Friday, February 27, 2009

အမောပြေ

youtube မှာ ကိုဟန်ထွန်းက သံစဉ်အတိုအထွာ စုစည်းမှုဆိုပြီးတင်ထားပါတယ်..။ ကိုယောဟန်အောင်ဆီမှာကြည့်မိကတည်းက သိပ်သဘောကျခဲ့တာပါ...။
ကိုဟန်ထွန်းက သံစဉ်အတိုအထွာ စုစည်းမှုလို့ ပြောထားပေမယ့်ကျနော်ကတော့ စုစည်းမှုဆိုတဲ့ စကားထက်ပိုပြီးချီကျူးချင်ပါတယ်..ဒါဟာစုစည်းမှုဆိုတာထက် ဖန်တီးမှုလို့ ပြောချင်တယ်..စုစည်းတာထက်ဖန်တီးတာက ပိုလေးနက်လို့ ပါ..ကိုဟန်ထွန်းရဲ့ ကျိုးစားမှုကို အရမ်းချီးကျူးမိတယ်..။ ဂီတအပေါ်နှံ့ စပ်မှု..သံစဉ်နဲ့ သရုပ်ဆောင်မှုတွေ တစ်ထပ်တည်းကျဘို့ မလွယ်လှပါဘူး..။ကျနော်တို့ လူငယ်တော်တော်များများက မြန်မာဆိုင်းဝိုင်းနဲ့ တီးခတ်ထားသမျှကိုကြားရယုံနဲ့  ..မြန်မာဆိုင်းသံဆိုတာသိပေမယ့် ဆိုင်းအသွား၊ ပတ်မ
ချက်အပို့ ၊ဒိုး( ၆လုံးပတ်) စည်းဝါး...ဒါတွေကိုနားထောင်ယုံနဲ့  အခုကတော့ နတ်ဒိုး၊ ဒါကတော့ ဘီလူးကရောင်း၊ ဒါကတော့ ၀ါးပြေး၊
ဒါက၀ါးသုတ်၊ဒါက ချွတ်နင်း၊ဒါက ပြောငို၊ဒါကငိုချင်း၊ညဉ်းချင်း၊ အမှိုင် ၊ ဒါကအီနောင်၊ကပီ၊ ယိုးဒယားကြီး ၊ဒါကပုဂံ...ဆိုတာတွေကိုတော့ ဂဂဏဏ သိသူနည်းပါတယ်..
ကိုဟန်ထွန်းကို ချီးကျူးတာက သရုပ်ဆောင်တွေလှုပ်ရှားမှုနဲ့ နောက်ခံသံစဉ်ကိုတစ်ထပ်တည်းပြုလုပ်နိုင်တာကိုပါ..။
ကျနော်တော့ စိတ်မောလူမောဖြစ်လာရင်...ကိုဟန်ထွန်းဖန်တီးတာလေးတွေကြည့်ပြီး တခွိခွိ ရယ်မောရင်း စိတ်ဖြေပါတယ်...။
ကြည့်မိသူတွေလဲ အမောပြေမှာပါ...။
တစ်ကယ်တော်တဲ့ လူတစ်ယောက်ကို တော်တယ်လို့ ချီးကျူးတာ မင်္ဂလာတစ်ပါး မဟုတ်ပါလားဗျာ...။
ခံစားကြည့်ကြပါစို့ ...။


8 comments:

khin oo may said...

ကြည့်ပြီးတာ ကြာလှပြီး။ဒါပေမဲ့ခဏခဏကြည့်မိတဲုံဘဲ ရယ်ရတယ်။

khin oo may said...

ဖန်တီးသူကို ချီးကျူးကြောင်းပြောပေးပါ။

အောင်သာငယ် said...

ကိုသစ်က အခုမှ သွားကြည့်မိတာလား..
ကြာလှပြီပဲ...

အိမ်လွမ်းသူ said...

အားရပါးရရယ်ပြီးအမောဖြေသွားပါတယ်ကိုဆူးရေ...

Moe Cho Thinn said...

ပထမဆုံး ကြည့်ဖူးတာပါ။ အနုပညာမြောက်စွာ စပ်ဆက်ထားတာ သဘောကျလိုက်တာ။ ဖန်တီးတဲ့ ကိုဟန်ထွန်းက တော်လိုက်တာနော်။ ချီးကျူးပါတယ်။

တန်ခူး said...

တခါမှ မကြည့်ဖူးဘူး ကိုသစ်နက်ဆူးရေ… ကြည့်ကောင်းလွန်းလို့  အမျိုးသားပါ ခေါ်ပြလိုက်တယ်… ဖန်တီးသူ ကိုဟန်ထွန်းကိုရော မျှဝေပေးသူ ကိုသစ်နက်ဆူးတို့ ကို ကျေးဇူးပါနော်…

Thet Oo said...

ကြည့်ပြီးသားတွေဆိုပေမယ့်၊ ထပ်ကြည့်တော့ မှတ်မိတာပေါ့။ ဖန်တီးသူ တော်ပါပေတယ်။

pandora said...

ဟုတ်တယ် ကြာလှပြီ

ဒါပေမယ့် ကြည့်လိုက်တိုင်း သဘောကျတယ်
အားထုတ်မှုကို ချီးကျူးပါတယ်။ မလွယ်တဲ့အလုပ်ပဲ။