Sunday, January 18, 2009

% ဇာတ်လမ်း %



ဒီရက်ပိုင်းလေးမှာ နှစ်ပေါင်း ၅၀ လောက်ငြိမ်သက်နေတဲ့ ကျနော်နေထိုင်တဲ့ မြို့ ငယ်လေးမှာ မြို့ ပေါ်မှာ နေထိုင်သူတွေတင်မကဘဲ အနီးအနားကမြို့ တွေပါထိတ်လန့် သွားခဲ့ တဲ့ ၊ ခြောက်ခြားဘွယ်ရာ ပြဇာတ်ဆန်တဲ့ အမှုတစ်ခုဖြစ်သွားခဲ့ တယ်....။
နှစ်သစ်ရဲ့ ယမ်းဖောက်သံတွေ မစဲတစဲမှာ သေနတ်သံက မသဲမကွဲပေါ်နေပေမယ့်......ဘယ်သူမှ သတိမထားခဲ့ ကြပါဘူး...။
ဒါပေမယ့် ကြုံတွေ့ ခဲ့ တဲ့ ဒီဇာတ်လမ်းရဲ့ အဓိက လူနှစ်ယောက်က ရဲစခန်းကို ကိုယ်တိုင်ဖုံးဆက်ခဲ့ ကြတယ်...။
ငယ်ကတည်းက လည်ပင်းဖက်ပေါင်းသင်းလာတဲ့ သူငယ်ချင်း ၂ယောက်....။
တစ်ယောက်က လုပ်ငန်းရှင်...
တစ်ယောက်က အလုပ်မလုပ်ဘဲ ချမ်းသာသမျှ ထိုင်ဖြုန်းနေသူ...။ မူးယစ်သောက်စား အချိန်ပြည့်ပေါ့..။
လုပ်ငန်းရှင်ဖြစ်တဲ့  သူငယ်ချင်းက လွန်ခဲ့ တဲ့ ရက်ပိုင်းလေးကတင်ဘဲ မူးယစ်နေတဲ့ သူငယ်ချင်းကို လျှော့သောက်ဘို့ ၊ ကျန်းမာရေးကိုပြန်လိုက်စားဘို့ ပြောရင်း...သိပ်ချစ်တဲ့ သူငယ်ချင်းကို သုံးစွဲဘို့  ဘဏ်စာရင်းထဲကို ငွေထည့်ပေးလိုက်သေးတယ်..။
၆.၁.၀၉ ညနေ ၆း၀၀ နာရီလောက်မှာတော့ အလုပ်ရှင်သူငယ်ချင်းရှိရာကို တောလိုက်သေနတ်ကြီးကိုင်ပြီး အမြဲမူးနေတဲ့ သူငယ်ချင်းရောက်လာတယ်..။
အပေါ်ထပ်အထိတက်လာပြီး ဂျွန်( လုပ်ငန်းရှင်) ကို လိုက်ရှာတယ်...မတွေ့ ဘူး...။
ဂျွန်က တော့ ရုံးခန်းထဲမှာ စာရေးမနဲ့ စာရင်းလုပ်နေရာက လှမ်းတွေ့ တော့ အားရ၀မ်းသာ လှမ်းခေါ်လိုက်တယ်...။
ခေါ်သံကြားမှ လှည့်ကြည့်ပြီး တစ်ရှိန်ထိုး အခန်းထဲ ၀င်လာပြီး ဂျွန်ကို တောလိုက်သေနတ်နဲ့ ပစ်ချလိုက်တယ်...။အုတ်နံရံမှာ ကျည်ဆန်အရှိန်ကြောင့် ဖွာလန်ကြဲသွားခဲ့ တယ်...။
မထင်မှတ်ထားတဲ့ အပြုအမူကို အံ့အားသင့်နေပေမယ့် လျှင်မြန်စွာနဲ့  ဂျွန်က ခုံတွေကြားကို လှဲချပစ်လိုက်နိုင်တယ်...။
မူးမူးနဲ့ လိုက်ရှာပြီး တွေ့ တဲ့ ခြေထောက်တစ်စုံကို နောက်တစ်ချက်ပစ်ချလိုက်တယ်..။
ဒူးခေါင်းနေရာတစ်ဝိုက်ကတော့ ရစရာမရှိအောင်ကို စုတ်ပြတ်သွားတာပေါ့....။
သေနတ်နဲ့ ပစ်ပြီးတာနဲ့ တစ်ချက်တည်း ...သူငယ်ချင်းဖြစ်သူပြန်ထွက်သွားခဲ့ တယ်...။
ဂျွန်က ပုလိပ်ဌာနကို ဖုံးဆက်နိုင်ခဲ့ တယ်...။ အရေးပေါ်ကားတွေ ရောက်လာပြီးသယ်ယူနေတုန်းမှာ.....
ရဲစခန်းကို ဆူညံတဲ့ ဖုန်းသံက အထိတ်တစ်လန့်  ၀င်လာတယ်...။
အခင်းဖြစ်တဲ့ အလုပ်နဲ့ သိပ်မဝေးတဲ့ တောင်ကုန်းထိပ်က အိပ်ခန်းထဲမှာ လူတစ်ယောက် အိမ်ခန်းကိုမီးတင်ရှို့ ပြီးသူ့ ကိုယ်သူ
တောလိုက်သေနတ်နဲ့ ပစ်လို့ အဆုံးစီရင်လိုက်တဲ့ အကြောင်း...။
ရဲတွေကအံ့အားသင့်သွားတယ်...အမှု၂ခုက တစ်ပြိုင်တည်းလိုဘဲ...။ ဒါပေမယ့် တစ်ခြားစီလို့ ထင်ခဲ့ တယ်..။
မူးနေတဲ့  သူက ဘာတွေစိတ်ကူးပြီး လုပ်ခဲ့ တာတော့ မသိပါဘူး...။
တစ်မြိုးလု့းကို ထိတ်လန့် စေခဲ့ တာ...။
သေချာကွင်းဆက်လိုက်မှ မူးနေတဲ့ သူက သူငယ်ချင်းကို သေနတ်နဲ့ သွားပစ်တယ်...ပြီးတော့ အိမ်ပြန်လာပြီး...သူ့ အိမ်ခန်းကို မီးတင်ရှို့ တယ်...။
ရဲကို ဖုန်းဆက်...။
ပြီးတာနဲ့ သေနတ်မောင်းကို ဖြုတ်ချပြီးသူ့ ကို သူ အဆုံးစီရင်သွားခဲ့ တယ်...။
အင်တာနက်မှာ သတင်းက အရေးပေါ်ပါလာတာနဲ့ ..အလုပ်ခန်းနေရာလိပ်စာကို တွေ့ တဲ့အခါ ပူပန်စိတ်နဲ့ ကျနော့် အလုပ်ရှင်ကို ဖုန်းခေါ်တယ်...။ ဖုန်းအဆက်အသွယ် လုံးဝမရတော့ စိတ်ပူလာတယ်...။
နောက်ထပ်ခေါ်လို့ လဲ မရတဲ့ အခါ ပိုပြီး စိတ်ပူလာတယ်...။
အင်တာနက်မှာ နောက်ထပ်သတင်းတက်လာတဲ့ အခါတော့ သေချာသိလိုက်ရတယ်...။
ကျနော့်အလုပ်ရှင် သေနတ်ထိသွားတယ်...။
အော်စလိုဆေးရုံမှာ ဒူးခေါင်းနဲ့ ခြေအစုံမှာ ၀င်နေတဲ့ ကျည်စတွေကို သေချာခွဲထုတ်ယူနေတုန်းပါဘဲ...။
သူမရှိတော့ ကျနော် မနား၇တော့ပါဘူး...။ သေလောက်အောင်မဖြစ်တော့ ဆေးရုံကနေဘဲ ဖုန်းနဲ့  အလုပ်ကိစ္စတွေ ဆက်လုပ်နေရတယ်...ရက်ချိန်းတိကျစွာလပ်ရတဲ့ အလုပ်မို့  အမှားမခံနိုင်ပါဘူး...။
အားလုံးကို သိမ်းကြုံးလုပ်နေချိန်မှာ ကျနော်တပည့်ကောင်လေးကလဲ ပန်းချီပန်းပုကျောင်းကို ၀င်ခွင့်ရဘို့ ပန်းပုပညာကို အားခြင်းသင်ပေးဘို့ ...တောင်းဆိုလာခဲ့တယ်....။
ကိုယ်မတက်ရပေမယ့် သူတက်နိုင်ဘို့ ပညာပါရမီကလဲ ဖြည့်နေရတယ်...။
ကြားထဲ အထိမ်းအမှတ်နေ့ တစ်ခုမှာ...ကပြပေးဘို့ တောင်းဆိုလာတော့ နန္ဒာကို ကပြဘို့ စီစဉ်ပေးပေမယ့် မရဘူး...။
ကျနော်ကပေးပါလို့ တောင်းဆိုလာတော့....။
အရင်မင်းသားအကျီကနည်းနည်းကျပ်နေပြီ....။ ကဲ...မောင်ဆူး...စက်ချုပ်ဆရာလုပ်စေ...။
မင်းသားခါးတောင်အကျီကို ကိုယ်တိုင်ချုပ်နေရတယ်...ပြီးသွားပါပြီ...။မဒမ်ဆူးကိုပါ အတင်းကခိုင်းနေတော့ ခါတော်မှီ ကကွက်တွေ
သင်တန်းမောင်းနေရတယ်...။
၂၂.၁.၀၉မှာ ကရမှာ....။ ဟူးးးးးးးးးး
ဘယ်မှလဲ စာသွားမဖတ်နိုင်...။စာလဲမရေးနိုင်...။ လာလည်သူတွေကိုလဲ နုတ်မဆက်ရတော့ အားနာတယ်...။
တော်ကြာမအားလို့ မရေးဖြစ်တာကို ....အကယ်ဒမီနတ်ကိုင်ထားလို့ မစားနိုင်မရေးနိုင်ဖြစ်နေတယ်ထင်မှာလဲ စိုး၇သေး...ဟိ။
ခုချိန်မှာတော့ အကယ်ဒမီမလိုချင်ဘူး...ဖြစ်နိုင်မယ်ဆိုရင်............
လက်တွေအများကြီးပါတဲ့  ကာလီမာန်မယ်တော်ဘဲဖြစ်ချင်တယ်...။

သစ်နက်ဆူး

11 comments:

အိမ်လွမ်းသူ said...

ပျောက်ချက်သားကောင်းနေတာ အလုပ်ရှုပ်နေလို့ကိုး...။ ကိုဆူးတို့ အမတို့ ကိုယ်တိုင်ကရမယ်ဆိုတော့.. ကြည်ဖို့..စောင့်နေမယ်...။ အစစအဆင်ပြေပါစေနော့...

SDL said...

သဲထိတ်ဖို ဇါတ်လိုက်က ကိုဆူးရဲ့ ဘော့စ်ဖြစ်နေတာကိုး....၊
မင်းသား၊ မင်းသမီးအင်္ကျီ ပါချုပ်တတ်မှန်း သိသွားပြီ....။
တော်လိုက်တာ.. မနာလိုတောင်ဖြစ်လာပြီ....။

Life is for Success said...

Hi Ko sue,

How is your show? When you free write more post loh bro...

မသက်ဇင် said...

ကိုဆူးရေ---
နေမကောင်းတာကြာလို့ အခုမှ လာလည်နိုင်တယ်--
ပိုစ့်လေးကိုဖတ်သလို ဓါတ်ပုံလေးကြည့်တယ်---
မင်းသားချောသလို--သမီးလေးကချောလိုက်တာ--
အစစအရာရာ အဆင်ပြေပါစေ--

mg kyi poae said...

ဆြာဆူး..
ဘ၀ဇာတ်ခုံအစစ်မှာ က နေရတော့ ပင်ပန်းနေမှာပဲနော်။ စုံလည်းစုံတယ်ဗျာ။ မင်းသားအင်္ကျီလည်းချုပ်နိုင်သေး တယ်ဆိုတော့ ဆြာဆူးမတတ်တာ ဘာတွေကျန်သေးလဲ ဗျ။ ဆြာဆူး က မှော်ဆရာဖြစ်နေပြီး-)

sonata-cantata said...

လာလည်ပါတယ်။ အားမနာပါနဲ့။ မဒမ်ဆူး၊ သမီးကြီး၊ သမီးငယ်၊ သားလေးတို့က ကိုယ်ပွား လက်ပွားတွေပါလေ...

pandora said...

ကိုယ့်ကိုမှ လိုအပ်မှုတွေ များနေတာ ဂုဏ်ယူစရာ ပျော်စရာပါ ကိုဆူးရေ..။ အစစ အဆင်ပြေပါစေ။

Life is for Success said...

Bro,

How everything? If have atime, write about today show.....

မေ့သမီး said...

ကိုဆူးကတကယ့်ကို စွယ်စုံရတာပဲကိုး။ ကိုဆူးဘော့စ်ရဲ့ သူငယ်ချင်းက ဆေးကြောင်သွားတာလား။ ကြောက်စရာကြီး။

Moe Cho Thinn said...

ကိုဆူး မအားတာ ဒါကြောင့်ကိုး။ အမြဲလာကြည့်ပါတယ်။ ကလေးတို့အဖေ မှာ လက်နှစ်ချောင်းရှိတာတောင် ဒီလောက် လုပ်တတ်၊ လုပ်နိုင်နေတာ၊ သူဆုတောင်းသလို လက်အများကြီးသာ ရှိရင် ဒုက္ခ။ :)

သက်ဝေ said...

ဇာတ်လမ်းက Action ဇာတ်လမ်းပဲ... မိုက်တယ်။