Tuesday, September 30, 2008
“ လင်းလွန်းပင် သစ္စာ ”
လင်းလွန်းပင် သစ္စာ......။
အမှန်တစ်ကယ်က ကျနော်က ဆုတောင်းသော အလုပ်ကို မလုပ်ချင်....အားမနာတမ်းပြောရမယ်ဆိုရင်တော့ မယုံတာပါ....။
ကံ၊ဥာဏ်၊၀ီ၇ိယ ၃ ပါးကိုသာ အားကိုးဘို့  ဘုရားဟောကိုသာ လက်ခံသူ...။ ကိုယ်ဖြစ်ချင် ကိုယ်လုပ်...ကိုယ်ကျိုးစား၊
ကိုယ်လုပ် ကိုယ်ခံ...။ ဒါပေမယ့် ကျနော်က သစ္စာကိုတော့ ယုံကြည် လေးစားသည်...။ လိုက်နာကျင့်ကြံသည်...။သစ္စာ၏အနက်မှာ အမှန်
ဟု လက်ခံထားသည်..။ မှန်တာကို ပြောတာ..သစ္စာ။ သစ္စာမှန်လျှင် နွယ်မြစ်သစ်ပင်သော်တောင်မှ ဆေးဘက်ဝင်သည်..။
ယခု လင်းလွန်းပင် သစ္စာဟု ဒီပို့ စ်လေးကို အမည်ပေးထားသည်မှာလည်း သထုံမြသပိတ်တောင်ခြေမှာ ဆိုခဲ့ ဘူးသော သစ္စာတရား၏ အကျိုးပေးပုံကိုအမှတ်တရဖြင့်ရေးလို့ ဖြစ်သည်....။
သထုံမြသပိတ်တောင်ခြေတွင် ပဋိယတ္တိဖြင့် ကြော်ကြားသော စာသင်တိုက်ကြီးရှိသည်၊ ဆရာတော်ကြီးမှာ သက်တော် ၇၀ခန့် ရှိပြီး
ပိဋကတ်၃ပုံကို ထောင်းထောင်းကျေကျေ နိုင်နင်းလှသော တိပိကတ္တဋ ဘွဲ့ ခ့ ဆရာတော်ကြီးဖြစ်သည်...စာသင်ရဟန်းများမှာ အပါး ၅၀၀
ခန့် ရှိသည်....။ သထုံမြို့ ထဲမှ လာလျှင် ကားလမ်းမှာ ဖြောင့်နေသည်....။ကျောင်းကို တိုက်ရိုက်ရောက်သည်... ကျောင်းဝမှာ ခြင်္သေ့ကြီး၂ကောင်ရုပ်ထုဖြင့် ထယ်ဝါလှသည်။ ကျောင်းဝန်းထဲတွင် ဗုဒ္ဓဂါယာ စေတီ ပုံတူလည်းရှိပါသည်...( ကျောင်းနာမည်ကို ကျနော် အစ ဖေါ်မရပါ)။
ထို ဗုဒ္ဓဂါယာ စေတီ အနီးအနားတွင် ယခု သတ္တဌာန ၇ ဌာနရှိသည်....။အရင်က ၆ဌာနဘဲ ရှိသည်....လင်းလွန်းပင်နေရာမှာ ဘာဘုရားပုံတော်မှ မရှိပါ...။ ထိုမြသပိတ်တောင်ဆိုတာကလည်း သိုက်သမိုင်းတွေနဲ့ ပါတ်သက်လျှင် နာမည်ကြီးသည်..။ ယခုထိလည်း နာမည်ကြီးတုန်းပါ...။
ဆရာတော်မှာ ထို သတ္တဌာနကို ဘုရားရုပ်ထုတော်များအတွက် ဒကာများနှင့် ညှိနှိုင်းကာ တစ်ပြိုင်နက် အကောင်အထည် ဖော်ခြင်းဖြစ်သည်...။ ကျန်သော ၆ဌာနမှာ ဘာမှ မဖြစ်ပေမယ့် လင်းလွန်းပင်နေရာကတော့ ပြသနာ တခုကို စကြုံတွေ့ ခဲ့ သည်...။
အလှုရှင်ရော၊ ပန်းပုပန်းရံဆရာပါ...စတင်ပြုလုပ်ချိန်မှာဘဲ တစ်ပြိုင်တည်းလို သေဆုံးခဲ့ သည်...။
တိုက်ဆိုင်လို့ ပါဟု သဘောထားကာ ဒကာထပ်ရှာ ပန်းရံဆရာ ထပ်ရှာပြီး ပြန်စသည်....ဒုတိယအကြိမ် ၂ရက်၃ရက်ခြားဖြင့် သေဆုံးသွားပြန်သည်...။ ဆရာတော်က လက်မခံ တတိယ အကြိမ် ပြန်ပြီးလုပ်.....ဒကာရော ဆရာပါ...သေဆုံးပြန်တော့...
ဘယ်သူမှ ဆက်မလုပ်ရဲတော့...ဆရာတော်မှာလည်း ဒကာများကို ငဲ့ ပြီး ဆက်လုပ်ရန် မမိန့် ဆိုတော့....။
နှစ်တွေသာကြာလာသည် ထိုသတ္တဌာနမှာ....၆ ဌာနနှင့်ဘဲ ၇ပ်နေခဲ့ ပြီး ခြောက်ခြောက်သွေ့ သွေ့ နှင့်ပါ..။ ညဘက်ဆို ဘယ်သူမှ မသွားပါ၊ ဇရပ်မှာလဲ အိပ်ရဲသူမရှိပါ...။
ဒါပေမယ့် အချိန်အခါ ဆိုတာ ရောက်လာပြီ ဆိုရင်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပါ...။
ကျနော်တို့က သထုံမြို့ တောင်ဘက် ၁၅ မိုင်ဝေးသော ရွာ( ဇနီး၏ ဇာတိရွာ)လေးမှာနေသည်...အိမ်ဘေးတွင် ဂျပန်ခေတ် က တော်လှန်ရေးတွင် ပါဝင်ခဲ့ သော မော်ကွန်းဝင် သခင်မကြီး နေထိုင်ပါသည်....။ကျနော်တို့ က အဘွားဟုခေါ်ပါသည်။ အဘွားမှာ အသက် ၈၀ နီးပါးရှိပြီး အောက်ပိုင်းမှာ လေဖြတ်ခံထားသဖြင့် လမ်းမလျှောက်နိုင်ပါ။
ကျနော့် အမျိုးသမီးနှင့် ထိုမိသားစုလေးမှာ နှစ်အိမ့် တစ်အိမ်ခင်မင်စွာနေကြသည်..။
အဘွားက ထို မြသပိတ်တောင်ခြေ ကျောင်း၏ တပည့်ရင်းဒကာရင်းဖြစ်သည်..။ တစ်နေ့ တော့ အဘွားက “ငါ အသက်လဲ ကြီးပြီ...
လေလဲ ဖြတ်ထားတယ် ၊ဒီအချိန်မှာ သေလဲ ဘာမှ မထူးဘူး၊ အဲဒီလင်းလွန်းပင်ဘုရားကို ငါ ဒကာခံမယ်” ဟုပြောသောအခါ သူ့ မိသားစုကလဲ လှုဘို့ စီစဉ်ကြပါသည်....။
ဆရာတော်ကို လျှောက်သောအခါ ဆရာတော်က သာဓု ခေါ်ပြီး ခွင့်ပြုပါသည်....။ အဘွားက လှုရဲ သေရဲ သော်လဲ ပန်းရံ ဆရာ ရှာလို့ မရပါ။ အားလုံးက နာမည်ကြားဘူးယုံနှင့်  လန့် နေကြသည်....။ ရှောင်ကြရှားကြသည်..။
တစ်ကယ်တန်းဆိုလျှင် ကျနော့် ယောက်ဖ ၂ယောက်က ပန်းရံ ဆရာကြီးတွေပါ...။ ပညာတော်ပါသည်...ယောက်ဖအငယ်ကတော့ နောက်လိုက်ပေါ့....။ သထုံဘက်မှာ ဆရာ ရှာမရတော့ ယောက်ဖအကြီးဘက်လှည့်လာသည်...ဆွေလိုမျိုးလို ဖြစ်နေလို့ အဘွားဆန္ဒ
ဖြည့်တဲ့ အနေနဲ့  အလုပ်လက်ခံ ပေးဘို့ လာပြောသည်...။ မနက်လာပြောပြီး ညနေပိုင်းကျ ယောက်ဖကြီးက ကွင်း( သဲကုန်း၊ဗိုင်လောင်း
ပင်လယ်ကမ်းခြေ ရွာများ)ထဲမှာ အလုပ်သွားရမယ်ဆိုပြီးလစ်ပြေးတော့သည်..။ လူဆိုတာ သေမျိုးဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ တော့ မသေချင်ဟု ပြောခဲ့ သည်..။အပြစ်ပြောလို့ တော့ မရပါ...။ အစက ဒီအကြောင်းကို ကျနော်မသိသေးပါ...။
နောက်မှ အဘွားမြည်း( ယခု စင်္ကာပူတွင်နေထိုင်) ၊ ယောက်ဖငယ်နှင် ကျနော်တို့ ညဘက်လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူတို့ တိုင်ပင်နေကြသည်...ယောက်ဖငယ်ကို အကူအညီတောင်းနေတာကိုး.။ ယောက်ဖငယ်မှာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့  ငြ်းရခက်၊လက်ခံရခက်ဖြစ်နေပြီး...။ နောက်မှ ကိုယ်တော်ချော ၂ယောက်တိုင်ပင်ပြီး အကို ကူညီနိုင်မလား...ဖြစ်နိုင်ရင်ကူညီ ပေးပါဟုပြောလာသည်။ ဘာကိုလည်းဟုမေးမှ အကြောင်းစုံပြောပြသည်....။အမှန်ဆို ကျနော်ပန်းချီသာဆွဲတာ ရုပ်ထုတို့ ပန်းပုတို့ တစ်ခါမှ မလုပ်ဘူးပါ...။ သူတို့ ပြောတာက အကို ပန်းချီဆွဲတတ်တာဘဲ ၊ နောက်ပြီး အကို့ သီလကို ယုံလို့ ပါဟု ပြောလာသည်။
( ကျနော် အကြောင်းသင့်လျှင်တော့ ၀ိဥာဉ် လောကနှင့် ပါတ်သက်တာလေးတွေ၊ရေးပါဦးမည်...ဒါပေမယ့် ကျနော် ဆရာကြီးမဟုတ်ပါ)။
ကျနော်လည်းစဉ်းစားပြီး တစ်ထိုင်ထဲနှင့် လုပ်မယ်ဟု ဂတိပေးလိုက်သည်.ချွင်းချက်အနေနဲ့ ငါ ပိုက်ဆံနဲ့ မလုပ် ပညာဒါန ပြုမည်ဟုပြောသောအခါ အဘွားမြည်းကတော့ ပျော်သွားသည်...ကျနော့် ယောက်ဖကတော့ မျက်နှာငယ်လေးနှင့်။
အိမ်ပြန်ရောက်တော့ ဇနီးကို ပြောပြသောအခါ မျက်နှာငြိုးသွားသည်။ သူဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။
သမီးလေး၂ယောက်နှင့်၊ ကျနော်များတစ်ခုခု ဖြစ်ခဲ့ လျှင် သူရင်ဆိုင်ရမယ့် ဘ၀ကိုလဲ သိပါတယ်...။သူ့ ကို နားလည်အောင်ပြောပြရပါတယ်...။ ငါတို့ က ဗုဒ္ဓဘာသာတွေပါ...ခုငါလုပ်မှာ သာသနာ့မြေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးချင်တာပါ...
ငါသေသွားခဲ့ ရင်လဲ မကောင်းမှု ကျူးလွန်လို့ သေတာမဟုတ်၊ ဘုရားရုပ်ပွားတော် ထုလုပ်လို့ သေတာ၊ မင်းဂုဏ်တောင်ယူရဦးမှာ...
ဒါပေမယ့် ငါသိတယ်...ငါမသေဘူး....။ နောက်ပြီး မင်းစဉ်းစား ၊ဒါ ဒါနအလှု ၊ဗုဒ္ဓဘုရားက မင်းတို့ မိရိုးဖလာ ကိုးကွယ်လာတာပါ...။
ဘုရားရှင်ဆိုတာ မေတ္တာကရုဏာရှင်ပါ...လူမသတ်ပါဘူး......စသဖြင့် နားလည်အောင် ပြောပြရပါတယ်..( ဒီလိုရေးနေလို့  ပိုရန်ကောကွာလို့ ထင်ခဲ့ ရင် မြသပိတ်တောင်ခြေမှာ စုံစမ်းလို့ ရပါတယ်....ရာဇ၀င်နဲ့ ပါ)။
ယောက္ခမကလည်းတားပါသေးတယ်...သူ့ သားအငယ်ပါသွားရမှာကိုး...။ နောက်ဆုံးတော့ ကျနော်ရယ်၊ အဘွားမြည်းအောင်အောင်ရယ်၊ ယောက်ဖ မောင်စိုးရယ် ၃ယောက် သထုံကိုချီတက်ကြပါတော့တယ်...။
....................................။....................................
သထုံရောက်တော့ ဆရာတော်လာတွေ့ ပါတယ်...ပြီးတော့ ပန်းပု အချိုးတွေ ရွတ်ပြစမ်းကွာတဲ့ ။ ကျနော်ကလည်း တပည့်တော် ပန်းပု မထုဘူးပါဘူးဘုရား...ပန်းချီဘဲ ဆွဲတတ်တာပါဆိုတော့“ ပန်းပု မထုဘူးဘဲနဲ့ ပန်းပုထုမယ်...မဖြစ်ရင် အစကတည်းက မလုပ်ဘို့  ပြောရော..။အဲတော့ ကျနော်ကလည်း ပန်းပုနဲ့ ပန်းရံဟာ အချိုးတူတဲ့ အကြောင်း လက်တွေ့ ပုံတော်ကို ရေးဆွဲပြမှ ဆရာတော်ကလက်ခံပါတယ်...။ ဒါတောင်ဆရာတော်ကြီးက“ အေး...ဒီမှာတော့ ရန်ကုန် လက်ရာ၊ မန္တလေးလက်ရာ၊ ဘီလူးကျွန်းလက်ရာ ဆရာစုံနေတာဘဲ...မင်းသူတို့ ထက်သာအောင်လုပ်” လို့  ထပ်မိန့် သေးတယ်....ကျနော်ကတော့
“ စောင့်ကြည့်ပါဘုရား” ဘဲ ပြောရတာပေါ့...။
လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ရင်းဘဲ တစ်နေ့ ကုန်ပါတယ်...ညဘက်လဲ ရောက်ရော...အောင်အောင်တို့ အမ၀မ်းကွဲက အိမ်မှာ လိုက်အိပ်ဘို့ ၊ဒီမှာ မအိပ်ဘို့ ကားနဲ့ လာခေါ်ပါတယ်...လုံးဝ မအိပ်ခိုင်းပါဘူး...။ ဒါပေမယ့် ကျနော်က ဒီမှာ တရားထိုင်ချင်လို့ ပါ...ဒီမှာဘဲ အိပ်မယ် ဇွတ်ပြောမှ ပြန်သွားပါတယ်...။ ကျနော်တို့ အိပ်မှာက လင်းလွန်းပင် နောက်က ဇ၇ပ်လေးမှာပါ....။
တော်တော်လေးမိုးချုပ်တော့ ဘုန်းကြီးတပါး အတင်းလာခေါ်ပါတယ်...ဒီဇရပ်မှာ မအိပ်နဲ့ တဲ့ ...သူ့ ဇ၇ပ်မှာ လိုက်အိပ်ဘို့  အတင်းလာခေါ်ပါတယ်...။
ကျနော်က ခေါင်းမာတယ်...ဒီမှာဘဲ အိပ်ပါရစေလို့ ပြောတော့ ဘုန်းကြီးက အရေး အကြောင်းရှိရင် ဘုန်းကြီးဇရပ်ကိုပြေးလာတဲ့ ။
( ရေးနေရင်းတောင် ကြက်သီးတွေ ထနေပါရဲ့ ဗျာ)။အောင်အောင်နဲ့ မောင်စိုးကတော့ မျက်နှာလေးတွေက ဇီးရွက်လောက်ဘဲ ရှိတော့တာ...။ ညမှောင်တော့ ၅ပါးသီလ ယူကြပါတယ်...၃ယောက်လုံးပါ....။ ပထမ ၄ပါး အထိ ဘာမှ မဖြစ်ပေမယ့် မုသာဝါဒါ ကံ ရောက်ရင် ကြက်သီးတွေ တကိုယ်လုံးထပါတယ်...။ နောက်ခွေးတွေအူကြတာ တတောလုံးတတောင်လုံးလိုပါဘဲ...။
တော်တော်ထူးခြားတဲ့ နေရာပါ...အသံတွေကလဲ အစုံဘဲ ကြားနေရပါတယ်..။ အနံ့ တွေ ရပါတယ်..။
ကျနော်ကတော့“ ကျနော်အခု လုပ်နေတာ ဘုရားသာသနာ အတွက်ပါ....ကျနော့်ရဲ့ ဘ၀ဘ၀က ဆွေမျိုးမိဘ မောင်နှမတွေ ဒီနယ်မြေမှာ ရှိနေကြတာ ကျနော်သိပါတယ်...ဘ၀အစွဲတွေ မပြတ်နိုင်လို့ မကျွတ်မလွတ်ဖြစ်ပြီး သာသနာ့ မြေမှာ နေနေကြတယ်...ပြီးတော့ သာသနာလုပ်ငန်းလုပ်နေတဲ့ သူကိုမှ နှောက်ယှက်ဦးမယ်ဆို ဘယ်လိုလုပ် ကုသိုလ်တရားရနိုင်မလဲ...စဉ်းစားပါ...ကိုယ်လုပ်တာမှန်တယ်ထင်ရင်တော့ ဆက်လုပ်ပါ...ငါ့ ခန္ဒာကိုတော့ ဘုရားကိုလှုထားပြီးပြီ....ဘုရားတဲ့ စွမ်းရင်တော့ ငါ့ကို ကြိုက်သလိုသာလုပ်” လို့ ပြောပြီး ပုတီးစိတ် ၊တရားထိုင် မေတ္တာပို့ပါတယ်..။
ညဘက်ရောက်မှ အိပ်မက်ထဲမှာ အသားညိုညို ဆံပင်ရှည်လေးနဲ့ အမျိုးသမီးငယ်တစ်ယောက်က အနောက်တောင်ဘက်နားမှာ ကျင်ငယ်မစွန့် ဘို့  ကြမ်းတမ်းသောစကားတွေ မပြောမိစေဘို့  အကို့ ကို လာပြောတာပါ” လို့ ပြောပါတယ်....။
နာမည်ကတော့ မှတ်မှတ်ရရ ရှင်မင်းညိုနဲ့ ခပ်ဆင်ဆင်ပါ၊ ရှင်မင်းနွယ်တဲ့ ..။
မနက်မိုးလင်းတော့ တခေါ်လောက်ဝေးတဲ့  လဘက်ရည်ဆိုင်မှာ လဘက်ရည်သွားသောက်တော့....၀ိုင်းကြည့်နေကြတာ...
နောက်မှ ဆိုင်က ကောင်မလေးက ပန်းပု ပန်းရံ ဆရာတွေလားတဲ့ ။
ဟုတ်ပါတယ် ဘာဖြစ်လို့ လဲဆိုတော့ “ ညတွင်းချင်း ပြေးမယ်လို့ ထင်နေကြတာ”တဲ့ ..။ ဘာဖြစ်လို့ လဲလို့ အစ်အောက်မေးမှ
အဲဒီဇ၇ပ်က လူမပြောနဲ့ ဘုန်းကြီးတွေတောင်မအိပ်ရဲဘူးဆိုပြီး ဇာတ်စုံခင်းတော့တာ...။
ပြီးတာနဲ့ ဟို၂ ယောက်က ဖောက်လာပြီ...ဒီည မြို့ ထဲက အမအိမ်မှာ သွားအိပ်ရအောင်တွေ ဘာတွေဖြစ်လာရော...
သူတို့ အမကလဲ ကားနဲ့ ရောက်လာပြီး“ ညက ဘာဖြစ်သေးလဲ”လို့ မေးပါတယ်...ဘာမှ မဖြစ်ပါဘူးဆိုမှ...တော်သေးတာပေါ့တဲ့...။
ပြောရမယ်ဆိုရငိဗျာ...အလုပ်လုပ်လိုက် ဟို၂ယောက်ကို ဆွဲထားလိုက်နဲ့ ဘဲ ၃ရက်မြောက်နေ့ မှာတော့ ဘုရားမျက်နှာတော်ပါ
အချောကိုင်နေပါပြီ....ကျနော့်လက်တွေကို ကိုယ်တိုင်တောင်အံ့သြရပါတယ်...။
၃ရက်မြေက်နေ့ မှာဘဲ မိုးလေးတဖွဲဖွဲရွာနေတုန်း ဆရာတော်ကြီး ဆွမ်းခံပြန်ရင်း( သက်တော် ၇၀ ကျော်နေတဲ့ ကျောင်းထိုင်ဆရာတော်ကြီးက ကိုယ်တိုင်ဆွမ်းခံပါတယ်...ကျနော်တော်တော်လေးစားကြည်ညိုမိပါတယ်) လှည့်ဝင်လာပါတယ်...။
ဘယ်လောက်ပြီးပြီလဲ ဒကာလေးလို့ မေးရင်း ပုံတော်ကိုတွေ့ တံ့ အခါ....ငါတို့ ဘုရားရှင်ဟာ အိန္ဒိယနွယ်ဖွားကွ....ကျောင်းဝင်းထဲမှာ ရုပ်ထုပုံတော်တွေအများကြီးဘဲ...ဒါပေမယ့် ဒီလို မျက်နှာတော် မဖူးဘူးသေးဘူ....ခုမှဘဲ အိန္ဒိယ ဘုရားဖူးရတော့တယ်...ငါမနေနိုင်တော့ဘူးကွ ဆိုပြီး မိုးရွာထဲမှာဘဲ သပိတ်ကိုဘေးချပြီး အကြိမ်ကြိမ်ကန်တော့ပါတော့တယ်ဗျာ...။
အမှန်ဆို ပုံတော်က လက်စမသပ်ရသေးသလို အနေကဇာလဲ မတင်ရသေးပါဘူး....ဒါပေမယ့် ဆရာတော် စကားကြားမှ ကိုယ့်မှာလည်း သက်ပြင်းချနိုင်ပါတော့တယ်....။လူတွေလည်းဘယ်ကဘယ်ကရောက်လာမှန်းမသိပါဘူး....။
နောက်ဆုံးတော့ အောင်မြင်စွာဘဲ ပြီးမြောက်ခဲ့ ပါတယ်....။ အနေကဇာတင်ပွဲကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ ပါတယ်...။
ပြန်ရတော့မယ့် နောက်ဆုံးနေ့ မှာမှ ကျနော် ဘုရားရှေ့ မှာသစ္စာဆိုခဲ့ ပါတယ်...။
“အရှင်ဘုရား....ဒီလင်းလွန်းပင် သတ္တဌာနဘုရားပုံတော်ကို တပည့်တော် အောင်မြင်စွာထုလုပ်နိုင်ခဲ့ ပါတယ်...ဒီပုံတော် ပြီးသည့်နေက် သေမလားရှင်မလား...တပည့်တော် မသိပါ....အကယ်လို့ မသေခဲ့ လျှင်...တပည့် တော် ဘ၀မှာ ပန်းပု ပညာနဲ့ ပါတ်သက်ကြုံတွေ့ လာခဲ့
လျှင် ထူးခြားသောလက်ကို ပေးသနားတော်မူပါ...သေမည်ဆိုလျှင်လည်း တပည့် တော် အသက်ကို လှုပါမည်” လို့ သစ္စာဆိုခဲ့ ဘူးပါတယ်....။
........................................
လွန်ခဲ့ တဲ့ ၅နှစ်လောက်မှာတော့ ဆရာတော် ပျံလွန်တော်မူခဲ့ ပါတယ်...။
တမြန်နှစ်ကတော့ အဘွားဆုံးပါးခဲ့ ပါတယ်........။
ကျနော်ကတော့ မထင်မှတ်ဘဲ ပန်းပုရုပ်ကလေးတွေနဲ့ ဘ၀ကို အတူ ရင်ဆိုင်နေဆဲပေါ့.....။
(တစ်ချို့ နေရာလေးတွေမှာ ပြောပြလျှင် လက်တွေ့ မဟုတ်ပါက ယုံကြည်ဘို့ ခက်သောကြောင့် ချန်လှပ်ထားခဲ့ ပါသည်)
အားလုံးဘဲသစ္စာဖြင့် အရာရာ အောင်မြင်နိုင်ကြပါစေ...။
သစ်နက်ဆူး
Monday, September 29, 2008
ကျနော့်ရဲ့  3D sculpture လေးများ
ကျနော်ပြုလုပ်ထားတဲ့  3D ရုပ်ထု..( ပန်းပု) လေးတွေပါ...ကျနော်တို့ အလုပ် ဂိမ်းတွေ ၊အများဆုံးအုပ်စုလိုက် ဖန်တီးကြပါတယ်...လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာ...ကျနော်တစ်ယောက်ဘဲ မြန်မာပါ...ကျန်တာတွေက၊ နော်ဝေးလူမျိုးတွေနဲ့  နယူးဇီလန်က လူတွေပါ...ဂိမ်းတွေရုပ်ရှင်တွေ အတွက် ပုံစံငယ် ပန်းပုလေးတွေ လိုအပ်ပါတယ်..ပြီျးမှ ၄ဘက်မြင် စကင်ဖတ်ပြီး မာယာ ပရိုဂရမ်နဲ့  လှုပ်ရှားမှုတွေ ဖြစ်လာအောင်ဖန်တီးရပါတယ်...တစ်ကယ်ဆို ဒီအရုပ်လေးတွေက ကျနော့် တာဝန်ပိုင်းမဟုတ်ပါဘူး၊ ပန်းချီနဲ့ ကော့မစ် တွေပါ......ဒီတာဝန်ကို ယူထားတဲ့ လူက တစ်ယောက်ပါ...ဒါကို စလုပ်ကြတော့ သူ မလုပ်နိုင်ပါဘူး....အင်မတန် အနုစိတ်ပြီး လက်ဝင်ပါတယ်..ကျနော်က ငါလုပ်ကြည့်ချင်တယ်လို့ ပြောတုန်းက သူတို့ တွေ ရယ်ပြီး လုပ်ချင် လုပ်ကြည့်လို့ ပြောပါတယ်...ဘာလို့ လည်းဆိုတော့ မလုပ်နိုင်ဘဲ ဖြစ်နေတဲ့ သူက ဒီပညာနဲ့ လုပ်စားနေတာပါ...။
ကျနော်ပထမ တစ်ရုပ်လုပ်တာနဲ့ တင် ပါးစပ်ပိတ်သွားပြီး...တာဝန်လွှဲအပ်ခဲ့ ကြပါတယ်...
ကျနော်မလုပ်တတ်တာ သူတို့ သိထားပါတယ်..ဒါပေမယ့် ပုံထွက်လာတော့ မလုပ်တတ်ဘူးပြောတာ...ဘယ်လိုမှ မယုံနိုင်ဘူးတဲ့ ..။
ကျနော်ကတော့ ပြုလုပ်ဘူးတဲ့ ကုသိုလ် အကျိုးပေးပြီ ဆိုတာ..သိလိုက်ပါတယ်...။
ကျနော် ဆုတောင်းပြည့်တာပါ..။
ဘာကြောင့် ဆုတောင်းပြည့်သလည်းဆိုရင် ဘုရားပုံတော်လှုသူရော၊ ပန်းပုထုသူပါ...သေတယ်လို့ နာမည်ကြီးနေတဲ့  သထုံမြသပိတ်တောင် ခြေက လင်းလွန်းပင်မှာ ပန်းပုရုပ်ထု ပူဇော်တုန်းက ဆုတောင်းခဲ့ ဘူးလို့ ပါ..။
နောက်ပို့ စ်မှာ အဲဒီ အကြောင်းလေးရေးပါမယ်...ဒီနေ့ တော့ ဒီပန်းပုရုပ်ထုလေးတွေဘဲ ပို့ စ်တစ်ခုအနေနဲ့ တင်ပြလိုက်ပါတယ်...။
သစ်နက်ဆူး
Saturday, September 27, 2008
“သံယောဇဉ်”
သံယောဇဉ် (၁)
သံယောဇဉ် (၂)
သံယောဇဉ် (၃)
ဒီပို့ စ်လေးကို သံယောဇဉ်လို့ ဘဲ အမည်ပေးထားပါတယ်....စကားလုံးလေး ၃ လုံးထဲပေမယ့် လေးနက်လွန်းလှပါတယ်...
ဒီဘလော့ဂ်လေး ဖြစ်ပြီးမှ တစ်ခါမှ မမြင်ဘူး မတွေ့ ဘူးသူ..တွေနဲ့ မထင်မှတ်ဘဲ ခင်မင်ကြတယ်၊
အကိုဖြစ်ချင်ဖြစ်မယ်၊ ညီဖြစ်ချင်ဖြစ်မယ်...အမ၊ ညီမလေးတွေ ဖြစ်ချင်ဖြစ်မယ်...ဒါပေမယ့်  ခင်ခဲ့ ကြတယ်...
ပေါ့ပေါ့တွေးရင် ပေါ့ပေါ့လေးပါ...။လေးလေးနက်နက်တွေးရင်တော့ “ဘုရားရှင် ဟောခဲ့ တဲ့  ၃၁ဘုံ အတွင်းမှာ ကျင်လည်နေသေးသမျှ အမိ၊အဘ၊ ဆွေမျိုး မောင်နှမ မတော်စပ်ဘူးသူ မရှိ”ဆိုတဲ့ စကားလေးကို လေးလေးနက်နက် တွေးမိပါတယ်..။
နေထိုင်ကြတဲ့ နေရာတွေ အဝေးကြီးကနေ ဘာကြောင့် စိတ်တွေ နီးနီးလေး ဖြစ်နေ၇တာလည်းလို့ တွေးရင်း...........
ဒီပို့ စ်လေးကို ရေးတင်ဖြစ်ခဲ့ တာပါ...။
ကျနော်...အကိုတွေ အမတွေကို ချစ်တယ်..........
ညီလေး ညီမလေးတွေကို ချစ်တယ်.........
အားလုံးပျော်ရွှင်နေပါစေလို့ ဆုတောင်းလိုက်ပါတယ်...။
ဒီပန်းချီကားတွေက တစ်ကားမှ မရှိတော့ပါဘူး...မှတ်တမ်းထားတာလေးတွေကို ပြန်ရှာပြီး တင်လိုက်တာပါ...။
သစ်နက်ဆူး
ပထမဆုံးများ
ကျနော့်လို ၁လသားမပြည့်တပြည့် ဘလော့ဂ်ရေးသူသေးသေးလေးကို ကိုအောင်( ကိုအောင်သာငယ်)
က Tag လာတော့ ပထမဆုံးဆိုတာလေးတွေကို မှတ်မိသလောက် ပြန်ချရေးမိတာပါ…။
ဒါကလည်း ဘလော့ဂ် ညီအကို မောင်နှမတွေ ကြားက ပျော်ရွှင်ဘွယ်…ခင်မင်မှုလေး တစ်ခုလို့ ခံစားရလို့ ပါ….ကဲ…..ဆွဲပြီ ကိုအောင်ရေ..။
ပထမဆုံးများ
ပထမဆုံး ကိုယ်ဒုက္ခပေးမိသူ……………………………………………………အမေ( ကိုယ်ဝန်စတင်ဆောင်ရချိန်မှ မွေးသည်အထိ)
ပထမဆုံး ကျနော့်ကို မွေးဖွားခွင့်ရသူ…………………………………………..ကျနော့်မိခင်
ပထမဆုံး အော်ငိုတဲ့အချိန့်…………………………………………အမေ့ ဝမ်းက ထွက်လာကာစ”မှာ
ခြေထောက်ကကိုင် ၊ဇောက်ထိုးထားပြီး သားဖွားဆရာမ ရိုက်လိုက်တဲ့ အခါ
ပထမဆုံး မိခင်နို့ တိုက်သူ………………………………………………………...ကျနော့် အမေ
ပထမဆုံး ကျနော့်ကို ဆံပင်ရိတ်ရသူ……………………………………………သားဖွားဆရာမ
ပထမဆုံး ကျနော့်ချက်ကြိုးဖြတ်သည့် ဓါးအမည်……………………………..မောင်ဗမာ
ပထမဆုံး ထမင်းလက်ဆုံ စားသူ………………………………………………..အမေ( ထမင်းဝါးပြီး ခွံ့ ကျွေး ချိန်မှာ ကိုယ်က ဟိုနှိုက်ဒီနှုက်စားတာ)
ပထမဆုံး ကမ္ဘာမြေပေါ် ခြေစ ချမိတဲ့ နေ့ ………………………………လမ်းလျှောက်ဘို့ စသင်တဲ့ နေ့ 
ပထမဆုံး ကျနော့်ကြောင့် အိပ်ရေးပျက်ရသူ……………………………………အဖေနဲ့ အမေ
ပထမဆုံး ကျနော့် ရင်ခုန်သံကို နားထောင်ခွင့်ရသူ…………………………မြို့ နယ်ဆရာဝန်မကြီး
ပထမဆုံး ယောင်္ကျားလေးသူငယ်ချင်း……………………………………………အိမ်ဘေးက ဗိုလ်လင်္ကျာ
ပထမဆုံး မိန်းကလေး သူငယ်ချင်း……………………………………………မြိုင်( ငယ်ငယ်ထဲက ဝေးခဲ့ ကြတာ)
ပထမဆုံး ဖတ်သည့် ၀တ္တု……………………………………………………..ဆရာမင်းလူရဲ့ ဌက်ကလေး
ပထမဆုံးဖတ်သည့် ဘာသာပြန် ၀တ္တု………………………ကျေရာကျေကြောင်း(ဆရာ မောင်ပေါ်ထွန်း)
ပထမဆုံးလေးစားချစ်ခင်မိသည့် စစ်ဗိုလ်……………………………….ဗိုလ်ချုပ်အောင်ဆန်း
ပထမဆုံး ဖတ်ရှုလေ့လာသည့် နိုင်ငံရေးစာအုပ်…………………………….သခင်သန်းထွန်း( ပ+ဒု)
ပထမဆုံး သဘောကျသည့်ဓါးပြဗိုလ်……………………………………………ဗိုလ်အောင်ဒင်
ပထမဆုံး ကြိုက်မိသည့် အဆိုတော်…………………………………………….စိုင်းဆိုင်မောဝ်
ပထမဆုံး ကြိုက်မိသည့် ရုပ်ရှင်………………………………..အဖေတစ်ခု သားတစ်ခု( စိန်မြင့်+ အောင်ထွန်းလေး)
ပထမဆုံး ကိုင်တွယ်သည့်လက်နက်………………………………သူများဆီက လောက်လေးခွ
ပထမဆုံးရည်းစားစာ………………………………………………“ချစ်တယ်” နှစ်လုံးထဲ..။
ပထမဆုံးရည်းစားချစ်သူ……………………..ရက်ရက်စက်စက်ကို သေရာပါအောင်ချေမွပြီး သစ္စာဖျက်သွားသည်..။
ပထမဆုံး ဓါးထိုးမှု……………………စိတ်မထိန်းနိုင်လို့  ဖက်ခေါင်းအုံးကို ခဲတံချွန်တဲ့ ဓါးနဲ့ ထိုးတဲ့ အမှု
ပထမဆုံး ဆု……………………………………………………….ပန်းချီဆု( ၆ တန်းကျောင်းသား)
ပထမဆုံး သောက်ဘူးသော အရက်………………..ရှမ်းပြည်က နမ့်ဆမ်ရှမ်းအရက်( နဲနဲလေးငုံတာ…မူးလိုက်တာမှ ဒေါင်ချာကို စိုင်းနေတာဘဲ)
ပထမဆုံး ရေနစ်သည့်မြို့ …………………………………………ကသာမြို့ 
ပထမဆုံး ကဗျာ စာအုပ် ထုတ်ရောင်းခဲ့ တဲ့ မြို့ ……………………..ကသာမြို့ 
ပထမဆုံး သောက်သည့် ဆေးလိပ်……………………………….၈ျိုးသိန်း
ပထမဆုံးကျိုးဆွဲကျသည့်နှစ် ……………………………………………….၁၉၈၉
ပထမဆုံးရောက်ဘူးသောတိုင်းပြည်……………………………………………ထိုင်းနိုင်ငံ
ပထမဆုံး ဘလော့၈ါ အသိမိတ်ဆွေ…………………………………..မနိုင်းနိုင်းစနေ
ပထမဆုံး ဘလော့ဂ်လုပ်တတ်အောင်နည်းပြပေးသူ………………….ကိုစေတန်ဂေါ့
ပထမဆုံး တင်သောပို့ စ်အမည်…………………………………“ဘလော့ဂ်အသစ်နှင့် ကျေးဇူးတရား”
ပထမဆုံး ဘလော့ဂ်ကို လာလည်သူ………………………………….ပန်ဒိုရာ
ပထမဆုံး ကွန်မန့် ပေးသွားသူ…………………………………………ပန်ဒိုရာ
ပထမဆုံး တစ်ဖက်စွန်းရောက်သူလို့ ပြောသူ……………………………မကြီးမိုး( မမိုးချိုသင်း….အမှန်က တစ်ဖက်စွန်းမဟုတ်ဘူး…….သားအဖ နှစ်ယောက်ဆိုတော့ ၂ဖက်စွန်း)
ပထမဆုံး အိမ်တွင်နေထိုင်စဉ်နှင့် အိမ်မှ ထွက်ပြေးသည့် အချိန်ထိ အမှတ်တရ ရိုက်သူ….အဖေ
ပထမဆုံး နာမည် တူသွားဘူးသူ……………………………………………..ဂျစ်တူး
ပထမဆုံးဘလော့ဂ်အားပေးဖော်…………………………………….ညီမ ရှင်မင်းညို( ဆရာမကြီး)
ပထမဆုံး Tag သူ……………………………………………………..ကိုအောင်သာငယ်။
…………ကိုအောင်ရေ…ဒီလောက်ဆို ရပါပြီနော်…..။
သစ်နက်ဆူး
Friday, September 26, 2008
ကျနော့်ရဲ့ သူရဲကောင်း
လူမမယ် ကလေးဘ၀မှာတော့ ကလေးငယ်တိုင်းဟာ သူတို့ ရင်ထဲက အားကျပြီး သူရဲကောင်းအဖြစ်သတ်မှတ်ထားသူတွေ
ကိုယ်စီရှိကြတာဘဲ...။ ရွှေဓါးဗိုလ်၊ သူခိုးကြီး ငတက်ပြား၊ မြင်းညိုရှင်၊အရိုင်း...စုံနေတာဘဲ...။ တစ်ယောက်ကို အကြိုက်တစ်မျိုးပေါ့..။
ကျနော့် အဖေကတော့ ကျနော့်အတွက်သူရဲကောင်းပေါ့..။ ကျန်တဲ့ ညီအကိုတွေလည်းဒီလိုပါဘဲ....။ အဖေ့ကို သူရဲ ကောင်းတယောက်
သတ္တိခဲ တစ်ယောက်အဖြစ်မြင်ကြတယ်၊ အထင်ကြီးကြတယ်..။
အဖေကစစ်သားဗျ...၊ဒါပေမယ့် အဖေတို့ ညီအကိုတွေက ထူးခြားတယ် ၊ ညီအကို ၄ ယောက်ရှိတာ ၊ ဦးလေး၂ယောက်ဆို ကုပ်ချောင်းချောင်းနဲ့ ...အဲ ...မူးလာရင်တော့ ငါက အလံဖြူကွ၊ ငါက အလံနီကွ...နဲ့ သတ္တိပြကြတယ်....အဲ သူတို့ က အဖေ့ကိုတော့ဖြုံတယ်...အဖေက ပြတ်တယ် ၊ရှင်းတယ်...သူ့ ညီအကိုတွေကို ပြောလို့ ရချင်ရ၊ မရရင်ဆွဲထိုးပစ်တာ...ပုံနေတာဘဲ။
အဖေက စစ်သားဆိုပေမယ့် အိမ်ထောင်ကျတာနဲ့ စစ်သက်ပြည့်တာနဲ့ ဆုံပြီး တပ်ကထွက်လာတာ..။ အဖေပြောတာတော့
သူ့ အထက်ကဗိုလ်မှုးနဲ့ အတူ လွိုင်လင်တပ်မှာ တော်တော်ကြာတယ်ပြောတာဘဲ...။
အဲတော့က အဖေ့မှာ ပြောမကုန်တဲ့ စွန့်စားခန်းတွေ ရှိတယ်...ရန်သူ၊ ပျောက်ကြား၊ တောတွင်း သဘာဝရန်....နောက်ဆုံး..
သရဲတစ္ဆေနဲ့ တွေ့ ရတာတွေက အစပေါ့...။
ကျနော်တို့  မောင်နှမတွေကတော့ သရဲတစ္ဆေအကြောင်းဆို ပိုကြိုက်ကြတယ်...အဖေပြောနေပြီဆိုအဖေ့ဘေးမှာ ၀ိုင်းပြုံနေတာဘဲ...
နောက်ကိုလဲ လှည့်ကြည့် လှည့်ကြည့်နဲ့ ...ကျောချမ်းတာကိုး...။
အဖေကလည်းပြောပြီဆို အာဝဇ္ဇန်းကောင်းပ....ဘလက်ကော်ဖီိလေးသောက်လိုက် ဆေးလိပ်လေးဖွာလိုက်နဲ့ ...ပြောလိုက်တာများ..သူပြောတဲ့ သရဲတောင် ပြန်ငေးပြီးနားထောင်ရလောက်တယ်...။အဟုတ်။
လွိုင်လင်တပ်မှာ နေတုန်းက အဖေကညဆို အပြင်ထွက် မြို့ ထဲမှာလျှောက်လည်....မိုးချုပ်ညဥ့်နက်မှ ပြန်လာ...အဲဒီမှာ ယူကလစ်ပင်
တွေ ကြားက မဲမဲအကောင်ဆင်းလာ ပြီး ဆေးလိပ်မီး တောင်းညှိတာပေါ့...လက်မှာလဲ အမွှေးရှည်ကြီးတွေနဲ့ တဲ့ ...အဖေကအေးဆေးဘဲ...စကားတွေ ဘာတွေတောင် ပြောနေသေးတာ...တဲ့ ။မီးညှိပြီးသွားရင် ခြေသံဘဲ ကြားရတယ်....အကောင်မတွေ့ တော့ဘူး...အဲဒါ ခဏခဏတဲ့ .။။တော်ရုံသတ္တိဆိုဗျာ...ဘယ်ရမလဲ...ပြေးတာပေါ့..၊ အဖေကတော့ စကားစမြည်တောင်ပြောသေးတာ၊ ၊
ရှေ့ တန်းမှာ ဆိုလည်း ခဏခဏဘဲတဲ့ ...သရဲတစ္ဆေနဲ့ တွေ့ တာ..။
မာမီနဲ့ အိမ်ထောင်ကျပြီး တောင်ငူမှာ လိုက်နေသေးတာ..တောင်ငူအိမ်နောက်ဖက်မှာ ရေတွင်းတစ်တွင်းရှိတယ်တဲ့ ...ညဘက် အဖေ အပြင်ထွက်ဆေးလိပ်သောက်တော့ လျှာတန်းလန်းနဲ့ သရဲ က ရေတွင်းဘောင်ပေါ်ကထိုင်ပြီး ခြောက်ပြလို့  အဖေ ပြေးထိုးပစ်တာ..
သရဲ က ကျွတ်သလိုတောင်ဖြစ်သွားတယ်တဲ့ ..။
အဲလိုများ တောင်ငူ သရဲ အကြောင်းပြောရင် တောင်ငူသူ မာမီပါ သူ့ ဘာသာ စာဖတ်နေရာကနေ ဟိုလှဲ့ ဒီလှဲ့ နဲ့ ကျနော်တို့ ဝိုင်းနား လာကပ်ထိုင်တော့တာ...။ နောက်ပြီး ကျနော်တို့ နေတဲ့ မြို့ လေးကလဲ ခြောက်တဲ့ နေရာ တော်တော်များတာ...။ဆန်စက်တွေနားက သံလမ်းဂိတ်ဆို ..ညဘက်ဘယ်သူမှ မဖြတ်ချင်ကြဘူး...အဖေက သွားတယ်...တစ်ယောက်ထဲဘဲ..။အဖေက ညဥ့်ဘက်သွားရင် လက်နှိပ်
ဓါတ်မီးတစ်လက်နဲ့  ၂တောင်ကျော်ရှည်တဲ့  ၀ါးရင်းတုတ် တစ်ချောင်း အမြဲ ဆောင်တာ..။ သံလမ်းဂိတ်က သရဲဆို ညဘက် ဂိတ်တံခါးပေါ် တက်ထိုင်ပြီး လာသမျှလူ ဆေးလိပ်လိုက်တောင်းညှိတာလို့ ပြောကြတာ..။
အဖေတစ်ည အဘွားတို့ အိမ်ကပြန်လာတော့ သံလမ်းသရဲ ဆေးလိပ်တောင်းညှိတယ်တဲ့ ...။အဖေပြောတာတော့ ပေးညှိလိုက်တဲ့ အပြင်..ဘယ်ကလဲ..ဘာလို့ သေတာလည်း...မကျွတ်သေးဘူးလား...ဘာညာတောင်စကားစမြည် ပြောလိုက်သေးဆိုတာဘဲ...။
အဖေ့ကို အထင်ကြီးတာ အဲဒါတွေ...အဖေက ကျနော့်အမြင်တော့ တစ်ကယ့် သူရဲကောင်းပါ...။
ဒါပေမယ့်ကျနော့်မှာလည်း ဒီသူရဲကောင်းလက်နဲ့ အဆော်ခံရမယ့်ကံက နဂိုထဲက အကျင့်ပါနေတော့...တစ်ချီမှာ ထိပ်တိုက်တွေ့ တာဘဲ...။
ကျနော်က ငယ်ငယ်တည်းက ရုပ်ရှင်ပြတာ၊ဖန်တီးတာကို ၀ါသနာပါတာ...အဘွားတို့ ကလည်း ရုပ်ရှင်လုပ်ငန်းလုပ်နေတာဆိုတော့ ရုပ်ရှင်ပြတဲ့ လူတွေဆီမှာ ဖလင်လေးတွေတောင်း...မီးနဲ့ ထိုးပြ...သိတင်းကျွတ်မီးပုံးလုပ်တဲ့ ရောင်စုံစက္ကူလေးတွေနဲ့ ဆလိုက်ထိုး...
အမျိုးမျိုးလုပ်တာ...။
ဒါပေမယ့် အိမ်ကလူတွေက ကျနော်ဓါတ်မီးလက်နှိပ်မီးကိုင်တာကို မကြိုက်ကြဘူး...ရုပ်ရှင်ဆလိုက်ထိုးရိုးရိုး ၊ ဓါတ်ခဲတွေ ခဏလေးနဲ့ အားကုန်တာကိုး..။ ဖွက်ထားလဲ ရအောင်ရှာပြီး ဆော့တာ..။တစ်ညနေတော့ လက်နှိပ်မီးအဖဲ့ ဖွင့် မှန်ဝိုင်းလေးကို ထုတ်၊ပြီးမှေ၇ာင်စုံစက္ကူ နီ၊၀ါ၊စိမ်း ၃ရောင်ကို မှန်အတွင်းထဲကကပ် ...ပြီးတော့ အဖုံးပြန်ပိတ်၊ဒါဆို ခဏခဏ မကွာထွက်တော့ဘူး..။
ပြီးမှ ရောင်စုံဆလိုက်ထိုးပြီး...ဆေးရောင်စုံ ရုပ်ရှင် ထွင်နေတာ...။အမှောင်ချောင်လေးထဲမှာ ကစားနေတုန်း...ထမင်းစားမယ် ညီညီရေ...ဆိုတော့ ၊ဓါတ်မီးလေး အသာထားပြီး မိသားစု ထမင်းစားလိုက်တာ...ကစားတာကို မေ့ သွားရော...။
ထမင်းစားပြီးတာနဲ့ အဖေက မြို့ ထဲ ထွက်တော့တာဘဲ...အဲလို မြို့ ထဲသွားမယ်ဆို လမ်း၃လမ်းဘဲရှိတာ...လူများတဲ့ ဘူတာရုံလမ်းဆို ဝေးတယ်...နောက်တခုက ခုနင်ကပြောတဲ့ သံလမ်းဂိတ်...နောက် အနီးဆုံးဖြတ်လမ်းက...ကန်ကြီး ကန်လေးလမ်း...ကန်၂ကန်ကြားမှာ လမ်းဖြစ်နေတာ...ဆိုးမှဆိုး...နာမည်ကြီးတယ်...လူတိုင်းညဆို လက်ရှောင် ခြေထောက်ရှောင်ဘဲ...ဘယ်သူမှ မသွားရဲဘူး...။
အဖေကတော့ ပြောတယ်...ကန်လမ်းကဘဲ သွားမယ်တဲ့ ...မာမီကတောင်ပြောသေးတာ“ ဘူတာကသွားပါလား..ဒီကန်လမ်းက
သွားမလို့ လား” ဆိုတော့..
“ မြင့်...ရာ..၊ ကိုယ့်ကို ဘာကောင်က စမ်းရဲမှာလဲ..လာစမ်းပါ” တဲ့ ..။
အဖေထွက်သွားပြီး ...၈ မိနစ်လောက်နေတော့ ပြေးလွှားသံ ကြားရပြီးအမောတကြီးနဲ့ အဖေ ပြန်လာတာ...ကျန်တဲ့ မိသားစုက အဖေများရန်ဖြစ်လို့ လားပေါ့...အဖေက မပြောဘူး ..အကိုကြီးနဲ့ အကိုလတ် ၂ယောက်..ကို လက်နက်တွေ မီးအိမ်တွေ ယူပြီးသွားကြဘို့ ပြောတော့..
စိုးရိမ်တာပေါ့...အဖေကပြောတယ်“ ဒီတခါခြောက်တာ အကောင်ကြီးတဲ့ ၃ကောင်ပေါင်းခြောက်တာတဲ့ ..သူက လမ်းကြားကို လက်နှိပ်မီးနဲ့ လှမ်းထိုးလိုက်တာ...လူနီ(မှင်စာ) တွေ အစိမ်းသေတွေ..ခြုံကြားကထိုးထွက်လာလို့ လက်နှိပ်မီးတောင်ပစ်ချပြီး အိမ်ပြန်လက်နက်လာယူတာ့“ ပြီးတော့ ဒါးတွေလှံတွေနဲ့ ချီတက်သွားတာ...။
ကန်ကြားရောက်လို့ ခြောက်တဲ့ နေရာ ရောက်တော့ အဖေက စိန်ခေါ်ထုတ်တာပေါ့...
ဘာမှ ထွက်မလာဘူး။ဒီတော့ အကိုကြီးက ဘယ်လိုဖြစ်လို့ လည်း ဆိုပြီးအကိုကလည်း ကျနေတဲ့ ဓါတ်မီးလေး ကောက်ယူပြီး...
ကောင်းသေးလား..မီးသီးကျွမ်းသွားပြီလား သိချင်လို့ ခလုပ်နှိပ်လိုက်မှ...အဖေပြောတဲ့ သရဲတွေ အကို့ မျက်နှာမှာလာပေါ်တော့တာပေါ့...။
အကိုလတ်က ရောင်စုံ ဆလိုက်တွေပါလား ဆိုမှ...။
အဖေ့ဒေါသ က မှင်စာတွေ အစိမ်းသေတွေ ဘက်ကနေ ကျနော့်ဘက်လှည့်တော့တာပေါ့..။
အိမ်ပြန်ရောက်တာနဲ့ ညီညီ လာဦးဆိုပြီး နားရင်းကို ၄ ချက်လောက် ဆော်တာ...လူကို မူးသွားတာဘဲ..။
ကျနော်ကလည်း “ ကျနော် ဘာလုပ်လို့ လည်း”ဆိုတော့...
မင်းငါ့ဓါတ်မီးကို ဘာယူလုပ်ထားလဲ..ဆိုမှ၊ ကျနော်သတိရတာ...။
ကျနော်ကလည်းကျနော်...ရိုက်ခံထိလို့ ခေါင်းလေးပွတ်နေရင်း ဘယ်လို အတွေးဝင်သွားလည်း မသိပါဘူး...
“ အဟီး...ခွီးခွီးခွီး”ဆိုပြီး မထိန်းနိုင်ဘဲ ရီမိသွားရော....အဖေလေ...သွားနေရာကနေ လှည့်ပြန်လာပြီး...“မင်းက ရီတာလားကွ”နောက်တစ်ချက် ထပ်ဆော်လိုက်သေးတာ...။
ကျနော်လည်း ပါးစပ်လေးပိတ်ပြီး အဖေ့ကို မကြည့်ရဲတော့ပါဘူး....။
အဖေ့မျက်နှာတွေကလည်းရဲ နေတာဘဲ..။
မပြောချင်လို့ သာနေတာ...ရိုက်ခံရတော့ ကျနော်တစ်ယောက်တည်း.။ သိတာပေါ့...အကိုတို့ အမတို့ အမှောင်ကွယ်ပြီးပြုံးနေကြတာ။
အဲဒီကစပြီး ကျနော်လည်း ဓါတ်မီးမကိုင်ရတော့ဘူး...။
အဲဒီနောက်ပိုင်း အဖေလည်း သရဲ ဆေးလိပ်တောင်းညှိတာတွေ ဘာတွေ မပြောတော့ဘူး..။
ကျနော်က ဒါတောင် တခါတခါ မဆီမဆိုင်တွေးမိသေးတာ....
သံလမ်းဂိတ်က သရဲများကျွတ်သွားပလားပေါ့...တွေးဆို...ဘာသတင်းမှ မကြားရတော့တာ..။ ။
အဖေ့ကိုသတိယခြင်းများနဲ့ ...
ဆေးလိပ်သောက်တဲ့ 
သစ်နက်ဆူး
Wednesday, September 24, 2008
“ ရွှေရောင်အိပ်မက်”
မြတ်ဗုဒ္ဓသို့ ဆည်းကပ်ခြင်း ပို့ စ်တွင် အိပ်မက် အကြောင်းလေးကို မြှုပ်ထားခဲ့ ပါသည်...။ အိပ်မက်ဆိုတာက အမျိုးမျိုး မက်ကြသော်လည်း ယုံနိုင်စရာရှိသလို မယုံနိုင်စရာများကိုလည်း မက်တတ်ကြပါသည်...။ တစ်ခြားသူတို့ အား ပြန်ပြောလျှင်လည်း
ယုံချင်ယုံ မယုံချင်နေ...ဒါအိပ်မက်ပါ ဟု ပြောလည်းရသလို... အရေးမကြီးပါဘူးကွာ....ဒါကအိပ်မက်ပါ..သိပ်အစွဲအလမ်း မကြီးပါနဲ့ ဟု
ဖြေပြောလို့ ရတဲ့ အိပ်မက်တွေလည်း ရှိပါသည်....။
ကျနော့်အိပ်မက်သာလျှင် အင်မတန်ထူးခြားပါသည်ဟု ကျနော် မပြောလိုပါ..။ ဒါပေမယ့် လူငယ်တစ်ယောက်၏ ရှာဖွေနေသောကာလ၊ အချိန်၊ ဘ၀တစ်ခုကို ပြောင်းလဲဘို့  အတွေးဝင်နေချိန်၊ မသိနားမလည်မှုတို့ ကို စူးစမ်းနေချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် မက်ခဲ့ ရသော အိပ်မက်ကတော့ ဘ၀တစ်ခုလုံးကို ပြောင်းလဲ သွားစေခဲ့ တာတော့ အမှန်ပင်ဖြစ်ခဲ့ ပါသည်...။
စာဖတ်သူများ ယုံလျှင်လည်း ရပါသည်၊ မယုံပါ ဆိုလည်း ပြန်လည် ချေပရန် စကားမရှိပါ...။ ဒါ အိပ်မက်ပင်..။
ဒီ အိပ်မက်ကို မပြောခင်မှာတော့ ၇တန်းစတက်ကာစ အချိန်က မြတ်ဗုဒ္ဓ ပုံတော်ပန်းချီကားကို ပြန်ပြီး အစကောက်ရပါလိမ့်မည်...။
ဘုရားပုံတော်များ၊ ပြက္ခဒိန်များကို တွေ့ ဘူးသော်လည်း အမှုမဲ့ အမှတ်မဲ့ သာ ဖြစ်ပါသည်...မရေးဆွဲဘူးပါ..။
ကျနော်ငယ်ငယ်လေးနဲ့ ပန်းချီဆွဲတော်တာကို တစ်မြို့ လုံး သိပါသည်...တစ်ရပ်ကွက်လုံးလည်း သိပါသည်...။
ကျနော် တစ်ညနေ စာအုပ်တွေ လိုက်သိမ်းနေစဉ် ( အိမ်က စာအုပ်ဆိုင် မှ ဌားထားသော စာအုပ်များ) အသက် ၇၀ လောက်ရှိသော..
အဘွားအို တစ်ဦးကို လမ်းတွင်ဆုံပါသည်...သူက ကျနော့်ကို စောင့်နေတာပါ..။ အဘွားကို ကျနော်သိပါတယ်...သူ့ သားက အထည်ဆိုင်ကြီးဖွင့်ထားတယ် ..ပိုက်ဆံ ရှိတယ်။။ ဒါပေမယ့် အမေကိုတော့ တဲသေးသေးလေးမှာ ထားတယ်..ပစ်ထားတာပါ..။
အဘွားက “ ဟဲ့ ကောင်လေး...နင်မဟုတ်လား ပုံဆွဲတာ” လို့ စ” မေးပါတယ်..ကျနော်က ဟုတ်တယဲ့ အကြောင်း ပြန်ပြောပြတော့ ..သူက ပြက္ခဒိန် တစ်ခု ဖြန့် ပြပါတယ်....ဗုဒ္ဓ ဘုရားပုံပါ...။
ကျနော်ကလည်း အဘွား ဒီပုံက ဘာလုပ်ဘို့ လဲ..ကျနော်က မွတ်စလင်..တယောက်နော် လို့ ပြောတော့...
အဘွားသိပါတယ်တဲ့  ဒီပြက္ခဒိန်က ခေါင်းရင်းအိမ်က ဌားလာတာတဲ့ ...ဘုရားပုံတော် ဘုရားစင်မှာ ချိတ်ပြီး ပူဇော်ချင်တာ ..အဘွားမှာ စားဘို့ တောင် မလွယ်လို့  ပြက္ခဒိန် မ၀ယ်နိုင်ဘူးတဲ့ ..ငါ့  မြေး အဘွားကို ဆွဲပေးပါလားတဲ့ ..။
ကျနော်စိတ်မကောင်းဘူးဗျာ...တစ်ကယ်ပါ..။ ကျနော်စဉ်းစားတယ်...ဒါ ပြသနာ တက်နိုင်တယ်...လူရိုးရိုးပုံတောင် ဆွဲတာကို အိမ်က ကြိုက်တာ မဟုတ်ဘူးလေ.. အခုဟာက တစ်ခြားဘာသာရဲ့ ဘုရားပုံ..ကျနော့်အတွက် မလွယ်ပါဘူး...။
ကျနော် အဖြေမပေးနိုင်ဘဲ စဉ်းစားနေတုန်းမှာဘဲ...“ အဘွား..ဘုရားပုံတော် မကန်တော့ရတာ ကြာပါပြီကွယ်...ဆွဲပေးပါ ခလေးရယ်”
လို့  ပြောပါတယ်...။
ကဲ ..ဖြစ်ချင်တာဖြစ်ကွာ...။
“ ပေးအဘွား ..ဒီညဆွဲပြီး မနက်ဖြန် လောက်လာပေးမယ်...ဟုတ်လား” လို့ ပြောပြီး ပုံတော်ပြက္ခဒိန်ကို လိပ်ပြီး ရင်ဘတ်ကြား ထိုးထည့်ပြီး ယူခဲ့ ပါတယ်...။
ညရောက်တော့ အားလုံး အိပ်ချိန်ကျမှ ဘုရားပုံတော်ကို ကျနော် စဆွဲရဲပါတယ်....တညထဲ အပြီးရေးလိုက်တာပါ...။ တော်လွန်းလို့ မဟုတ်ပါ..ပြသနာ ကြီးတာ သိလို့ ပါ....။
ည ၂နာရီလောက်မှာ ပြီးသွားပြီး ..အိပ်ယာဝင်ဘို့ လုပ်ပါတယ်...အဲဒီမှာ ပုံထားဘို့ ခက်တာပါဘဲ...အခါတိုင်းလူပုံနဲ့ 
တခြားပုံတွေ ဆွဲပြီးရင် ဘေးမှာ၊ ထားတတ်ပေမယ့် ...ဘုရားပုံတော်ကို ဘေးမှာ ကျနော်မထားသင့်ဘူးဆိုတာတော့သိပါတယ်...နေရာကလည်း ခက်နေတယ်...။
ဒါနဲ့ ဘဲ ကျနော့် ခေါင်းရင်းမှာ ထောင်ထားပြီး အိပ်ခဲ့ တာပါ....။
.....။။။။.......
ခြေထောက်နဲ့ ဆောင့်ကန် လို့ နိုးလာတဲ့ အခါ ...အဖေ့ကို ဒေါသတကြီးနဲ့ တွေ့ ရပါတယ်..ကိုယ်ကလည်း အိပ်ချင်မူးတူးနဲ့  ဘာဖြစ်လို့ ဖြစ်မှန်း မသိပါဘူး....နောက်မှ အဖေ နားရင်းကို ရိုက်ထည့်လိုက်မှ မျက်လုံးက လန့် ပွင့်သွားတာ...။
ကျနော်ထင်တဲ့ အတိုင်း ပြသနာ တက်ပါပြီဗျာ...။ ဘာလုပ်တာလဲ ၊ဘယ်ကပုံလဲ၊ ဘယ်သူဆွဲခိုင်းလဲ၊ မေးတာစုံနေတာဘဲ...
ကျနော် အကြောင်းစုံ ပြောပြပါတယ်...အဘွားကို သနား လို့ ပါ ဆို တော့....ပုံကိုတော့ ဘာမှ မလုပ်ပါဘူး....
ခုချက်ခြင်း ဖြုတ် ၊ ပြီးရင် သွားပေးပြီး မင်းချက်ခြင်းပြန်လာတဲ့ ..။
ပုံတော်လေးကို သွားပေးတော့ အဘွားကတော့ ၀မ်းတွေသာနေတာ...ဆုတွေတောင်ပေးသေးတယ်...။
ဘာပြောကောင်းမလည်းဗျာ ပြန်ရောက်တာနဲ့  အကို ၂ယောက်ကို တိုင်မှ ကြိုးတုပ်ခိုင်းတာ..ကျနော်လုံးဝ မရုန်းရဲပါဘူး။
ကြိုးချည်ပြီးတာနဲ့ အဖေက ပြောနေရင်းက အမှတ်တမဲ့နဲ့ ကျနော် ဗိုက်နေရာကို ၀ါးရင်းတုတ်နဲ့ ဆောင့် ထိုးပစ်လိုက်တာဗျာ...
( အဖေ အဲဒီတုန်းက တော်တော်ရက်စက်တာ...ကျနော် ပါးစပ်ကပြန် အန်ထွက်ပြီး...အော်တောင် မအော်နိုင်ပါဘူး)။
ပြီးမှ ကြိမ်နဲ့ ရိုက်တာ အချက်ပေါင်း မနည်းဘူး...။
အဲဒီဒါဏ်ရာတွေနဲ့ ဘဲ ကျနော်တွေးတာပါ...
“ မြန်မာတွေ ကိုးကွယ်တဲ့  ဗုဒ္ဓ ဟာ သူတော်ကောင်းပါ...ဘာကြောင့် သူတို့ ဒီလောက်မုန်းနေတာလဲ...”
“ ဗုဒ္ဓ ဘုရားဆိုတာ ဘာလဲ”
“ဘာတွေများ တို့ ဘာသာနဲ့ ကွာခြားနေလို့ လဲ”...စတဲ့  အတွေးပေါင်းများစွာ ၀င်ခဲ့ ပါတယ်...
ကျနော့် ဘ၀မှာလည်း ဒိလောက် အသားနာမှတော့ ဒီအဖြစ်အပျက်ဟာ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲဗျာ...။
.....ကျနော် လဲ တစ်ဖက်လှည့်နဲ့ စုံစမ်းပါတယ်...သိပ်ပြည့်ပြည့်စုံစုံ မသိရပါဘူး...။
ဒီိလိုနဲ့  ဘော်လုံးကန် ပြီး ပြသနာ တက်၊ ခြံပြင်မှာ ထွက်အိပ်ရာက အိပ်မက်ကို မြင်မက်တာပါ...။
..........။ ။ ။...............
ကျနော် မြို့ ထဲက တရားသံကို နားထောင်ရင်း ဘယ်အချိန် အိပ်ပျော်သွားမှန်းမသိခဲ့ ပါ......ဆိုးဝါးစွာ အသံနက်ကြီးဖြင့် အော်ဟစ်ငြီးညူ
သံ၊ ငယ်သံပါအောင် အော်ဟစ်ငိုယိုနေသောအသံ...ခွေးအူသံ....အို ...နားမခံနိုင်လောက်အောင် အော်ဟစ် ငိုယိုသံ...ကလေး လူကြီးများ အော်သံ ကို နားကွဲမတတ် မခံနိုင်အောင်ပင် ကြားနေရသည်....ရင်ခေါင်းသံဟု ပြောရမလား...လှိုဏ်သံပါသည်ဟု မခွဲခြားနိုင်သော...
အသံတစ်ခုကို ကြားလိုက်မိသည်...
“ ဒါ ..လက်ရှိ ကမ္ဘာကြီး ပျက်စီးနေတာ” ဟုပြောသဖြင့် မျက်စိဖွင့်ကြည့်လိုက်ရာ...ခလေး၊လူကြီး ယောက်ကျာင်္း ၊မိန်းမ အရွယ်စုံ အော်ဟစ်ငိုယို ပြေးလွှားနေကြသည်....ကြည့်ရရုပ်ဆိုးလွန်းသော လူကောင်ကြီးများက လိုက်ဖမ်းသည်..သံချွန်များနှင့်ထိုးသည်..ပြေးလို့ လည်း မလွတ်နိုင်ပါ...
“သူတို့  အပြစ်တွေ ခံရတော့မယ်” ဟု ဘေးကပြောပြသည်..
ကမ္ဘာ မြေကြီးမှာလည်း နီရဲပြီး မီးကြီးခဲကြီးလို နီရဲ ပူလောင်နေသည်...ပတ်ကြားအက်ကြီးများ ပေါ်လာပြီး လူတချိုး ကို ဆွဲချကြသည်...မြေပြင်မှာလည်း ရပ်လို့ မရအောင်ကို မီးကျီးခဲ ဖြစ်နေသည်...။ ဘယ်ကဘယ်လို ထွက်လာမှန်း မသိရသော ချော်ရည်ပူများက လူတွေကို ဖုံးအုပ်သည်...။ သနားမည့်သူ ဘယ်သူမှ မရှိ ။ ကယ်မယ့်သူ မရှိ..ဖြစ်နေတာက တစ်နေရာထဲ မဟုတ်ပါ...
ကျနော့်ကို အမြင့် တနေရာမှ ပြပေး နေခြင်းဖြစ်သည်...ထူးဆန်းသည်မှာ ကမ္ဘာ တခုလုံးကို ခြုံပြီး မြင်နေရခြင်းပင်...။
မြင်နေရသမျှ အနိဌာရုံ မြင်ကွင်းများကို ပြပေးပြီး ၊ရှင်းပြနေသော သူကို ကျနော် မမြင်တွေ့ ရပါ ..အသံကိုသာ အနီးကပ် ကြားနေရပါသည်...။နောက် အရာအားလုံးမှောင်အတိကျသွားပါသည်...။
အနည်းငယ်ကြာမှ အဝေးက ရွှေရောင် အလုံးလေးတစ်လုံး လည်ပြီး ပေါ်လာပါသည်.....
“ အဲဒါ လက်ရှိ ကမ္ဘာ ပျက်ပြီးတဲ့ နောက် ၊ ထပ်ဖြစ်လာမယ့် ကမ္ဘာသစ်ဘဲ” ဟု ရှင်းပြသည်...။
အနီးကပ် ဖြစ်လာသောအခါမှ ထိုရွှေေ၇ာင်ကမ္ဘာလုံးပေါ်တွင် ရွှေသားအတိပြီးသော...ဘုရား ပုံတော်ကိုတွေ့ ရပါသည်....။
“ အဲဒါ နောက်ကမ္ဘာမှာ ပွင့်မယ့် ဘုရားရှင် ” ( မဟာမြတ်မုနိ ဘုရားနှင့် ပုံသဏ္ဏန်တော်တူပါသည်..ခန္ဒာကိုယ်တော်မှာ အနည်ငယ် သွယ်ပါသည်)....။
ကြည်ညိုစရာ အလွန်ကောင်းပါသည်..ဖူးတွေ့ ရသည်မှာလည်း တကိုယ်လုံးပီတိ ဖြစ်နေစဉ်တွင်...ဘုရားရှင်၏ နလေးတွင် တစ်ကိုယ်လုံး ပြောင်လက်မေသော အ၀တ် အစား၊ အသားရောင်မှာလည်း ရွှေရောင်တွေ ထွက်နေသော နတ်တစ်ပါးကို တွေ့ ရပါသည်..
ထို့ နောက် ဘုရားရှင်က ထိုနတ်သားကို ပါဠိဘာသာဖြင့် စကားတွေ ပြောနေပါသည်...။
ထိုနတ်သားမှာ လက်အုပ်ချီလျှက် နားထောင်နေပါသည်...။
“ အဲဒါ ဘယ်သူလဲ...သိလား” ဟု ဘေးက မေးရာ..ကျနော်က..“ မသိပါဘူး...” လို့ ပြန်ပြောတော့...
မျက်နှာကို သေချာကြည့်ပါ” ဟု ပြောပါသည်....ကျနော် က မျက်နှာကို သေချာကြည့် နေစဉ်မှာပင် ထိုနတ်သားက လှည့်ကြည့်လာရာ...ကျနော် အံ့သြရပါတော့သည်...ကျနော့်မျက်နှာနှင့် ချွတ်စွတ် တူနေခြင်းပင်...။
ထိုအခါမှ...အသံသြသြဖြင့် ...
“ နောင်ပွင့်လာမယ့် ဘုရားရှင်ရဲ့ ပထမဆုံး တရားကို နာ နေတဲ့ နတ်သားက မင်းကိုယ်တိုင်ဘဲ” ဟုပြောပြီး အသံများလုံးဝတိတ်သွားခဲ့ ပြီး တစ်ပြိုင်နက် လန့် နိုးလာခဲ့ သည်....။။
လူတစ်ကိုယ်လုံးမှာလည်း ကြက်သီးမွှေးညှင်းများထလျှက် အံ့သြ နေမိခဲ့ သည်...။
ပြီးမှ အိပ်မက်ကို သေချာပြန်တွေးပြီး ငါ...ဘာလုပ်ရတော့မယ်ဆိုတာကို သေချာသိခဲ့ ပြီး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့မိသည်...။ ။
.....ကျနော့်ရဲ့ အိပ်မက်လေးက ဒီလောက်ပါဘဲ...။
အမှန်အတိုင်းဆို ပြန်မပြောပြချင်ပါ........။ မပြောရဲပါ...ယခုလို ရေးမပြရဲလို့ မြှုပ်ထားခဲ့ ခြင်း ဖြစ်ပါသည်...။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရေးခဲ့ မိပါသည်....။ အပို မပါပါ...ကမ္ဘာပျက်မြင်ကွင်းကိုသာ ပီပြင်အောင်ပုံဖော်မရေးနိုင်ခြင်း တစ်ခုသာ လို အပ်ချက်ဖြစ်ပါသည်...။
မဟုတ်မမှန်ဘဲ လူအထင်ကြီးအောင် လုပ်ကြံ ရေးသားခြင်း၊ ပိုမို ပြောခြင်း၊ လိမ်ညာပြောခြင်းများဖြင့် ဒီစာကို ရေးသားခဲ့ ပါက မဟာ အ၀ီဇိ ငရဲတွင် မကျွတ်တမ်း ခံရပါစေသားဟု...ကျနော် သစ္စာ ဆိုပါသည်... ။
လူ့ ဘ၀သည် ရခဲပါသည်....
လူ ဖြစ်ပြီးတော့လည်း လူလို သိဘို့ ခက်ပါသည်...
လူသားဖြစ်ခဲ့ လို့ လဲ တရားများကို နာခွင့်ရခဲ့ ပါသည်...
လူဖြစ်ပေမယ့်...တရားစစ်တရားမှန်ကို တွေ့ ဘို့ ခက်ခဲလှပါသည်....။
အားလုံးထပ်တူထပ်မျှ ရွှင်လန်းချမ်းမြေ့ ပါစေ..။
သစ်နက်ဆူး
Tuesday, September 23, 2008
“ မြတ်ဗုဒ္ဓသို့ ရှာဖွေခြင်း ”
ကျနော်ကလည်း ရိုက်သလောက် မမှတ်ပါဘူး...။ ငိုရတာကလည်း ခဏခဏပါ...။ ကျနော် ငိုနေပြီဆိုရင် ဘေးအိမ်က အဘိုး ကျော်ဒင်က လာခေါ်သွားတာပါဘဲ...။ အဘိုးကျော်ဒင်ဆိုတာ နာဂ အဘိုးကြီး တယောက်ပါ...သူ့ သမီးက သားဖွားဆရာမ ၊ သူတို့  နေတာက မိခင်နှင့် ကလေး စောင့်ရှောက်ရေးဌာန အိမ်လေးမှာပါ..။ကျနော်တို့ အိမ် နဲ့  လမ်းတခုဘဲ ခြားတာ။။
အဘိုးတို့ က ခရစ်ယာန် ဘာသာ ဗျ..။ ကျနော်ငိုနေရင် သူ့ အိမ်ကို ခေါ်သွားပါတယ်..ပြီးတော့ ရှိုက်ငိုနေတဲ့ ကျနော့်ကို မုန့် တစ်ခုခု ကျွေးပြီး....ခရစ်ယာန် ကျမ်းစာအုပ်ကို ဖတ်ပြတော့တာပါဘဲ..။ ကျနော်ကလည်း နားထောင်ပါတယ်..။
ယေရှုကိုတော့ ကျနော် ချစ်ပါတယ်..သူလည်းတော်တော် သီးခံနိုင်တာဘဲလေ..။ ဒီလိုပါရမီက ရှားပါတယ်..။
အဘိုးကလည်း သီးခံခြင်း တရားကို အထူး ဖတ်ပြ ၊ ပြောပြပါတယ်...
ကိုယ့်ရဲ့ ညာဘက်ပါးကို ရိုက်ရင် ၊ ဘယ်ဘက်ပါးကိုပါ ထိုးခံပေးဘို့ ...ဒါတွေလည်း ကျနော်သင်ရပါတယ်...။ ဒါပေမယ့် သူတို့ ခရစ်ယာန် ကျမ်းထဲက နာမည် တော်တော်များများက ၊အစ္စလာမ် ကျမ်းတွေထဲက နာမည်တူတွေ တော်တော်များတာ...။( သခင် ညိုသောင်းရဲ့ ဘာသာကြီး၎ရပ်ထဲမှာတော့ အစ္စလာမ်ဘာသာက ခရစ်ယာန် ဘာသာထက် နောက်ကျပြီးမှ ပေါ်လာတာ လို့ ဖတ်ရပါတယ်)..။
ဒါပေမယ့် ကျနော် သီးခံတာကို စတင် လေ့ကျင့်ပါတယ်...။
အကိုကြီးတွေက တခါတခါ တစ်ခြားသော ကိစ္စတွေနဲ့ စကားများလို့ ရိုက်ရင်လဲ၊ ကျနော်ဘာမှ ပြန်မလုပ်တော့ဘူး..။ ဒီအတိုင်းငြိမ်ခံနေတာ( အရင်က ပြန်ချတယ်ဗျ...အကိုကြီးက ကရာတေး သမား၊ အကိုလတ်က ဗန်ဒို..သူတို့ လေ့ကျင့်တာကို ကျနော်က လိုက်ကျင့်တာ...သူတို့ ကျနော့်ကို ဆော်ရင် သူတို့ အကွက်နဲ့ ဘဲ ၂ခုပေါင်းပြီး ချတာ...ဘာကွက်မှန်းတော့ ကိုယ့်ဟာကို မသိပါဘူး...သူတို့ လဲထိတာပါဘဲ)...။ အဲဒိလိုငြိမ်ခံနေပြန်တော့လဲဗျာ “ ဘာလည်း မင်းက မမှုတဲ့ သဘောလား....မင်းအတွင်းအားက တော်တော်အဆင့်မြင့်နေပြီလားဆိုပြီး” ထပ်ချပြန်ရော...။သူတို့ စိတ်ထဲမှာ ကိုယ့်ကိုများ ရှောင်လင်ဘုန်းကြီးထင်နေလားမသိ..။
နာတာပေါ့ဗျ...လူရိုးရိုးဘဲဟာ..။
ဒါနဲ့ ကျနော်လည်း အဘိုးကို ပြောရတာပေါ့ “ အဘိုး သူတို့ ဟာကလည်း သီးခံလေ ပိုဆော်လေပါလား” ဆိုတော့...
အဘိုးကလည်း အားပေးပါတယ်...
“ ခံနိုင်သလောက်သာ ဆက် ခံ၊ မခံ နိုင်တော့ရင် အဘိုးဆီ ပြေးလာခဲ့ ” တဲ့..။
ဘာဘဲ ပြောပြောပါ..အဘိုး ဖတ်ပြတဲ့  ခရစ်ယာန် ကျမ်းစာလေးတွေက ရင်ကိုတော့ အမော ပြေစေတာ အမှန်ပါ...ဒါပေမယ့်
ကျနော် ကျမ်းဟောင်းတော့ မကြိုက်ဘူး...ကျမ်းသစ်ကိုဘဲ ကြိုက်တာ..။
နောက်ပိုင်း အဘိုးတို့ မိသားစု ရန်ကုန်ကို ပြောင်းသွားကြပါတယ်..သူ့ သမီး ရာထူးတက်လို့  ပြောင်းရတာပါ...ဆရာမကြီး နာမည်တောင် မှတ်မိပါသေးတယ်...ဒေါ်ခင်မြဒင်..တဲ့ .။
ကျနော်လည်း အဘိုး မရှိတော့ ပိုအားငယ်မိပါတယ်...။ ပြသနာတွေကလည်း ပိုများပါတယ်..။
၇ တန်း ကျောင်းသားဖြစ်လာတော့ စာတွေ ပို ဖတ်ဖြစ်လာပါတယ်...( စကားမစပ် ပြောပါရစေ..မမိုး( မမိုးချိုသင်း) ကွန်မန့် တခု ထဲမှာ
အဖေရောသားရော အစွန်းရောက်တွေပါလားတဲ့....မမိုး တွေးတာ တော်တော်မှန်ပါတယ်..) စာကြည့်တိုက်တွေမှာ ဘာသာရေးနဲ့ပါတ်သက်တာတွေ ရှာဖွေရင်းကနေ“ သခင်သန်းထွန်း ပ+ဒု” ကို ဖတ်မိပြီးတော့ စိတ်တွေ ရိုင်းလာပါတယ်...ဖိနှိမ်ခံများတော့.....
ပေါက်ကွဲလာတဲ့ သဘောပါ...။ ကြောက်တတ်တာတွေ နည်းလာပါတယ်...။
အိမ်မှာ အဖေ စကားပြောရင် ဘယ်သူမှ မျက်လုံးလှန် မကြည့်ရဲပါဘူး...ကြည့်ရင် အဖေ ကလည်း အာခံတာလား ခြေရာတိုင်းတာလားဆိုပြီး ရိုက်ပါတယ်...။
ကျနော် အဖေ နဲ့ စကားပြောရင် ပြန်စိုက်ကြည့်ပါတယ်...အဖေက မင်းက ဘာကောင်မို့ ကြည့်တာလဲ ဆိုရင်...
“ ကိုယ့် အဖေကို သားတစ်ယောက် က ပြန် ကြည့်ပိုင်ခွင့် မရှိဘူးလား” လို့ ပြန်မေးရဲ လာပါပြီ။
ဘေးက အမ ကတော့ အဖေ မမြင်အောင် ဆွဲဆိတ်ပါတယ်..။
အဖေက အဲဒီကြမှ “ ကြည့်ရင်ရိုးရိုးကြည့်...မိုက်ကြည့်တော့ မကြည့်နဲ့ လို့ ပြောပြီး ထွက်သွားပါတယ်..။
အမက တော့ ပြုံးစိပြုံးစိနဲ့ ...ကျနော်ကို သဘောတွေကျပြီး...မုန့် ဘိုးတွေ ဘာတွေ ပေးပါတယ်..။
ဒီလိုနဲ့ ဘဲ ကျနော့်ဘ၀ အကြီးအကျယ် ပြောင်းလဲ စေဘို့  အချိန်ကျလာခဲ့ ပါတယ်...။
ပြသနာက ကျနော့် အထက်က အကို( ယခု အင်ဂျင်နီယာ) နဲ့ ပါ..။ ကျနော်တို့  ဘော်လုံးကန်ကြပါတယ်...ဘော်လုံးကွင်းက အိမ်ရှေ့ မျက်နှာစာမှာပါ...အိမ်ရှေ့ ဝရန်တာက ကြည့်ရင် အတိုင်းသား တွေ့ ရပါတယ်...။ မာမီ က အိမ်ရှေ့ ဝရန်တာ မှာ ၀တ္တုဖတ်နေတာပါ...။
ဘော်လုံးကန်တော့ ကျနော်က တစ်ဖက်သင်း..အကိုက တစ်ဖက်သင်းပါ... လူငယ်တွေ အပျော် ကစားတာဘဲဗျာ..ဒိုင်တွေ ဘာတွေ ဘယ်ပါမှာလည်း...။
အဲဒီမှာ အကို ကညစ်တော့ စကားများကြတာပေါ့...သူ့ လက်ထိတာကို ကျနော်တို့ ဂိုးသမားက တွေ့ တော့ ပြောတာပါ ၊ သူကလက်မခံတော့ ကျနော်နဲ့ ဆက်ဖြစ်တာပါ...အဲဒီမှာ အမေက လှမ်းကြည့်နေတာ ဖြစ်မှာပါ...။
အကိုက မဆဲသင့်တဲ့ စကားလုံးနဲ့ “ ငါ............သား” ဆိုပြီး ဆဲပါတယ်... ကျနော်က ညီအကိုချင်းဒီလို မဆဲသင့်တဲ့ အကြောင်းပြောတော့ သူက လဲ ဆဲတော့ ဘာလုပ်ချင်လည်း ဆိုပြီး နောက်တစ်ခွန်း ထပ်ဆဲပါတယ်...ကျနော်လည်း ဒီအမေကဘဲ မွေးထားတာပါ ..အမေကိုထိတော့ ကျနော် မွှန်သွားပါတယ်... ဒေါသဖြစ်ပြီး ဘယ်ခြေထောက်နဲ့ ကစ်ပစ်လိုက်တာ.. အရှိုက်ထိပြီး..
မြက်ခင်းပေါ်မှာ ဆန့် နေတာဘဲ ၊ ခေါ်လို့ တောင်မရတော့ဘူး...။
ကံဆိုးချင်တော့ အမေက ကျနော် ကန်တာကို ဘဲ မြင်လိုက်တာပါ...ဝေးနေတော့ ဆဲတာကို မကြားပါဘူး....။
အကို့ ကို ကစားဖော်တွေက ၀ိုင်းထမ်းပြီး အိမ်ကို သယ်လာကြတာပေါ့...။ ကျနော့် အမေဗျာ...ဘာဖြစ်လို့ နင်ရိုင်းစိုင်းတာလဲဆိုပြီး ..ရိုက်လိုက်တာ...။ ကျနော် သူဆဲတဲ့ အကြောင်း ပြောပြလဲ မရပါဘူး...ကျနော်လွန်တယ်တဲ့ ...။
သူငယ်ချင်းတွေ ၀ိုင်းပြောလဲ လက်မခံပါဘူး...။ ရိုက်တာဗျာ ရက်ရက်စက်စက်ဘဲ...။
ကိုယ်ကလည်း ဘော်လုံးကန်နေတာ ဆိုတော့ အကျီ င်္ ၀တ်ထားတာမဟုတ်။ အားကစားဘောင်းဘီတိုလေးနဲ့ ..။
တုတ် ဘယ်နှစ်ချောင်းကြိုးလဲဆိုတာ ကျနော်မသိဘူး....အမေပြောတယ်.....။
“ နင်မျက်ရည်ကျမှ ၊နာတယ်ပြောမှ ငါရပ်မယ်” တဲ့ ..။ သြော် ..မာမီရယ်...ကိုယ့်အမေကို ထိပါးပြောလို့ လုပ်မိတာကို...
နာတယ်ပြောမှ ၊မျက်ရည်ကျမှ ရပ်မယ်ဆိုတော့....မာမီရိုက်တာထက်...အမေနဲ့ ကိုင်ဆဲခံရတာက ပိုနာတာပါ...
ကျနော် အမေ့သားပါ..။
အမေကဲပာလဲပြော ရိုက်လည်းရိုက်ပါ....ကျနော် မျက်ရည် မကျပါဘူး...ခန္ဒာ ကိုယ်ကတော့ တော်တော်နာနေပါပြီ...။
ဘေးက အမ ဆွဲတာလည်း မရပါဘူး....ကျနော့် ကျောပြင်လဲ စုတ်ပြတ်နေလောက်ပါပြီ...။
ငယ်သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်...ဘေးကနေ အော်ပေးကြတာလေ...
“ ဟေ့...ညီညီ နာပါပြီ လို့ မင်းပြောလိုက် လေ...ငို ချလိုက်ကွာ” နဲ့  ခြံစည်းရိုးကြားက အော်နေကြတာ..။
နောက်ဆုံး မာမီ မောသွားမှ ..အမကို ဆေးလိမ်းခိုင်းပါတယ်...အမကလည်း ငိုတာပေါ့...ကျောက အထိတောင် မခံနိုင်တဲ့ ဟာ..။
ပရုပ်ဆီတွေ လိမ်းတော့ စပ်တာပေါ့...။
ပြီးတာနဲ့ အဖေ အပြင်က ရောက်လာတော့ ဘာဖြစ်နေတာလဲမေးပြီး ...အမိန့် ချပါတယ်..သူတို့ အချစ်တော်သားလေးကိုမှ ထိသွားတာကိုး..။ ခြံပြင်ထုတ်ပြီး သော့ခတ်ထားလိုက်တဲ့ ။
ကျနော် ခြံ ရှေ့ က တမာတုံးကြီးပေါ်မှာ ငိုနေမိပါတယ်...စကားသံတောင် မထွက်နိုင်တော့ပါဘူး...ချမ်းကလည်းချမ်းတာပေါ့...
အရမ်းမောပြီး ပင်ပန်းလွန်းနေတော့ လှဲချချင်တာနဲ့ ....တမာတုံးပေါ်မှာဘဲ အသာလေး လှဲချ မိပါတယ်....။
နောက်ဆိုးဝါးလွန်းတဲ့  ကံ ကို တွေး နေရင်းကနေ ......ဟိုးအဝေးက အသံ တစ်ခုကို ကြားမိပါတယ်...။
ဟိုး မြို့ လယ်ခေါင် သက်တော်ရှည်၊ သက်တော်ရ ဘုရားဘက်ကအသံပါ..။ တခြား မဟုတ်ပါဘူး....ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး တရားဟောနေတာပါ...အသံချဲ့ စက်နဲ့ ဆိုတော့ လေ အဝှေ့ နဲ့ ကြားရတာပါ...။
အယင်က ဘာသာခြား ဘုန်းကြီးရဲ့  တရားတွေကို လုံးဝ နားမထောင်ဘူးပါဘူး....။
သာယာ အေးမြလိုက်တာဗျာ...နားထဲမှာ ဖော်မပြတတ်အောင်ပါဘဲ...။ ဘုန်းကြီးဟောနေတာက လောဘ၊ ဒေါသ၊ မောဟ တရားတွေရယ်... သံသရာမှာ အဖန်ဖန် ကျင်လည် ကျက်စားနေရတဲ့ သတ္တ၀ါတွေရဲ့ ဘ၀ အမျိုးမျိုး...အတိတ်ဘ၀ ပြုဘူးသောကံ ကြောင့် လက်ရှိရနေသော ဘ၀မှာ အကြွေးပြန်ဆပ်ရတဲ့ အကြောင်း......ဟာဗျာ...ရင်ထဲကို စိမ့် နေအောင် ၀င်သွားတာ...
ပြီးတော့ ကျနော် နားထောင်ရင်း အိပ်ပျော်သွားရာကနေ...ထူးဆန်းတဲ့ အိပ်မက်ကို မြင်မက်ရတော့ တာပါဘဲ...( အိပ်မက်ကိုတော့
ရေးမပြတော့ပါ...ရင်းနှီးစွာဖြင့် မေးလာလျှင်.. မေးလ်မှ တစ်ဆင့် ပြောပြနိုင်ပါသည်...ပြောပြလည်း ယုံနိုင်ရန် မလွယ်ပါ)..။
အိပ်မက်ကနေ လန့် နို့ လာပြီးတော့ ကျနော် ကြက်သီးတွေ ထပြီး.....ကျနော် ဘာကို လုပ်ကို လုပ်ရတော့မယ်ဆိုတာ သိခဲ့ ရပါတော့တယ်..။ အဲဒီနောက်တော့ ၉တန်းစာမေးပွဲ နောက်ဆုံးနေ့ မှာဘဲ အိမ်မှ အပြီးထွက်ခွာလာခဲ့ပြီး...ကိုယ်ယုံကြည် ချက်အတိုင်း...ရှာဖွေ ဆည်းကပ်လေ့လာခဲ့ ပါတော့တယ်...။
လေ့လာလေ တွေ့ ရှိလေ...သိမြင်လာလေ နူးညံ့လေ...ဖြင့်...
မိမိ သိရှိ ရရှိထားသော တရားအလုံးစုံအား ကြိုက်သလို မေးခွင့်ရှိသော.......
ငါပြောတိုင်း မယုံနဲ့ လက်တွေ့ လုပ်ကြည့်ပြီးမှ ယုံဟု....ရင်ကိုဖွင့်ကာ သတ္တ၀ါတို့ အား မေတ္တာ ဖြန့်ကျက်တော်မူသော...
လက်တွေ့  စမ်းသပ်ခံနိုင်သော.....တံခါး ပိတ်မထားသော...ကျနော် လေးစား မြတ်နိုးလှသော.....
“ မြတ်ဗုဒ္ဓ” အား ရှာဖွေ တွေ့ ရှိခဲ့ ရပါတော့သည်...။ ဆည်းကပ် ကိုးကွယ်ခဲ့ ပါသည်...။
တရားတော်ကိုလည်း နိုင်သမျှ ကျင့်ကြံ အားထုတ် နေခဲ့ ပါတော့သည်....။
(စာကြွင်း) လူတစ်ယောက်သည်...မိမိ ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိကြပါသည်....မည်သည့် ဘာသာမဆို သူ့ အတိုင်းအတာ သူ့ ယုံကြည် ချက်နှင့်တော့ ကောင်းကြမှာအမှန်ပင် ဖြစ်ပါသည်...ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ ဘူးပါသည်၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ ဘူးပါသည်)
ကျနော် ငယ်ဘ၀ အမြင်နှင့် ခံစားချက်များကိုသာ ရေးသားခြင်းဖြစ်သည့်အတွက် မည်သူနှင့်မျှ မငြင်းခုန်ချင်ပါ...။အားလုံးတော့
ကိုယ်ယုံကြည်ရာ ကောင်းမှာပင်..။ ကျနော့်ဘ၀ အကျိုးပေးရှေးရေစက်၊နှင့် ဆုတောင်းမှုကြောင့် သာ ဒီလို အဖြစ်မျိုးတွေ ကြုံခဲ့ ရခြင်း
ပင်ဖြစ်ပါသည်..။
ကြက်ဟင်းခါးစေ့ကို ဗူးပင်ကြားမှာ စိုက်သော်လည်း ခါးသော ကြက်ဟင်းခါး အသီးသာ သီးပါလိမ့်မည်...။
မျိုးစေ့မှန်မှ အပင်သန်ပါလိမ့်မည်....။
အားလုံးသော ဘာသာဝင်အပေါင်းအားလေးစားလျှက်
သစ်နက်ဆူး
Monday, September 22, 2008
“ မြတ်ဗုဒ္ဓသို့ ရှာဖွေခြင်း ”
ကြီးကျယ် မြင့်မြတ်ခြင်း...နှင့် အေးမြနွေးထွေးခြင်း....
ကြင်နာသနားခြင်းနှင့်......မဟာဂရုဏါကြီးမားခြင်း....
ဆုံးစမဲ့ ကျယ်ပြောလှသော စကြာင်္ဝဠာအတွင်းဝယ်................
မသိနားမလည်မှုတို့ ဖြင့် မကောင်းမှုတို့ တွင်သာ ပျော်ပါး ကျင်လည် နေရရှာသော သတ္တ၀ါ အပေါင်းတို့ အား
ကျွတ်လွတ် ချမ်းသာ စေ သော တရားမြတ်တို့ ဖြင့် ဆိုဆုံးမ ညွှန်ပြခဲ့ လေသော အရှင်ဘုရားအား
တရားအလုံးစုံကို သိမြင်သော မူသော “ မဟာဂရုဏါရှင် ဗုဒ္ဓ” အဖြစ် တပည့်တော်သည်
ဆည်းကပ် ကိုးကွယ် ပါ၏.
.မြတ်ဘုရား၏ တရားတော်တို့ အား ယုံမှားကင်းစွာဖြင့်...ကျင့်ကြံ အားထုတ်ပါ၏....။
...............................................................................
ကျနော့် ဘ၀ မှာ ငယ်စဉ် သိတတ်စကတည်း က ၊ နားလည်နိုင်စွမ်း မရှိသော၊ နားမလည်လို့ ပင် မေးမြန်းခွင့်
မရှိသော ဘာသာရေး အသိုင်းအ၀န်းတွင် ကြီးပြင်းခဲ့ ရသည်...။ ဘ၀ အဆက်ဆက်က ပြု ခဲ့ ဘူးသော အပြစ်ကြောင့်ပင်
ဖြစ်ခဲ့ လေသလားဆိုတာတော့ ကျနော် ပြောမပြတတ်ပါ...။
မတူညီသော စိတ်ဓါတ်၊ ၀ါဒ၊ အကျင့်၊ ယုံကြည်မှု အလေ့အထတို့ သည်ပင် ၊ ကျနော့်အား ဖိအားပေး ပူလောင်စေလှသည်။
တစ်ကယ်တန်း မျိုးရိုးစစ်ကြမည်ဆိုရင်တော့ နားမလည်နိုင်အောင်ပင်ဖြစ်ရသည်...။
ကျနော် ဖခင်၏ အဖေသည် အစ္စလာမ် ဘာသာဝင်ဖြစ်သည်...အဘွားသည် ရှေးမြန်မာစစ်စစ်ဖြစ်ပါလျှက် အဘိုးဘက်ကို
လိုက်ပြီး ဘာသာ ပြောင်းလိုက်သည်...။
ကျနော့် မိခင်၏ ဖခင်က ကျူလီယာ အစ္စလာမ် ဖြစ်ပြီး အမေ၏ မိခင်မှာ တောင်ငူသူ ရှမ်းစစ်စစ်ဖြစ်သည်...။ အဘိုးဘက် လိုက်မလိုက် ကျနော် မသိပေမယ့် ကျနော့် မိခင်ရော ဖခင်ပါ ၊ အစ္စလာမ်ဘာသာတွေ ဖြစ်နေခဲ့ သည်...။
ဒါပေမယ့် အဖေ့ဘက်ကတော်သော အဘွား၏ အမျိုးအားလုံး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေသည်....တောင်ငူဘက်က အမျိုးတွေ
အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေသည်။ ကိုးကွယ်မှု မျိုးရိုးက စိတ်ထဲမှာ လိမ်ဖယ်ဖယ်ကြီးဖြစ်နေသည်..။ကျနော့်အဖေ အထက်က အကို( ဦးလေး) ၂ယောက် အိမ်ထောင်ပြုထားသူတွေကလည်း ဗုဒ္ဓဘာသာဝင်တွေဖြစ်သည်…။ သူတို့ က ချစ်လို့ သာ လူချင်းပေါင်းသည်၊ ဘာသာရေးကတော့ ကိုယ့်ဘာသာ ကိုယ် ကိုးကွယ်၊၊ ရှင်းသည်…။ကျနော်က သဘောကျသည်၊ ဒါပေမယ့် ဦးလေးတို့ ၏ ဇနီးများမှာ အိမ်ထောင်ရှင်မ ပီသသော်လည်း ယောက္ခမ ဖြစ်သူတွေ နှင့်တော့ ခပ်စိမ်းစိမ်း…။ ကျနော့် ကိုတော့ အိမ်မှာ အနှိမ်ခံရမှန်းသိတော့ သူတို့ တွေက ချစ်ကြသည်…။ မောင်နှမ ၀မ်းကွဲတွေကလည်း အမေဘက်လိုက်ပြီး ဗုဒ္ဓ ဘာသာ အယူကို ယူကြသည်။
မောင်နှမ ညီအကို အရင်းတွေ စိမ်းသလောက် သူတို့ က ချစ်ခင်ယုယသည်။ ကျနော်ကလည်း ကျနော်
ရုပ်ကလည်း တစ်ခြားသော မောင်နှမတွေနှင့် နည်းနည်းမှ မတူ..။ မိသားစု ဓါတ်ပုံတွေ ဧည့်သည်လာလို့ ပြလျှင် ဒီကောင်လေးက ဘယ်ကလည်းဟု သူတို့ တွေ အမြဲမေးသည်.။ထူးထူးခြားခြား
မောင်နှမ ၇ ယောက်ထဲတွင် ကျနော် တစ်ယောက်ထဲသာ မြန်မာနာမည် ဖြစ်နေခဲ့သည်....။
နေရာမမှန်သော လူတစ်ယောက်အတွက် အရာရာအံမကျခဲ့ ပါ။ မှတ်မှတ်ရရ သိတတ် ကတည်းကပင်။
ကျနော်က ငယ်ကတည်းက တမျိုး တွေးသည်...စဉ်းစားသည်...။အဖြေတွေလိုချင်သည်။ဒါပေမယ့် ကျနော် လိုချင်သောအဖြေ
မရပါ...။ မညီမျှသော ဘ၀၊ ဆင်းရဲ ချမ်းသာ၊ သတ်ဖြတ်ခြင်း၊ အစာအငတ်ခံခြင်းတို့ သည် ကျနော်ရှုဒေါင့်ထဲတွင် ကျေနပ်စရာမရှိ။
ကျနော်တို့ ငယ်ငယ်ကတည်းကအတန်းပညာကျောင်းဆင်းပြီးခဏနေလျှင်ဘာသာရေးကျောင်းတက်ရသည်..၊
ဘာသာရေးကျောင်းက အဘွားအိမ်နားမှာ ဖြစ်သည်...။
ဘုရားကျောင်းက ခေါင်းလောင်းသံ ကြားလျှင် ကျနော် နေစရာ မရှိတော့...နားထဲမှာ စူးရှပြီး မခံနိုင်ပါ...။ရင်တွေပါတုန်သည်..
ခေါင်းလောင်းသံ ကြားလျှင် ကျနော်ပုန်းပြီ..။ အဘွားကုတင်အောက် နျင် သစ်ပင်တွေပေါ် တက်ပုန်းသည်...၊ မရပါ၊
အဒေါ် တစ်ယောက်က အတင်း လိုက်ခေါ် ချော့မော့ပြီး ကျောင်းကို အတင်း လိုက်ပို့ သည်...။
ကျောင်းရောက်ပြန်လျှင်လည်း ရိုက်ခံရတာကများတယ်…ဒီစာတွေကလည်း မှတ်ဥာဏ် ထဲကို ဘယ်လိုမှ
မ၀င်…။ကိုယ့်ရွယ်တူတွေ အတန်းတက်သွားလည်း ကိုယ့်မှာတော့ ဒါကဒါဘဲ ၊ ရှေ့ မတက်..။
ဆရာလုပ်သူကလည်းရိုက်မှရိုက်..။ အတန်းတက်စေချင်လို့ နေမှာပါ..။ ကြိမ်လုံးသာ ဘ၀ပျက်သွားမယ်
စာကတော့ မရ..။ ထားပါလေ..ဒါကငယ်တာကိုး။။
ငယ်တုန်းက သိပ်မသိပေမယ့် ၄တန်းလောက်ရောက်တော့ တွေးတတ်လာသည်..။ စဉ်းစားတတ်လာသည်။
အဲဒါမှ ပိုဆိုးတာ..။ ဆရာကို မေးခွန်းတွေ ပြန်ထုတ်ပြီ…။
လက်ရှိလူတွေ နေတာ ကမ္ဘာ ဘယ်နှစ်ခု လည်း..ဒါကို ဖန်ဆင်းရှင်က တစ်ဦးတည်း အစွမ်းနဲ့ ဖန်ဆင်းတာဆို
တစ်ချို့ လူတွေက ဘာလို့  ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန် နဲ့  ဟိန္ဒူဘာသာတွေဖြစ်နေတာလဲ…..။
ကျနော်သိသလောက် ခုလက်ရှိ ဘုရား၃ပါးဖြစ်နေတယ်…ဘယ်ဟာက အတုလဲ….
ကားမောင်းတဲ့  ဦးပိန် အရက်သောက်တာကို အလ္လာ မကြိုက်ဘူးလို့ ပြောပြီး ဘုရားကျောင်းမှာ ခေါ်ဆူတယ်..
ဆီစက်သူဌေး ဦး စိုးကြီး…ညနေတိုင်း အရက်သောက်တာ ဆရာ ဘာလို့ မဆူတာလဲ…….
ကျနော့်ဦးလေးတွေ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ ယူလို့ ဝိုင်းနှိမ်ပြီး…….
ကား၂စီးပိုင်တဲ့ ဦးသန်း ဗုဒ္ဓ ဘာသာဝင်နဲ့ ယူတာ ဘာလို့ မပြောတာလည်း….
အလ္လာက မျက်နှာ လိုက်တာလား…….
ဆရာက ကမ္ဘာ မြေကို ဖန်ဆင်းပြီး မိုးကောင်းကင်နဲ့ အုပ်ထားတယ် ပြောတယ်…..ကျောင်းစာအုပ်ထဲမှာက
ကမ္ဘာက အလုံးကြီး ၊ ဘာဖြစ်လို့ အလ္လာနဲ့ ကျောင်းဆရာ ပြောတာ မတူ တာလဲ….။
တခါမေးတိုင်း ဆရာကလည်း အိမ်ကို အကြောင်းကြားတာပါဘဲ….“ ဒီကောင်းလေး အလ္လာကို စုံစမ်းတယ်
ယုံကြည်မှု ရော့နေတယ်…ဆုံးမပေးပါ” ဆိုရင် ဘာပြောကောင်းမလဲ၊ အဖေ သမတာ ရက်ရက်စက်စက်ပေါ့။
တဖက်ကလည်း ပန်းချီဆွဲတော့ အလ္လာ မကြိုက်တာ လုပ်တယ်ပေါ့…..။
အလ္လာ ဖန်ဆင်းသော အရာအားလုံး လူသားသည် တုပပြုလုပ်နိုင်ခြင်း မရှိတဲ့ ..။
ပြုလုပ်တုပလျှင် ရေးဆွဲလျှင် စော်ကားခြင်းပင်ဖြစ်သည်တဲ့…။
ကျနော်ကလည်း ကွန့် တယ်…..ရိုက်နေတဲ့ ကြားထဲက….လူသားကို အလ္လာ ဖန်ဆင်းတယ်ဆိုရင်
ကျနော့ကိုရော…လို့ မေးတာ..အဖေတို့ ဆရာတို့ ကလဲ မနပ်တာ….ပြန်ဖြေတယ်လေ……
“ မင်းကို လည်း အလ္လာ အလိုရှိလို့ လူဖြစ်လာတာ”တဲ့…။ အဲဒါကို လိုချင်တာ…
“ ကျနော့်ကို အလ္လာ ဖန်ဆင်းတယ်ဆို သူ မကြိုက်တဲ့ ပန်းချီဆွဲတတ်အောင် ကျနော့်ကို ဘယ်ဘုရားက
ကြားထဲက ၀င်ဖန်ဆင်းပေးသလဲ” ဆိုတော့….အရပ်ကတို့ ရေ….ဘာပြောကောင်းမလဲ
အပါရယ် မာမီရယ် ဆရာရယ် ၃ယောက်ပေါင်းသမတာ….ကျနော့်မှာ မြော့နေတာဘဲ..။
ကျနော့်မိဘတွေကလည်း ဒီကတည်းက ကျနော့်ကို ပိုပြီး ဘာသာရေးကို ဖိအားပေးလာတာ…။
၅ တန်း၆တန်းနှစ်တွေ ရောက်လာတော့ ပိုပြီးတွေးစရာ၊ မေးစရာတွေ များလာခဲ့ တာပါဘဲ..။
အပြင်စာတွေ ကိုလည်း လေ့လာဖတ်မှတ်လာတာလေ..။
လူရဲ့ ခန္ဒာကိုယ်၊ အကြောင်း ၊ အစာအိမ် အလုပ်လုပ်ပုံ၊ တံထွေးရဲ့ အစာချေဖျက်ပုံ ၊ ဒါဝင်ရဲ့ 
လူသည်မျောက်ကဆင်းသက်ခြင်း( ကြီးမားသော အမှား နောက်တစ်ခုပေါ့) နဲ့ ခရူးဆိတ် စစ်ပွဲတွေ
ကို သိရှိလာတဲ့ အခါ…ကျနော့်အတွက် အိမ်မှာ အစစ အရာရာ အမြင်တွေက မတူတော့ဘူး…။
ပြဒါးတစ်လမ်း၊သံတစ်လမ်းဖြစ်လာတယ်…။
ရက် ၄၀ ဥပုဒ်တွေ ကို ကျနော် မစောင့်ချင်ဘူး..။ သူတို့ က တော်တော် အစွဲကြီးတယ်..။
ကျနော့် အကိုတွေ အမတွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်နှစ်ရက်တောင်ရနေပြီ ဆိုပြီး ပြိုင်နေရင်..
ကျနော်က ထ”ဖောက်ပြီးမေးတတတ်တာ….
“ ဘယ်နဲ့  စစ်တိုက်ကြမှာမို့  အငတ်ခံတာ ကျင့်တာလဲ” ဆိုရင် …သူတို့ က ဒေါသနဲ့ ပြန်ပြောတာ၊
“ အလ္လာ အတွက်ပေးဆပ်နေတာ…နင်က ဘာမှ နားမလည်ဘူးလား” ဆိုပြီး ၀ိုင်းဟောက်တာ..။
ကျနော်က အေးအေးလေးဘဲ ပြန်ရှင်းပြတာပါ….
“ ဒီ အစာငတ်ခံတာတွေက၊ ခရူးဆိတ် စစ်ပွဲတွေက စခဲ့ တဲ့ အကြောင်း၊ ရဟူဒီ အနွယ်တွေနဲ့ ခရစ်ယာန်တွေ
စစ်တိုက်တဲ့ အခါ၊ စစ်ပွဲ ရက်ရှည်လာတာနဲ့ အမျှ ၊ အစာရေစာ လိုအပ်လာမယ်၊ ပြတ်လပ်လာမယ်…ဒါမျိုး အခက်အခဲတွေကြုံတွေ့ လာတဲ့အခါ၊ စစ်မျက်နှာပြင်မှာ အစာငတ်ပြတ်တာနဲ့ စိတ်ဓါတ် ကျမသွားအောင် ခံနိုင်ရည် မရှိ၊ မဖြစ်ရအောင် တမန်တော် မိုဟာမက်ဒ် လက်ထက်က ကျင့်ခဲ့ တာ ဖြစ်ကြောင်း၊ အခု တို့ မြို့  သေးသေးလေးမှာ ဘယ်ဘာသာနဲ့ မှ စစ်တိုက်စရာ မလို ကြောင်း၊ ….
အစာငတ်ခံတယ်သာပြောတာ ဂျုံတွေကို အမျိုးမျိုး လုပ်စားခြင်းဖြင့် ဗိုက်ပွစေပြီး၊ အစာခံနိုင်ကြောင်း၊
တစ်ခြားဘာသာဝင်တွေလဲဒီလိုစားလျှင် အစာခံနိုင်ကြောင်း……
အလ္လာကို လေးစားမှုဖြင့် တံထွေးတောင်မြို မချဘူးဆိုတာကလဲ၊ သိပ္ပံနည်းအရဆိုလျှင် အစာချေဖျက်မှုကို ၊ တစ်ဖက်လှည့်ဖြင့် ကာကွယ်ထားကြောင်း၊ တစ်စဆီ အစဆွဲထုတ်ပြီး ပြောတဲ့ အခါ၊
ပြောနေတုန်းက နားထောင်ပြီး ပြောလည်းပြီးရော..နားရင်းဝင်အုပ်တဲ့ သူအုပ်၊ ခေါင်းခေါက်တဲ့ သူခေါက်၊
အဖေတို့ ပြေးတိုင်နဲ့ လူက တိုင်နဲ့ ၊ ဘာပြောကောင်းမလည်းဗျာ……
မကောင်းဆိုးဝါးကပ်နေပါတယ်ဆိုပြီး….အုန်းပင်မှာ ကြိုးတုပ်ကိုရိုက်တာ…။
ထုံးစံ အတိုင်း မြော့နေတာဘဲ….၊။ ။
ဆက်ပါဦးမယ်။
သစ်နက်ဆူး
Saturday, September 20, 2008
ပစ်တိုင်းထောင်
ပစ်တိုင်းထောင်ဆိုတာ ဘယ်လိုဘဲပစ်လိုက်ပစ်လိုက် အမြဲထောင်လျှက်လေးနေတာကို ပစ်တိုင်းထောင်လို့ ခေါ်ကြတာကို အားလုံးသိကြပါတယ်...။ ဒီပို့ စ်လေးကို တင်တာက စာလာဖတ်တဲ့ သူတွေကို စိတ်မကောင်းစရာတွေ ဘဲေ၇းပြသလို ဖြစ်နေမှာစိုးလို့ ..
ပျော်စရာလေးတစ်ခုအဖြစ် တင်တာပါ...။
ဒါပေမယ့် ညစ်စရာလေးနဲနဲတော့ ပါတယ်...ခဏပါ..။ ရေးရမှာတော့ လက်တွန့်တယ်...ကြော်ငြာသလိုဖြစ်နေမှာစိုးတာရယ်...
အထင်သေးခံရမှာစိုးတာရယ်ကြောင့်ပါ...။ နောက်ရှက်တယ်..လူသိမှာကို..။
ဒီလိုပါ...။
လူဟာ ကံဇာတ်ဆရာ စီမံမှုအတိုင်း ကပြရတယ်ဆိုတာလေးပါ...။ ကိုယ့်ရည်ရွယ်ချက်ထဲမှာ မပါပေမယ့် အချိန်တန်ရင် မဖြစ်လို့ မရ၊
ဖြစ်လာရပါတယ်...ဖြစ်တယ်ဆိုတဲ့  နေရာမှာ ဖြစ်လာဘို့ ကလည်း တစ်ချို့ က ကူညီသူ ၊ တစ်ချို့ က ဖိနှိပ်သူ အဖြစ် ပါရမီ ဖြည့်ရတော့တာပါဘဲ...။ သူတို့ လည်း ရှောင်လွှဲလို့ မရပါဘူး...။ ကျေးဇူးတင်ရမှာပါ...။
ပြောင်းဖူးလေး ကို ဖတ်ဘူး ထားရင် ကျနော် ဇာတ်ထဲကို ပန်းချီဆွဲဘို့ လိုက်သွားတာ မှတ်မိမှာပါ...။
ကျနော်က ပန်းချီဆရာဖြစ်ချင်တာ တအားဘဲ..။ ဆိုင်မှာ စာလာဖတ်နေကြ ဆရာထွန်းဆိုတာရှိတယ်..။ သူက မန္တလေးက ဗေဒင်ဟောတဲ့ 
ဆရာ..။ ကျနော်က ပန်းချီနဲ့ အောင်မြင်မလားလို့ မေးဘူးပါတယ်...။
သူက မင်း တစ်ခြား အနုပညာနဲ့ ပို အောင်မြင်သွားမယ်လို့ ဟောတော့.. လက်မခံခဲ့ ပါဘူး...ကိုယ်မှ တစ်ခြား အနုပညာ မလုပ်တတ်တာ.။
ဇာတ်ထဲ လိုက်ရတာကလည်း အိမ်မှာ ဘာသာရေး ၊လူမှုရေးတွေကြောင့် အိမ်ကသွားထွက်မှ ကိုယ်သိချင်တဲ့ ၊ ရှာဖွေချင်တဲ့ 
အမှန်တရားတခုကို ရနိုင်မှာမို့  စွန့် စားပြီးထွက်ရတာ..လူက ၁၆ နှစ်တောင် မပြည့်တတ်သေးပါဘူး...။
ဒီတော့ ဘ၀ရပ်တည်ဘို့  စားဘို့  အလုပ်နဲ့ နေရာ လိုနေပြီလေ...။ ရွှေဘို ကားဂိတ်က လဘက်ရည်ဆိုင်လေးမှာ အလုပ်စုံစမ်းရင်း ဇာတ်မှာ ပန်းချီဆရာလိုတယ်ဆိုလို့  ကောက်လိုက်သွားတာ...။ အစားအသောက်ဆင်းရဲလိုက်တာ.. အိမ်မှာ မိုးလင်း လဘက်ရည်နဲ့ ထမင်းကြော်၊ နန်းကြီးသုပ် စားနေကြကောင် ....မိုးလင်းရင် ဘာမှမစားရဘူး...။ အိမ်မှာက အသားဟင်းမပါရင် ထမင်းမဖြစ်၊ နေ့ တိုင်းစားနေရတာ...အိမ်ကိုတော့ လွမ်းတယ်..ဒါပေမယ့် မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားတာကိုး..။
တစ်ကယ်တမ်းကြ ဇာတ်ထဲမှာ ၂လ နီးပါးဘဲ ပန်းချီဆရာဖြစ်ခဲ့ တာ ...။ ကံကြမ္မာက စ”ပြီလေ..။
ကျနော်လိုက်ရတာက မင်းသား၃ ယောက် ကတဲ့ ဇာတ်ပွဲပါ...။ ခေါင်းဆောင်မင်းသားက အဖွဲ့ သားအားလုံးအပေါ်မှာရင့်တယ်..။
ကိုယ်နဲ့ က လိုင်းမတူလို့ အရင် ကဘာမှ မဖြစ်ပေမယ့်...ရှမ်းပြည်ကပြန်ဆင်းလာတော့ မိုးကုတ်မှာ ကရတယ်....။
ဆောင်းတွင်းဆိုတော့ အေးလိုက်တာ...။ ပျော်တယ်...အညာသားလေ..ထူးဆန်းတာတွေ တွေ့ လို့ ...တခြားတော့ မဟုတ်ဘူး...
ရေခွက်လေးထဲကို ရေထည့် ပြီး ဇာတ်ရုံ အပြင်မှာ ၅ မိနစ်လောက်ထားလိုက်ရင် ရေခဲ ဖြစ်နေပြီ...အဲဒါကို သဘောကျတာ..။
ကပြီး ၂ ည မြောက်မှာ ခေါင်းဆောင်မင်းသား ခေါ်တယ်ဆိုလို့ သွားတာပေါ့...ဘာကိစ္စ ရှိလို့ လဲလို့ မေးတော့..
မနက်ကို မန္တလေး တက်မလို့  ငါ့ ဝေါ့ကင်းရှုး လျှော်ပေးစမ်းပါတဲ့ ..။
ဟာ....ကိုယ့်အိမ်မှာတောင် ကိုယ့်အကျီ် ကိုယ်လျှော်မ၀တ်ခဲ့ ရဘူး၊ သူ ဒီလို ခိုင်းတယ်..။ နောက် ကိုယ့်တာဝန်က ဒါမဟုတ်ဘူး..
ပန်းချီဆွဲဘို့ ဘဲလေ..။ ဒါးနဲ့ ပြောရတာပေါ့ ..ဒါကျနော့်တာဝန်မဟုတ်ဘူး..မလုပ်နိုင်ဘူးလို့ ။ ဒီမှာ သူက ခြိမ်းခြောက်တာဘဲ..။
ငါခိုင်းတာ မလုပ်ရင် မင်း မနက်ဇာတ်က ထွက်သွားရအောင် ငါလုပ်လို့ ရတယ်ပေါ့..။
ကျနော် တော်တော်ဒေါသဖြစ်တာ...။ဒါပေမယ့် ကိုယ့် အခြေအနေကလည်း မှီတွယ်စရာ လိုနေသေးတော့..စဉ်းစားရတယ်..။
နောက်ဆုံးတော့ ကျနော်လုပ်ပေးရတာပါဘဲ...။ အဘွားနဲ့  အဒေါ်တွေသာတွေ့ ရင် တော့ ရင်ကွဲမှာ..။
မင်းသားက သူ့ ညီ တစ်ဝမ်းကွဲကို အဖေါ် ထည့်ပေးတယ်...ကျနော် ဘိနပ် လျှော်ပေးရတာ ည ၃နာရီလောက်ရှိနေပြီ...။
အေးလိုက်တာ..ရေက ကျင်နေတာဘဲ..။ ကိုင်လို့ ကိုင်ထားမှန်းတောင် မသိရဘူး...။နှင်းတွေကလည်းကျနေတာ..။
ပြီးတာနဲ့ ဘိနပ်ကိုပေးရင်း သူ့ ညီကို ကျနော် ပြောတယ်...
“ မင်းအကိုက ငါ့ မာနကို စော်ကားလိုက်ပြီ...ငါမင်း အကိုကို လက်စားချေမယ်လို့ ပြောလိုက်ပါ” လို့ ။
သူ့ ညီက ပြန်ပြောတာပေါ့..မင်းသားက လာမေးတယ် “ မင်းက လက်ချင်း ယှဉ်မလို့ လား”တဲ့ ။
ကျနော်က မလုပ်ပါဘူးလို့ ...တစိမ့် စိမ့် တွေးပြီး နာကျဉ်အောင် လုပ်မှာပါ...ရိုးသားစွာနဲ့ ပေါ့ လို့ ပြောတော့ သူက ရယ်မောပြီး
“ မင်းစိန်ခေါ်တာကို ငါ လက်ခံတယ်”တဲ့ ..။
နောက်ရက် မိုးလင်းတာနဲ့  စေတီလေးတစ်ဆူကို ကျနော်သွားပါတယ် ...နော် လူငယ်ဆိုတော့ ပြောသင့် မပြောသင့် မစဉ်းစားဘဲ.. ဘုရားမှာ မျက်ရည်ကျရင်းသစ္စာ ဆိုခဲ့ ပါတယ်...။
“ အရှင်ဘုရား....ယနေ့ မှ အစ ကျနော် ( အဲဒီတုန်းက တပည့် တော်လို့  ပြောရမှန်း မသိသေးပါ) မင်းသား ဖြစ်အောင် ကျိုးစားပါမည်
အခု အသက် ၁၆ နှစ်ပါဘုရား...ကျနော် အသက်၂၀ ပြည့် လို့ မှ ခေါင်းဆောင်မင်းသား မဖြစ်ခဲ့ ရင် ကိုယ့်ကိုကိုယ် ကြိုးဆွဲ( ဆွဲကြိုး)
ချပြီး သတ်သေပါမယ် ဘုရား” လို့  သဲတွေကိုင်ပြီး သစ္စာ ဆိုခဲ့ ပါတယ်...။
ကျနော် အပြင်းအထန်လေ့ ကျင့်ပါတယ်...။သဘောကောင်းတဲ့ မင်းသားအလတ်ဆီမှာ အက သင်တယ်..မင်းသမီးတွေကိုေ၇ခပ်ပေးပြီး အကသင်တယ်...ကံကြမ္မာ အလှည့် အပြောင်းနဲ့ ကြိုးစားမှုကြောင့် တစ်နှစ်ထဲနဲ့ လက်ထောက်မင်းသား ဖြစ်ခဲ့ ပါတယ်...
( တချို့ ဆို ယိမ်းမင်းသား အဖြစ်နဲ့  အနည်းဆုံး ၅နှစ်လောက်ကြာပါတယ်)။
၁၈နှစ်အရွယ်မှာတော့ ဇာတ် တဖွဲ့ လုံးကို ဦးဆောင်ကပြနိုင်တဲ့  ခေါင်းဆောင်မင်းသားဖြစ်ခဲ့ ပါတော့တယ်...။
ခေါင်းဆောင် မင်းသားဖြစ်ပြီး ၅နှစ်လောက်ကြာတော့ ဘိနပ်လျှော်ခိုင်းတဲ့ မင်းသား ဇာတ်ပွဲနဲ့ ကျနော့် ဇာတ် ပွဲတော်တစ်ခုမှာ
အပြိုင်ကရပါတယ်....
ဘိနပ်လျှော်တုန်းက ကျတဲ့ မျက်ရည်က ဒီအချိန်ရောက်မှ ခြောက်တော့တာပါ...။
ပွဲခင်း၂ ခု ယှဉ်ကမယ့် ပထမ ည ကတည်းက သူ့ ဆီကို သွားတွေ့ ပါတယ်...သူမှတ်မိတယ်...ဒါပေမယ့် ပွဲပြိုင်ကမယ့် မင်းသား...
( .............)ဆိုတာ သူမသိခဲ့ ပါဘူး...ကျနော်ပြောပြမှ သူသိတာပါ...။ သူ ကျနော့်ကို စိုက်ကြည့် နေတာ အကြာကြီးဘဲ။
ပြိုင်ပြီ ဆိုမှတော့...ဗျာ..။ သူ့ ပွဲခင်ျးမှာ လူ မရှိသလောက်ဖြစ်အောင်ကို ပညာကုန် ကပြခဲ့ တာပါ...။
ဒါ အက ပြိုင်တာ မဟုတ်ဘူး...မာနနဲ့ ယောကျာ်း တစ်ယောက်ရဲ့ သိက္ခာကို ပြိုင်တာလေ...။
၃ ည ကတာပါ...။ နောက်ဆုံးည နှစ်ပါးသွားပြီးတော့ ကျနော် သူ့ ဆီ ကို သွားပါတယ်...လဘက်ရည် မုန့်၊ စီးကရက်ဘူးတွေနဲ့ ပါ..။
သူစားပါတယ် လက်ခံပါတယ်...
ကျနော်ကလည်း ဘာမှ မပြောဘဲ သူကထားတဲ့ တောင်ရှည်ပုဆိုးတွေကို ယူခေါက်ပေးနေတာပါ...။
ကျနော် မပျော်ပါဘူး...၀မ်းနည်းနေတာဘဲ သိပါတယ်...။
ဒါပေမယ့် ကျနော်သူ့ ကို “ အကို ဘိနပ်လျှော်စရာရှိသေးလား” လို့ မေးပါတယ်...။
သူကျနော့်ကို လှမ်းဖက်ပြီး “ ငါ ...မင်းကို ရှုံးသွားပြီ” လို့ ပြောပါတယ်...။
သူ မျက်ရည်ကျနေပါတယ်...ကျနော်လည်း မျက်ရည်ကျနေခဲ့ တာပါဘဲ...။
သူ ကျနော့် ဆရာပါ....
အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်ဘို့  သူ ပါရမီ ဖြည့် ပေးခဲ့ တာပါ.....။ အဲဒီကတည်းက လက်စားချေတဲ့ အလုပ်ကို မလုပ်တော့တာ ခုထိပါဘဲ..။
ကျနော် ၁၃နှစ် ခေါင်းဆောင်မင်းသား၊ဇာတ်မင်းသားလေး ဖြစ်ခဲ့ တာပေါ့...။
ပစ်တိုင်းထောင်လေးလေ။ ခုတော့ သမီးငယ် ကို အမွေ ပေးထားပါတယ်...။ ဒီနိုင်ငံ မှာ နိုင်ငံ ပေါင်းစုံရဲ့ ယဉ်ကျေးမှု အနုပညာကပြပွဲ တွေ လောက်ဘဲ ကျနော် က” တော့တယ်...။
မှတ်မှတ်ရရ ၂၀၀၅ ခုနှစ်က ကပြရင်း ရိုက်ထားတဲ့ ပုံလေး တင်ပေးလိုက်ပါတယ်...။
ရှက်တယ်....။
( အနုပညာ နာမည်ကိုတော့ မပြောချင်ပါ...ကျနော် နာမည်နဲ့ ပတ်သက်ပြီး...သူမျုး ဘ၀ တွေ ထိခိုက်နိုင်လို့ ပါ...ကျနော် ကပြမှု ၇ပ်ဆိုင်းခဲ့ တာ ငြိ သွားလို့ ပါ)...။
လောကဟာ ဆန်းကြယ်ပါတယ်...တချို့ အဖြစ်တွေက စိတ်ကူးယဉ်တာထက် ပိုပြီး ဆန်းကြယ်တတ်ပါတယ်..။
ဘာဘဲ ဖြစ်ဖြစ် တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်ပါ....မဖြစ်နိုင်တာ မရှိပါဘူး......မဖြစ်သေးတာဘဲ ရှိတာပါ...။
ပစ်တိုင်းထောင်လေး
ပညာအမွေယူတဲ့ သမီးငယ်
သစ်နက်ဆူး
ပျော်စရာလေးတစ်ခုအဖြစ် တင်တာပါ...။
ဒါပေမယ့် ညစ်စရာလေးနဲနဲတော့ ပါတယ်...ခဏပါ..။ ရေးရမှာတော့ လက်တွန့်တယ်...ကြော်ငြာသလိုဖြစ်နေမှာစိုးတာရယ်...
အထင်သေးခံရမှာစိုးတာရယ်ကြောင့်ပါ...။ နောက်ရှက်တယ်..လူသိမှာကို..။
ဒီလိုပါ...။
လူဟာ ကံဇာတ်ဆရာ စီမံမှုအတိုင်း ကပြရတယ်ဆိုတာလေးပါ...။ ကိုယ့်ရည်ရွယ်ချက်ထဲမှာ မပါပေမယ့် အချိန်တန်ရင် မဖြစ်လို့ မရ၊
ဖြစ်လာရပါတယ်...ဖြစ်တယ်ဆိုတဲ့  နေရာမှာ ဖြစ်လာဘို့ ကလည်း တစ်ချို့ က ကူညီသူ ၊ တစ်ချို့ က ဖိနှိပ်သူ အဖြစ် ပါရမီ ဖြည့်ရတော့တာပါဘဲ...။ သူတို့ လည်း ရှောင်လွှဲလို့ မရပါဘူး...။ ကျေးဇူးတင်ရမှာပါ...။
ပြောင်းဖူးလေး ကို ဖတ်ဘူး ထားရင် ကျနော် ဇာတ်ထဲကို ပန်းချီဆွဲဘို့ လိုက်သွားတာ မှတ်မိမှာပါ...။
ကျနော်က ပန်းချီဆရာဖြစ်ချင်တာ တအားဘဲ..။ ဆိုင်မှာ စာလာဖတ်နေကြ ဆရာထွန်းဆိုတာရှိတယ်..။ သူက မန္တလေးက ဗေဒင်ဟောတဲ့ 
ဆရာ..။ ကျနော်က ပန်းချီနဲ့ အောင်မြင်မလားလို့ မေးဘူးပါတယ်...။
သူက မင်း တစ်ခြား အနုပညာနဲ့ ပို အောင်မြင်သွားမယ်လို့ ဟောတော့.. လက်မခံခဲ့ ပါဘူး...ကိုယ်မှ တစ်ခြား အနုပညာ မလုပ်တတ်တာ.။
ဇာတ်ထဲ လိုက်ရတာကလည်း အိမ်မှာ ဘာသာရေး ၊လူမှုရေးတွေကြောင့် အိမ်ကသွားထွက်မှ ကိုယ်သိချင်တဲ့ ၊ ရှာဖွေချင်တဲ့ 
အမှန်တရားတခုကို ရနိုင်မှာမို့  စွန့် စားပြီးထွက်ရတာ..လူက ၁၆ နှစ်တောင် မပြည့်တတ်သေးပါဘူး...။
ဒီတော့ ဘ၀ရပ်တည်ဘို့  စားဘို့  အလုပ်နဲ့ နေရာ လိုနေပြီလေ...။ ရွှေဘို ကားဂိတ်က လဘက်ရည်ဆိုင်လေးမှာ အလုပ်စုံစမ်းရင်း ဇာတ်မှာ ပန်းချီဆရာလိုတယ်ဆိုလို့  ကောက်လိုက်သွားတာ...။ အစားအသောက်ဆင်းရဲလိုက်တာ.. အိမ်မှာ မိုးလင်း လဘက်ရည်နဲ့ ထမင်းကြော်၊ နန်းကြီးသုပ် စားနေကြကောင် ....မိုးလင်းရင် ဘာမှမစားရဘူး...။ အိမ်မှာက အသားဟင်းမပါရင် ထမင်းမဖြစ်၊ နေ့ တိုင်းစားနေရတာ...အိမ်ကိုတော့ လွမ်းတယ်..ဒါပေမယ့် မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားတာကိုး..။
တစ်ကယ်တမ်းကြ ဇာတ်ထဲမှာ ၂လ နီးပါးဘဲ ပန်းချီဆရာဖြစ်ခဲ့ တာ ...။ ကံကြမ္မာက စ”ပြီလေ..။
ကျနော်လိုက်ရတာက မင်းသား၃ ယောက် ကတဲ့ ဇာတ်ပွဲပါ...။ ခေါင်းဆောင်မင်းသားက အဖွဲ့ သားအားလုံးအပေါ်မှာရင့်တယ်..။
ကိုယ်နဲ့ က လိုင်းမတူလို့ အရင် ကဘာမှ မဖြစ်ပေမယ့်...ရှမ်းပြည်ကပြန်ဆင်းလာတော့ မိုးကုတ်မှာ ကရတယ်....။
ဆောင်းတွင်းဆိုတော့ အေးလိုက်တာ...။ ပျော်တယ်...အညာသားလေ..ထူးဆန်းတာတွေ တွေ့ လို့ ...တခြားတော့ မဟုတ်ဘူး...
ရေခွက်လေးထဲကို ရေထည့် ပြီး ဇာတ်ရုံ အပြင်မှာ ၅ မိနစ်လောက်ထားလိုက်ရင် ရေခဲ ဖြစ်နေပြီ...အဲဒါကို သဘောကျတာ..။
ကပြီး ၂ ည မြောက်မှာ ခေါင်းဆောင်မင်းသား ခေါ်တယ်ဆိုလို့ သွားတာပေါ့...ဘာကိစ္စ ရှိလို့ လဲလို့ မေးတော့..
မနက်ကို မန္တလေး တက်မလို့  ငါ့ ဝေါ့ကင်းရှုး လျှော်ပေးစမ်းပါတဲ့ ..။
ဟာ....ကိုယ့်အိမ်မှာတောင် ကိုယ့်အကျီ် ကိုယ်လျှော်မ၀တ်ခဲ့ ရဘူး၊ သူ ဒီလို ခိုင်းတယ်..။ နောက် ကိုယ့်တာဝန်က ဒါမဟုတ်ဘူး..
ပန်းချီဆွဲဘို့ ဘဲလေ..။ ဒါးနဲ့ ပြောရတာပေါ့ ..ဒါကျနော့်တာဝန်မဟုတ်ဘူး..မလုပ်နိုင်ဘူးလို့ ။ ဒီမှာ သူက ခြိမ်းခြောက်တာဘဲ..။
ငါခိုင်းတာ မလုပ်ရင် မင်း မနက်ဇာတ်က ထွက်သွားရအောင် ငါလုပ်လို့ ရတယ်ပေါ့..။
ကျနော် တော်တော်ဒေါသဖြစ်တာ...။ဒါပေမယ့် ကိုယ့် အခြေအနေကလည်း မှီတွယ်စရာ လိုနေသေးတော့..စဉ်းစားရတယ်..။
နောက်ဆုံးတော့ ကျနော်လုပ်ပေးရတာပါဘဲ...။ အဘွားနဲ့  အဒေါ်တွေသာတွေ့ ရင် တော့ ရင်ကွဲမှာ..။
မင်းသားက သူ့ ညီ တစ်ဝမ်းကွဲကို အဖေါ် ထည့်ပေးတယ်...ကျနော် ဘိနပ် လျှော်ပေးရတာ ည ၃နာရီလောက်ရှိနေပြီ...။
အေးလိုက်တာ..ရေက ကျင်နေတာဘဲ..။ ကိုင်လို့ ကိုင်ထားမှန်းတောင် မသိရဘူး...။နှင်းတွေကလည်းကျနေတာ..။
ပြီးတာနဲ့ ဘိနပ်ကိုပေးရင်း သူ့ ညီကို ကျနော် ပြောတယ်...
“ မင်းအကိုက ငါ့ မာနကို စော်ကားလိုက်ပြီ...ငါမင်း အကိုကို လက်စားချေမယ်လို့ ပြောလိုက်ပါ” လို့ ။
သူ့ ညီက ပြန်ပြောတာပေါ့..မင်းသားက လာမေးတယ် “ မင်းက လက်ချင်း ယှဉ်မလို့ လား”တဲ့ ။
ကျနော်က မလုပ်ပါဘူးလို့ ...တစိမ့် စိမ့် တွေးပြီး နာကျဉ်အောင် လုပ်မှာပါ...ရိုးသားစွာနဲ့ ပေါ့ လို့ ပြောတော့ သူက ရယ်မောပြီး
“ မင်းစိန်ခေါ်တာကို ငါ လက်ခံတယ်”တဲ့ ..။
နောက်ရက် မိုးလင်းတာနဲ့  စေတီလေးတစ်ဆူကို ကျနော်သွားပါတယ် ...နော် လူငယ်ဆိုတော့ ပြောသင့် မပြောသင့် မစဉ်းစားဘဲ.. ဘုရားမှာ မျက်ရည်ကျရင်းသစ္စာ ဆိုခဲ့ ပါတယ်...။
“ အရှင်ဘုရား....ယနေ့ မှ အစ ကျနော် ( အဲဒီတုန်းက တပည့် တော်လို့  ပြောရမှန်း မသိသေးပါ) မင်းသား ဖြစ်အောင် ကျိုးစားပါမည်
အခု အသက် ၁၆ နှစ်ပါဘုရား...ကျနော် အသက်၂၀ ပြည့် လို့ မှ ခေါင်းဆောင်မင်းသား မဖြစ်ခဲ့ ရင် ကိုယ့်ကိုကိုယ် ကြိုးဆွဲ( ဆွဲကြိုး)
ချပြီး သတ်သေပါမယ် ဘုရား” လို့  သဲတွေကိုင်ပြီး သစ္စာ ဆိုခဲ့ ပါတယ်...။
ကျနော် အပြင်းအထန်လေ့ ကျင့်ပါတယ်...။သဘောကောင်းတဲ့ မင်းသားအလတ်ဆီမှာ အက သင်တယ်..မင်းသမီးတွေကိုေ၇ခပ်ပေးပြီး အကသင်တယ်...ကံကြမ္မာ အလှည့် အပြောင်းနဲ့ ကြိုးစားမှုကြောင့် တစ်နှစ်ထဲနဲ့ လက်ထောက်မင်းသား ဖြစ်ခဲ့ ပါတယ်...
( တချို့ ဆို ယိမ်းမင်းသား အဖြစ်နဲ့  အနည်းဆုံး ၅နှစ်လောက်ကြာပါတယ်)။
၁၈နှစ်အရွယ်မှာတော့ ဇာတ် တဖွဲ့ လုံးကို ဦးဆောင်ကပြနိုင်တဲ့  ခေါင်းဆောင်မင်းသားဖြစ်ခဲ့ ပါတော့တယ်...။
ခေါင်းဆောင် မင်းသားဖြစ်ပြီး ၅နှစ်လောက်ကြာတော့ ဘိနပ်လျှော်ခိုင်းတဲ့ မင်းသား ဇာတ်ပွဲနဲ့ ကျနော့် ဇာတ် ပွဲတော်တစ်ခုမှာ
အပြိုင်ကရပါတယ်....
ဘိနပ်လျှော်တုန်းက ကျတဲ့ မျက်ရည်က ဒီအချိန်ရောက်မှ ခြောက်တော့တာပါ...။
ပွဲခင်း၂ ခု ယှဉ်ကမယ့် ပထမ ည ကတည်းက သူ့ ဆီကို သွားတွေ့ ပါတယ်...သူမှတ်မိတယ်...ဒါပေမယ့် ပွဲပြိုင်ကမယ့် မင်းသား...
( .............)ဆိုတာ သူမသိခဲ့ ပါဘူး...ကျနော်ပြောပြမှ သူသိတာပါ...။ သူ ကျနော့်ကို စိုက်ကြည့် နေတာ အကြာကြီးဘဲ။
ပြိုင်ပြီ ဆိုမှတော့...ဗျာ..။ သူ့ ပွဲခင်ျးမှာ လူ မရှိသလောက်ဖြစ်အောင်ကို ပညာကုန် ကပြခဲ့ တာပါ...။
ဒါ အက ပြိုင်တာ မဟုတ်ဘူး...မာနနဲ့ ယောကျာ်း တစ်ယောက်ရဲ့ သိက္ခာကို ပြိုင်တာလေ...။
၃ ည ကတာပါ...။ နောက်ဆုံးည နှစ်ပါးသွားပြီးတော့ ကျနော် သူ့ ဆီ ကို သွားပါတယ်...လဘက်ရည် မုန့်၊ စီးကရက်ဘူးတွေနဲ့ ပါ..။
သူစားပါတယ် လက်ခံပါတယ်...
ကျနော်ကလည်း ဘာမှ မပြောဘဲ သူကထားတဲ့ တောင်ရှည်ပုဆိုးတွေကို ယူခေါက်ပေးနေတာပါ...။
ကျနော် မပျော်ပါဘူး...၀မ်းနည်းနေတာဘဲ သိပါတယ်...။
ဒါပေမယ့် ကျနော်သူ့ ကို “ အကို ဘိနပ်လျှော်စရာရှိသေးလား” လို့ မေးပါတယ်...။
သူကျနော့်ကို လှမ်းဖက်ပြီး “ ငါ ...မင်းကို ရှုံးသွားပြီ” လို့ ပြောပါတယ်...။
သူ မျက်ရည်ကျနေပါတယ်...ကျနော်လည်း မျက်ရည်ကျနေခဲ့ တာပါဘဲ...။
သူ ကျနော့် ဆရာပါ....
အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်ဘို့  သူ ပါရမီ ဖြည့် ပေးခဲ့ တာပါ.....။ အဲဒီကတည်းက လက်စားချေတဲ့ အလုပ်ကို မလုပ်တော့တာ ခုထိပါဘဲ..။
ကျနော် ၁၃နှစ် ခေါင်းဆောင်မင်းသား၊ဇာတ်မင်းသားလေး ဖြစ်ခဲ့ တာပေါ့...။
ပစ်တိုင်းထောင်လေးလေ။ ခုတော့ သမီးငယ် ကို အမွေ ပေးထားပါတယ်...။ ဒီနိုင်ငံ မှာ နိုင်ငံ ပေါင်းစုံရဲ့ ယဉ်ကျေးမှု အနုပညာကပြပွဲ တွေ လောက်ဘဲ ကျနော် က” တော့တယ်...။
မှတ်မှတ်ရရ ၂၀၀၅ ခုနှစ်က ကပြရင်း ရိုက်ထားတဲ့ ပုံလေး တင်ပေးလိုက်ပါတယ်...။
ရှက်တယ်....။
( အနုပညာ နာမည်ကိုတော့ မပြောချင်ပါ...ကျနော် နာမည်နဲ့ ပတ်သက်ပြီး...သူမျုး ဘ၀ တွေ ထိခိုက်နိုင်လို့ ပါ...ကျနော် ကပြမှု ၇ပ်ဆိုင်းခဲ့ တာ ငြိ သွားလို့ ပါ)...။
လောကဟာ ဆန်းကြယ်ပါတယ်...တချို့ အဖြစ်တွေက စိတ်ကူးယဉ်တာထက် ပိုပြီး ဆန်းကြယ်တတ်ပါတယ်..။
ဘာဘဲ ဖြစ်ဖြစ် တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်ပါ....မဖြစ်နိုင်တာ မရှိပါဘူး......မဖြစ်သေးတာဘဲ ရှိတာပါ...။
ပစ်တိုင်းထောင်လေး
ပညာအမွေယူတဲ့ သမီးငယ်
သစ်နက်ဆူး
“ပုံကူးဆွဲခြင်းနှင့် ကျနော့်အဖေ”
ညီလေး ICN2 ရဲ့ ဘလော့ဂ်မှာ သူကူးဆွဲတဲ့  ပန်းချီပုံလေးတွေကို အမြဲတင်ထားပါတယ်...သူ ဘယ်ဆရာရဲ့ ပုံကို ကူးဆွဲတယ်၊
ဘယ်ပုံလေးတွေရေးဆွဲခြင်တယ်ဆိုပြီးလည်း ပြောပြတတ်ပါတယ်....။
သူ့ ရဲ့ ကျိုးစားအားထုတ်မှုကို ချီးကျူးပါတယ်...ကျနော်လည်း ခုချိန်ထိ ကိုယ်သဘောကျတဲ့ အယူအဆတွေ ၊ အရောင်တွေပါတဲ့ 
ဆရာတွေရဲ့ လက်ရာကောင်းတွေကို ကူးဆွဲ နေဆဲပါ..။
ကျနော်ငယ်ငယ်လေးထဲက ပုံကူးဆွဲတဲ့  လေ့ကျင့်မှုကို စွဲစွဲမြဲမြဲ လုပ်ပါတယ်...။ ဆရာကောင်းတွေနဲ့ လည်း အများကြီး ကြုံတွေ့ ခဲ့ပါတယ်..။ တစ်ချို့ ဆရာတွေဆို ပန်းချီလုံးဝမဆွဲတတ်ပေမယ့် ကျနော့်ရဲ့ ဆရာတွေ ဖြစ်ခဲ့ ပါတယ်..။
ဒါပေမယ့် ကျနော့်ဝါသနာနဲ့ လုံးဝမကိုက်တာက ကျနော့်မိဘတွေပါ..။ မိဘတွေက ပန်းချီဆွဲတာကို လုံးဝ မကြိုက်ပါဘူး..။
ကျနော်က အဘွားတွေ အဒေါ်တွေနဲ့ ဘဲ အနေများပါတယ်...။ အဘွားဆီမှာနေရင် ပုံတွေ ကြိုက်သလောက်ဆွဲပေါ့..။ အဘွားတို့ က
ရုပ်ရှင်လုပ်ငန်းလုပ်ပါတယ်...ဒီတော့ ၁ ပါတ်မှာ ၂ ကားလောက်တင်ပါတယ်...အဲဒီမှာ ရုပ်ရှင်ဇာတ်ကားရဲ့  ဝေါလ်ရှစ်ပ် တွေ ကြည့်ဆွဲတာပေါ့...။ ဒါပေမယ့် ဘယ်တူမလဲ၊ ကလေးပန်းချီကိုး..။ မှတ်မှတ်ယယ ၃တန်းနှစ်မှာတော့ ကျနော်ပုံဆွဲနေတာကို ပန်းချီလုံးဝမဆွဲတတ်တဲ့  မန္တလေးက ရုပ်ရှင် အော်ပရေတာက တွေ့ သွားပါရော..၊ သူက အဘွားတို့ အိမ်မှာ ထမင်းစားတာကိုး။ သူကပြောတယ်
ပန်းချီဆရာတွေ ရုပ်ရှင်ပိုစတာဆွဲတာ အကွက်ချဆွဲတာတဲ့ ..ငါတော့မတတ်ဘူး ၊ဒါပေမယ့် နည်းစနစ်ပြောပြလို့ ရပါတယ်ဆိုပြီး
ကျနော့်ကို သင်ပေးပါတယ်..အစပိုင်းမှာ နည်းနည်းခက်ပေမယ့် ပုံအနည်းငယ် ဆွဲပြီးတဲ့ နောက်ပိုင်းမှာ ရုပ်ရှင် မင်းသား၊မင်းသမီးပုံ
တွေကို တူအောင်ဆွဲနိုင်ခဲ့ ပါတယ်...ပန်းချီမဆွဲတတ်ဘဲ ၀ါသနာရှင် ကလေးတစ်ယောက်ကို သင်ပြပေးခဲ့ တဲ့ ကျနော်ဆရာနာမည်က
ဆရာ ခင်မောင်အေးပါ...ကျနော့်အဖေကတော့ သူ့ ကို သိပ်မကြည်ပါ..။ ဒါပေမယ့် ၉ နှစ်သားလောက်ကတည်းက ကျနော်ဟာ အကွက်ချပြီး ဆွဲတဲ့ ပညာကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ခဲ့ ပါတယ်...။
နောက်ပိုင်း ကျနော့်မိဘတွေက စာအုပ်ဆိုင်ကြီးဖွင့်ခဲ့ ပါတယ်..မြို့ နယ် တစ်ခုလုံးကို ကိုယ်စားလှယ် အဖြစ်နဲ့ ဖြန့် ဝေ ရတာဆိုတော့
စာအုပ်တွေ စာစောင်တွေက စုံနေတာပါ...ကျနော် ၅တန်း ၆တန်းရှိပါပြီ...။
ကျနော့်အဘို့ တော့ အနုပညာသိုက်ကြီးထဲကို ခုန်ချလိုက်သလိုပါဘဲ...ပျော်လိုက်တာဆိုတော့..။ ပန်းချီဆွဲတာကို မကြိုက်တဲ့ အဖေ
နဲ့ ကျနော် အပေးအယူ ဂတိ တစ်ခု ပြုကြပါတယ်...တစ်ခြားမဟုတ်ပါဘူး၊ တားမရမယ့် အတူတူ ပန်းချီတော့ဆွဲ...ဒါပေမယ့်
ဒါဏ်ပေးတဲ့ အနေနဲ့ ရိုက်မယ်ပေါ့..။ (ဘာသာရေးတွေနဲ့ ပါတ်သက်နေတာကိုး၊ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ပြောင်းလဲသွားတဲ့ ဘ၀ကို နောက်တော့ ရေးပါ့မယ်)။ ကျနော်လည်း သဘောတူပါတယ်..။ ပုံတစ်ပုံဆွဲရင် တစ်ခါ အရိုက်ခံရပါတယ်..။
ဆိုင်မှာက ၀တ္တု ၊ရုပ်ပြ အစုံဆိုတော့ ဆရာစုံ လက်ရာစုံပါ..။
ကျနော် ဆရာမောင်မောင်သိုက် ပုံတွေကို ပထမ ကူးဆွဲပါတယ်..နောက် ဆရာ ပန်းချီမောင်ကျော်ညွန့် အဖွဲ့ ၊ဆရာမျိုးမြင့်၊ ဆရာ ကျော်သောင်း၊ ဆရာဝသုန်၊ ဆရာ မောင်ညိုဝင်း၊ ဆရာ မောင်မောင်တို့ အဖွဲ့ ...စုံနေတာပါဘဲ...။ နေ့ တိုင်းဆွဲ၊ နေ့တိုင်းရိုက်ပါဘဲ..။ အဖေကလည်းရိုက်ရတာ အားနာပုံ မရပါဘူး..။
ကျနော်ကလည်း ပုံများများဆွဲလို့  လက်တက်လာသလို ၊ အဖလည်း ခဏခဏရိုက်တော့ လက်တက်လာပုံရပါတယ်..ရိုက်နည်းကို
စုံနေတာဘဲ.။
အဖေ့ကို နားလည်ရခက်ပါတယ်...တခါတလေ ကျနော် ကျောင်းက ပြန်ရောက်တာနဲ့ .. ဟေ့ မောင်ညီညီ ဒီမှာကြည့်စမ်း...
ဒီပုံလေး အလင်းအမှောင် တော်တော် ကောင်းတာကွ...မင်းကြိုးစားကြည့်ပါလားဆိုပြီး၊ သူကိုယ်တိုင်ပုံရွေးပေးပါတယ်...။
ပုံဆွဲပြီးရင် တော့ စုတ်ချက်တွေ မှန်မမှန် အလင်းအမှောင် အထားအသို ကို စစ်ဆေးပါတယ်..ပြီးရင် ဝေဖန်ချီးကျူးမယ်...
နောက်ဆုံး အဆင့် ကတော့ အိမ်ခေါင်မိုးမှာ ထိုးထားတဲ့ တုတ်(ဒုတ်) တွေထဲက ကိုယ်ခံနိုင်ရည် ရှိမယ့်တုတ်ကို ကိုယ်တိုင်ရွေးပြီး
အရိုက်ခံဘို့ အဆင်သင့် လုပ်ရတာပေါ့..။ စကားမစပ် အဖေရိုက်ဘို့ ထားတဲ့ တုတ်တွေက စုံနေတာဘဲ၊ ထန်းဖလပ်၊၀ါးခြမ်းပြား၊
ကြိမ် ဆိုက်စုံဘဲ..။
တခါတခါတော့လည်း စာကျက်ရက်တွေ စာမေးပွဲတွေနဲ့  မအားလို့  မဆွဲဖြစ်ရင်တောင် အဖေက ဒီပုံလေးက ကောင်းတယ်ကွ၊ မင်းဆွဲပါလားဆိုရင် ကျနော့်မှာ စဉ်းစားရပါပြီ...ပုံတစ်ကယ်ကောင်းလို့ ဆွဲစေချင်တာလား...ဒါမှမဟုတ် သူမရိုက်ရတာကြာလို့လက်ပျက်မှာစိုးလို့  တစ်ဖက်လှည့်နဲ့ ဆွဲခိုင်းတာလာလို့ ပေါ့...။ ကျနော်ကလည်းကျနော်..ကူးဆွဲရမယ့်ပုံ ကောင်းလို့ ကတော့
စာမေးပွဲရက်တောင် မရှောင်ဘူး..ဆွဲရဲတယ်...ခံရဲတယ်ဘဲ..။
တစ်ခါကလည်း မှတ်မှတ်ရရပေါ့...ကျနော်က မန္တလေးက ဆရာကံချွန်ဆီ ကနေ ပန်းချီဆွဲနည်းကို စာပေးစာယူ တက်နေတာလေ..။
ကျနော်တို့ မြို့ မှာ စာပေဟောပြောပွဲလုပ်တော့ ဆရာကံချွန်လဲ ပါလာပါတယ်...။ ကျောင်းသားတွေ အားလုံးကို နေ့ လည်ကျောင်း
လွှတ်ပြီး ဆရာ တွေက သွားနားထောင်ခိုင်းပါတယ်...ကျနော်တို့ လည်း သွားတာပေါ့..ကိုယ့်ဆရာပါတာကိုး..။
ဟိုရောက်တော့ ဆရာကံချွန်ဟောပြောတာက ဟာသလေးတွေပြောလိုက် ပုံလေးတွေဆွဲပြလိုက်နဲ့ ကျနော်လဲသဘောတွေကျ
နေတုန်း.....
“ ဘယ်လိုလဲ ဆရာကိုညီညီရဲ့  ဟောပြောပွဲတွေ ဘာတွေ တက်တာပေါ့လေ” ဆိုတော့၊ ဒီအသံ ကြားဘူးပါတယ်ဆိုပြီး လှည့်ကြည့် လိုက်တော့....ကျနော့် သင်တန်းမှုးလေ..ကျနော့်  အဖေ ပေါ့..။ ပြုံးပြုံးကြီးနဲ့ ...
“ ဟုတ်ကဲ့  အဖေ” လို့ ပြောပြီး တစ်ယောက်ခြားထိုင်နေတဲ့ အဖေ့ကို ပြန်တောင်ပြုံးပြ လိုက်ပါသေးတယ်...။
ဟောပြောပွဲ ပြီးလို့ ဆိုင်မှာပြန်ဆုံတော့ မေးတာကို ကြည့်ပါဦး...
“ မင်း ဘယ်သွားနေတာလဲ” တဲ့ ..။ အမ်...” “ အဖေနဲ့ ကျနော် တောင် တူတူ နားထောင်နေတာလေ”လို့ ပြောတော့၊
“မင်းမှာ နားထောင်ခွင့်  မရှိဘူး” တဲ့ ..။ ဟောပြောပွဲ သွားတာ အပြစ်ရှိတယ်တဲ့ ..။ ပြီးတော့ဗျာ လူကြီး၊ လူငယ်။ မိန်းခလေးတွေနဲ့ လူပေါင်းစုံ လာနေတဲ့ စာအုပ်ဆိုင်ကြီးမှာ နေ့ လည် တစ်နာရီခွဲ ကနေ စပြီး မတ်တတ်ရပ်ခိုင်းတာ... လူ တွေ ကလည်းဝိုင်းကြည့် ..ကိုယ့် မှာလည်း ရှက်တာပေါ့.. ကောင်မလေးတွေကဆို ပြုံးစိပြုံးစိနဲ့ ..။
၃ နာရီလောက်ကြာတော့ မေးတတ်တယ် “ ညောင်းပြီလား” တဲ့ ။ “ မညောင်းဘူး လို့  ပြန်ဖြေတော့ အဖေ တော်တော် တင်းသွားပါတယ်.. ။ ဒါဏ်ပေးတာရဲ့ နောက်ကွယ်မှာ “ မာနခြင်း ပြိုင်နေကြတာကိုတော့ သားအဖ ၂ ယောက်လုံး သိပါတယ်..။
သူကလည်း ညောင်းပြီ လို့ ပြောပြီး ကျနော် တောင်းပန်တာကို လို ချင်တာ..။ ကျနော် တင်းထားမှန်းသိတော့... အိမ်ကို အကြောင်းကြားပါတယ်...ငါဒီကောင့်ကို ပြန်လွှတ် လိုက်မယ်...အိမ်မှာ ဆက်ရပ်ခိုင်းထား ဘာမှမကျွေးနဲ့  ရေတောင် မတိုက်နဲ့ လို့ 
မှာလိုက်ပါတယ်..။ ကျနော့် ကို အိမ်ပြန်လွှတ်ပါတယ်...ဆိုင်မှာက လူတွေ ၀ိုင်းအုံနေပြီလေ...။
ကျနော်ကလဲ သူများတွေ မေးရင် ပြောတာ..။
“ စာပေ ဟောပြောပွဲ သွား လို့  ဒါဏ်ပေးခံထိတာ” လို့ ..။ ကြာတော့ အဖေ ရှက်လာပုံ ရပါတယ်..ကျနော်ကလည်း ရပ်သာရပ်နေတာ
စာအုပ်ဆိုင် လာသမျှ လူကို ဧည့်ဝတ်မပျက် ရှင်းပြနေတာလေ..။
ဒါနဲ့  အိမ်ရောက်တော့ ဆက်ရပ်ခိုင်းပါတယ်..။အမေ ကတော့ တစ်ချက်လှမ်းကြည့် ပြီး ၀တ္တု ဆက်ဖတ်နေပါတယ်..။
ကျနော် မတ်တတ်ရပ်လိုက်တာ ည ရောက်နေပါပြီ...အဖေလဲ အိမ်ပြန်ရောက်နေပြီဆိုတော့ ကျန်တဲ့ မောင်နှမတွေကို တစ်လှည့် စီ မေးခိုင်းပါတယ်..“ ညောင်းပြီလား” ပေါ့..။ ကျနော် ညောင်းတာပေါ့ ဒါပေမယ့် မညောင်းပါဘူး လို့ ဘဲ ပြန်ဖြေပါတယ်..။
ည ၈ နာရီလောက်ရောက်တော့ အမ ( ယခု ကျောင်းအုပ်ဆရာမ) က လာပြောပါတယ်.. ညီညီရယ် ညောင်းပြီ လို့  ပြောလိုက်ပါတော့လို့  လာပြောပါတယ်...ကျနော် က “ သူနဲ့ အတူတူ ဟောပြောပွဲ နားထောင်နေတာ ကျနော်မတ်တပ်ရပ်ရင် သူလည်း
ရပ်ရမှာ..ခုမတရားလုပ်တာ..ကျနော်ခံနိုင်တယ်လို့ ” ပြောတော့ အမ ကငိုပါတယ်...နောက် တော့ အဖေ၊တို့  မာမီတို့ နဲ့  ဘာတွေ ပြောကြလဲတော့ မသိပါဘူး.....နာရီဝက်လောက်ကြာမှ..“ရပြီ မင်းနားတော့ ”လို့ အဖေ လာပြောပါတယ်..။
ကျနော် အဲဒီမှာ နားရပါတယ်..။
ပြီးတော့ ထမင်းစားခိုင်းတာ ကို ကျနော် မဆာတော့ဘူးလို့ ပြောပြီး....အိမ်နော်ဖက်က မွေးမြူရေးခြံ အထပ်ခိုးလေးထဲမှာ...
ကျနော် ရှိုက်ငိုခဲ့ ရပါတယ်...။ တိတ်တိတ်လေးပေါ့..။
ဒါတွေဟာ ကျနော်ချစ်တဲ့ အနုပညာနဲ့ ပါတ်သက်ပြီး ပေးဆပ်ခဲ့ ရတာတွေပါ..။ ပြောမကုန်နိုင်တဲ့  အကြောင်းအရာတွေ ထဲက တစ်ခုပါ..။
icn2၊ ညီမလေးရှင်း၊ ပန်ဒိုရာ နဲ့ အခြားသော ၀ါသနာရှင်တွေ ပုံကူးဆွဲမယ် ပန်းချီကို လေ့လာမယ်ဆိုရင်တော့၊ ကျနော့်ထက်ပိုပြီး
ရေးဆွဲခွင့် ရှိမှာပါ...ကျနော့်ထက်လည်း ပိုတော်နိုင်မှာပါ...။ကျနော်ယုံကြည်ပါတယ်..။ ကျိုးစားပါ။
ပုံကူးဆွဲခြင်းဟာ အကောင်းဆုံး လေ့ကျင့်မှုပါ၊ ဆရာစုံလေ လက်ပိုတက်လေပါဘဲ..။
ကျနော်ခင်မင်တဲ့ ညီလေး ၊ညီမလေးတွေ ပုံတွေ အများကြီး ရေးဆွဲနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။
သစ်နက်ဆူး
Thursday, September 18, 2008
“တော်လိုက်တဲ့...သား”
သားက အသက် ၆ နှစ်ဆိုတော့ ဒီနှစ်ကျောင်းစတက်ပါတယ်...မြန်မာလိုဆိုရင်တော့ သူငယ်တန်း ပေါ့...။ ဒါပေမယ့်
ဒီနိုင်ငံရဲ့  မိခင်ဘာသာရော၊ အင်္ဂလိပ်ဘာသာကိုပါ သင်ရပါတယ်...။
ကျောင်းက ပြန်လာတာနဲ့  ကျောပိုးအိပ်လေး ဖွင့်ပြီး ကျောင်းက ဆရာမ ပေးလိုက်တဲ့ အိမ်စာ လေ့ကျင့်ခန်း လုပ်တော့တာပါဘဲ..။
ဟိုတစ်နေ့ ကတော့ အင်္ဂလိပ်စာလေ့ကျင့်ခန်းလုပ်နေရင်း စာကြောင်း တခုရဲ့ စာလုံးပေါင်းဆိုရင် ဘာနဲ့ စ” တယ်ဆိုတာလေး မေးမိပါတယ်..။ တစ်ဆက်တည်းဘဲ လူနာမည် စာလုံးပေါင်းလေးတွေ မေးမိပါတယ်.....
“ သား...မိုး ဆို ဘာနဲ့ စ ပေါင်းမလဲ”
“ အယ် မ်”
“ ဟုတ်ပြီ...ဆန်း ဆိုရင်....”
“ အက်စ်”
“ နန္ဒာ......”
“ အယ်န်”
“ ထွန်း....”
“ ထီ (တီ)..”
“ ဇော်...ဆိုရင်ရော....”
အဲဒီ ဇော် ကို စာလုံးပေါင်း သူ စဉ်းစားနေပါတယ်...မေ့နေပုံပါ..မသိတာလည်း ဖြစ်နိုင်တာနဲ့  ကျနော်က ...သား ဒီမှာကြည့် ...
ဘာနဲ့ စလဲ...” ဆိုပြီး သူအတွေးပေါ်အောင် ကျနော့် ဇက်ကို လက်ညှိုး ထိုးပြလိုက်ပါတယ်...
သားကလည်း သွက်သွက်လက်လက် ပြန်ဖြေပါတယ်......။
ဆရာမ တန်ခူး ဆိုရင်တော့ ထိုင်ငိုမလားဘဲ...ဂျစ်တူးတောင် ဘေးက မျက်ရည်ဝဲနိုင်ပါတယ်....။ ကြည့်ပါဦး....
“ သား သိပြီ... ဇော် ဆိုရင် လည်ပင်းနဲ့ စ ပေါင်းတယ်”
သစ်နက်ဆူး
Tuesday, September 16, 2008
ဘိုးလေးဖိုးခွေး
ဘိုးလေးဖိုးခွေးဆိုတာ အဘွားရဲ့  မောင် ၂၀မ်းကွဲလားတော်ပါတယ်.....။
နာမည်ရင်းက ဦးဖိုးခွေးပါ....ဘိုးလေးတော်တယ်ဆိုတော့လည်း ကျနော်တို့ တစ်တွေက ဘိုးလေး ဖိုးခွေး လို့ ဘဲ ခေါ်ကြတာပါ....
ကျနော်က အဘွားနဲ့ အတူတူနေတာဆိုတော့ ဘိုးလေးဖိုးခွေးကို ခဏခဏ မြင်ဘူးပါတယ်..။ ဘိုးလေးက တစ်ကိုယ်ရေသမားကြီးဆိုတာတော့ သိတယ်..။ ဘိုးလေးက ခပ်ပေပေ၊ ခပ်ဆိုးဆိုးပါ....။ဘိုးလေးစတိုင်က အမြဲတမ်း ကတုံးနဲ့ ၊
အကျီင်္ င်္ဘယ်တော့မှ မ၀တ်ဘူး၊ ပုဆိုးဝတ်ရင် ဒူးခေါင်းလောက်၊ ပုဆိုး ခါးပုံစကြီးကတော့ အကြီးကြီး။
အိမ်ကိုလာရင်တော့ အဘွားကို အစ်မတင်၊ အစ်မတင်နဲ့  တော်တော် ချစ်ပုံ ရပါတယ်..အဘွားကလည်း သံယောဇဉ်ကြီး
ပါတယ်..အဘွားမှာကလည်း မောင်”ဆိုလို့ မောင်အရင်း တစ်ယောက်နဲ့  ဒီမောင်ဝမ်းကွဲ ဘဲ ရှိတာကိုး...။
ဘိုးလေးက အလုပ်ဆို အကုန်လုပ်တယ်...ရေတွင်းတူးတယ်၊ခြံကာတယ်၊အုန်းပင်တက်တယ်၊အိမ်မိုးတယ်၊
ဒါပေမယ့် ဘာလုပ်လုပ် ပိုက်ဆံက ဘယ်တော့မှ မလောက်ဘူး၊ ဘယ်လောက်မလဲ....
အဘွားပြောပြတာက...ဘိုးလေးက ဘိန်းစားတဲ့ ၊ ဘိန်းစွဲနေတာတဲ့ ၊ ဒါကြောင့် ရှာသမျှကုန်နေတာပေါ့တဲ့ ..။
ဘိန်းစားဖြစ်လာတော့ ဘိုးလေး အကျင့်ပျက်လာတယ်....ခိုးတတ်လာတယ်။
ခိုးတယ်သာပြောရတာ မမိတဲ့ အခါလို့ တစ်ခါမှ မကြားမိဘူး....။ ခဏခဏမိတာ။
တန်ဘိုးကြီးတာတော့ ဘိုးလေးက မခိုးဘူး၊ ကြောက်လည်း ကြောက်တတ်တယ်၊ပြသနာဖြစ်ရင်လည်း အဘွားကဘဲ ခဏခဏရှင်း
ပေးရတာ...။အဘွားသမီး( အဒေါ်) တို့ ကတော့ သိပ်မကြိုက်ဘူး။ ဒါပေမယ့် ခင်တော့ ခင်ကြတယ်၊
အိမ်မှာ အမှိုက်တွေ ရှင်းဘို့ တို့  သစ်ပင်စိုက်ဘို့ ကျင်းတူးဖို့ ဆိုရင် ဘိုးလေးကို ဘဲ ခေါ်ခိုင်းနေရတာကိုး။
ဘိုးလေးလာပြီဆို ကျနော် မကစားရတော့ဘူး၊ အဒေါ်တွေလေ“ ဟဲ့ ကောင်လေး နင့်ဘိုးလေးကို တစ်ချက်ကြည့်ထားဟဲ့ ” တဲ့ ..။
ကျနော်ကလည်း အမြဲကြီး ကြည့်ရမှာ အားနာတယ်..ကိုယ့်ဘိုးလေးဥစ္စာ။
ဘိုးလေးကလည်း ဘိုးလေး...တစ်ခါလာရင် တစ်ခါဆိုစမှတ်ပြုရတယ်......လာ၇င် အသံပေးပြီး လာတယ်....အဲ
ပြန်ပြီဆို ဘယ်အချိန်ပြန်သွားမှန်းတောင်မသိရဘူး...သတိယမှ လိုက်ရှာပြီးရင်တော့ အဒေါ့် အသံကိုကြားရပြီ..
“ အမေ...အိမ်နောက်က ထမိန်တစ်ထည်တော့ ပါသွားပြန်ပြီ...စိတ်ညစ်ပါ့တော် ၊ အဟုတ် အမေ့ မောင်ကလည်း...”
ပြောသာပြောတာ အဒေါ့်မျက်နှာကလဲ ပြုံးပြုံး..။ တစ်ခေါက်လာ တစ်ထည်ဆိုတော့လည်း ရိုးနေပြီ..
နင်ဘဲ ငဆ ဒေါသဖြစ်ပြီးပြောရင်လည်း ငရဲက ကြီးဦးမှာ..ဦးလေးကိုး....၊။
အဘိုးလေး အကျင့် မကောင်းတာ မရှိလို့ ဆိုတာ သိတော့ အဒေါ်ကြီးကတော့ နားလည်ပေးပါတယ်..။
ဖြောင်းဖျ ပြောဆိုပေးတယ်..ဦးလေး ဘိန်းကိုဖြတ်တော့ ခိုးတဲ့ အလုပ်မလုပ်နဲ့ ၊ထမင်းလည်းညမနက်ဒီမှာဘဲ လာစား။
ပြောလည်း ဘိုးလေးကအေးဆေးဘဲ ၊ လက်နှစ်ဖက်ကိုဒူးကြားထည့်ပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ ၊ ပြောသမျှခံတာဘဲ..။
ထမင်းထည့်ကျွေးရင်စားလိုက်တာဘဲ...အဲ စားပြီးရင် ဘိုးလေးဘယ်အချိန် ပြန်သွားမှန်း သတိမထားမိလိုက်ကြဘူး...။
ဘိုးလေးက စားပြီးလို့  ပြန်ရင် ထမင်းထည့်ကျွေးတဲ့ ဇလုံကိုပါ ခါးပိုက်ထဲ ထည့်ပြီး သုတ်ခြေတင်တာကိုး..။
ကြာတော့ ဘိုးလေး အကုန်ခိုးတတ်လာတယ်ထင်ပါရဲ့  ..ဘိုးလေး သတင်းကခဏခဏ ကြားနေရတာကိုး..။
ကျောင်းနေဘက်သူငယ်ချင်းတွေဆို တွေ့ ပြီ ဆိုတာနဲ့  “ မင်းတို့ ဘိုးလေး ညက အုန်းခြစ်ခိုးသွားတယ်ကွ”
“ တို့ အိမ်ဘေးအိမ်က ကြက်ဖကြီး ခိုးသွားတယ်ကွ” အို...ကွ ပေါင်းကို စုံနေတာဘဲ....၊ ကျနော်လည်းအစကရှက်ပေမယ့် နောက်တော့
သူတို့ ကနှိမ်ပြီးပြောတာ မဟုတ်ဘဲ ၊သတင်းပေးတဲ့ ပုံစံမျိုးပြောတာဆိုတော့ ကျနော်လည်း မရှက်နိုင်တော့ပါဘူး...။
သူတို့ ပြောပြီဆို ကျနော်ကလည်း ပြန်မေးတာပေါ့ “ လူမိသွားတာဘဲ မဟုတ်လား” လို့ ။
တစ်ခါသားတော့ အဘိုးလေး ခိုးတာ မြို့ တစ်ခြမ်းလောက် ၊အုတ်အော်သောင်းနင်းဖြစ်သွားတာ....အမှုကလည်းကြီးတယ်။
ဖြစ်ပုံက ဒီလိုဗျ၊ တောင်ရွာ( သီရိ) ရပ်ကွက်ထဲမှာ အသုဘတစ်ခုဖြစ်ရော....ဆိုတော့ ထုံးစံအတိုင်း ဘိုးလေးက လက်တိုလက်တောင်း
ဝိုင်းလုပ်တာပေါ့.....ညဘက်လိုကျ ဘိုးလေး ဘာစိတ်ကူးပေါက်သွားလဲ မသိဘူး....အသုဘအိမ်က မီးအိမ်( အောက်လင်းဓါတ်မီး)ကို
ခိုးပြီး ပြေးပါလေရော...။ လူမသိဘဲနေမလား ..အသုဘမှာ ဒီလောက်လူများတဲ့ ဟာ...။
သိတာနဲ့ အော်ဟစ်ပြီး လိုက်ကြတာပေါ့...အသုဘမှာ ဖဲရိုက်တဲ့ လူတွေရော၊ ရပ်ကွက်လူကြီးတွေ ရောပေါ့...ညံစီနေတာဘဲ...။
ဆွေမျိုး နီးစပ်တစ်ယောက်က အဘွားကို သတင်းလာပေးတော့ အဘွားရော အဖေရော..အဒေါ်တွေပါ လိုက်ကြရတာပေါ့....။
ကျနော်လည်း အဘွားလက်ဆွဲပြီး လိုက်တာဘဲ...။
ဟိုရောက်တော့ ဘိုးလေးအိမ်ထဲမှာ လူကိုပြည့်နေတာဘဲ....မီးအိမ်ကြီးကလည်း လင်းထိန်နေတာဘဲ...၊ အဘိုးလေးလည်း
ဘယ်လိုမှ မငြင်းနိုင်ပါဘူး...လက်ပူးလက်ကြပ်ကြီးမိတာကိုး.......။
ရပ်ကွက်လူကြီးတွေကလည်း အဘွားကို အကျိုးအကြောင်း ပြောပြကြတယ်...၊
ခိုးသွားမှန်းသိတာနဲ့ လိုက်ကြတာဘဲတဲ့  ဒီရောက်တော့ ၀င်ရှာရှာချင်းမတွေ့ ဘူးတဲ့ ....နောက်မှ စောင်ကြီးအုပ်ထားတဲ့ လုံးလုံးကြီးထဲက
တရွှီရွှီ မြည်နေလို့  မသင်္ကာတာနဲ့ ဖွင့်ကြည့်တော့ အောက်လင်းဓါတ်မီးကို ထွန်းရက်သားကြီးတွေ့ တာတဲ့ ...။ဘိုးလေးက မီးအိမ်ကို ထန်းခေါက်တောင်းနဲ့ မှောက်အုပ်ပြီး အပေါ်က စောင်နဲ့ အုပ်ထားတာကိုး။
အဘွားလည်း ရပ်ကွက်လူကြီးစကားကြားတော့ ရှက်လည်းရှက် စိတ်လည်းတိုသွားတယ်နဲ့ တူပါတယ်.....သူ့ မောင်ဖြစ်တဲ့ ဘိုးလေး
ကို ဆူလိုက်တာဆိုတော့...။နောက်မှ အဘွားက မေးပါလေရော....“ မောင်ခွေးရယ် နင့်မလည်း ခိုးတော့ ခိုးပြီး မီးထွန်းထားမှတော့
လူမမိဘဲနေမလားဟဲ့” ဆိုတော့....ဘိုးလေးကတော့ လူမိမယ်၊ လူသိမယ်ဆိုတာကို အစကတည်းက သေချာပေါက်သိပြီးသားမို့ ထင်ပါရဲ့ ၊
မျက်လုံးလေး ကလယ်ကလယ်နဲ့ ကတုံးလေးကိုလက်နဲ့ ပွတ်ပြီး အဘွားကို ပြန်ပြောတယ်...
“ အစ်မတင်ကလည်း ကျုပ်မှ မီးမငြိမ်းတတ်တာ” တဲ့...။
ကျနော်လည်း ဘိုးလေးဖြစ်နေတာ ကြည့်ပြီး သနားသွားသေးတယ်.....။
အမျိုးထဲမှာ ရှားရှားပါးပါး ပါလာပြီး...ခိုးသမျှလည်း တစ်ခါမှ လူမမိတာမရှိ၊ လူမသိတာလဲ မရှိ၊ ရှေ့ ကခိုး နောက်ကပေါ်ဘဲ။
ဘိုးလေး ပြောပါတယ်....ခုတော့ မရှိတော့ပါဘူး....သူများအိမ်ကို ရေနံချေး(ဂျီး) သုတ်ပေးပြီး အပြန် ရေချိုးလိုက်တာ အပူရှပ်ပြီး
ဆုံးသွားတာ...။
ကြာပါပြီ....တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်လို့ ပြန်သတိရမိတာပါ....သတိရတဲ့ အခါဆို မဆီမဆိုင် တွေးမိသေးတယ်...
“ သြော်...ဘိုးလေးဖိုးခွေးတာ အသက်ရှင်နေဦးမယ်ဆို ....ဗိုလ်ချုပ်ကြီးသန်းရွှေ အရွယ်တော့ရှိပြီ” လို့ ..။ ။
သစ်နက်ဆူး
Saturday, September 13, 2008
စုဘူးလေးနဲ့ သူခိုး
သားမှာစုဘူးလေးတစ်ခုရှိသည်...ကိုယ်ကလည်း ခွင့်ပြုသည်...။ သားရဲ့ မေမေကတော့ သားရဲ့ စုဘူးလေးကို အမြဲထပ်ဖြည့်ပေးနေကြ..။ သားက အမေနဲ့  အမတွေ ဈေးဝယ်လို့ ပိုတဲ့ ငွေလေးတွေတွေ့ ရင် သူ့ စုဘူးလေးထဲကို ထည့်သည်...။
ဘယ်အခါဘဲဖြစ်ဖြစ် ပိုက်ဆံ ယူလာပြီးလျှင် ကိုယ့်ကို လာပြောသည်...မျက်စိလေးတစ်ဖက်မှိတ်ပြရင်း“ သား မေမေ့ပိုက်ဆံပိုတာ ယူလာတယ်..သားစုဘူးထဲထည့်မယ်နော်” ဟုပြောတတ်သည်...။
ဒါပေမယ့် တန်ဘိုးများများ မယူ..အကြွေလောက်မျှသာ..။ တခါတရံ ပိုက်ဆံများများတွေ့ လျှင် “ ဒါဘယ်သူ့ ပိုက်ဆံလဲ......
မြန်မြန်လာယူပါ” ဟုအော်ပေးတတ်သည်...။
တစ်ကယ်တမ်းဆို သာအသက်က ၆နှစ်မျှသာ...။
ပိုက်ဆံကို ယူပြီး စုတတ်တာကလွဲလို့  သားက မခိုးတတ်ပါ..။ကိုယ်က နားလည်ပေးထားသည်..သားမှာ ၀င်ငွေမရှိ၊ အလုပ်မရှိ..။
ဒီလိုယူမှသာ သူ့ စုဘူးလေးပြည့်နိုင်မည်..။ပြောသာပြောသည်..သူစုဘူးက တခါမှမပြည့်..။ သူ့ အမတွေနှင့် သူ့ မေမေ ဘတ်စ်ကား
စီးဘို့ အကြွေလိုလျှင် သူကဘဲ အမြဲထုတ်ပေးသည်။ သူမသိခင် ယူထားပြီး နောက်မှပြောရင်လည်း ပြသနာမရှိ..။
ကိုယ်တစ်ခုခု ၀ယ်မည်ဆိုလျှင် ..“ဖေဖေ ပိုက်ဆံမလောက်ရင် သားစုဘူးလေး ဖေါက်လိုက်ပါလား”ဟုသားက အမြဲပြောသည်
ကိုယ်ကိုတော့ သူပိုချစ်သလို ထင်ရသည်..။ ကိုယ့်ဆီက ဘယ်တော့မှ မယူ။ဒါပေမယ့် ကိုယ်ဝယ်ပေးရတာတွေကလည်းမနည်း..။
ကိုယ်က ကင်မရာကောင်းကောင်းတွေ့ လည်း ၀ယ်ချင်သည်...ပရိုဂရမ်အသစ်တွေပေါ်လည်းထပ်ဝယ်ချင်သည်...ရုပ်ရှင်တည်းဖြတ်တဲ့ 
ပရိုဂရမ်တွေ အားကျသည်..။အင်တာနက်မှာ ကြည့်ပြီး “ ဒါလေးတော့ ၀ယ်ထားမယ်ကွာ” လို့ ပြောသံ ကြားရင်......သူပြောမည်..။
“ ဖေဖေပိုက်ဆံလိုရင် သားစုဘူးလေး ဖေါက်လိုက်မယ်နော်” ဟု..။
ဒါသည်ပင်လျှင် ချစ်ခြင်းတရား၊ ဒါသည်ပင်လျှင် မိဘနှင့် သားသမီး၏ နွေးထွေးမှုဖြစ်သည်။
သားရဲ့ စုဘူးလေးနဲ့ ပါတ်သက်ပြီး ကိုယ်ငယ်ငယ်က စုဘူးလေးကို နင့်နင့်နဲနဲ သတိရမိသည်..။ကိုယ့်ဘ၀မှာလည်း တစ်ခါဘဲ စုဘူးသည်။
ကိုယ့်အသက် ၁၁ နှစ်သားလောက်ကပေါ့..။ ကိုယ့်အထက်က အကိုက ၁၃ နှစ်အရွယ်ဖြစ်သည်...။
စုဘူးကို သူက အရင်စုသည်...။ကိုယ်က သိတောင်မသိပါ..။
၁၁နှစ်နဲ့ ၁၃နှစ်အရွယ်မှာ ဘယ်မှာ ကိုယ်ပိုင်အလုပ်ရှိမှာလည်း...မုန့် ဘိုးလေးတွေစု..၊မိဘတွေ ဆီက တိတ်တိတ်လေးခိုးစုပေါ့။
တစ်နေ့ ကျနော့် အကိုက သူ့ စုဘူးလေးကို ဖေါက်ပြီး အဖေနှင့် အမေကို ပေးတော့ “သိပ်တော်တာဘဲ၊ လိမ်မာလိုက်တဲ့ သား”ဟု
ချီးမွမ်းကြသည်...။ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့..။
ကိုယ့် အကိုကို ချီးမွမ်းတာမြင်တော့ ကလေးပီပီ ကိုယ်ကလည်းချီးမွမ်းခံချင်သည်..မိဘကို တစ်ဖက်တစ်လမ်းက ကူညီသော
သား လေးဖြစ်ချင်သည်၊ ဒါနဲ့ ဘဲ အဒေါ်ဖြစ်သူကို ပူဆာပြီး စုဘူးလေးဝယ်ခိုင်းသည်၊ အဒေါ်ကလည်းဝယ်ပေးပါသည်...။
စုဘူးလေးရပြီးကတည်းက ကိုယ်ရသမျှမုန့် ဘိုးလေးတွေစုသည်..၊ ကလေးချင်း သူတို့ ကြီုက်တတ်သည့် ၊ သူတို့ လိုချင်သည့် ပုံလေးတွေဆွဲပေးပြီး ရသမျှစုသည်..မကွယ်မ၀ှက်ပြောရလျှင် မိဘတွေ အမှတ်မဲ့ တင်ထားခဲ့သော အကြွေလေးတွေကို ခိုးစုသည်..
အဘွားပေးသည့် ငွေကိုလည်းစုသည်...။
သူများတွေက ပိုက်ဆံစုဘူးလေးဖေါက်မည်ဆိုလျှင် စုထားတဲ့ ပိုက်ဆံ ဘယ်လောက်များမလဲ သိချင်စိတ်ဖြင့် ရင်တုန်ကြ၊
ရင်ခုန်ကြသည်..။ ကိုယ်ကတော့ စတင်စု ကတည်းက စာရင်းဇယားလေး လုပ်ထားလို့ ..ဒီနေ့ ထည့်တာနဲ့ ဆို ဘယ်လောက်ရှိပြီဆိုတာ ကြိုသိနေလို့ ရင်မခုန်ရပေမယ့် စုဘူးလေးဖေါက်ကာ မိဘတွေလက်ထဲ ပေးမည့် အချိန်လေးကိုတွေးပြီး ရင်ခုန်သည်။
လနှင့် ချီပြီးစုထားရာမှ သူငယ်ချင်းလိုချင်သော ဆေးရောင်စုံ ပုံလေးကို ညနေပိုင်းအထိ သူ့ အိမ်မှာဘဲ အပြီးဆွဲပြီးသည့် အချိန်တွင်
၁ကျပ်တိတိရသည့် အတွက် ကိုယ့်မှာ အရမ်းပျော်သည်...ဒီနေ့  စုငွေ ၉၀ကျပ်တိတိပြည့်သည့်နေ့ ..။
အစကတည်းက အကို့လောက်မများတောင် ၉၀ တိတိ ပြည့်တာနဲ့ အဖေ၊အမေတို့ ကို ပေးမည်ဟု ဆုံးဖြတ်ထားတာဖြစ်လို့ 
ဒီနေ့  ပိုပျော်ရွှင်မိသည်...။
သူငယ်ချင်း မိသားစုကို နုတ်ဆက်ပြီး ရွှေဘိုမြင်းတစ်ကောင်လို အိမ်ကို ဒုန်းစိုင်းပြေးလာခဲ့သည်...။
ကိုယ့် အိမ်ရောက်တာနဲ့ စုဘူးလေးထားနေကြ တံခါးကြားလေးကို ကြည့် လိုက်တော့  ကို ယ့်စုဘူးလေး မရှိတော့..။ ကိုယ့်ခေါင်းတွေ
မူးသွားမိသည်. ရင်ထဲမှာလည်းဆိုနင့်နင့်ဖြင့် ငိုချင်နေသည်..။ အမကိုမေးတော့ မပြောပါ..ညီမလေးကိုမေးတော့ သူမသိပါဘူးလို့ပြောသည်..။ ကိုယ်သိပြီ၊ ကိုယ့်စုဘူးကို တစ်ယောက်ယောက်ယူလိုက်ပြီ.......၊
ကိုယ်ဘယ်သူ့ ကိုမှ မမေးရဲပါ..ကိုယ်ဝမ်းနည်းစွာငိုကြွေးမိသည်..မေးမည့် သူ ၊ချော့မည့် သူ မရှိပါ..။
တားဆီးမရ ဖြစ်ပေါ်လာသော အားငယ်မှုဖြင့် အိမ်ဘေးကအုန်းပင်လေးနားမှာ ကိုယ်ကျိတ်ငိုမိသည်..။
တော်တော်ကြာမှ အမေရောက်လာပြီးကိုယ့်ကို တစ်ခုခုနှင့် ပစ်ပေါက်လိုက်ပြီး...
“ ဟဲ့ သူခိုး ငိုမနေနဲ့ ကျက်သရေမရှိဘူး” ဟု ပြောကာ အနားမှထွက်သွားသည်..။ အမေပစ်လိုက်လို့ ခေါင်းကိုမှန်ပြီးနံဘေးမှာ ကျနေသော
အရာကို မျက်ရည်များကြားက ကောက်ယူကြည့်တော့ ဓါးဖြင့် ထိုးခွဲထားသော၊ပိန်လိန်နေသော ကိုယ့်စုဘူးလေးပါ...။
“ အမေရယ်...ကျနော့်ကို မမေးတော့ဘူးလား”
“ ကျနော့်ကိုရှင်းပြခွင့်  မပြုတော့ဘူလား”
“ဒီ တစ်ညနေလေးတောင် မစောင့်ကြတော့ဘူးလား အမေ....ဒီတစ်ညနေလေးပါ”
“အမေ ဘာကြောင့် သူခိုးဆိုတဲ့ ဝေါဟာရကို သုံးပစ်လိုက်တာလည်း အမေ”
“ကျနော်လည်း အမေ့သားပါ အမေရယ်”
“ ကိုယ်ပိုင်အလုပ်မရှိ ၊၀င်ငွေမရှိတာချင်းအတူတူ အကို့ ကိုတော့ အမေတို့ ချီးမွမ်းခဲ့ တာ ဘာလို့ လဲ”
မမေးရဲပါဘူး မေမေ။ ကျနော်ဘာမှ မပြောရဲပါဘူး...။ ကျနော် အကျယ်ကြီးတောင် မငိုရဲပါဘူး....။
ကျနော့် ဘ၀မှာ ဒါပထမဆုံးနဲ့ နောက်ဆုံး စုဘူးပါ မေမေ။
...........
...........
သားရဲ့ စုဘူးလေးကို ကိုယ်က နားလည်ပေးပါတယ်..သူက ကိုယ့်သားလေးပါ...။
ကိုယ့်အဖြစ်အပျက်နဲ့ စာနာပြီး စုဘူးလေးကို မကြည့်ပါ...စုဘူးလေးကိုကျော်ပြီး သားရဲ့ စိတ်ဓါတ်ကိုဘဲကြည့်သည်။
တိတ်တိတ်လေး ယူသည့် အကျင့်ကို မလေ့ကျင့်ဘဲ.. ခွင့်တောင်းပြီးမှယူကာစုဘို့ ပြောပြသည်....။
သားစုသမျှကလည်း အကုန်လုံးဘတ်စ်ကား စီးဘို့ ပါလို့ သားပြောတော့  ကိုယ့်မှာမျက်ရည်ကျမိသေးသည်...
ကိုယ့်ရဲ့ အဖြစ်လို ကလေးတွေကို မဖြစ်စေချင်ပါ...ကမ္ဘာမှာ ကလေးဦးရေ တော်တော်များပါသည်၊ ကလေးတို့ သဘာဝက
တစ်ယောက်ကစုဘူးလေးရှိတယ်ပြောလျှင် ကြားရသော ကလေးများလည်း ကိုယ်ပိုင်စုဘူးလေးတွေ လိုချင်ကြမှာ၊ စုချင်ကြမှာပင်..။
ကစားစရာလေးတွေဝယ်ဘို့ ၊ အဘွားကိုကန်တော့ဘို့ ၊အဘိုးကို ကန်တော့ဘို့ ရည်ရွယ်ချက် အမျိုးမျိုးပင်...။
စုဘူးစုတတ်သော ကလေးများတို့ သည် ကိုယ်တို့ ၏ရင်သွေး၊ ကိုယ့်သားသမီးသာဖြစ်သည်..။
အနည်းငယ်မျှသော အကြွေလေးများကို ယူစုလို့ မိဘများ စီးပွားပျက်မသွားနိုင်ပါ။
သူတို့ ကို နားလည်မှုလေး ပေးထားရန်တော့ လိုအပ်ပါသည်..။
..........
ကိုယ့် မိသားစုမှာ ကိုယ်ကအရာရာ အပြင်ဘက်က ဖြစ်နေတာကြောင့် ကိုယ့်အသက် ၁၆ နှစ် မပြည့်ခင်လေးမှာပင်
အိမ်ကနေ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်..။ ကိုယ့်ဘ၀ကိုယ် ဇာတ်မြှုပ်ပစ်ခဲ့ သည်..။
ကိုယ့်အသက် ၃၃နှစ် အရွယ်မှာတော့  ဘယ်လိုစုံစမ်းပြီး မသိ ၊ဆက်သွယ်ကာ အတင်းခေါ်သောကြောင့် ကိုယ့်မိသားစု တခေါက်တော့
မိဘတွေဆီ သွားလည်ခဲ့ပါသည်...။အဲဒီအချိန်မှာ ကိုယ်ကလည်း အိမ်ပိုင်၊ခြံပိုင်၊ ရွှေနှင့်ငွေနှင့် ပြည့်ပြည့်စုံစုံပါ။
ကိုယ့်အမေက“ မင်း ဒီအနုပညာအလုပ်ကိုဘဲလုပ်နေမှာလား၊ မင်းအကိုဆို အင်ဂျင်နီယာ၊ အရမ်းချမ်းသာနေပြီ၊မင်း လုပ်မယ်ဆို မင်း
အကိုကို အလုပ်တစ်နေရာ ရအောင်ပြောပေးမယ်”ဟု အမေကပြောသည်....။အမေ ပြောနေချိန်မှာ စုဘူးလေးကို ကိုယ်ပြန်မြင်ယောင်မိသည်။
ကိုယ်ကလည်း နည်းနည်းရင့်ကျက်နေချိန်မို့ အမေ့ကို စကားတစ်ခွန်း ပြန်ပြောခဲ့ ပါသည်...ထိုစကားလေးကြောင့်ပင်
နောက်တစ်ကြိမ် ဇာတ်မြှုပ်ခဲ့ ရပြန်ပါပြီ.....။
ကိုယ်အမေ့ကိုပြောခဲ့ပါသည်.....
“ ကျနော်မခိုးတတ်ဘူး အမေ”
သစ်နက်ဆူး
လွင့်
ညဥ့်အရိပ်တွေ
တိတ်ဆိတ်နေတယ်...
အေးစက်စက် ကော်ဖီတစ်ခွက်နဲ့ 
ငါ..တစ်ယောက်ထဲပါ..။
ချုပ်တည်းမှုကွန်ယက်က
ဝင်သက်ထွက်သက်နဲ့ အမျှပေါ့...။
....“ ”
လွမ်းလိုက်တာ...
မြူကမ္ဘာအခင်းအကျင်းနဲ့ 
လမင်းပုံရိပ်ကိုမှ တမ်းတ
ငါ့ဘ၀ကို ဖွင့်မယ့် သော့တစ်ချောင်းကို
ငါ ကိုယ်တိုင်မြိုချပြီးတဲ့ နောက်ပေါ့...။
မေ...ရယ်
ခွဲခွာပြီးတဲ့ နောက်
သော့တစ်ချောင်းတော့ ပျောက်ခဲ့ တယ်..။
သစ်နက်ဆူး
Thursday, September 11, 2008
MANGA
ဒီနေ့  အရှေ့ အာရှမှာရယ်..ဥရောပ လူငယ်များကြားမှာ မထင်မှတ်ဘဲ လူငယ်တွေ နှစ်သက်လာတဲ့ ပုံလေးတွေကို.....
MANGA ပုံလေးတွေလို့ ခေါ်ပါတယ်..။ ဒီပုံလေးတွေက တစ်ကယ်တမ်းပြောမယ်ဆို ဒီ MANGA လေးတွေက ဂျပန်ကော့မစ်လေးတွေပါ....။
ပုံလေးတွေက မြူးမြူးကြွကြွ ချစ်စရာလေးတွေပါ....ဒါကြောင့်လည်း ဥရောပ လူငယ်တစ်ချို့ က MANGA မှ MANGA ဖြစ်နေတာပါ..။
ကျနော် ရေးဆွဲထားတဲ့ ပုံလေးတွေကို မျှဝေ ပေးလိုက်ပါတယ်...
သူ့ ကို ရေးဆွဲတဲ့  အချိုးကလွယ်ပါတယ်...ကိုယ့်သူငယ်ချင်းတွေ ၊ခင်မင်သူတွေကို အမှတ်တယ ဆွဲပေးမယ်ဆိုရင် ပေါ့ပေါ့ပါးပါး
လွယ်ကူစွာရေးဆွဲပေးနိုင်ပါတယ်....
ဒီပုံလေးတွေကို ပထမ ပုံဆွဲမှင်( စုတ်.သို့မဟုတ် ပုံဆွဲ ဘောလ် ပင်န် နဲ့ စက္ကူပေါ်မှာဘဲ သပ်သပ်ရပ်ရပ် ရေးရပါမယ်..ပြီးမှ စကင်န်
ဖတ်ပြီး ကွန်ပြူတာထဲမှာ မိမိနှစ်သက်တဲ့  ပရိုဂရမ်နဲ့  အရောင်ဖြည့်ပါ..။ ကျနော်ကတော့ PHOTOSHOP CS2ကို အသုံးပြုရေးဆွဲထားပါတယ်....ကျနော်လည်းဆရာကြီး မဟုတ်ပါဘူး...၀ါသနာတူတွေချင်း မျှဝေတဲ့ သဘောပါ...။
ဒီပုံလေးတွေကို နှစ်သက်လျှင် မည်သူမဆို ယူသုံးနိုင်ပါတယ်..။
Manga ပုံလေးတွေလို မြူးကြွပျော်ရွှင်နိုင်ကြပါစေ...။
သစ်နက်ဆူး
ပုံတူ ပန်းချီ
ပုံတူပန်းချီလေးတွေကို တင်ပေးရန် အစီအစဉ်ရှိပေမယ့် ....လောလောဆယ်တင်ဘို့ ရည်ရွယ်ထားတာမဟုတ်သေးပါဘူး....
ဒါပေမယ့် ခင်မင်မိတဲ့ မောင်နှမ သူငယ်ချင်းတွေ တောင်းဆို တဲ့ အတွက် ၊ ရှိတဲ့  ပုံလေးတွေ တင်ပေးလိုက်ပါတယ်..။
ဒေါ်အောင်ဆန်းစုပုံတူကို ကျနော်ခဲမှုန့် ကို အသုံးပြုပြီး ဆွဲခဲ့ပါတယ်....ကျနော်တို့ မြို့ လေးမှာ ငြိမ်းချမ်းရေးအတွက် စွန့် လွှတ် စွန့့် စားသူတွေ၇ဲ့ ပုံတူတွေချိတ်ဆွဲပြီး...ငြိမ်းချမ်းရေးပြပွဲလေးတစ်ခု လုပ်ဖြစ်ခဲ့ ပါတယ်..။ မြို့ နယ် တာဝန်ရှိသူတွေက မြန်မာပြည်ရဲ့ 
ငြိမ်းချမ်းရေးအတွက် ကျိုးစားနေသူ ဒေါ်အောင်ဆန်းစုကြည်ပုံတူရှိရင် ကူညီပေးပါ..ဌားရမ်းပေးပါလို့ အကူအညီတောင်းလာပါတယ်..
ကျနော့် မှာလည်း အဆင်သင့် မရှိသေးတဲ့ အတွက် အချိန်လုပြီး အသင့် ဘောင်ကျက်ပြီးသား ကင်းဗတ်စ လိုက်ဝယ်ယူရပါတယ်...။
ဒီပန်းချီကားက ၃.၅ပေx ၅ပေ နီးပါးအရွယ်အစား ရှိပါတယ်..။
ကျနော်စတင်ရေးဆွဲတော့ ည ၉ နာရီရှိနေပါပြီ...ပန်းချီကားကို မနက်၎း၃၀ မှာ အပြီးရေးဆွဲခဲ့ပါတယ်...နောက်မနက်ဆိုရင်ငြိမ်းချမ်းရေးပြပွဲပါ..။အချိန်မှီခဲ့ ပါတယ်...။ မိုးလင်းတာနဲ့  ပြပွဲ တာဝန်ရှိသူတွေကို ဖုန်းဆက်ပြီး ပန်းချီကားပေးလိုက်ပါတယ်..။ လူကတော့ နည်းနည်း ပင်ပန်းပါတယ်..။ ငွေကြေးလည်း မယူပါဘူး...။
တိုက်တိုက်ဆိုင်ဆိုင် ပေါ့ အဲဒီအချိန်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဒါဏ်ကြောင့် ပြည်သူပြည်သားတွေဘ၀ ကြေမွနေတဲ့ အချိန်ပေါ့..။
ပြပွဲဖွင့်တဲ့ ညနေမှာဘဲ ဖုန်းဝင်လာပါတယ်...ပန်းချီကားကို ခရိုနာ.၅၀၀၀ နဲ့  လာဝယ်နေပါတယ်တဲ့ ..။
အမှန်ဆိုရင် ကျနော်က ရောင်းဘို့ မရည်ရွယ်ခဲ့ ပါဘူး..။ ဒါပေမယ့် ကျနော်ရောင်းလိုက်ပါတယ်...။
ပြီးတာနဲ့ နော်ဝေ မြန်မာ အသင်းကတစ်ဆင့် မြန်မာပြည်မုန်တိုင်းအတွက် ခရိုနာ ၅၀၀၀ ကို ချက်ခြင်း လှုလိုက်ပါတယ်...။
ကျနော်ရဲ့ လုပ်ရပ်နဲ့ ကူညီမှုလေးက မကြီးကျယ်ပါဘူး...သဲတစ်ပွင့် လောက်ပါ...။
ဒါပေမယ့် ကျနော် ကျေနပ်ပါတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျနော် တစ်နေ့  အသက်သေဆုံးကာနီး အချိန်မှာ ကျနော့် လက်၂ ဘက်ကို ကျနော်ရဲရဲ ၀ံ့ဝံ့ ကြည့်ရဲမယ့် အလုပ်တစ်ခု လုပ်ခဲ့ တာလေ..။.......
ဒီပုံလေးက အီတလီက လာအပ်တဲ့  မောင်နှမ ၂ယောက်ပုံလေးပါ...။
ဒီရယ်မောနေတာက လုပ်ဖေါ်ကိုင်ဖက် နော်ဝေ အမျိုးသမီးပုံပါ...အတူတူ ထိုင်နေကြယင်း ကွန်ပြူတာမှာ PHOTOSHOP CS2 နဲ့ ဆွဲထားတာလေးပါ..။
ဒါကတော့ ပုံကိုတွေ့ တိုင်း မိတ်ဆွေတွေနဲ့ ခဏခဏငြင်းရပါတယ်...ဂျိုလီရဲ့ ပုံကို PHOTOSHPO CS2 နဲ့ ရေးဆွဲထားတာပါ...။
WACOM TABLE ပေါ်နေတာကို ကျနော်မသိပါဘူး ..မောက်စ် ကိုဘဲ အသုံးပြုပြီး ဆွဲခဲ့ ပါတယ်..တော်တော် လက်ဝင်ပါတယ်..
မောက်စ် နဲ့  ဆွဲဘူးရင်သိပါတယ်..တစ်ချို့ ကကျနော်ဆွဲထားတယ်ဆိုတာ မယုံပါဘူး..။
ဒီမှာပုံတူတွေ အများကြီးဆွဲရပေမယ့် ကျနော်အမှတ်တယ ဓါတ်ပုံတွေ ရိုက်မထားပါဘူး...
မ၉၉စနေ ပုံတူလေးတော့ ရှာမတွေ့ သေးလို့  နောက်မှ ထပ်တင်ပြပေးပါဦးမယ်....။
ဒီလို ပန်းချီပုံလေးတွေ တင်ရင်း ပန်းချီသမားဘ၀အတွေ့ အကြုံလေးတွေလည်း ကြုံရင် ရေးပါဦးမယ်...။
ဒီပုံလေးတွေ တင်ပေးတာကတော့ တစ်ခြားကြောင့် မဟုတ်ပါဘူး.....ပန်းချီသိုက်ထဲက မောင်နှမ ညီအကိုတွေ ဆုံတွေ့ ကြရအောင်ပါ.....။
ပုံနဲ့  စာတွေလွဲနေပါတယ်...နားလည်ခွင့်လွှတ်ပေးပါ..။
သစ်နက်ဆူး
Subscribe to:
Posts (Atom)