစ်လက်မချင်း ရောင်းစားခံခဲ့ရတဲ့မြေတွေ ၊ စုပ်ယူခံရတဲ့သွေးသားတွေ၊ နယ်နှင်လိုက်တဲ့ လူ့အရင်းမြစ်တွေ..........

ကျွန်တော်တို့ “ဝ” တို့ လို “ဝိ” မှမလုပ်တတ်တာနော်...

ကိုအောင်(ပျူနိုင်ငံ) said...

အကို့ကဗျာက လိုရင်းကို ထိထိမိမိဘဲ ဖတ်လို့ အရမ်း
ကောင်းတယ်။

ရွှန်းမီ said...

အင်း... ဆုံးမမယ့်ဘုရားကို ဘယ်သူ့သွားဖန်ဆင်းခိုင်းရမလဲ???

ဒူကဘာ said...

ပူပါနဲ့ ကသစ်ဆူးရယ် စစ်အစိုးရများ လှပ်ကနဲနေ လှစ်ကနဲ ပြေးပါတယ် လ.ဝ.က လို့ ဆိုလိုက်တာနဲ့ နေပြည်တော် က ပြန်တမ်း ထွက်လာပါတယ် အခုဆို ဆိုဆုံးမဖို့ လူဝကြီး(လ.ဝ.က)များကို တနိုင်ငံလုံး ဖမ်းဆီးနေပါတယ်၊ ဘုရား ကတော့ ရှက်လွန်းလို့ အကြိမ်ကြိမ် သေနေမိသလို အကြိမ်ကြိမ် ရှင်ပြန်ထ မြောက်နေဦးမှာပါပဲ။

အိမ်လွမ်းသူ said...

ကိုဆူးရေ.. ကဗျာအခုမှလာဖတ်ရတယ်...။ ပန်းပုလေးတွေတင်မယ်ဆိုလို့ စောင့်နေပါတယ်..။ မျက်မှန်ပါဝါမကိုက်လို့ စာသိပ်မဖတ်နိုင်သေးတာနဲ့ ဘလော့ပါမလုပ်ရတော့ဘူး ဖြစ်နေတယ်..။ အစစအဆင်ပြေပါစေ ကိုဆူးရေ...

တန်ခူး said...

ကိုသစ်နက်ဆူးရေ အိမ်ပြန်တုန်းက မြန်မာစကားမပြောတတ်တဲ့ မြန်မာတွေ အများကြီးတွေ့ ခဲ့တယ်…

မေ့သမီး said...

ကိုဆူးရေ လ၀ကတွေကိုဆုံးမပေးရင်တော့ တကယ်ကောင်းမယ်။ မြန်မာပြည်ပြန်တဲ့အခါ အနည်းဆုံးတော့လက်ဆောင်မပါရင် အဟောက်မခံရတော့ဘူးပေါ့။

PAUK said...

ကိုသစ်နက်ဆူး...
ကျနော် မြန်မာလို ကောင်းကောင်း ပြောတတ်ပါတယ်..

ကောင်းကင်ကို said...

ကိုဆူးရေ ကဗျာလေးဖတ်သွားတယ်ဗျာ။ လူအချင်းချင်း အကြင်နာ တရားတွေ ပြည့်လျှံနေကြရင် အရမ်းကောင်းမှာနော်။ စစ်အာဏာရှင်တွေက လွဲရင် အကုန်လုံး လူချင်းအတူတူပဲ။ လူလူချင်း ချစ်ကြည်ရင်းနှီးကြပါစေဗျာ။