Sunday, January 4, 2009

“ အဂ္ဂိရတ်ဖိုထိုးတဲ့ ကောင်မလေး”



အဂ္ဂိရတ်ဖိုထိုးတဲ့ကောင်မလေးဆိုရင်တော့ သိလောက်ပါတယ်...။ ကျနော့်ရဲ့ သမီးကြီးပေါ့...။
တစ်ချို့ သူငယ်ချင်းမိတ်ဆွေတွေက လူမှားနေကြတယ်....နှင်းနန္ဒာက ကပြတဲ့ သမီးငယ်ပါ...အသက်က ၁၃နှစ်..။
သမီးကြီး...“ မိုး ” က ၁၉ နှစ်။ အကပညာတော့ သိပ်မရဘူး..သူက သီိချင်းလိုင်း။
သူက ဆေးတက္ကသိုလ်တက်နေတယ်....၊ သမီးက ၂ယောက်ရှိတာလေ...။
သူ့ ပုံလေးနဲ့ သူ့ အသံလေးကို တင်ပေးလိုက်တယ်နော်...
ဒါတောင်ရှက်နေလို့ ..မနည်း ချော့၇တယ်...ဓါတ်ပုံနဲ့ မိတ်ကပ်ကတော့...မာမီဆူး...အဲ ကိုဆူးပေါ့ဗျာ..။
မာမီဆူး...ဆိုတာ မဒမ်ဆူး...လေ။ အမြင်မမှားသင့်ဘူးနော်..။

ပိုလာဘာလီ

အရိပ်ပမာ မခွဲခွာ

15 comments:

khin oo may said...

မာမီ့လက်ရာကြောင့်ထင်တယ်။ သိတ်လှတယ်။

ဗေဒါရီ said...

သမီးလေးက အချောလေးပဲ။ မာမီဆူးကိုယ်တိုင် ပြင်ပေးထားလို့ ပိုလှနေတာထင်တယ်။

ဦးဂင်ကြီး said...

သမီးကြီးက အသံကောင်းလေးပဲကိုဆူးသစ်ရေ ကောင်းတယ်သမီးရေ ဦးဂင်ကြီးထက်သီချင်းအများကြီးပို ဆိုတတ်တယ်......ဟားးးးးးးးးးးး ခလေးတွေက သူ့ရွေးချယ်မှုနဲ့သူဗျို့

poppi said...

It was very wonderful song . You could be a singer when your big. And a very sweet song means
a very good singer.

poppi said...

Hi sister I like your song . your voice is very nice .

မသက်ဇင် said...

သစ်နက်ဆူးရေ----
နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---

စူး said...

အသံကအေးပီးချိုနေတာပဲ

မိုက်တယ်ဗျို့


အကို ဓာတ်ပုံထဲမှာ ဘလော့လိပ်စာထည့်တာမဟုတ်ဘူး

sonata-cantata said...

ချိုလွင်သံလေးနဲ့ ဂီတ သံစဉ်တို့ ပေါင်းစည်းသွားသော အခါ...ဒါဟာ ပါရမီ တစ်ခုလေလား...ပေါ့
ဆေးတက္ကသိုလ်တက်နေတယ်ဆိုလို့လည်း.. ဆူးပြတိုက်က ဆူးတွေကတော့ ထက်ပါပေ့

အိမ်လွမ်းသူ said...

သတိထားတော့ကိုဆူးရေ... ရုပ်ရော အသံရော ပြောစရာမရှိဘူး... ဝိုင်းဝိုင်းလည်နေတော့မှာ ..ဒါပေမဲ့ သမီးက လိမ္မာရေးခြားရှိမဲ့ပုံလေးပါနော်.. ထွန်းပေါက်မဲ့ သမီးလေး.. စာလည်းကြိုးစားနော်..

SDL said...

နှင်းနန္ဒာနဲ့ မိုးကို လူမှားသွားတဲ့ အတွက်
ဒီပို့စ် ၁ ပုဒ် ဖတ်လိုက်ရတယ်....။
မိုး၊ နှင်းနန္ဒာ၊ နော်နော် မောင်နှမ (၃)ယောက်ပေါ့။
လှလည်းလှ၊ စာလည်းတော်၊ အသံလေးလည်းကောင်း
မိဘဂုဏ်တက်စရာ သားလေး၊ သမီးလေးတွေပါပဲ..။

Ma Ma said...

အနှပညာရှင် မိသားစုလေးကို သိုက်သိုက်ဝန်းဝန်းလေး အခုလို မြင်ရတော့ ဂုဏ်ယူအားကျမိပါတယ်။

ဒူကဘာ said...

မှော်အောင်တဲ့ မှော်ဆရာ ဘလောက်ရွာမှာ စောင်းကြိုး ညင်းနေတာနော် တရစ်ချင်း လာနေတာ..ဟဲ ..ဟဲ နောက်တာပါဗျာ၊ ဂုဏ်ယူပါတယ်၊ မိဘရဲ့ သင်ကြား မျှဝေမှု၊ ခလေးတွေရဲ့ ပါရမီနဲ့ နာခံတတ်မှု၊ ကွန်ဂရက် ကျူလေးရှင်းပါ ..ဗျာ၊ မစ္စတာဆူး၊ သားနော်နော်၊ သမီး နှင်း၊ ပြီးတော့ မိုး အလှည့် ပြီးတော့ ....မဒမ်ဆူး အလှည့် ရောက်လို့ လာပြီမို့ ဘလောက်ရွာမှ ရှုစားနေကြောင်းပါ .. ရွာစားရေ့ ....!

pandora said...

သမီးကြီး မိုးကိုလည်း အားပေးသွားပါတယ်။ မဒမ်ဆူး အလှည့်ကို စောင့်နေမယ်။ :D

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဆူးသမီးတွေက ဘမျိုးဘိုးတူတွေပဲ ကောင်းတယ်
အကိုကြီးရေ။

ကောင်းကင်ကို said...

ညီမလေးက ပညာလည်းတော် အသံလည်းကောင်း ချောလည်းချော၊ ကိုဆူးသားသမီးအရ ကံကောင်းတာပေါ့။