Wednesday, January 7, 2009

“ ကျနော်လေးစားတဲ့ မိသားစု ”

ကျနော်တို့ မိသားစုလေးရဲ့ အနုပညာကို မိတ်ဆွေတွေက ခင်မင်စွာ အားပေးတဲ့အခါ ပီတိဖြစ်မိသလို ကျနော်သိပ်အားကျတဲ့ 

အနုပညာမိသားစုလေးကိုလဲ ဝေမျှပေးချင်ပါတယ်...။

သူတို့ မိသားစုကို ကျနော်အရမ်းလေးစားတယ်...သူတို့ ဖန်တီးတဲ့ ဂီတနဲ့ ဝတ်စားဆင်ယင်မှုတွေကိုလဲ သဘောကျတယ်..။

KELLY FAMILY လို့ အမည်ရပါတယ်..မိခင်တိုင်းပြည်က ဂျာမနီပါ...အဖေကိုယ်တိုင်ကလဲ သီချင်းဆိုတယ်..သားသမီး ၉ယောက်

လုံးလဲ သီချင်းဆိုတယ်...သားအငယ်ဆုံး အိန်ဂျယ်လို တစ်နှစ်သားလောက်ကတည်းက မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ တယ်..။

ဖခင်ဖြစ်သူကဘဲ ကလေး၉ယောက်လုံးကို ရင်အုပ်မကွာ ပြုစုပျိုးထောင်ခဲ့ တယ်..ဂီတကို အမွေပေးခဲ့ တယ်..။

တမိသားစုထဲဖြစ်ပေမယ့် ၀ါသနာတူတာ တော်တော်ရှားပါတယ်...။

နားဆင်ခံစားကြည့်ပါဦး..











4 comments:

SDL said...

နားဆင်ခံစားကြည့်ပါဦး စာနဲ့ ယူကျု ၃ ပုံ ကြားက ကွက်လပ်မှာ ဘာရှိသေးလဲဟင်....
ပုံအောက်က အပြည့်အစုံဖတ်ရန်ကို နှိပ်ပေမယ့်
ဘာမှ မပေါ်လာလို့....။
နားမဆင်ခင် အရင် အလုပ်ရှုပ်နေတယ်..။

အိမ်လွမ်းသူ said...

နားထောင်လို့ ကောင်းလိုက်တာကိုဆူးရေ..
အခုလိုမျှဝေပေးတာ ကျေးဇူးပဲနော်...

ရွက်ဝါ said...

အနုပညာမိသာစုလေးရဲ့ အနုပညာစွမ်းတွေ အားပေးသွားပါတယ်။ ဟို..ရှေ့ကပို့စ်တွေမှာ တွေ့ရတဲ့ ကွန်မန့်တစ်ခုလိုပဲ မက်ဒမ်ဆူး ပညာပြဖို့ပဲလိုတော့တယ်။ အားပေးနေပါတယ်။

အနုပညာအရည်အချင်းရှိတဲ့ သားသမီးတွေ မြန်မာစကားလည်း မွှတ်တယ်ဆိုတာသိရလို့ ဝမ်းသားပါတယ်။ ဘုန်းတော်ကြီးတပါးပြောဖူးတယ်။ မြန်မာစကား သိပ်တန်ဖိုးရှိတယ်တဲ့။ ဗုဒ္ဓဝါဒကို ကောင်းကောင်းနားလည်ချင်ရင် မြန်မာစာတတ်ထာ အကောင်းဆုံးပဲတဲ့။ မြန်မာပြည်မှာက ဗုဒ္ဓဝါဒနဲ့ ပတ်သက်ပြီး စာတွေ့လက်တွေ့တွေ အားထုတ် ကျမ်းကြီးကြမ်းငယ်တွေပြုစု ခဲ့တဲ့ ရဟန်းပညာရှိ လူပညာရှိတွေက ခေတ်အဆက်ဆက်ထွန်းကားခဲ့တယ်တဲ့။ လယ်တီဆရာတော်ကြီးတို့လို မဟာဂန္ဓာရုံဆရာတော်ကြီးတို့လို ပုဂ္ဂိုလ်တွေရဲ့ စာအုပ်တွေကို ကိုင်ပြီး ငါတို့တော့ မြန်မာစာမတတ်ရင် အလုပ်မဖြစ်တော့ဘူး။ ဘာသာပြန်တွေချည်းဖတ်ရတာ အားမရဘူးဆိုပြီး မြန်မာစာကို အသက်ကြီးမှ လေ့လာနေကြရတဲ့ နိုင်ငံခြားသားတွေတောင် ရှိတယ်တဲ့။

ကျွန်တော်ကတော့ အဲဒီလိုအတွေးနဲ့ နိုင်ငံခြားရောက်သွားတဲ့ မြန်မာတွေဆိုရင် မြန်မာစကား ပျောက်သွားမှာ အရမ်းစိုးရိမ်တယ်။ စာပေတွေ၊ ယာဉ်ကျေးမှုတွေ အနုပညာတွေလည်း လေးစားတန်ဖိုးထားပါတယ်။ ဒါပေမယ့် ဗုဒ္ဓဝါဒကိုလေ့လာဖို့ လက်နက်လျော့သွားမှာ စိုးရိမ်တာက နံပါတ် (၁) ပဲ။

လေးစားစွာဖြင့်
ရွက်ဝါ

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဆူးရေ အကိုကြီးလေးစားတဲ့ မိသားစုက တော်တော်
လေးစားဖို့ကောင်းတယ်ဆိုတာ ကျနော်လုံးဝ လက်ခံ
တယ် အကို။