Saturday, January 26, 2013

ဖန်ဆင်းခြင်း

             ဖန်ဆင်းခြင်း

အရာရာ ကြွေကျနေတဲ့ စကြ၀ဠာ
မြေကမ္ဘာ ရင်ကွဲနာကျနေပေမယ့်
လျှို့ ဝှက်အပ်သော နေရာမှာ
စပယ်ဖြူတွေ ပွင့်ခဲ့တယ် ... ။
...........
...........
ပိန်းနက် အက်ရှတဲ့ ညဥ့်တွေထဲ
မျက်ရည်နဲ့  အိပ်စက်
ပင့်သက်တွေ အလီတွက်ရင်း ...
ခံစားခြင်း  မဲ့တဲ့ ဘ၀ ...
.................
ညဥ့်တညရဲ့ တစ်ခဏ
စပယ်ရနံ့ တွေ သင်းခဲ့တဲ့နောက် ...
.............
မာယာတို့ ရေ....
မင်းတို့ ပြောသလို
ကမ္ဘာပျက်ချင်လဲ ပျက်ပါစေတော့ ...
ငါကတော့ ..........
စပယ်ရနံ့ တွေ ရှူရှိုက်ရင်း.....
ဘ၀ ခန္ဓာအသစ်နဲ့ 
အသက်ရှင်ခြင်းကို ထပ်မံပိုင်ဆိုင်။      ။

သစ်နက်ဆူး

1 comment:

  1. ကဗျာထဲမှာ စပယ်တွေ လွှမ်း
    စပယ်ပွင့်ကလေး လွမ်းနေတယ်။

    ကဗျာထဲမှာ စပယ်တွေ မွှေး
    စပယ်ပွင့်ကလေး ဆွေးနေတယ်။

    ကဗျာထဲမှာ ရစ်မူး
    စပယ်ပွင့်ကလေး ဆူးစူးသွားတယ်။

    ကဗျာထဲက ကမ္ဘာမှာ
    အလွမ်းတွေဝေး
    အဆွေးတွေကွာ
    ဒဏ်ရာတွေ ပျောက်ကင်း
    ပျော်ရွှင်ခြင်း ငြိမ်းချမ်းခြင်း
    အလျဉ်းရှိစေကြောင်း
    စပယ်ပွင့်ကလေး ဆုတောင်းတယ်။

    ReplyDelete